Dictionary Entries
Showing 461–480 of 635 words
ဝ
ဝေဝီဝေဝါး
[wèwíwèwàး]
Arakanese:
အာရုံမာ ထင်ရှားရေရာခြင်း မဟိဖြစ်တေ။ မှုန်မွှားမွှားဖြစ်နီရေ။ မပြတ်မသားဖြစ်တေ။ မသေမချာ မကွဲမပြားဖြစ်နီသည်
Burmese:
အာရုံတွင် ထင်ရှားရေရာခြင်း မယှိဖြစ်သည်။ မှုန်မွှားမွှားဖြစ်နေသည်။ မပြတ်မသားဖြစ်သည်။ မသေမချာ မကွဲမပြားဖြစ်နေသည်
English:
(of the eye mind) be indistinct blurred fuzzy vague
Grammar Note:
ကြိယာ
ဝေဝုစ်
[wèwoʊɪʔ]
Arakanese:
ဆိုလိုရင်းကို အရိပ်ချပနာ ပြောဆိုရေ စကား။ အဓိပ္ပာယ်တူ စကားလှယ်
Burmese:
ဆိုလိုရင်းကို သွယ်ဝိုက်၍ ပြောဆိုသော စကား။ အဓိပ္ပာယ်တူ စကားလှယ်
English:
expedient - artifice - device [Pali ဝေဝစန]
Grammar Note:
နာမ်
ဝေဝုစ်ဉာဏ်
[wèwoʊɪʔɲàn်]
Arakanese:
အကွန်ဆောင် လှည့်စားတတ်ရေ ဉာဏ်။ ဖားပြုတ်ကေကေမာ၊ ပရိယာယ် ဝေဝုစ်ဉာဏ် လိမ်ထုတ်ပြီး၊ ခြီလက်ပြောင်းပြန်၊ ဟန်ပန်ဆောင်ဗျာယ် (ကျောက်ရိုး)
Burmese:
ဟန်ဆောင် လှည့်စားတတ်သော ဉာဏ်။ ဖားပြုတ်ကေမှာ၊ ပရိယာယ် ဝေဝုစ်ဉာဏ် လိမ်ထုတ်ပြီး၊ ခြီလက်ပြောင်းပြန်၊ ဟန်ပန်ဆောင်လျက် (ကျောက်ရိုး)
English:
none
Grammar Note:
နာမ်
ဝေဟင်
[wèhɪ̀ɴ]
Arakanese:
အာကာ။ အာကာအာကာ၊ ဝေဟင်ပြင်မှ၊ ဆင်းသက်လာငြား၊ နတ်သိကြားသို့ (ပဒုမ္မ
Burmese:
ကောင်းကင်။ အာကာကောင်းကင်၊ ဝေဟင်ပြင်မှ၊ ဆင်းသက်လာငြား၊ နတ်သိကြားသို့ (ပဒုမ္မ
English:
[poetic] the sky [Pali ဝေဟာသ]
Grammar Note:
နာမ်
ဝေါ
[wèà]
Arakanese:
ဘုရင်မိဖုရား၊ အိမ်ဟိမင်းသားနှင့် ဘုရင်က အသနားတော်မြတ် ပီးထားခံရရေ (မဟာပညာကျော်ရို့ပိုင်) ပုဂ္ဂိလ်ရို့သာ စီးနင်းရရေ လူထမ်းရရေ ယာဉ်တမျိုး။ (ရမ်းဗြဲကံတိုင်းနယ်မာ မိဖုရားမ စိုးမဲကျီဝေါယာဉ် ဂုထိ ဟိသိမ့်ကြောင်း။
Burmese:
ဘုရင်မိဖုရား၊ အိမ်ရှေ့မင်းသားနှင့် ဘုရင်က အသနားတော်မြတ် ပေးထားခံရသည့် (မဟာပညာကျော်တို့လို) ပုဂ္ဂိလ်တို့သာ စီးနင်းရသော လူထမ်းရသည့် ယာဉ်တစ်မျိုး။ (ရမ်းဗြဲကံတိုင်းနယ်တွင် မိဖုရားမ စိုးမဲကျီဝေါယာဉ် ယခုထိ ယှိသေးကြောင်း။
English:
palanquin [Mon ဝဝ်]
Grammar Note:
နာမ်
ဝေါကနဲ
[wèàknɛ]
Arakanese:
ဗြုန်းခနဲ တပြိုင်တည်း ရယ်မောကတ်ပနာ။ တဟုန်တည်း ကျယ်လောင် ပြင်းထန်သော အသံဖြစ်ပေါ်ဗျာယ်
Burmese:
ရုတ်တရက် တစ်ပြိုင်နက် ရယ်မောကြလျက်။ တဟုန်တည်း ကျယ်လောင် ပြင်းထန်သော အသံဖြစ်ပေါ်လျက်
English:
with a roar
Grammar Note:
ကြိယာဝိသေသန
ဝေါဟာရ
[wèàhàɹ]
Arakanese:
သမုတ်ထားရေ အမည်နာမ။ အခေါ်အဝေါ်။ အနက်အဓိပ္ပာယ် တခုခုကို ရည်၍ လူရို့သုံးနီကျ ပြောဆိုရေ စကားလုံး
Burmese:
သမုတ်ထားသော အမည်နာမ။ အခေါ်အဝေါ်။ အနက်အဓိပ္ပာယ် တစ်စုံ တစ်ရာကို ရည်၍ လူတို့သုံးနေကျ ပြောဆိုသော စကားလုံး
English:
term - word - vocabulary [Pali ဝေါဟာရ]
Grammar Note:
နာမ်
ဝဲ
[wɛ]
Arakanese:
ခြေကြား၊ လက်ကြား အစဟိစွာရို့မာ အရီပြားပေါ်၌ ဖြစ်တတ်ရေ ယားနာတမျိုး
Burmese:
ခြေကြား၊ လက်ကြား စသည်တို့တွင် အရေပြားပေါ်၌ ဖြစ်တတ်သော ယားနာတစ်မျိုး
English:
scabies - mange
Grammar Note:
နာမ်
ဝဲ၂
[wɛ၂]
Arakanese:
လီထဲမာ ရွိ လားလာရေ။ ပျံဝဲပိတုန်း၊ တရုန်းရုန်းနှင့် (နာရဒ)
Burmese:
လေထဲ၌ ရွေ့လျား သွားလာသည်။ ပျံဝဲပိတုန်း၊ တရုန်းရုန်းနှင့် (နာရဒ)
English:
hover or fly in circles have an accent
Grammar Note:
ကြိယာ
ဝဲကျိကျိ
[wɛt͡ɕìt͡ɕì]
Arakanese:
ဝဲနာ သည်းထန်စွာ စွဲအဖက်ခံရသူ
Burmese:
ဝဲနာ သည်းထန်စွာ စွဲကပ်ခံရသူ
English:
scabies - mange
Grammar Note:
နာမ်
ဝဲကြောပြန်
[wɛt͡ɕɔ́pɹàɴ]
Arakanese:
အထက်ကို လေဖြင့် မှုတ်ထုတ်ပိုင် အဟိန်အဟုန်ပြင်းစွာ ရေမျက်နှာပြင်ထက်သို့ ဝဲအထဲက တွန်းထုတ်သည်
Burmese:
အထက်သို့ လေဖြင့် မှုတ်ထုတ်သကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရေမျက်နှာပြင်ထက်သို့ ဝဲအတွင်းမှ တွန်းထုတ်သည်
English:
be thrown up by a whirlpool
Grammar Note:
ကြိယာ
ဝဲချီး
[wɛɕï]
Arakanese:
ကာလရှည်စွာ ဝဲနာပေါက် နီသူ။ ဝဲနာ သည်းထန်စွာ စွဲအဖက်ခံရသူ
Burmese:
ကာလရှည်စွာ ဝဲနာပေါက် နေသူ။ ဝဲနာ သည်းထန်စွာ စွဲကပ်ခံရသူ
English:
scabies - mange
Grammar Note:
နာမ်
ဝဲခြုတ်
[wɛkʰɹoʊʔ]
Arakanese:
ကိုယ်ခန္ဓာ အရီပြားထက်မာ ပေါ်ထွက်သည့် ယားယံစီတတ်ရေ အဖုအပိမ့်ငယ်များ။ ဇောင်မဟောက်ကေ၊ ဝဲခြုတ်ရားလား (ထာနု)
Burmese:
ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ပေါ်ထွက်သည့် ယားယံစေတတ်သော အဖုအပိမ့်ငယ်များ။ ဇောင်မဟောက်ကေ၊ ဝဲခြုတ်ရားလား (ထာနု)
English:
scabies - mange
Grammar Note:
နာမ်
ဝဲခြုတ်ခြုတ်
[wɛkʰɹoʊʔkʰɹoʊʔ]
Arakanese:
ကိုယ်ခန္ဓာ တခုလုံး အရီပြားထက်မာ ဖားပြုတ်ကေရေပိုင် ပေါ်ထွက်သည့် ယားယံစီတတ်ရေ အဖုအပိမ့်။ အသားမဲပုပ်၊ ဝဲခြုတ်ခြုတ်သည်၊ ဖားပြုတ်ကေရေအသွင်သို့ (ကုသတု)
Burmese:
ကိုယ်ခန္ဓာ တစ်ခုလုံး အရေပြားပေါ်တွင် ဖားပြုတ်ရေသဖွယ် ပေါ်ထွက်သည့် ယားယံစေတတ်သော အဖုအပိမ့်။ အသားမည်းပုပ်၊ ဝဲခြုတ်ခြုတ်သည်၊ ဖားပြုတ်ရေအသွင်သို့ (ကုသတု)
English:
scabies - mange
Grammar Note:
နာမ်
ဝဲစလုပ်
[wɛsloʊʔ]
Arakanese:
လေဖြင့် စုပ်ယူပိုင် ဝဲအထဲက အထက်ကို ဆွဲငင်သည်
Burmese:
လေဖြင့် စုပ်ယူသကဲ့သို့ ဝဲအတွင်းမှ အထက်သို့ ဆွဲငင်သည်
English:
be sucked in by a whirlpool
Grammar Note:
ကြိယာ
ဝဲစု
[wɛsoʊ]
Arakanese:
တနီရာမာ ရစ်လည်နိန်ရေ ရေစု
Burmese:
တစ်နေရာတွင် ရစ်လည်နေသော ရေစု
English:
eddy
Grammar Note:
နာမ်
ဝဲနာ
[wɛnà]
Arakanese:
ခြေကြား၊ လက်ကြား အစဟိစွာရို့မာ အရီပြားပေါ်၌ ဖြစ်တတ်ရေ ယားနာတမျိုး
Burmese:
ခြေကြား၊ လက်ကြား စသည်တို့တွင် အရေပြားပေါ်၌ ဖြစ်တတ်သော ယားနာတစ်မျိုး
English:
scabies - mange
Grammar Note:
နာမ်
ဝဲမကူး
[wɛmkùး]
Arakanese:
မသက်ဆိုင်စွာကို ဝင်ရောက် စွက်ဖက် ပြောဆိုဖို့ လုံးဝမဟိ ဖြစ်တေ
Burmese:
မသက်ဆိုင်သည်ကို ဝင်ရောက် စွက်ဖက် ပြောဆိုရန် လုံးဝမယှိ ဖြစ်သည်
English:
[arch.] stay apart - be aloof
Grammar Note:
ကြိယာ
ဝဲမကူး၂
[wɛmkùး၂]
Arakanese:
လုံးလုံး မသက်ဆိုင်ပါရာဗျာယ်။ သီးသန့်စီ ဖြစ်ဗျာယ်။ အကျွန်ရို့နန့် မောင်လှရို့နန့် တယောက် တခြားစီပါရာ ဝဲမကူးကတ်ပါ (အရပ်)
Burmese:
လုံးလုံး မသက်ဆိုင်ပါပဲလျက်။ သီးခြားစီ ဖြစ်လျက်။ အကျွန်ရို့နန့် မောင်လှရို့နန့် တစ်ယောက် တစ်ခြားစီပါရာ ဝဲမကူးကတ်ပါ (အရပ်)
English:
stay apart
Grammar Note:
ကြိယာဝိသေသန
ဝဲ့လက်ဝဲ့လက်
[wélɛʔwélɛʔ]
Arakanese:
ခြည်မျှင်ချရရေ ချားယက်၊ ချားခုံထက်မာ ချာလပတ်လည်နိန်ရေ။ ခုံပုတ်သျှေမာ၊ မ-ညို-က ရေ ဝဲ့လက်ဝဲ့လက် (ပန်းဝှက်)
Burmese:
ချည်မျှင်ချရသော ချားရဟတ်၊ ချားခုံထက်တွင် ချာချာလည်နေသည်။ ခုံပုတ်သျှေမှာ၊ မ-ညို-က ရေ ဝဲ့လက်ဝဲ့လက် (ပန်းဝှက်)
English:
rotate the swift by hand
Grammar Note:
ကြိယာ