Dictionary Entries
Showing 501–520 of 635 words
ဝ
ဝါကြီး၂
[wàt͡ɕï၂]
Arakanese:
အသက်အရွယ် အိုမင်းသော။ ဘုရင်စောထီး၊ ရာဇညဆို၊ သက်ကြီးအိုလေ၊ ထိုဝါကြီးမာ၊ ချီးသီးယိုထွေ (ရာမ)။ ၂၊ အသက်အနိန်နန့် ပိုလွန်သော
Burmese:
အသက်အရွယ် အိုမင်းသော။ ဘုရင်စောထီး၊ ရာဇညဆို၊ သက်ကြီးအိုလေ၊ ထိုဝါကြီးမှာ၊ ချီးသီးယိုထွေ (ရာမ)။ ၂၊ အသက် အားဖြင့် ပိုလွန်သော
English:
senior
Grammar Note:
နာမဝိသေသန
ဝါကြီး၃
[wàt͡ɕï၃]
Arakanese:
အသက်အရွယ်ကြီးသူ။ ထိုအိမ်သျှင်လေ၊ လင်ဝါကြီးနှင့်၊ ရှာပြီးတုံမှ (ထာနု)
Burmese:
အသက်အရွယ်ကြီးသူ။ ထိုအိမ်သျှင်လေ၊ လင်ဝါကြီးနှင့်၊ ရှာပြီးတုံမှ (ထာနု)
English:
seniority
Grammar Note:
နာမ်
ဝါကြီးမ
[wàt͡ɕïm]
Arakanese:
အသက်အရွယ် ကြီးသနန့် ခွန်အားနည်းသော မစွမ်းဆောင် နှိုင်ရေ။ ကုန်းချိကုန်းချောင်း၊ ပါးပျစ်ပျောင်နှင့် ပဇောင်ဝါကြီးဖို့လဲ (ကုသတု)
Burmese:
အသက်အရွယ် ကြီးသဖြင့် ခွန်အားနည်းသော မစွမ်းဆောင် နိုင်သော။ ကုန်းချိကုန်းချောင်း၊ ပါးပျစ်ပျောင်နှင့် ပဇောင်ဝါကြီးမလဲ (ကုသတု)
English:
weak
Grammar Note:
နာမဝိသေသန
ဝါးကွဲ-ကွဲ
[wàးkwɛ-kwɛ]
Arakanese:
အတဖဲ့ချေ အဖုံဖုံ။ အမျိုးမျိုး။ တသီး တခြားစီ။ ၂၊ ပေါင်းစပ်၍ မရနှိုင် လောက်ယောင်
Burmese:
အနည်းနည်း အဖုံဖုံ။ အမျိုးမျိုး။ တစ်သီး တစ်ခြားစီ။ ၂၊ ပေါင်းစပ်၍ မရနိုင် လောက်အောင်
English:
many kinds
Grammar Note:
ကြိယာဝိသေသန
ဝါးခေါင်းပိတ်
[wàးkʰèàɪ́ɴpeɪʔ]
Arakanese:
အသားထူ ကျစ်၍ အခေါင်း ပိတ်နိန်ရေ့ ဝါး
Burmese:
အသားထူ ကျစ်၍ အခေါင်း ပိတ်နေသည့် ဝါး
English:
bamboo
Grammar Note:
နာမ်
ဝါခေါင်လ
[wàkʰèàɪ̀ɴl]
Arakanese:
ရခိုင် တဆယ့်နှစ်လမာ ငါးခုမြောက်သော လအမည်။ သကြဇ် ၁၀၉၉ ခု၊ ဝါခေါင်လပြည့်ကျော် ၂ ရက်၊ ၂ နို့ (သံလွှတ် အမတ်ကြီး ထွန်းပေါ် ကောင်းမှုကျောက်စာ)
Burmese:
ရခိုင် တစ်ဆယ့်နှစ်လတွင် ငါးခုမြောက်သော လအမည်။ သကြဇ် ၁၀၉၉ ခု၊ ဝါခေါင်လပြည့်ကျော် ၂ ရက်၊ ၂ နို့ (သံလွှတ် အမတ်ကြီး ထွန်းပေါ် ကောင်းမှုကျောက်စာ)
English:
Wagaung : the th month of Arakanese Year - containing days
Grammar Note:
နာမ်
ဝါချီးကျ
[wàɕït͡ɕ]
Arakanese:
ဝါလှည့်ပတ် ပြောဆိုပြုမူသည်
Burmese:
လိမ်လည်လှည့်ပတ် ပြောဆိုပြုမူသည်
English:
lie
Grammar Note:
ကြိယာ
ဝါးချွန်
[wàးɕʊ̀ɴ]
Arakanese:
ထိုးရန်၊ မြေမာ စိုက်ရန် အဖျား ချွန်ထက်အောင် ပြုလုပ်ထားရေ ဝါး
Burmese:
ထိုးရန်၊ မြေတွင် စိုက်ရန် အဖျား ချွန်ထက်အောင် ပြုလုပ်ထားသော ဝါး
English:
bamboo with a pointed end
Grammar Note:
နာမ်
ဝါခြည်
[wàkʰɹɛ]
Arakanese:
ဝါကို ကျစ်သည့် အမျှင်။ ကညာပျိုလေ၊ ညိုပြာချောမာ၊ ပြောလတ်တေလေ၊ ဝါခြည်ရက်ကန်း၊ ချထန်းချဝါရွှီဝါ၊ ဆနွင်းဝါသို့ (ငှက်ဆင်ချီ)
Burmese:
ဝါကို ကျစ်သည့် အမျှင်။ ကညာပျိုလေ၊ ညိုပြာချောမှာ၊ ပြောလတ်တေလေ၊ ဝါခြည်ရက်ကန်း၊ ဆေးထန်းရွှေဝါ၊ နနွင်းဝါသို့ (ငှက်ဆင်ချီ)
English:
cotton yarn
Grammar Note:
နာမ်
ဝါးခြမ်း
[wàးkʰɹáɴ]
Arakanese:
အလျားလိုက် ခွဲစိတ်ထားရေ့ ဝါးစိတ်
Burmese:
အလျားလိုက် ခွဲစိတ်ထားသည့် ဝါးစိတ်
English:
bamboo slat
Grammar Note:
နာမ်
ဝါးခြမ်းစိတ်
[wàးkʰɹáɴseɪʔ]
Arakanese:
အလျားလိုက် ခွဲစိတ်ထားရေ့ ဝါးစိတ်
Burmese:
အလျားလိုက် ခွဲစိတ်ထားသည့် ဝါးစိတ်
English:
bamboo slat
Grammar Note:
နာမ်
ဝါဂွမ်း
[wàɡʊ̀ɴ]
Arakanese:
ဝါဂွန်း အစိထုတ်ပြီးရေ ဝါမျှင်ထွေး
Burmese:
ဝါဂွန်း အစေ့ထုတ်ပြီးသော ဝါမျှင်ထွေး
English:
cotton
Grammar Note:
နာမ်
ဝါဂွမ်းဆွ
[wàɡʊ̀ɴsʰw]
Arakanese:
လောင်းးကြိုးအား လက်တောက်နှင့် အခေါက်ခေါက်ဆွဲခြည် လွှတ်ခြည်ဖြင့် ဝါပခြင်းထဲက ဝါကြမ်းတိကို ပွရွအောင် ပြုရေ။ အလှပိုးဝါ၊ တောင်တန်းပျင်းမာ၊ ဝါဂွမ်းဆွရေ (ပိုးဝါဖွဲ့)
Burmese:
လေးကြိုးအား လက်တောက်နှင့် အကြိမ်ကြိမ်ဆွဲချည် လွှတ်ချည်ဖြင့် ဝါပခြင်းထဲမှ ဝါကြမ်းများကို ပွရွအောင် ပြုသည်။ အလှပိုးဝါ၊ တောင်တန်းပျင်းမှာ၊ ဝါဂွမ်းဆွရေ (ပိုးဝါဖွဲ့)
English:
cotton
Grammar Note:
ကြိယာ
ဝါဂွမ်းဖြူ
[wàɡʊ̀ɴpʰɹù]
Arakanese:
ဝါဂွန်းဖြူ ဝါဖတ်လေးဖြင့် ဖတ်ထားပြီးသားသော ဝါဖတ်
Burmese:
ဝါဂွန်းဖြူ ဝါဖတ်လေးဖြင့် ဖတ်ထားပြီးသော ဝါဖတ်
English:
cotton
Grammar Note:
နာမ်
ဝါငယ်
[wàŋɛ̀]
Arakanese:
ဝါအားဖြင့် ငယ်သော ရဟန်း။ ရဟန်း အသက်အားဖြင့် ငယ်သော ပုဂ္ဂိုလ်
Burmese:
ဝါအားဖြင့် ငယ်သော ရဟန်း။ ရဟန်း အသက်အားဖြင့် ငယ်သော ပုဂ္ဂိုလ်
English:
junior in years of monkhood
Grammar Note:
နာမ်
ဝါစဉ်
[wàsɪ̀ɴ]
Arakanese:
ဝါကြီး၊ ဝါငယ် အစိုင်။ ထေရ်ကြီး၊ ထေရ်ငယ်အဖြစ်
Burmese:
ဝါကြီး၊ ဝါငယ် အစဉ်။ ထေရ်ကြီး၊ ထေရ်ငယ်အဖြစ်
English:
order of seniority (especially of monkhood)
Grammar Note:
နာမ်
ဝါးစဖြာ
[wàးspʰɹà]
Arakanese:
လှံပိုင် အဖျား ချွန်ထက်အောင် ပြုလုပ်ထားရေ ဝါး
Burmese:
လှံကဲ့သို့ အဖျား ချွန်ထက်အောင် ပြုလုပ်ထားသော ဝါး
English:
bamboo with a pointed end
Grammar Note:
နာမ်
ဝါစိပြောက်
[wàsìpɹɔ́ɛʔ]
Arakanese:
အဖြူကွက်နှင့် အမည်းကွက်ပါရေ ကျား။ ၂၊ လူ၏ ကိုယ်အရီပြားမာ အဖြူကွက်ငယ် ပေါက်သော ညင်းကွက်တမျိုး
Burmese:
အဖြူကွက်နှင့် အမည်းကွက်ပါသော ကျား။ ၂၊ လူ၏ ကိုယ်အရေပြားတွင် အဖြူကွက်ငယ် ပေါက်သော ညင်းကွက်တစ်မျိုး
English:
white tiger speckle on skin
Grammar Note:
နာမ်
ဝါဆို
[wàsʰÒ]
Arakanese:
သံဃာတော်ရို့စွာ ကြိုးစားပန်းစားကျင့်ဆောင်ရေ့ အနိန်နန့် ဝါဆိုလပြည့်ကျော် တရက်နိမှ ဝါကျွတ် လပြည့်နိထိ ဝါမားသုံးလ လုံးလုံး ကျောင်းအရံ တခုအထဲမာသာ သီတင်းသုံး နေကတ်ရရေ။ ဝါဆိုခြီအောက်၊ အရိပ်ပျောက် (ပုံ)
Burmese:
သံဃာတော်တို့သည် အထူးတလည် ကျင့်ဆောင်သည့် အနေဖြင့် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ထိ ဝါတွင်းသုံးလ ပတ်လုံး ကျောင်းအရံ တစ်ခုအတွင်း၌သာ သီတင်းသုံး နေကြရသည်။ ဝါဆိုခြီအောက်၊ အရိပ်ပျောက် (ပုံ)
English:
(of Buddhist monks) go into monsoon retreat sojourn during the Buddhist lent (as a designated monastery)
Grammar Note:
ကြိယာ
ဝါဆိုစဉ်
[wàsʰÒsɪ̀ɴ]
Arakanese:
မြတ်စွာဘုရားသျှင်သည် ဝါဆိုတော်မူရာ အရပ်။ ဝါဆိုရေ့ အစိုင်အတိုင်း မားသားထားချက်
Burmese:
မြတ်စွာဘုရားသျှင်သည် ဝါဆိုတော်မူရာ အရပ်။ ဝါဆိုသည့် အစဉ်အတိုင်း မှားသားထားချက်
English:
none
Grammar Note:
နာမ်