Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 635 words

    ဝ

    ဝါးနွယ်

    [wàးnwɛ̀]
    အသားပျော့ပျောင်းသည့် ဝါးတမျိုး။ နှီးဝါး
    အသားပျော့ပျောင်းသည့် ဝါးတစ်မျိုး။ နှီးဝါး
    bamboo
    နာမ်

    ဝါပ

    [wàp]
    ဝါမား ကာလမှ အရာ တပါးသော ကာလ
    ဝါတွင်း ကာလမှ အခြား တစ်ပါးသော ကာလ
    rest of the year excluding the Buddhist lent cf ဝါတွင်း
    နာမ်

    ဝါပကား

    [wàpká]
    ပိုလွန် ပလွှား ပြောဆိုရေ။ အလွန်ကြားဗျာယ် ပြောရေ
    ပိုလွန် ပလွှား ပြောဆိုသည်။ အလွန်ကြားလျက် ပြောသည်
    ostentatious
    ကြိယာ

    ဝါပန်

    [wàpàɴ]
    ရဟန်းတော်ရို့စွာ ဝါမား ကာလမာ အကြောင်းအနိန်နန့် ညဉ့်အိပ်၊ နိနေ လားလိုရေအခါ ဝါကပ်ရာ အရပ်ဌာနမှ ကိုယ့်လိုရာ အရပ်ဌာနသို့ လားဖို့ ရဟန်းတပါးပါးအား အခွင့် လျှောက်ထားရေ
    ရဟန်းတော်တို့သည် ဝါတွင်း ကာလ၌ အကြောင်းအားလျော်စွာ ညဉ့်အိပ်၊ နေ့နေ သွားလိုသောအခါ ဝါကပ်ရာ အရပ်ဌာနမှ မိမိလိုရာ အရပ်ဌာနသို့ သွားရန် ရဟန်းတစ်ပါးပါးအား အခွင့် လျှောက်ထားသည်
    (of monks) ask for special leave (not exceeding seven days) to journey during the Buddhist lent
    ကြိယာ

    ဝါးပပ်

    [wàးpaʔ]
    ဝါးပင်၏ အဆစ်မာ ဝါးလုံးကို ဖုံးအုပ်နိန်ရေ အခွံ
    ဝါးပင်၏ အဆစ်တွင် ဝါးလုံးကို ဖုံးအုပ်နေသော အခွံ
    culm sheath (of bamboo) - bamboo-shell
    နာမ်

    ဝါးပိတ်

    [wàးpeɪʔ]
    အသား ထူကျစ်၍ အခေါင်း ပိတ်နိန်ရေ့ ဝါး
    အသား ထူကျစ်၍ အခေါင်း ပိတ်နေသည့် ဝါး
    bamboo
    နာမ်

    ဝါပို

    [wàpÒ]
    ဝါဖတ်ပနာ ပွရွနိန်ရေ။ ဝါတိကို ထည့်ထားရာမာ အသုံးပြုသည့် ဆွဲတောင်းစောက် တမျိုး
    ဝါဖတ်၍ ပွရွနေသော။ ဝါများကို ထည့်ထားရာ၌ အသုံးပြုသည့် ခြင်းတောင်းစောက် တစ်မျိုး
    basket
    နာမ်

    ဝါးပု

    [wàးpoʊ]
    ဝါးအဆစ်ပု (အဆစ်တို) များဟိ၍ မာကျောသော ဝါးတမျိုး
    ဝါးအဆစ်ပု (အဆစ်တို) များယှိ၍ မာကျောသော ဝါးတစ်မျိုး
    bamboo
    နာမ်

    ဝါပူ

    [wàpù]
    ဝါဂွမ်းကို ပွရွလာစီရန် ပြုလုပ်ရာမာ အသုံးပြုသည့် ထိပ်ဝကျယ်ပနာ အောက်ဖင် ရှူးသော ဆွဲတောင်းတမျိုး
    ဝါဂွမ်းကို ပွရွလာစေရန် ပြုလုပ်ရာ၌ အသုံးပြုသည့် ထိပ်ဝကျယ်၍ အောက်ဖင် ရှူးသော ခြင်းတောင်းတစ်မျိုး
    basket
    နာမ်

    ဝါပူတောင်း

    [wàpùtáʊɴ]
    ဝါဂွမ်းကို ပွရွလာစီရန် ပြုလုပ်ရာမာ အသုံးပြုသည့် ထိပ်ဝကျယ်ပနာ အောက်ဖင် ရှူးသော ဆွဲတောင်းတမျိုး
    ဝါဂွမ်းကို ပွရွလာစေရန် ပြုလုပ်ရာ၌ အသုံးပြုသည့် ထိပ်ဝကျယ်၍ အောက်ဖင် ရှူးသော ခြင်းတောင်းတစ်မျိုး
    basket
    နာမ်

    ဝါးပေါင်း

    [wàးpèàɪ́ɴ]
    လက်မလောက်ခန့်ဟိ ပင်နိမ့်ခြုံ သဘောမျိုး ပေါက်ရောက်နီသော ဝါးပင်တမျိုး။ ယင်းအပင်မှ အမြစ်ထွက်သော အစို့
    လက်မလောက်ခန့်ယှိ ပင်နိမ့်ချုံ သဘောမျိုး ပေါက်ရောက်နေသော ဝါးပင်တစ်မျိုး။ ယင်းအပင်မှ အမြစ်ထွက်သော အစို့
    bamboo
    နာမ်

    ဝါးပေါင်းတုတ်

    [wàးpèàɪ́ɴtoʊʔ]
    ဝါးပေါင်းပင် အမြစ်ခြီမှ ထွက်စအစို့။ (ဝါးပုန်းပင်၊ ဝါးပုန်းတုတ် ဆိုပနာလည်း ခေါ်ကြ သိရေ။
    ဝါးပေါင်းပင် အမြစ်ခြေမှ ထွက်စအစို့။ (ဝါးပုန်းပင်၊ ဝါးပုန်းတုတ် ဟူ၍လည်း ခေါ်ကြ သေးသည်။
    none
    နာမဝိသေသန

    ဝါးပြောင်း

    [wàးpɹáʊɴ]
    အဆန်မပါရာနန့် ပစ်ဖောက်သော ပြောင်း၊ တနည်း အမြောက်၊ တနည်း ပတူးမှုတ်။ (တဖက်ပွင့် ကတ်တေင်း (ဝါးပိုး) ဝါး၊ (၄-၅) တောင် တခုကို အပေါက် ဖောက်၍ ရနံဆီ စိကေချေ ထည့်ပြီး မီးစိကေချေ အပူတိုက်ပနာ အပေါက် ဖောက်ထားရေ အခေါင်းထဲကို လီမှုတ်ပေးကာ ရနံဆီဆွတ်သော အဝတ်
    အဆန်မပါပဲ ပစ်ဖောက်သော ပြောင်း၊ သို့မဟုတ် အမြောက်၊ သို့မဟုတ် ဝါးပြောင်း။ (တစ်ဘက်ပွင့် ကြသောင်း (ဝါးပိုး) ဝါး၊ (၄-၅) တောင် တစ်ခုကို အပေါက် ဖောက်၍ ရေနံဆီ အနည်းငယ် ထည့်ပြီး မီးအနည်းငယ် အပူတိုက်၍ အပေါက် ဖောက်ထားသော အခေါင်းထဲသို့ လေမှုတ်ပေးကာ ရေနံဆီဆွတ်သော အဝတ်
    none
    နာမ်

    ဝါးပွီး

    [wàးpwï]
    ဝါးလုံး အဆစ်ကို ဖုံးအုပ်ထားရေ ဝါးပင်မာ အမွီးနူပိုင် ပေါက်ရောက်နီသော အရာ
    ဝါးလုံး အဆစ်ကို ဖုံးအုပ်ထားသော ဝါးပင်တွင် အမွေးနူကဲ့သို့ ပေါက်ရောက်နေသော အရာ
    bamboo-shell
    နာမ်

    ဝါဖန်

    [wàpʰàɴ]
    (ဝါဖတ်)ရာမာ လောင်းးကြိုးအား လက်ထောက်နှင့် အခေါက်ခေါက် ဆွဲခြည် လွှတ်ခြည်ဖြင့် ဝါပခြင်းထဲက ဝါကြမ်းတိကို ပွရွအောင် ပြုရေ။ (ဝါဂွမ်းဆွနှင့် နှိုင်းနိူင်းကြည့်ရေ။
    (ဝါဖတ်)ရာတွင် လေးကြိုးအား လက်ထောက်နှင့် အကြိမ်ကြိမ် ဆွဲချည် လွှတ်ချည်ဖြင့် ဝါပခြင်းထဲမှ ဝါကြမ်းများကို ပွရွအောင် ပြုသည်။ (ဝါဂွမ်းဆွနှင့် နှိုင်းယှဉ်ကြည့်သည်။
    dress cotton (using a cotton-dressing-bow prior to forming cotton silvers for spinning)
    ကြိယာ

    ဝါဖန်လေး

    [wàpʰàɴlé]
    ဝါဖန် (ဝါဖတ်) ရာမာ အသုံးပြုသည့် ခြည်ကို လောင်းးကြိုးအဖြစ် တပ်ထားရေ လေးအချေစား တမျိုး
    ဝါဖန် (ဝါဖတ်) ရာတွင် အသုံးပြုသည့် ချည်ကို လေးကြိုးအဖြစ် တပ်ထားသော လေးအငယ်စား တစ်မျိုး
    bow for dressing cotton green-billed malkoha - Phaenicophaeus tristis
    နာမ်

    ဝါဖလေးငှက်

    [wàpʰléŋ̊ɛʔ]
    ကိုယ်ထည့်၌ အုန်းသီးခွံနီရောင်နှင့် အဖြူကွက်ငယ် ပါရေ ခူကောင်တိကို စားသုံးလီ့ ဟိတတ်ရေ ငှက်တမျိုး
    ကိုယ်ထည့်၌ အုန်းသီးခွံနီရောင်နှင့် အဖြူကွက်ငယ် ပါသော ခူကောင်များကို စားသုံးလေ့ ယှိတတ်သော ငှက်တစ်မျိုး
    bird
    နာမ်

    ဝါးဖောင်

    [wàးpʰàʊɴ]
    ရေမာမျိုး၍ သယ်ယူရ လွယ်ကူစီရန် ကြိုး၊ ကြိမ်၊ နွယ် အစဟိစွာ အစဟိစွာ ရို့နန့် ချိုင်နှောင် ဖွဲ့ထားရေ့ ဝါးလုံးအစု
    ရေတွင်မျော၍ သယ်ယူရ လွယ်ကူစေရန် ကြိုး၊ ကြိမ်၊ နွယ် စသည် စသည် တို့ဖြင့် ချည်နှောင် ဖွဲ့ထားသည့် ဝါးလုံးအစု
    bamboo raft
    နာမ်

    ဝါးဖြီး

    [wàးpʰɹï]
    ပြည့်ဝ စုံလင်သော။ ၂၊ စည်ပင် တိုးပွားသော။ ဖွံ့ဖြိုးသော
    ပြည့်ဝ စုံလင်သော။ ၂၊ စည်ပင် တိုးပွားသော။ ဖွံ့ဖြိုးသော
    full of
    နာမ်

    ဝါဗိုင်း

    [wàbáɪɴ]
    ခြည်ငင်ဖို့အတွက် ဖတ်ပြီးသား ဝါကို အရှည်တညည့်ိုခန့် အတောင့် ပြုလုပ်ထားရေ ဝါလိပ်။ ဗိုင်းတောင့်
    ချည်ငင်ရန်အတွက် ဖတ်ပြီးသား ဝါကို အရှည်တစ်ညိုခန့် အတောင့် ပြုလုပ်ထားသော ဝါလိပ်။ ဗိုင်းတောင့်
    cotton
    နာမ်