Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 561–580 of 635 words

    ဝ

    ဝါဗိုင်းခရင်း

    [wàbáɪɴkʰɹɪ́ɴ]
    ဝါဂွမ်းကို ပွရွလာစီရန် ပြုလုပ်ရာမာ အသုံးပြုသည့် ထိပ်ဝကျယ်ပနာ အောက်ဖင်ရှူးသော ဆွဲတောင်းတမျိုး
    ဝါဂွမ်းကို ပွရွလာစေရန် ပြုလုပ်ရာ၌ အသုံးပြုသည့် ထိပ်ဝကျယ်၍ အောက်ဖင်ရှူးသော ခြင်းတောင်းတစ်မျိုး
    basket
    နာမ်

    ဝါမရီ

    [wàmɹí]
    ခရမ်းရောင်နှင့် ရွှီဝါရောင် သမ်းဗျာယ် စည်ဖောင်းပါရေ ငါးတမျိုး
    ခရမ်းရောင်နှင့် ရွှေဝါရောင် သမ်းလျက် စည်ဖောင်းပါသော ငါးတစ်မျိုး
    fish
    နာမ်

    ဝါးမီးရှူး

    [wàးmïʃùး]
    အလင်းရောင် ရဖို့အတွက် မီးထွန်းညှိရန် ခြောက်သွိနိန်ရေ ဝါးလုံးတိကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားရေ အရာ
    အလင်းရောင် ရရန်အတွက် မီးထွန်းညှိရန် ခြောက်သွေ့နေသော ဝါးလုံးများကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားသော အရာ
    none
    နာမ်

    ဝါးမျက်

    [wàးmrɛʔ]
    ဝါးပင်အဆစ်မာ ဟိသော ခမောင်းာသည့် အသား
    ဝါးပင်အဆစ်တွင် ယှိသော ပျဉ်းမာသည့် အသား
    bamboo culm - node of bamboo
    နာမ်

    ဝါးမြောက်ဥ

    [wàးmɹɔ́ɛʔʔṵ]
    အာဟာရ ဖြစ်စီသော ကစီဓာတ် ပါရေ ရှည်သွယ် အဖျားချွန်သော စားသုံးရရေ ဥ။ ယင်းဥ ဥသော အပင်ငယ်
    အာဟာရ ဖြစ်စေသော ကစီဓာတ် ပါသည့် ရှည်သွယ် အဖျားချွန်သော စားသုံးရသည့် ဥ။ ယင်းဥ ဥသော အပင်ငယ်
    East Indian arrowroot Curcuma angustifolia Also အာဒါလွတ်
    နာမ်

    ဝါးယက်

    [wàးjɛʔ]
    အခွံပါးသော ဝါးတမျိုး
    အခွံပါးသော ဝါးတစ်မျိုး
    bamboo
    နာမ်

    ဝါယော

    [wàjɔ́]
    လီစုန်ခြင်း။ လီးနက်ရေ အသိပညာမဟိပဲ ရပေါ်ဆီမျှ တတ်မြောက်သူ။ အဂယင့် ဗောနီဗောနှမ်းပဲ အကွန်ဆောင် ဝင့်ဝါသူ။ အပြော၊ အပြအနိန်နန့် အထင်ကြီးအောင် လုပ်တတ်သူ
    လေစုန်ခြင်း။ လေးနက်သော အသိပညာမရှိပဲ အပေါ်ယံမျှ တတ်မြောက်သူ။ တကယ် အရည်အချင်းမရှိပဲ ဟန်ဆောင် ဝင့်ဝါသူ။ အပြော၊ အပြ အားဖြင့် အထင်ကြီးအောင် လုပ်တတ်သူ
    volatility or mobility (commonly described as element of air) air See also ဓာတ်ကြီးလေးပါး. [Pali ဝါယော]
    နာမ်

    ဝါရင့်

    [wàɹɪ̀ɴ့]
    (ဥပစာ) (တခုခုသော အတတ်ပညာ၌) အတွိအကြုံများရေ
    (ဥပစာ) (တစ်ခုခုသော အတတ်ပညာ၌) အတွေ့အကြုံများသော
    senior - experienced
    နာမဝိသေသန

    ဝါးရင်းဒုတ်

    [wàးɹɪ́ɴdoʊʔ]
    အခေါင်း ပိတ်ထူရေ ဝါးပင်၏ အရင်းပိုင်းကို ပြုလုပ်ထားရေ တုတ်။ (ပါ-ဒဏ္ဍသဒ္ယပိုင်မှ လာရေ (ပါပျက်) ဒုတ်။
    အခေါင်း ပိတ်ထူသော ဝါးပင်၏ အရင်းပိုင်းကို ပြုလုပ်ထားသော တုတ်။ (ပါ-ဒဏ္ဍသဒ္ဒါမှ လာသော (ပါပျက်) ဒုတ်။
    staff made of hard and solid kind of bamboo
    နာမ်

    ဝါးရင်းပိတ်

    [wàးɹɪ́ɴpeɪʔ]
    အခေါင်းအပေါက် မဟိသော။ (ဝါး
    အခေါင်းအပေါက် မယှိသော။ (ဝါး
    bamboo
    နာမဝိသေသန

    ဝါးရင်းပိုင်း

    [wàးɹɪ́ɴpáɪɴ]
    ထူပိတ်သော ဝါးပင်၏ အရင်းပိုင်း
    ထူပိတ်သော ဝါးပင်၏ အရင်းပိုင်း
    bamboo
    နာမ်

    ဝါရင့်ရင့်

    [wàɹɪ̀ɴ့ɹɪ̀ɴ့]
    အညိုညစ်သော အရောင်သို့ ပြောင်းလဲနိန်ရေ့ အဝါရောင် သမ်းသော
    အညိုညစ်သော အရောင်သို့ ပြောင်းလဲနေသည့် အဝါရောင် သမ်းသော
    yellowish
    နာမဝိသေသန

    ဝါးရုံ

    [wàးɹòʊɴ]
    အပင်ချင်း ယှက်နွယ် ဖုံးလွှမ်းနိန်ရေ ဝါးပင်စု
    အပင်ချင်း ယှက်နွယ် ဖုံးလွှမ်းနေသော ဝါးပင်စု
    bamboo grove
    နာမ်

    ဝါးရုံပုတ်

    [wàးɹòʊɴpoʊʔ]
    အပင်ရင်း အောက်ခြီရှင်းဗျာယ် အဖျားချင်း ယှက်နွယ်နိန်ရေ ဝါးပင်စု
    အပင်ရင်း အောက်ခြေရှင်းလျက် အဖျားချင်း ယှက်နွယ်နေသော ဝါးပင်စု
    bamboo bush
    နာမ်

    ဝါးရုံလဲ

    [wàးɹòʊɴlɛ]
    တအိမ်သားလုံးကို သေစီတတ်ရေ မကောင်းရေ အတတ်ဆိုး အတတ်ပျက်
    တစ်အိမ်သားလုံးကို သေစေတတ်သော မကောင်းသော အတတ်ဆိုး အတတ်ပျက်
    none
    နာမ်

    ဝါရေ

    [wàɹè]
    တယောက်ယောက်အား မရိုးသားသောစိတ်ဖြင့် လှည့်ပတ် ပြောဆိုပြုမူရေ။ ဝါ၍ မုသားစကား ပြောဆိုရေ။ မဖွပ်လေငြား၊ ခအိုတော်မာ၊ ဝါကာပြောကေ၊ စကားနီရာ၊ မသေချာပဲ၊ ရီမာလေ့သော့နီ၊ နဂါးဟောက်ကေ၊ ကျားပေါက်သီဟု၊ ဖိုးဖီးလက်ထက်၊ အဆက်ဆက်က၊ ဆက်ပနာပြီးထွေ၊ သင်မင်းဖျားမာ၊ ကြား
    တစ်စုံတစ်ဦးအား မရိုးသားသောစိတ်ဖြင့် လှည့်ပတ် ပြောဆိုပြုမူသည်။ လိမ်လည်၍ မုသားစကား ပြောဆိုသည်။ မလျှော်လေငြား၊ ခဲအိုတော်မှာ၊ ဝါကာပြောကေ၊ စကားနေရာ၊ မသေချာပဲ၊ ရီမှာလည်းနီ၊ နဂါးဟောက်ကေ၊ ကျားပေါက်သီဟု၊ ဖိုးဖီးလက်ထက်၊ အဆက်ဆက်က၊ ဆက်လက်ပြီးထွေ၊ သင်မင်းဖျားမှာ၊ ကြား
    lie
    ကြိယာ

    ဝါးရောင်း

    [wàးɹáʊɴ]
    သွိခြောက် ဆွေးမြည့်နိန်ရေ။ (ဝါး
    သွေ့ခြောက် ဆွေးမြည့်နေသော။ (ဝါး
    rotting bamboo clumps
    နာမဝိသေသန

    ဝါးရောင်းချဉ်

    [wàးɹáʊɴɕɪ̀ɴ]
    ချိုင်ဖန် အရသာ ဟိပြီး အရွက်ကို ဟင်းချက် စားရရေ နွယ်ခြုံပင် တမျိုး
    ချဉ်ဖန် အရသာ ယှိပြီး အရွက်ကို ဟင်းချက် စားရသော နွယ်ခြုံပင် တစ်မျိုး
    edible succulent acidulous climber which thrives on bamboo groves
    နာမဝိသေသန

    ဝါးရောင်းငှက်

    [wàးɹáʊɴŋ̊ɛʔ]
    အပင်မြင့်သော သစ်တောတိထဲမာ အုပ်စုဖွဲ့ပြီးကေ နီတတ်ပြီး လီမှုတ်သံပိုင် အော်မြည်တတ်ရေ ငှက်တမျိုး။ ဥဩဖိုးခေါင်၊ ကုက္ကလောင်သည် ဝါးရောင်း ကျီးကုလားနှင့် (ကုသတု)
    သစ်ပင်မြင့်သော သစ်တောများထဲတွင် အုပ်စုဖွဲ့ကာ နေတတ်ပြီး လေမှုတ်သံကဲ့သို့ အော်မြည်တတ်သော ငှက်တစ်မျိုး။ ဥဩဖိုးခေါင်၊ ကုက္ကလောင်သည် ဝါးရောင်း ကျီးကုလားနှင့် (ကုသတု)
    black-gorgeted laughing-thrush
    နာမဝိသေသန

    ဝါးရောင်းမှို

    [wàးɹáʊɴm̥Ò]
    ဆွေးမြည့်သော ဝါးအုံများမာ ပေါက်တတ်ရေ မှိုတမျိုး
    ဆွေးမြည့်သော ဝါးအုံများတွင် ပေါက်တတ်သော မှိုတစ်မျိုး
    species of edible mushroom which grows on rotting bamboo clumps
    နာမ်