Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 635 words

    ဝ

    ဝက်ဝက်ကျိုး

    [wɛʔwɛʔt͡ɕó]
    အခက်အခဲ မဟိပဲ။ အလွယ်ကာသား။ ဖားပြိုတပ်ကို ဝက်ဝက်ကျိုး - နွံ၊ တိုက်အံ့ကြံသော် (ရခိုင်ကာ)
    အခက်အခဲ မယှိပဲ။ လွယ်ကူစွာ။ ဖားပြိုတပ်ကို ဝက်ဝက်ကျိုး - နွံ၊ တိုက်အံ့ကြံသော် (ရခိုင်ကာ)
    easily
    ကြိယာ

    ဝက်ဝဲဥ

    [wɛʔwɛʔṵ]
    တောတောင်က ပေါက်သော နွယ်ပင်တမျိုးမှ ဥသော လုံးပတ် နှစ်ထွာခန့် အရှည် ၈-လက်မခန့်ဟိ အပေါ်ခွံ၌ အမွီးမျှင်များ ပါဟိရေ ဟင်းချက် စားရရေ ဥတမျိုး။ ဝက်ဝဲ သင်္ဘော၊ နီသော ချိုင်ပေါင်၊သွီးတတ် ဆောင်သား (ဓာပကာနီ)
    တောတောင်မှ ပေါက်သော နွယ်ပင်တစ်မျိုးမှ ဥသော လုံးပတ် နှစ်ထွာခန့် အရှည် ၈-လက်မခန့်ယှိ အပေါ်ခွံ၌ အမွေးမျှင်များ ပါယှိသည့် ဟင်းချက် စားရသော ဥတစ်မျိုး။ ဝက်ဝဲ သင်္ဘော၊ နီသော ချဉ်ပေါင်၊ သွေးတတ် ဆောင်သား (ဓာပကာနီ)
    none
    နာမ်

    ဝက်သက်

    [wɛʔθɛʔ]
    ဟိန်၊ ခြောင်းဆိုး၊ အော့အန်ခြင်း အစဟိစွာရို့ဖြစ်ပြီးကေ အဖုငယ်များ ထွက်ပေါ်ဗျာယ် များရွီတွက်နန့် အချေများမာ ဖြစ်တတ်ရေ ရောဂါတမျိုး
    ကိုယ်ပူ၊ ချောင်းဆိုး၊ အော့အန်ခြင်း စသည်တို့ဖြစ်ပြီး အဖုငယ်များ ထွက်ပေါ်လျက် များသောအားဖြင့် ကလေးငယ်များတွင် ဖြစ်တတ်သော ရောဂါတစ်မျိုး
    measles
    နာမ်

    ဝက်သစို့တောင်

    [wɛʔθso̰tàʊɴ]
    မဟာမြတ်မုနိသျှင်ပင် တည်ထား ကိန်းဝပ်တော်ရာ တောင်တော်မြတ်၏ အမည်။ (ယင်းတောင်တော်မြတ်ကို သီရိဂုတ်တောင်၊ အဂ္ဂညုတတောင်၊ တြိကုမ္ဘတောင်၊ သီဟရာဇတောင်၊ ဝက်သစို့တောင် ဆိုပနာ အမည်ခြောက်မျိုး မှည့်ဆိုကတ်တေ။
    မဟာမြတ်မုနိသျှင်ပင် တည်ထား ကိန်းဝပ်တော်ရာ တောင်တော်မြတ်၏ အမည်။ (ယင်းတောင်တော်မြတ်ကို သီရိဂုတ်တောင်၊ အဂ္ဂညုတတောင်၊ တြိကုမ္ဘတောင်၊ သီဟရာဇတောင်၊ ဝက်သစို့တောင် ဟူ၍ အမည်ခြောက်မျိုး မှည့်ဆိုကြသည်။
    none
    နာမ်

    ဝက်သားခြောက်ကောင်

    [wɛʔθákʰɹɔ́ɛʔkàʊɴ]
    တောင်ပေါ်နန့် တောင်ခြီမာ ကျက်စားလေ့ ဟိသော ရှည်၍ချွန်သော အတောင်ဟိရေ ဥဩမျိုးဝင် ငှက်ငယ်တမျိုး
    တောင်ပေါ်နှင့် တောင်ခြေတွင် ကျက်စားလေ့ ယှိသော ရှည်၍ချွန်သော အတောင်ယှိသည့် ဥဩမျိုးဝင် ငှက်ငယ်တစ်မျိုး
    bird
    နာမ်

    ဝက်အူ

    [wɛʔʔù]
    လှည့်သွင်းရန် မြောင်း၊ အချိုင့်ပါရေ ခေါင်းနန့် အဖျားသို့ ရစ်၍ ချွန်လားရေ အူတံအရစ် ပါရေ အူတံပါဟိရေ သစ်သားသတ္တု ခေါင်းထဲကို လှည့်ရစ် သွင်းရရေ သတ္တုချောင်း
    လှည့်သွင်းရန် မြောင်း၊ အချိုင့်ပါသော ခေါင်းနှင့် အဖျားသို့ ရစ်၍ ချွန်သွားသော အူတံအရစ် ပါသော အူတံပါယှိသည့် သစ်သားသတ္တု ခေါင်းထဲသို့ လှည့်ရစ် သွင်းရသော သတ္တုချောင်း
    screw
    နာမ်

    ဝက်အူရစ်

    [wɛʔʔùɹɪʔ]
    ဝက်အူကိုယ်ထည်ကို ထိပ်ခေါင်းမှ အဖျားထိတောင် လက်ယာလှည့်ပနာ မြောင်းထိုးထားရေ အရီးအကြောင်း
    ဝက်အူကိုယ်ထည်ကို ထိပ်ခေါင်းမှ အဖျားတိုင်အောင် လက်ယာလှည့်၍ မြောင်းထိုးထားသည့် အရေးအကြောင်း
    screw
    နာမ်

    ဝက်အူဝက်အူ

    [wɛʔʔùwɛʔʔù]
    ဝက်အူဝက်အူဟု ခိုမြည်းသံ
    ဝက်အူဝက်အူဟု ခိုမြည်းသံ
    none
    နာမ်

    ဝကျိ

    [wt͡ɕì]
    အရိအရွဲ အပျစ်အချွဲ ဖြစ်ရေ
    အရိအရွဲ အပျစ်အချွဲ ဖြစ်သော
    sticky
    နာမဝိသေသန

    ဝကျိရည်

    [wt͡ɕìɹɛ̀]
    ပျောင်း ချောကျိသော အရည်။ ကျိချွဲသော အရည်။ ၂၊ ခေါင်းလျော်ရည် တမျိုး
    စေးကပ် ချောကျိသော အရည်။ ကျိချွဲသော အရည်။ ၂၊ ခေါင်းလျော်ရည် တစ်မျိုး
    sticky liquids
    နာမ်

    ဝကျောက်ခြီကန်

    [wt͡ɕɔ́ɛʔkʰɹìkàɴ]
    ကျွေးမွီးခဲ့ဖူးသော ကျေးဇုကိုမျှ မထောက်ပဲ လန့်ဆိလန့်ဆန် ပြုမူပြောဆိုဗျာယ်
    ကျွေးမွေးခဲ့ဖူးသော ကျေးဇူးကိုမျှ မထောက်ပဲ ကလန်ကဆန် ပြုမူပြောဆိုလျက်
    rebelliously - ungratefully
    ကြိယာဝိသေသန

    ဝကွက်

    [wkwɛʔ]
    ကျန်လပ်စီရေ။ ချန်လှပ် ထားခရေ။ မောင်လှအတွက် ‘ဝ’ကွက် ထားခ(အရပ်)
    ကျန်လပ်စေသည်။ ချန်လှပ် ထားခဲ့သည်။ မောင်လှအတွက် ‘ဝ’ကွက် ထားခ(အရပ်)
    exclude
    ကြိယာ

    ဝကွက်ဖယ်

    [wkwɛʔpʰɛ̀]
    (ဥပစာ) ဖယ်ထုတ်ချိန် လှပ်ထားရေ
    (ဥပစာ) ဖယ်ထုတ်ချိန် လှပ်ထားသည်
    exclude
    ကြိယာ

    ဝကွင်း

    [wkwɪ́ɴ]
    ကာယသိဒ္ဓိ အကာအကွယ်အတွက် ခန္ဓာကိုယ်မာ ထိုးနှံထားရေ ဝ လုံး အချေ
    ကာယသိဒ္ဓိ အကာအကွယ်အတွက် ခန္ဓာကိုယ်တွင် ထိုးနှံထားသော ဝ လုံး ကလေး
    [obs.] tattoo a circle on a criminal who has been sentenced to death - amulet of tattoo
    ကြိယာ

    ဝခြိုး

    [wkʰɹó]
    မီးထက်မာ အထားကြာ၍ အကျက်လွန်ကာ အိုးမာ ကပ်နိန်ရေ အစားအစာ အစဟိစွာ
    မီးပေါ်တွင် အထားကြာ၍ အကျက်လွန်ကာ အိုးတွင် ကပ်နေသော အစားအစာ စသည်
    crust of cooked rice
    နာမ်

    ဝခွက်

    [wkʰwɛʔ]
    ရေထည့်ရန်အိုး။ အိုးခက်။ ဝခွက် လုံးစီ၊ ဖီးကိုကိုင်၊ ယိုင်းတီးယိုင်တိုင်၊ ရီဖြူကန်မာ ရီခပ်လားရေ (ဗျာတု)
    ရေထည့်ရန်အိုး။ ရေအိုး။ ဝခွက် လုံးစီ၊ ဘေးကိုကိုင်၊ ကယိုင်ကပါး၊ ရီဖြူကန်မှာ ရီခပ်လားရေ (ဗျာတု)
    water pot
    နာမ်

    ဝဂ္ဂန

    [wɡə́ɡən]
    ကဝဂ် ၊ စဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ဆိုရေ ဝဂ်ငါးပါ၏ အဆုံးအက္ခရာ ဖြစ်ရေ င၊ ည၊ ဏ၊ န၊ မ။ (ပါ
    ကဝဂ် ၊ စဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ဟူသော ဝဂ်ငါးပါ၏ အဆုံးအက္ခရာ ဖြစ်သော င၊ ည၊ ဏ၊ န၊ မ။ (ပါ
    rhyming link interposed between the opening and closing rhymes in a stanza of verses
    နာမ်

    ဝဂ်

    [wɡ်]
    ငါးလုံး ငါးလုံးစီ အစုလိုက်တည်သော ဗျည်းစု။ (ကခဂဇင ကို ကဝဂ်၊ စဆဇစျည ကို စဝဂ်၊ ဋဌဍဎဏ ကို ဋဝဂ်၊ တထဒဓန ကို တဝဂ်၊ ပဖဗဘမ ကို ပဝဂ်ဆိုပနာ ခေါ်ရေ။) (ပါ)
    ငါးလုံး ငါးလုံးစီ အစုလိုက်တည်သော ဗျည်းစု။ (ကခဂဇင ကို ကဝဂ်၊ စဆဇစျည ကို စဝဂ်၊ ဋဌဍဎဏ ကို ဋဝဂ်၊ တထဒဓန ကို တဝဂ်၊ ပဖဗဘမ ကို ပဝဂ်ဟူ၍ ခေါ်သည်။) (ပါ)
    set consonants of the alphabet grouped according to their point of articulation [Pali ဝဂ္ဂ]
    နာမ်

    ဝင်

    [wɪ̀ɴ]
    အပြင်ဘက်မှ အထဲထဲကို ရောက်ယောင် လားရေ။ ချင်းဖြစ်ဟန်ကို၊ သိပြန်ရလို၊ ဝင်ခရေလေ (ဂုတ္တိလ)။ ၂၊ တခုတရီသော အသင်းအဖွဲ့ အစဟိစွာ၌ အဖွဲ့သားအဖြစ် ခံယူရေ။ ၃၊ တခုတရီ အထဲမာ ကန်ရေ။ ဂေါင်းဝင်ကိုယ်ဆံ့ (ပုံ)။ ၄၊ ရွီတွက်ရာမာ ပါရေ
    အပြင်ဘက်မှ အတွင်းထဲသို့ ရောက်အောင် သွားသည်။ ချင်းဖြစ်ဟန်ကို၊ သိပြန်ရလို၊ ဝင်ခရေလေ (ဂုတ္တိလ)။ ၂၊ တစ်စုံတစ်ခုသော အသင်းအဖွဲ့ စသည်၌ အဖွဲ့သားအဖြစ် ခံယူသည်။ ၃၊ တစ်စုံတစ်ခု အထဲ၌ ဆံ့သည်။ ဂေါင်းဝင်ကိုယ်ဆံ့ (ပုံ)။ ၄၊ ရေတွက်ရာတွင် ပါသည်
    (a) enter - come in - go in [as in ပြိုင်ပွဲ~-၊ အိမ်ထဲ~ပါ။ တိုက်ပွဲ~-] - (b) take in [as in လူနာအစာ~ဗျာယ်။ လှေထဲရေ ~-] - (c) get in [as in ငါးနာရီ ရထား~မည်။] (a) join - enlist - enroll [as in တပ်ထဲ~-၊ အသင်း~-၊ အလုပ်~-] - (b)be included - be listed in -
    ကြိယာ

    ဝင့်

    [wɪ̰ɴ]
    ကျွဲနှစ်ကောင် ဝှေ့ရန် တကောင်နန့် တကောင် ရန်စောင်နိကတ်ရေ။ ကျွဲနှစ်ကောင် ခတ်ဖို့ ဝင့်နီကတ်တေ (အရပ်)
    ကျွဲနှစ်ကောင် ဝှေ့ရန် တစ်ကောင်နှင့် တစ်ကောင် ရန်စောင်နေကြသည်။ ကျွဲနှစ်ကောင် ခတ်ဖို့ ဝင့်နီကတ်တေ (အရပ်)
    brandish [as in ဓားကို~-] wave [as in အလံ~-] spin (cotton) boast [as in အင်လှိုင်းပေါ်တွင်~] be hostile [as in ကျွဲနှစ်ကောင် ခတ်ဖို့~]
    ကြိယာ