Dictionary Entries
Showing 581–600 of 635 words
ဝ
ဝါးရှူးမီး
[wàးʃùးmï]
Arakanese:
(ရဟူး) မီး အလင်းရောင်ရရန် အတွက် မီးထွန်းညှိရန် ခြောက်သွိနိန်ရေ ဝါးလုံးတိကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားရေ အရာ
Burmese:
(ရဟူး) မီး အလင်းရောင်ရရန် အတွက် မီးထွန်းညှိရန် ခြောက်သွေ့နေသော ဝါးလုံးများကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားသော အရာ
English:
touch
Grammar Note:
နာမ်
ဝါးလက်ခုပ်
[wàးlɛʔkʰoʊʔ]
Arakanese:
အရင်းဆစ်နှင့် အဖျားဆစ်ကိုထားပနာ အရင်းဆစ်၌ လက်ကိုင် သာယောင် ဖဲ့ထုတ်ပနာ ထိပ်လယ်မှ ခြမ်းပြီး ရိုက်ခတ်တီးရရေ စည်းလိုက် တူရိယာတမျိုး
Burmese:
အရင်းဆစ်နှင့် အဖျားဆစ်ကိုထား၍ အရင်းဆစ်၌ လက်ကိုင် သာအောင် ဖဲ့ထုတ်၍ ထိပ်လယ်မှ ခြမ်းပြီး ရိုက်ခတ်တီးရသော စည်းလိုက် တူရိယာတစ်မျိုး
English:
bamboo-clapper
Grammar Note:
နာမ်
ဝါးလံတွက်
[wàးlံtwɛʔ]
Arakanese:
ဝန်ဥစ္စာ ပျောက်ရာမာ ဝါးကို ကိုယ့်အလံနှင့် တလံပိုင်း၍ တွက်နည်း တမျိုး
Burmese:
ပစ္စည်းဥစ္စာ ပျောက်ရာတွင် ဝါးကို မိမိအလံနှင့် တစ်လံပိုင်း၍ တွက်နည်း တစ်မျိုး
English:
none
Grammar Note:
နာမ်
ဝါးလံပစ်
[wàးlံpɪʔ]
Arakanese:
ဝန်ဥစ္စာ ပျောက်ရာမာ ဝါးကို ကိုယ့်အလံနှင့် တလံပိုင်း၍ တွက်နည်း တမျိုး
Burmese:
ပစ္စည်းဥစ္စာ ပျောက်ရာတွင် ဝါးကို မိမိအလံနှင့် တစ်လံပိုင်း၍ တွက်နည်း တစ်မျိုး
English:
none
Grammar Note:
နာမ်
ဝါလလိ
[wàllì]
Arakanese:
(ဘာတခုလည်းမဟိ) သုဉ်းရေ။ ကင်းမဲ့ရေ။ ဆိတ်သုဉ်းသည်
Burmese:
(ဘာမျှမရှိ) သုဉ်းသည်။ ကင်းမဲ့သည်။ ဆိတ်သုဉ်းသည်
English:
lack
Grammar Note:
ကြိယာ
ဝါလလိ၂
[wàllì၂]
Arakanese:
သုညဂဏန်း။ ဆိတ်သုဉ်းခြင်း။ ရာဇာနတ္တိ၊ ဝါလလိ တြိသုံးနှစ် ဟိလိမ့်မည် (ကျောက်ရိုး)
Burmese:
သုညဂဏန်း။ ဆိတ်သုဉ်းခြင်း။ ရာဇာနတ္တိ၊ ဝါလလိ တြိသုံးနှစ် ဟိလိမ့်မည် (ကျောက်ရိုး)
English:
zero
Grammar Note:
နာမ်
ဝါလိုက်ကောက်
[wàlaɪʔkɔ́ɛʔ]
Arakanese:
ဝါကောက်ရားကေ ကျန်ခသည့် ဝါတိကို လိုက်လံ ကောက်ယူရေ။ ဝါကောက်သင်း ကောက်သည်
Burmese:
ဝါကောက်ပြီးနောက် ကျန်ခဲ့သည့် ဝါများကို လိုက်လံ ကောက်ယူသည်။ ဝါကောက်သင်း ကောက်သည်
English:
pick cotton
Grammar Note:
ကြိယာ
ဝါလုံး
[wàlóʊɴ]
Arakanese:
အပြောသန်သော။ ချဲ့ကားဘောရိပိုက် တတ်သည်
Burmese:
အပြောကြီးသော။ ချဲ့ကားကြွားဝါ တတ်သည်
English:
boast
Grammar Note:
နာမဝိသေသန
ဝါးလုံး
[wàးlóʊɴ]
Arakanese:
ခုတ်ဖြတ်ထားပြီးသား မခွဲမစိတ် ရသိမ့်ရေ ဝါး
Burmese:
ခုတ်ဖြတ်ထားပြီး မခွဲမစိတ် ရသေးသော ဝါး
English:
bamboo pole
Grammar Note:
နာမ်
ဝါးလုံးချီးသတ်
[wàးlóʊɴɕïθaʔ]
Arakanese:
သီသပ်ခြင်း မဟိပဲ။ စည်းကမ်းမဟိပဲ။ ပရမ်းပတာ
Burmese:
သေသပ်ခြင်း မယှိပဲ။ စည်းကမ်းမယှိပဲ။ ပရမ်းပတာ
English:
without discipline
Grammar Note:
ကြိယာဝိသေသန
ဝါးလုံးလှဲ
[wàးlóʊɴɬɛ]
Arakanese:
အမှည့်လွန်၍ ထောင်နိန်ရေ စပါးတိကို ရိတ်ဖြတ်ပနာ ကောင်းယောင် ဝါးဖြင့် ဖိလှဲပီးထားရေ
Burmese:
အမှည့်လွန်၍ ထောင်နေသော စပါးများကို ရိတ်ဖြတ်၍ ကောင်းအောင် ဝါးဖြင့် ဖိလှဲပေးထားသည်
English:
level paddy stalks with bamboo pole (to facilitate reaping)
Grammar Note:
ကြိယာ
ဝါဝင်
[wàwɪ̀ɴ]
Arakanese:
ဝါဆိုဖို့ အချိန်အခါသို့ ရောက်ရေ
Burmese:
ဝါဆိုဖို့ အချိန်အခါသို့ ရောက်သည်
English:
beginning of the Buddhist lent or moonsoon retreat
Grammar Note:
ကြိယာ
ဝါဝါ
[wàwà]
Arakanese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင် မှုန်သော
Burmese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင် မှုန်သော
English:
hazy
Grammar Note:
နာမဝိသေသန
ဝါဝါသမ်း
[wàwàθáɴ]
Arakanese:
ပင်ပန်းနွမ်းရိခြင်း၊ အိပ်ချင်ခြင်း ရို့ကြောင့် အလိုအလျောက် ပစဟကာ အသံမြည်ပနာ ပြင်းစွာ လေဟိုက်ရေ။ အလွန်လည်း ကြာ၊ မောင်မလာဟု၊ မျှောကာတမ်းတမ်း၊ တဝါဝါလေ၊ ခါခါသမ်းလို့ (ထာနု)
Burmese:
ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ချင်ခြင်း တို့ကြောင့် အလိုအလျောက် ပါးစပ်ဟကာ အသံမြည်၍ ပြင်းစွာ လေရှိုက်သည်။ အလွန်လည်း ကြာ၊ မောင်မလာဟု၊ မျှောကာတမ်းတမ်း၊ တဝါဝါလေ၊ ခါခါသမ်းလို့ (ထာနု)
English:
yawn
Grammar Note:
ကြိယာ
ဝါဝါသမ်း၂
[wàwàθáɴ၂]
Arakanese:
အဝါရောင်ဘက်ကို သမ်းသော
Burmese:
အဝါရောင်ဘက်သို့ သမ်းသော
English:
yellowish
Grammar Note:
နာမဝိသေသန
ဝါဝါသျှေ
[wàwàʃè]
Arakanese:
စကားသံ မှန်ကန် ပီသခြင်း မဟိပဲ။ ၂၊ ကျနသေချာ ကွဲပြားခြင်း မဟိပဲ။ အဝီးကဖြစ်လို့ စကားကို ဝါဝါသျှေရာ ကြားရရေ (အရပ်)
Burmese:
စကားသံ မှန်ကန် ပီသခြင်း မယှိပဲ။ ၂၊ ကျနသေချာ ကွဲပြားခြင်း မယှိပဲ။ အဝီးကဖြစ်လို့ စကားကို ဝါဝါသျှေရာ ကြားရရေ (အရပ်)
English:
indistinct
Grammar Note:
ကြိယာဝိသေသန
ဝါးဝါးသျှေ
[wàးwàးʃè]
Arakanese:
မသေးမကွဲ၊ မသဲမကွဲအနိန်နန့်။ ဝါးဝါးသျှေရာ ကြားရ၊ မြင်ရရေ (အရပ်)
Burmese:
မသေးမကွဲ၊ မထင်မရှား အားဖြင့်။ ဝါးဝါးသျှေရာ ကြားရ၊ မြင်ရရေ (အရပ်)
English:
hazy
Grammar Note:
ကြိယာဝိသေသန
ဝါသနာ
[wàθnà]
Arakanese:
အထုံ။ အလိ။ အခေါက်ခေါက် အထပ်ထပ် အားထုတ် လေ့ကျင့်ရာမှ ဖြစ်ပေါ်လှာရေ့ တည်တံ့ ခိုင်မြဲသည့် လိုက်စားမှု
Burmese:
အထုံ။ အလေ့။ အကြိမ်ကြိမ် အထပ်ထပ် အားထုတ် လေ့ကျင့်ရာမှ ဖြစ်ပေါ်လာသည့် တည်တံ့ ခိုင်မြဲသည့် လိုက်စားမှု
English:
interest - natural bent - hobby [Pali ဝါသနာ]
Grammar Note:
နာမ်
ဝါသနာပါ
[wàθnàpà]
Arakanese:
စွဲမြဲသက်ဝင် တတ်သိ နားလည်ယောင် ရှာဖွီ ဆီးပူးလို စိတ်ဟိရေ။ ဇာလူမဆို စရိုက်အလျောက် ဝသီပါကတ်တေဗျာယ် (အရပ်)
Burmese:
စွဲမြဲသက်ဝင် တတ်သိ နားလည်အောင် ရှာဖွေ ဆေးပူးလို စိတ်ယှိသည်။ ဇာလူမဆို စရိုက်အလျောက် ဝါသနာပါကတ်တေဗျာယ် (အရပ်)
English:
have an interest in or natural bent for
Grammar Note:
ကြိယာ
ဝါသနာဘာဂီ
[wàθnàbʱàɡí]
Arakanese:
ဝါသနာ ရက်ပြတ်ပဲ ခံယူသူ။ ဝါသနာဘာဂီ ဆက်တိုင်းမီ ဆိုရေအတိုင်း
Burmese:
ဝါသနာ အဆက်မပြတ်ပဲ ခံယူသူ။ ဝါသနာဘာဂီ ဆက်တိုင်းမီ ဆိုရေအတိုင်း
English:
continued interest in sth as music etc. [Pali ဝါသနာ+ ဘာဂီယ]
Grammar Note:
နာမ်