Dictionary Entries
Showing 601–620 of 635 words
ဝ
ဝါသနာသျှင်
[wàθnàʃɪ̀ɴ]
Arakanese:
(ဥပစာ) ဝါသနာ အပြည့်အစုံ ဟိသူ။ ဝါသနာကြီဂသူ
Burmese:
(ဥပစာ) ဝါသနာ အပြည့်အစုံ ယှိသူ။ ဝါသနာကြီဂသူ
English:
interest - natural bent - hobby [Pali ဝါသနာ]
Grammar Note:
နာမ်
ဝါးသုဉ်း
[wàးθoʊɪ́ɴ]
Arakanese:
ဝါးပင်များ အလိုအလျောက် ပျက်စီးရေ။ ဝါးပွင့် သီးပြီး သီရေ။ ဝါးပင်သုဉ်းက ဝါးပြုန်းတီးရ ပိုင် ဖြစ်ရရှာ၏ (ပယောဂ)
Burmese:
ဝါးပင်များ အလိုအလျောက် ပျက်စီးသည်။ ဝါးပွင့် သီးပြီး သေသည်။ ဝါးပင်သုဉ်းက ဝါးပြုန်းတီးရ သကဲ့သို့ ဖြစ်ရရှာ၏ (ပယောဂ)
English:
die out
Grammar Note:
ကြိယာ
ဝါဦး
[wàʔú]
Arakanese:
ဝါစပြီးကေ ဝင်စ။ ဝါဦးကာလ၊ သမဏရို့၊ နီကတ်ကျောင်းမာ၊ ဇာဌာမလား
Burmese:
ဝါစ၍ ဝင်စ။ ဝါဦးကာလ၊ သမဏတို့၊ နေကြကျောင်းမှာ၊ ဘယ်ဌာမသွား
English:
earlier part of the Buddhist lent
Grammar Note:
နာမ်
ဝှ
[ʍ]
Arakanese:
မေးရေအချက်ကို ဝန်ခံခြင်း။ သဖောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း အစဟိစွာရို့အတွက် အတိုအကျိုင်း တုံ့ပြန်သော စကားလုံး
Burmese:
မေးသည့်အချက်ကို ဝန်ခံခြင်း။ သဘော တူညီကြောင်း၊ ဟုတ်မှန်ကြောင်း စသည်တို့အတွက် အတိုအကျဉ်း တုံ့ပြန်သော စကားလုံး
English:
admit
Grammar Note:
နာမ်
ဝှ၂
[ʍ၂]
Arakanese:
မဖြစ်တန်ကောင်းရာ ဖြစ်တေဟု စိတ်မာ ဖြစ်ပေါ်ရေ။ ‘ဝှ’ ဇော်နိုင်-ခြောက်ဘာ သာထိယောင် ဂုဏ်ထူးပါရေလတ် (အရပ်)
Burmese:
မဖြစ်တန်ကောင်းပဲ ဖြစ်သည်ဟု စိတ်တွင် ဖြစ်ပေါ်သည်။ ‘ဝှ’ ဇော်နိုင်-ခြောက်ဘာ သာထိယောင် ဂုဏ်ထူးပါရေလတ် (အရပ်)
English:
none
Grammar Note:
ကြိယာ
ဝှက်
[ʍɛʔ]
Arakanese:
အခြားလူ မတွိ မမြင်ရရောင် ဖုံးကွယ်ထားရေ
Burmese:
တခြားလူ မတွေ့ မမြင်ရအောင် ဖုံးကွယ်ထားသည်
English:
hide - conceal [as in ပုန်း~ -] pose (a riddle ) [as in စကားထား~ -]
Grammar Note:
ကြိယာ
ဝှက်၂
[ʍɛʔ၂]
Arakanese:
တော်ရေလူ၊ အံ့ဩ ချီးမွမ်းထိုက်တဲ့ သူရို့ကို ပြောဆိုရာမာ သုံးသော စကားလုံး။ ခြောက်ဘာသာဂုဏ်ထူးပါရေ ဝှက် တော်ရေ ငါ့မြီး။ (အရပ်)
Burmese:
တော်တဲ့သူ၊ အံ့ဩ ချီးမွမ်းထိုက်တဲ့ သူတို့ကို ပြောဆိုရာ၌ သုံးသော စကားလုံး။ ခြောက်ဘာသာဂုဏ်ထူးပါရေ ဝှက် တော်ရေ ငါ့မြီး။ (အရပ်)
English:
honour
Grammar Note:
နာမ်
ဝှက်ကာ
[ʍɛʔkà]
Arakanese:
အားပီး ကူညီရေ။ အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆိုသဖောတူညီချက် ပီးရေ။ ၂၊ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုရေ။ ဝှက်ကာ ဇော်နိုင်ပြောစွာ မဟောက်လား(အရပ်)
Burmese:
အားပေး ကူညီသည်။ အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆိုသဘော တူညီချက် ပေးသည်။ ၂၊ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုသည်။ ဝှက်ကာ ဇော်နိုင်ပြောစွာ မဟောက်လား(အရပ်)
English:
help
Grammar Note:
ကြိယာ
ဝှက်ကာယေ
[ʍɛʔkàjè]
Arakanese:
အားပီးကူညီရေ။ အဆိုတင်သွင်းချက်ကို ဖြည့်စွက် ပြောဆိုသဖောတူညီချက် ပီးရေ။ ၂၊ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုရေ။ ဝှက်ကာ ဇော်နိုင်ပြောစွာ မဟောက်လား(အရပ်)။ ဝှက်ကာယေ၊ မောင်သာဖြူပြောရေ အတိုင်း မှန်ပါရေ (အရပ်)။ ဝှက်ကာရေ လို့လေ့ သုံးရေ
Burmese:
အားပေးကူညီသည်။ အဆိုတင်သွင်းချက်ကို ဖြည့်စွက် ပြောဆိုသဘော တူညီချက် ပေးသည်။ ၂၊ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုသည်။ ဝှက်ကာ ဇော်နိုင်ပြောစွာ မဟောက်လား(အရပ်)။ ဝှက်ကာယေ၊ မောင်သာဖြူပြောရေ အတိုင်း မှန်ပါရေ (အရပ်)။ ဝှက်ကာရေ ဟုလည်း သုံးသည်
English:
support
Grammar Note:
ကြိယာ
ဝှက်တမ်း
[ʍɛʔtáɴ]
Arakanese:
တတူဆိုပနာ အော်ပြီးကေ ပုန်းတမ်း ရှာတမ်းကစပ်တေ။ ကြာနီကြာဖြူ၊ ကြာပဒုမ်မာ၊ ပွင့်မုံလွှာကြား၊ နတ်မိမေရို့၊ ရေကြာရွက်မာ၊ ဝှက်တမ်းကစပ်ပစ်လို့ (ဒွေး)
Burmese:
တူတူဟူ၍ အော်ပြီးနောက် ပုန်းတမ်း ရှာတမ်းကစားသည်။ ကြာနီကြာဖြူ၊ ကြာပဒုမ်တွင်၊ ပွင့်မုံလွှာကြား၊ နတ်မိမေတို့၊ ရေကြာရွက်မှာ၊ ဝှက်တမ်းကစားလို့ (ဒွေး)
English:
children’s game
Grammar Note:
နာမ်
ဝှက်တမ်းပုန်းတမ်း
[ʍɛʔtáɴpóʊɴtáɴ]
Arakanese:
တတူဆိုပနာ အော်ပြီးကေ ပုန်းတမ်း ရှာတမ်းကစပ်တေ။ ကြာနီကြာဖြူ၊ ကြာပဒုမ်မာ၊ ပွင့်မုံလွှာကြား၊ နတ်မိမေရို့၊ ရေကြာရွက်မာ၊ ဝှက်တမ်းကစပ်ပစ်လို့ (ဒွေး)
Burmese:
တူတူဟူ၍ အော်ပြီးနောက် ပုန်းတမ်း ရှာတမ်းကစားသည်။ ကြာနီကြာဖြူ၊ ကြာပဒုမ်တွင်၊ ပွင့်မုံလွှာကြား၊ နတ်မိမေတို့၊ ရေကြာရွက်မှာ၊ ဝှက်တမ်းကစားလို့ (ဒွေး)
English:
children’s game
Grammar Note:
နာမ်
ဝှက်တေရာ
[ʍɛʔtèɹà]
Arakanese:
မှန်ကန်သော။ အမှန်အကန် ဖြစ်ရေ။ မမားယွင်းသော။ မောင်သာဖြူ ပြောရေ စကားလည်းမမား ဝှက်တေရာ (အရပ်)
Burmese:
မှန်ကန်သော။ အမှန်တကယ် ဖြစ်သော။ မမှားယွင်းသော။ မောင်သာဖြူ ပြောရေ စကားလည်းမမှား ဝှက်တေရာ (အရပ်)
English:
be correct
Grammar Note:
နာမဝိသေသန
ဝှက်ရာ
[ʍɛʔɹà]
Arakanese:
ဟုတ်မှန်ရေ အကြောင်းအရာ။ ဟုတ်တိုင်းမှန်စွာ။ မောင်စိန်ဖြူ၊ အောင်ထွန်းဖြူရို့ ပြောရေအတိုင်း မှန်ယင့်လား ဝှက်ရာ မှန်ပါရေဘုရား (အရပ်)
Burmese:
ဟုတ်မှန်သည့် အကြောင်းအရာ။ ဟုတ်တိုင်းမှန်စွာ။ မောင်စိန်ဖြူ၊ အောင်ထွန်းဖြူတို့ ပြောရေအတိုင်း မှန်ယင့်လား ဝှက်ရာ မှန်ပါရေဘုရား (အရပ်)
English:
TRUE
Grammar Note:
နာမ်
ဝှန်
[ʍàɴ]
Arakanese:
ပြည့်စွာထက် ပိုလွန်သော။ စည်းပုံးက ရီတိ ဝှန် ကျနီဗျာ (အရပ်)။ လေးမုခ် ပြွန်မာ၊ ဝှန်ကာစီးဆင်း (ဓမ္မသာ)။ ၂၊ အရွီအတွက်ထက် များစွာ ပိုကဲသော။ ၃၊ အမှုမဲ့ အမှတ်မဲ့ဖြစ်ရေ လူကို လူမမြင် ယင်းကနိန်ာအက်၊ ဒေမာအက် ဝှန်နီဗျာယ် (အရပ်)။ ၄၊ စောင့်စည်းမှုနန့် အရှက်တရား နည်းပါ
Burmese:
ပြည့်သည်ထက် ပိုလွန်သော။ စည်းပုံးက ရီတိ ဝှန် ကျနီဗျာ (အရပ်)။ လေးမုခ် ပြွန်မှာ၊ ဝှန်ကာစီးဆင်း (ဓမ္မသာ)။ ၂၊ အရေအတွက်ထက် များစွာ ပိုကဲသော။ ၃၊ အမှုမဲ့ အမှတ်မဲ့ဖြစ်သော လူကို လူမမြင် ထိုမှာအက်၊ ဒေမှာအက် ဝှန်နီဗျာယ် (အရပ်)။ ၄၊ စောင့်စည်းမှုနှင့် အရှက်တရား နည်းပါ
English:
carelessly
Grammar Note:
နာမဝိသေသန
ဝှန့်
[ʍàɴ့]
Arakanese:
ထက်အောက် ပျံ့နှံ့ ကျော်ကြားရေ။ အများခပဲ၊ ဆီးကိုစွဲ၍၊ ကျော်သဲ့ထိမ့်ဆူ၊ မဟော်ဟူဗျာယ်၊ ကမ္ဘာဝှန့်ဗွေ၊ မာပါစီဟု (ကင်းမဟော်)
Burmese:
ထက်အောက် ပျံ့နှံ့ ကျော်ကြားသည်။ အများခပဲ၊ ဆေးကိုစွဲ၍၊ ကျော်သဲ့ထိမ့်ဆူ၊ မဟော်ဟူလျက်၊ ကမ္ဘာဝှန့်ဗွေ၊ တွင်ပါစေဟု (ကင်းမဟော်)
English:
popular
Grammar Note:
ကြိယာ
ဝှန်း
[ʍáɴ]
Arakanese:
မျက်နှာပြင် ညီညွတ် ကျယ်ဝန်းသော။ ကျယ်ပြန့်သော။ ရဟန်းခံ-သျှင်ပြုပွဲကို အဝှန်း တကျယ် လုပ်စွာကိုမှ နှစ်သက်တေ (အရပ်)
Burmese:
မျက်နှာပြင် ညီညွတ် ကျယ်ဝန်းသော။ ကျယ်ပြန့်သော။ ရဟန်းခံ-သျှင်ပြုပွဲကို အဝှန်း တကျယ် လုပ်စွာကိုမှ နှစ်သက်တေ (အရပ်)
English:
wide
Grammar Note:
နာမဝိသေသန
ဝှန်၂
[ʍàɴ၂]
Arakanese:
ကြောက်အား ကြီးပြီးကေ အသက်ထွက်လု မတတ်။ သေလုခမန်း ကျားကိုမြင်လို့ ကြောက်အား ကြီးပြီးကေ အသက် ဝှန်လားခရေ (အရပ်)။ ငိုလည်းငိုမြောက်၊ ကြက်သိန်း ဝှန် ပျာ၊ နကြောစိမ့်လို့ (ဓမ္မသာ)။ ရီးမြတ်မိမွန်၊ အသက်ဝှန်ပျာ၊ မျက်ဖြူပြူးငြား (ဒွေး)။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မာန
Burmese:
ကြောက်အား ကြီး၍ အသက်ထွက်လု မတတ်။ သေလုခမန်း ကျားကိုမြင်လို့ ကြောက်အား ကြီးပြီးကေ အသက် ဝှန်လားခရေ (အရပ်)။ ငိုလည်းငိုမြောက်၊ ကြက်သိန်း ဝှန် ပျာ၊ အလွန်ကြောက်လို့ (ဓမ္မသာ)။ ရီးမြတ်မိမွန်၊ အသက်ဝှန်ပျာ၊ မျက်ဖြူပြူးငြား (ဒွေး)။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မာန
English:
frighten
Grammar Note:
ကြိယာဝိသေသန
ဝှန်တက်
[ʍàɴtɛʔ]
Arakanese:
အထက်ကို ပျံ့နှံ့ရေ။ ဂုဏ်သတင်း ပျံ့နှံ့ ထင်ရှားရေ။ ချီးကြွီးညံညံ၊ ကောင်းကြီးသံဖြင့်၊ မိုးယံဘဝဂ်၊ ဝှန်တက်ကြောငြာ၊ ဇမ္ဗူချာထက် (ရခိုင်ကာ)။ မိုးယံဘဝဂ်၊ ကျော်ဝှန်တက်ရေ၊ အုတ်ကျက်နတ်လူ၊ သောင်းသောင်းတည်း (ယင်း)။ ၂၊ လွန်ကဲ ထထက် သသန်နန့် လိုလား သထာရေ။ ရိုက်ရို
Burmese:
အထက်သို့ ပျံ့နှံ့သည်။ ဂုဏ်သတင်း ပျံ့နှံ့ ထင်ရှားသည်။ ချီးကြွေးညံညံ၊ ကောင်းကြီးသံဖြင့်၊ မိုးယံဘဝဂ်၊ ဝှန်တက်ကြောငြာ၊ ဇမ္ဗူချာထက် (ရခိုင်ကာ)။ မိုးယံဘဝဂ်၊ ကျော်ဝှန်တက်သည်၊ အုတ်ကျက်နတ်လူ၊ သောင်းသောင်းတည်း (၎င်း)။ ၂၊ လွန်ကဲ ထက်သန်စွာ လိုလား ကြည်ဖြူသည်။ ရိုက်ရို
English:
widespread good news
Grammar Note:
ကြိယာ
ဝှန့်ဝှာ
[ʍàɴ့ʍà]
Arakanese:
ထက်အောက် ပျံ့နှံ့ ကျော်ကြားရေ။ အများခပဲ၊ ဆီးကိုစွဲ၍၊ ကျော်သဲ့ထိမ့်ဆူ၊ မဟော်ဟူဗျာယ်၊ ကမ္ဘာဝှန့်ဗွေ၊ မာပါစီဟု (ကင်းမဟော်)။ စီးပွားလိုချင်၊ အယင်လိုမူ၊ သုံးယူဆောင်ပါ၊ ဤအခါကား၊ ဝှန့်ဝှာကျော်သဲ၊ ငရနဲပင်၊ သုံးစွဲကျင်၏ (ကျော်သျှောက်ခါ)
Burmese:
ထက်အောက် ပျံ့နှံ့ ကျော်ကြားသည်။ အများခပဲ၊ ဆေးကိုစွဲ၍၊ ကျော်သဲ့ထိမ့်ဆူ၊ မဟော်ဟူလျက်၊ ကမ္ဘာဝှန့်ဗွေ၊ တွင်ပါစေဟု (ကင်းမဟော်)။ စီးပွားလိုချင်၊ အလျင်လိုမူ၊ သုံးယူဆောင်ပါ၊ ဤအခါကား၊ ဝှန့်ဝှာကျော်သဲ၊ ငရနဲပင်၊ သုံးစွဲကျင်၏ (ကျော်သျှောက်ခါ)
English:
popular
Grammar Note:
ကြိယာ
ဝှမ်း
[ʍáɴ]
Arakanese:
စောက်နက်စွာ ဟိုင်းသော။ ချိုင့်သော။ ၂၊ ကျယ်ပြန့်သော။ အဝှမ်းကျယ်ကေ၊ ပင်လယ်နဒီ။ ယက်ဝီဝီနန့် (ဓမ္မသာ)
Burmese:
စောက်နက်စွာ ရှိုင်းသော။ ချိုင့်သော။ ၂၊ ကျယ်ပြန့်သော။ အဝှမ်းကျယ်ကေ၊ ပင်လယ်နဒီ။ ယက်ဝီဝီနှင့် (ဓမ္မသာ)
English:
concave - like a basin [as in မ~ကော၊ မြစ်~၊ ချိုင့်~]
Grammar Note:
နာမဝိသေသန