Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 621–635 of 635 words

    ဝ

    ဝှရာ

    [ʍɹà]
    မေးရေ အချက်ကို ဝန်ခံခြင်း။ သဘောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း အစဟိစွာရို့ အတွက် အတိုအကျိုင်း တုံ့ပြန်သော စကားလုံး။ (ဝှ ကြိယာမာ ကြိယာဆုံး ဝန်ဖြစ်ရေ (ရာ)ကို တွဲစပ် ထားရေ။ (ဝှ၊ ဝှရာ၊ ဝှက်၊ ဝှက်ရာအစဟိစွာ)
    မေးသည့် အချက်ကို ဝန်ခံခြင်း။ သဘောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း စသည်တို့ အတွက် အတိုအကျဉ်း တုံ့ပြန်သော စကားလုံး။ (ဝှ ကြိယာတွင် ကြိယာဆုံး ပစ္စည်းဖြစ်သော (ရာ)ကို တွဲစပ် ထားသည်။ (ဝှ၊ ဝှရာ၊ ဝှက်၊ ဝှက်ရာစသည်)
    admit
    နာမ်

    ဝှရား

    [ʍɹá]
    ဗေဒင်တတ်သူ။ နက္ခတ် ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်
    ဗေဒင်တတ်သူ။ နက္ခတ် ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်
    astrology
    နာမ်

    ဝှရားကတ်

    [ʍɹákaʔ]
    ဗေဒင်တတ်သူ။ နက္ခတ် ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်။ ၃၊ နက္ခတ်၊ ဗေဒင်တတ်သူကို ခေါ်သော အမည်
    ဗေဒင်တတ်သူ။ နက္ခတ် ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်။ ၃၊ နက္ခတ်၊ ဗေဒင်တတ်သူကို ခေါ်သော အမည်
    astrologer
    နာမ်

    ဝှား

    [ʍá]
    အသံ ကျကျယ်လောင်လောင် အော်ရေ
    အသံ ကျယ်လောင်စွာ အော်သည်
    shout
    ကြိယာ

    ဝှိန်း

    [ʍéɪɴ]
    လျင်သော အဂေါင့်ဖြင့်။ ၂၊ မှုန်ဝါးသော အသွင်နန့်။ ဝှိန်းဝှိန်းနှင့်ပင် အယင်လားစွာ အပင်တိကို ရိပ်ရိပ်သျှေစီရာ မြင်ရေ ဝှိန်းဝှိန်း (အရပ်)
    လျင်သော အဟုတ်ဖြင့်။ ၂၊ မှုန်ဝါးသော အသွင်ဖြင့်။ ဝှိန်းဝှိန်းနှင့်ပင် အယင်လားစွာ အပင်တိကို ရိပ်ရိပ်သျှေစီရာ မြင်ရေ ဝှိန်းဝှိန်း (အရပ်)
    with a whiz
    ကြိယာဝိသေသန

    ဝှိန်းဝှိန်းဝှိန်း

    [ʍéɪɴʍéɪɴʍéɪɴ]
    အယင့်ယင် ရွိဗျာယ်။ ၂၊ အဗြီးအလွှား အယင့်အယင် လားရွီတွက်နန့်။ ၃၊ အယင့်အယင် မရပ်မနား ဆပွတ်သတ်၍။ အယင်ရောက်ယောင် ဆိုပြီးလျှင် ဝှိန်းဝှိန်းဝှိန်း ထည့်ပါလားခစွာရေ၊ အမိုက်ပျိုးစမာ အိမ်မာရောက်ခီရေ (အရပ်)
    လျင်မြန်စွာ ရွေ့လျားလျက်။ ၂၊ အပြေးအလွှား အလျင်အမြန် သွားသောအားဖြင့်။ ၃၊ အလျင်အမြန် မရပ်မနား လျောက်သွား၍။ အယင်ရောက်အောင် ဆိုပြီးကေ ဝှိန်းဝှိန်းဝှိန်း ထည့်ပါလားခစွာရေ၊ အမှောင်ပျိုးစမှာ အိမ်မှာရောက်ခီရေ (အရပ်)
    with a whiz
    ကြိယာဝိသေသန

    ဝှီး

    [ʍï]
    အဟုန်ပြင်းစွာ ဖြတ်သန်းသော ဝှီး အရာဝတ္တုနန့် လီပွတ်တိုက်ပနာ မြည်သော အသံ
    အဟုန်ပြင်းစွာ ဖြတ်သန်းသော ဝှီး အရာဝတ္တုနှင့် လေပွတ်တိုက်၍ မြည်သော အသံ
    none
    နာမ်

    ဝှီး၂

    [ʍï၂]
    အဟိန်အဟုန် မြန်ဆန်သော လှုပ်ယှားမှုကြောင့် ဝှီးဆိုရေ အသံ ထွက်ပေါ်ဗျာယ်
    အရှိန်အဟုန် မြန်ဆန်သော လှုပ်ရှားမှုကြောင့် ဝှီးဟူသော အသံ ထွက်ပေါ်လျက်
    with a whiz
    ကြိယာဝိသေသန

    ဝှီးကနဲ

    [ʍïknɛ]
    အဟိန်အဟုန် မြန်ဆန်သော လှုပ်ယှားမှုကြောင့် ဝှီးဆိုရေ အသံ ထွက်ပေါ်ဗျာယ်
    အရှိန်အဟုန် မြန်ဆန်သော လှုပ်ရှားမှုကြောင့် ဝှီးဟူသော အသံ ထွက်ပေါ်လျက်
    with a whiz
    ကြိယာဝိသေသန

    ဝှီးဝှန်း

    [ʍïʍáɴ]
    အသက် သေလုမတတ်။ အသက်ထွက်လု မတတ် (ကြောက်ရေ) အသည်းပြို လုကာတဖဲ့ချေ၊ မျက်စိထဲမာ မျှော်ဗျာယ်၊ တမ်းတရှာကြလိမ့်မည်၊ စွာကိုတွက်၍ သည်းဖျား ဝှီးဝှန်းဝှန်းနန့် (ဗမာချီ)
    အသက် သေလုမတတ်။ အသက်ထွက်လု မတတ် (ကြောက်သည်) အသည်းပြို လုကာနည်းနည်း၊ မျက်စိထဲတွင် မျှော်လျက်၊ တမ်းတရှာကြလိမ့်မည်၊ သည်ကိုတွက်၍ သည်းဖျား ဝှီးဝှန်းဝှန်းနှင့် (ဗမာချီ)
    frighten
    ကြိယာ

    ဝှီးဝှန်းဝှန်း

    [ʍïʍáɴʍáɴ]
    အသက် သေလုမတတ်။ အသက် ထွက်လုမတတ် (ကြောက်ရေ) အသည်းပြိုလုကာတဖဲ့ချေ၊ မျက်စိထဲမာ မျှော်ဗျာယ်၊ တမ်းတရှာကြလိမ့်မည်၊ စွာကိုတွက်၍ သည်းဖျား ဝှီးဝှန်းဝှန်းနန့် (ဗမာချီ)
    အသက် သေလုမတတ်။ အသက် ထွက်လုမတတ် (ကြောက်သည်) အသည်းပြိုလုကာနည်းနည်း၊ မျက်စိထဲတွင် မျှော်လျက်၊ တမ်းတရှာကြလိမ့်မည်၊ သည်ကိုတွက်၍ သည်းဖျား ဝှီးဝှန်းဝှန်းနှင့် (ဗမာချီ)
    frighten
    ကြိယာဝိသေသန

    ဝှီးဝှီး

    [ʍïʍï]
    အယင့်ယင် လားလာရေ။ ပြေးပိုင် လျှောက်သည်
    လျင်မြန်စွာ သွားလာသည်။ ပြေးသကဲ့သို့ လျှောက်သည်
    walk quick
    ကြိယာ

    ဝှေ့

    [ʍḛ]
    လောက် စိုပြည်ရေ။ ဝဖြိုးရေ။ ခန္ဓာတိ ဝှေ့လို့ ဇာစားပစ်လို့ သန်ရေလဲ (အရပ်)
    ပြည့်ဝ စိုပြည်သည်။ ဆူဖြိုးသည်။ ခန္ဓာတိ ဝှေ့လို့ ဇာစားလို့ သန်ရေလဲ (အရပ်)
    be full of
    ကြိယာ

    ဝှေ့၂

    [ʍḛ၂]
    အသားအရီ ဝဖြိုးသော။ ဝဖြိုးသော
    အသားအရေ ဝဖြိုးသော။ ဆူဖြိုးသော
    be plump
    နာမဝိသေသန

    ဝှဲ

    [ʍɛ]
    အလွန်အံ့ဩ ချီးမွမ်းရေ။ ဆူလှစ်ဝှဲချီး၊ လက်ဖြောက်တီးပြီးကေ၊ အံ့ကြီးအံ့ဖွယ်ပါ တိုင်းး
    အလွန်အံ့ဩ ချီးမွမ်းသည်။ ဆူလှစ်ဝှဲချီး၊ လက်ဖြောက်တီး၍၊ အံ့ကြီးအံ့ဖွယ်ပါ တကား
    compliment
    ကြိယာ