Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 635 words

    ဝ

    ဝင်း

    [wɪ́ɴ]
    ပိုင်းခြား ကန့်သတ် ကာရံထားရေ နီရာ
    ပိုင်းခြား ကန့်သတ် ကာရံထားသော နေရာ
    compound - enclosure - ground
    နာမ်

    ဝင်း၂

    [wɪ́ɴ၂]
    အရောင် ထွန်းလင်းသော။ ၂၊ ဆနွင်းပိုင်ယှောင် အရောင်ဟိသော
    အရောင် ထွန်းလင်းသော။ ၂၊ နနွင်းကဲ့သို့သော အရောင်ယှိသော
    bright
    နာမဝိသေသန

    ဝင်ကုန်

    [wɪ̀ɴkòʊɴ]
    ဝင်ကုန် တပါးသော နိုင်ငံမှ ပို့ဆောင် ရောက်ဟိလာရေ ကုန်
    ဝင်ကုန် တစ်ပါးသော နိုင်ငံမှ ပို့ဆောင် ရောက်ယှိလာသော ကုန်
    import
    နာမ်

    ဝင်ကျေး

    [wɪ̀ɴt͡ɕé]
    တခုတရီသော အဖွဲ့ထဲကို ဝင်ခွင့် ရဟိရန် ပီးရရေ ကျသင့်ငွီ
    တစ်စုံတစ်ခုသော အဖွဲ့ထဲသို့ ဝင်ခွင့် ရယှိရန် ပေးရသော ကျသင့်ငွေ
    admission fee
    နာမ်

    ဝင်ခရေ

    [wɪ̀ɴkʰɹè]
    တခုတရီကို စိတ်စူးစိုက်ရေ။ ၂၊ တခုတရီသော အာရုံ၌ တစိုက်မတ်မတ် အထပ်ထပ် ဖြစ်ယောင် အားထုတ်သည်
    တစ်စုံတစ်ခုကို စိတ်စူးစိုက်သည်။ ၂၊ တစ်စုံတစ်ခုသော အာရုံ၌ တစိုက်မတ်မတ် အထပ်ထပ် ဖြစ်အောင် အားထုတ်သည်
    interest
    ကြိယာ

    ဝင်းခြံ

    [wɪ́ɴkʰɹံ]
    ပိုင်းခြား ထားရေ နီရာကို ကန့်ဆီးထားရေ အကာအရံ
    ပိုင်းခြား ထားသော နေရာကို ကန့်ဆီးထားသော အကာအရံ
    fence
    နာမ်

    ဝင်စွတ်

    [wɪ̀ɴswaʔ]
    ဝင်ဆန့် တခုတရီသို့ ဆက်သွယ်ရာမာ စွတ်ဖက်ရေ
    ဝင်ဆန့် တစ်စုံတစ်ခုသို့ ဆက်သွယ်ရာ၌ စွတ်ဖက်သည်
    interfere - meddle
    ကြိယာ

    ဝင်ဆံ့

    [wɪ̀ɴsʰံ့]
    တခုတရီသို့ ဆက်သွယ်ရာမာ ဆက်ဆံမှု ပြေပြစ်ရေ
    တစ်စုံတစ်ခုသို့ ဆက်သွယ်ရာ၌ ဆက်ဆံမှု ပြေပြစ်သည်
    mix well or get on well with
    ကြိယာ

    ဝင်းတပ်

    [wɪ́ɴtaʔ]
    ဝင်ခြံ၌ တပ်ဆင် ထားရေ တန်းခါး။ ဝင်းတပ်သာကို၊ ရောက်ပါလီငြား၊ စမမြင်ကေ၊ ပြင်တန်းခါးကို၊ ဖွင့်ပနာလားလီ (မိုးပန်း)
    ဝင်ခြံ၌ တပ်ဆင် ထားသော တံခါး။ ဝင်းတပ်သာကို၊ ရောက်ပါလီငြား၊ စမမြင်ကေ၊ ပြင်တံခါးကို၊ ဖွင့်၍သွားလေ (မိုးပန်း)
    gate
    နာမ်

    ဝင်းထရံ

    [wɪ́ɴtʰɹံ]
    ဆီးကာထားရေ ခြံ၏ နံရံ
    ဆီးကာထားသော ခြံ၏ နံရံ
    fence
    နာမ်

    ဝင်နီ

    [wɪ̀ɴní]
    အရာတနီရာ၊ တနိုင်ငံမှ တအောင့်ချမျှ လာရောက် မှီခို နီထိုင်သူ။ ၂၊ ရှေ့မျက်နှာမှ ထွက်ပြီးကေ အနောက် မျက်နှာသို့ ဝင်ရန် လားရေ နေ။ (ထွက်နေ၊ ဝင်နီ)
    အခြားတစ်နေရာ၊ တစ်နိုင်ငံမှ ခေတ္တခဏမျှ လာရောက် မှီခို နေထိုင်သူ။ ၂၊ ရှေ့မျက်နှာမှ ထွက်၍ အနောက် မျက်နှာသို့ ဝင်ရန် သွားသော နေ။ (ထွက်နေ၊ ဝင်နေ)
    [arch] non-native of a certain locality who has settled in that place See also ကပ်ပါး၊ အလာ၊ အသည်
    နာမ်

    ဝင်ပေါက်

    [wɪ̀ɴpaʊʔ]
    တခုတရီအထဲကို ဝင်ရန်အပေါက်
    တစ်စုံတစ်ခုအတွင်းသို့ ဝင်ရန်အပေါက်
    entrance
    နာမ်

    ဝင့်ဖ

    [wɪ̰ɴpʰ]
    အဝီးကို ပျံမလားပဲ ပတ်ဝန်းကျင်မာ ဝိုက်ဝေ့ ပျံသန်းနိန်ရေ။ လီယာဉ်ပျံ အဝီးသို့ မပျံပဲ အပါးချေမာ ဝင့်လို့ပျံနီရေ (အရပ်)။ ၂၊ လားယင်းမှ တဖက်ဘက်ကို လှည့်ပနာ လားရေ။ မောင်သာဖြူအိမ်သို့ တစိုက်ချင်း မလာဘဲ တဖက်ကို ဝင့်လို့ လားခသိရေ (အရပ်)
    အဝေးသို့ ပျံမသွားပဲ ပတ်ဝန်းကျင်တွင် ဝိုက်ဝေ့ ပျံသန်းနေသည်။ လီယာဉ်ပျံ အဝီးသို့ မပျံပဲ အနီးအနားမှာ ဝင့်လို့ပျံနီရေ (အရပ်)။ ၂၊ သွားရင်းမှ တစ်ဘက်ဘက်သို့ လှည့်၍ သွားသည်။ မောင်သာဖြူအိမ်သို့ တစိုက်ချင်း မလာဘဲ တစ်ဘက်သို့ ဝင့်လို့ လားခသိရေ (အရပ်)
    whirl around
    ကြိယာ

    ဝင်ရိုး

    [wɪ̀ɴɹó]
    ဘီးတိ၏ အလယ်ဗဟို ပေါက်ကို လျှိုထားရေ အတံ
    ဘီးများ၏ အလယ်ဗဟို ပေါက်ကို လျှိုထားသော အတံ
    axis - axie (See illus. at လှည်း)
    နာမ်

    ဝင်ရိုးစွန်

    [wɪ̀ɴɹósʊ̀ɴ]
    ဝင်ရိုး၏ အစွန်းဆုံးသော နီရာ
    ဝင်ရိုး၏ အစွန်းဆုံးသော နေရာ
    pole [as in မြောက်~]
    နာမ်

    ဝင်လမ်း

    [wɪ̀ɴláɴ]
    အထဲဘက်ကို လားရာလမ်း
    အတွင်းဘက်သို့ သွားရာလမ်း
    entryway - entry [fig] likelihood - chance - opportunity [as in ငွီ~ကောင်း-]
    နာမ်

    ဝင်းဝင်းပြောင်ပြောင်

    [wɪ́ɴwɪ́ɴpɹàʊɴpɹàʊɴ]
    အလွန် အရောင် တောက်ထွန်းသော။ ၂၊ နူးညံ့ ချောပြောင်သော အသားအရီ ဟိသော။ တောင်ညာထွက်ထား၊ ရွှီမိဖုရား၊ ဝင်းဝင်းပြောင်ပြောင်၊ လထွက်တောင်သို့ (ကျောက်ရိုး)
    အလွန် အရောင် တောက်ထွန်းသော။ ၂၊ နူးညံ့ ချောပြောင်သော အသားအရေ ယှိသော။ တောင်ညာထွက်ထား၊ ရွှေမိဖုရား၊ ဝင်းဝင်းပြောင်ပြောင်၊ လထွက်ရောင်သို့ (ကျောက်ရိုး)
    bright
    နာမဝိသေသန

    ဝင်းဝါ

    [wɪ́ɴwà]
    အထူး ဝင်းပြောင်သော အရောင်ဟိသော
    အထူး ဝင်းပြောင်သော အရောင်ယှိသော
    bright
    နာမဝိသေသန

    ဝင်သ

    [wɪ̀ɴθ]
    အမျိုးအနွယ်၊ အစိုင်အဆက်
    အမျိုးအနွယ်၊ အစဉ်အဆက်
    descendant
    နာမ်

    ဝင်သက်

    [wɪ̀ɴθɛʔ]
    အထဲကို ဟိုက်သွင်းသော လေ
    အတွင်းသို့ ရှိုက်သွင်းသော လေ
    inhalation cf ထွက်သက်
    နာမ်