Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 635 words

    ဝ

    ဝင်သီး

    [wɪ̀ɴθï]
    လိုင်ဖင်း ရှေ့ဘက်ဟိ အရိုးငေါ အဖု
    လည်ပင်း ရှေ့ဘက်ယှိ အရိုးငေါ အဖု
    adam’s apple
    နာမ်

    ဝင်္ကန္တ

    [wŋ̇kan̪a̰n̪t̪a̰]
    အကောက် လိမ်ဉာဏ်များသူ။ ၂၊ အထဲလားသော ဉာဏ်ဟိသူ။ ယင်းခါမှဝယ် ဝင်္ကန္တကြီး၊ အောက်ပေါ်စွန်ကို၊ ဖင်လှန်ကျစ်ပျာ၊ ဟုန်တိုက်ပြီးလို့ (ဥဒိန်သာ)
    အကောက် လိမ်ဉာဏ်များသူ။ ၂၊ ကောက်ကျစ်သော ဉာဏ်ယှိသူ။ ထိုအခါတွင်ဝယ် ဝင်္ကန္တကြီး၊ အောက်ပေါ်စွန်ကို၊ ဖင်လှန်ကျစ်ပျာ၊ ဟုန်တိုက်ပြီးလို့ (ဥဒိန်သာ)
    insidious mind [Pali ဝင်္က + အန္တ + ဉာဏ]
    နာမ်

    ဝင်္ကပါ

    [wŋ̇kapà]
    အလိုဟိရေ နီရာသို့ အလွယ်ချေ မရောက်နှိုင်ယောင် အကွိ့အကောက် များစွာသော လမ်းရို့နန့် ပြုလုပ်ထားရေ အကွက်။ အကောက်တထောင် ဝင်္ကပါတောင် (ရိုးရာ)
    အလိုယှိသည့် နေရာသို့ အလွယ်တကူ မရောက်နိုင်အောင် အကွေ့အကောက် များစွာသော လမ်းတို့ဖြင့် ပြုလုပ်ထားသော အကွက်။ အကောက်တစ်ထောင် ဝင်္ကပါတောင် (ရိုးရာ)
    maze - labyrinth [Pali ဝင်္က + Sans ဝဝင်္တ]
    နာမ်

    ဝစီကံ

    [wsíkံ]
    နှုတ်ဖြင့် ပြောဆိုရေ အမှု။ ပြောဆိုခြင်း။ ပြောဆိုချက်။ (ပါ)
    နှုတ်ဖြင့် ပြောဆိုသော အမှု။ ပြောဆိုခြင်း။ ပြောဆိုချက်။ (ပါ)
    something committed verbally - sth said [Pali ဝစီကမ္မ]
    နာမ်

    ဝစီဘေဒ

    [wsíbʱèd]
    နှုတ်မြွက်ပြောဆိုခြင်း။ (ပါ) ဝစီဘေဒ ပြောတိုင်းရှ
    နှုတ်မြွက်ပြောဆိုခြင်း။ (ပါ) ဝစီဘေဒ ပြောတိုင်းရှ
    sth committed verbally
    နာမ်

    ဝစီဘေဒကံ

    [wsíbʱèdkံ]
    ကိုယ့်နှုတ်ဖြင့် ပြောဆို လွန်ကျူးမိသော ကုသိုလ် အကုသိုလ်ကံ၏ အကျိုးအပြစ် အစဟိစွာ
    မိမိနှုတ်ဖြင့် ပြောဆို လွန်ကျူးမိသော ကုသိုလ် အကုသိုလ်ကံ၏ အကျိုးအပြစ် စသည်
    sth committed verbally
    နာမ်

    ဝစောက်

    [wsɔ́ɛʔ]
    အဂေါင်းအောက်ကို စိုက်ဗျာယ်။ ထက်အောက် ပြောင်းပြန်။ စောက်ထိုး။ လက်ရုံးတီးကေ၊ စည်ကြီးသံယောင်၊ လန်ကာမိုးမြှောက်၊ ခြီကိုလှန်ကာ၊ ပြန်ကာပြောင်းကေ၊ ဂေါင်းဝစောက်နန့် (ကော်)
    ဦးခေါင်းအောက်သို့ စိုက်လျက်။ ထက်အောက် ပြောင်းပြန်။ စောက်ထိုး။ လက်ရုံးတီးကေ၊ စည်ကြီးသံယောင်၊ လန်ကာမိုးမြှောက်၊ ခြီကိုလှန်ကာ၊ ပြန်ကာပြောင်းကေ၊ ဂေါင်းဝစောက်နှင့် (ကော်)
    head over heel
    ကြိယာဝိသေသန

    ဝစောက်ကျ

    [wsɔ́ɛʔt͡ɕ]
    အဂေါင်း စောက်ထိုး ကျရေ
    ဦးခေါင်း စောက်ထိုး ကျသည်
    head over heel
    ကြိယာ

    ဝစောက်ဆောက်

    [wsɔ́ɛʔsʰɔ́ɛʔ]
    အဂေါင်း စောက်ထိုး၊ ထက်အောက် ပြောင်းပြန် ဖြစ်ဗျာယ်
    ဦးခေါင်း စောက်ထိုး၊ ထက်အောက် ပြောင်းပြန် ဖြစ်လျက်
    head over heel
    ကြိယာဝိသေသန

    ဝစွန်း

    [wsʊ́ɴ]
    အဂေါင်း ထိပ်လယ်၌ ဟိသော အမွီးအမှင်စု။ ၂၊ (ဥပစာ) အထွတ်အမြတ်။ မဏိဝစွန်း ကိုးကွယ်ထားရေ ဆရာတော်ကြီးပါ (အရပ်)
    ဦးခေါင်း ထိပ်လယ်၌ ယှိသော အမွေးအမှင်စု။ ၂၊ (ဥပစာ) အထွတ်အမြတ်။ မဏိဝစွန်း ကိုးကွယ်ထားရေ ဆရာတော်ကြီးပါ (အရပ်)
    bristle a crown of head in an infant
    နာမ်

    ဝစွန်းပုတ်

    [wsʊ́ɴpoʊʔ]
    အဂေါင်းထိပ်လယ်၌ စိကေချေကွက်၍ ချန်ထားရေ ဆံပင်စု
    ဦးခေါင်းထိပ်လယ်၌ အနည်းငယ်ကွက်၍ ချန်ထားသော ဆံပင်စု
    bristle a crown of head in an infant
    နာမ်

    ဝဆွဲ

    [wsʰwɛ]
    အက္ခရာ တခုခု၏ အောက်မာ ကပ်၍ ရီးသားထားရေ ဝ အက္ခရာ။ (ဗျည်း အက္ခရာ သုံးဆယ်သုံးလုံးမာ စျ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဓ၊ ဝ၊ ဠ ရို့ကို ဖယ်ထားပနာ အရာ ဗျည်းတိ၏ အောက်မာ ဆွဲလီ့ ဟိရေ။
    အက္ခရာ တစ်ခုခု၏ အောက်၌ ကပ်၍ ရေးသားထားသော ဝ အက္ခရာ။ (ဗျည်း အက္ခရာ သုံးဆယ်သုံးလုံးတွင် စျ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဓ၊ ဝ၊ ဠ တို့ကို ဖယ်ထား၍ အခြား ဗျည်းများ၏ အောက်တွင် ဆွဲလေ့ ယှိသည်။
    [Arakan. orth.] the letter ဝ -wa.- subscripted to some consonants [as in ကွ၊ ကြွ၊ ခွetc]
    နာမ်

    ဝဇူ

    [wzù]
    မကွေ့မကောက် တည့်မတ်သော။ ပြောင့်သော။ ၂၊ တသမတ်တည်း တူရူသို့ ဦးတည်သော။ ဖြောင်ဖြူးသော
    မကွေ့မကောက် တည့်မတ်သော။ ဖြောင့်တန်းသော။ ၂၊ တသမတ်တည်း တူရူသို့ ဦးတည်သော။ ဖြောင်ဖြူးသော
    straight
    နာမဝိသေသန

    ဝဇူပေါက်

    [wzùpaʊʔ]
    အယင့်အယင် မရပ်မနား ဗြီးရေ။ ၂၊ အဗြီးအလွှား အယင့်အယင် လားရေ။ ခွီးကိုက်ဖို့ လိုက်လို့၊ လွတ်ရာသို့ ဝဇူပေါက် ပြီးရေ (အရပ်)
    အလျင်အမြန် မရပ်မနား ပြေးသည်။ ၂၊ အပြေးအလွှား အလျင်အမြန် သွားသည်။ ခွီးကိုက်ဖို့ လိုက်လို့၊ လွတ်ရာသို့ ဝဇူပေါက် ပြီးရေ (အရပ်)
    run
    ကြိယာ

    ဝဋ်

    [wt်]
    ကိုယ့်ပြုခဖူးသော မကောင်းမှု၏ အကျိုးကို ကိုယ့်ခံစားရခြင်း။ ၂၊ တခုတရီသော အဖြစ်အနေ တရပ်ရပ်မာ ကြိမ်ဖန်တရာ ဖြစ်ခြင်း။ ၃၊ သံသရာမှ မထွက်မြောက် နိုင်ခြင်း။ တရားလက်လွတ်၊ ငှက်တောင်ကျွတ်၊ ဝဋ်နန့် မကင်းပြီ
    မိမိပြုခဲ့ဖူးသော မကောင်းမှု၏ အကျိုးကို မိမိခံစားရခြင်း။ ၂၊ တစ်စုံတစ်ခုသော အဖြစ်အနေ တစ်ရပ်ရပ်တွင် ကြိမ်ဖန်များစွာ ဖြစ်ခြင်း။ ၃၊ သံသရာမှ မထွက်မြောက် နိုင်ခြင်း။ တရားလက်လွတ်၊ ငှက်တောင်ကျွတ်၊ ဝဋ်နှင့် မကင်းပြီ
    cyclin process impelled by the interanction of lust deeds and consequences See Also ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် retribution evil consequence of evil deeds [Pali ဝဋ္ဋ]
    နာမ်

    ဝဋ်ကောင်

    [wt်kàʊɴ]
    မကောင်းမှု၏ အကျိုး ခံစားရသူ
    မကောင်းမှု၏ အကျိုး ခံစားရသူ
    person suffering or atoning for past evil deeds
    နာမ်

    ဝဋ်ကျွတ်

    [wt်t͡ɕwaʔ]
    ဝဋ်ဟူ သမျှ (မကောင်းမှုဟူသမျှ) ကင်းယှင်းရေ။ ၂၊ (ဥပစာ) အလွန် သည်းခံနှိုင်ခသော ဆင်းရဲမှ လွတ်သည်
    ဝဋ်ဟူ သမျှ (မကောင်းမှုဟူသမျှ) ကင်းရှင်းသည်။ ၂၊ (ဥပစာ) အလွန် သည်းခံနိုင်ခဲ့သော ဆင်းရဲမှ လွတ်သည်
    gain release from suffering ဝဋ် [fig] be relieved of onerous duties etc..
    ကြိယာ

    ဝဋ်ကြီး

    [wt်t͡ɕï]
    ကြီးစွာသော ဆင်းရဲကို ခံစားရရေ
    ကြီးစွာသော ဆင်းရဲကို ခံစားရသည်
    bear the consequences of past sins
    ကြိယာ

    ဝဋ်ကြွီး

    [wt်t͡ɕwï]
    (ဥပစာ) ကိုယ်စိတ်နှစ်ပါး မချမ်းရာမှုကို ခံစားရန်ဟိသော မကောင်းကျိုး
    (ဥပစာ) ကိုယ်စိတ်နှစ်ပါး မချမ်းသာမှုကို ခံစားရန်ယှိသော မကောင်းကျိုး
    [fig] atonement or expiation for past sins and misdeeds - cyclic process impelled by the interaction of lust deeds and consequences
    နာမ်

    ဝဋ်ခံ

    [wt်kʰံ]
    မကောင်းရေ ချမ်းသာကိုရာ ခံစားရရေ
    မကောင်းသော ချမ်းသာကိုသာ ခံစားရသည်
    bear the consequence of past sins [fig] bear burdensome duties etc.
    ကြိယာ