Dictionary Entries
Showing 101–120 of 635 words
ဝ
ဝဋ်ဆင်းရဲ
[wt်sʰɪ́ɴɹɛ]
Arakanese:
သံသရာမာ တပြောင်း ပြန်ပြန် လည်နေခြင်းကြောင့် ဒုက္ခ ရောက်ရေ
Burmese:
သံသရာ၌ တပြောင်း ပြန်ပြန် လည်နေခြင်းကြောင့် ဒုက္ခ ရောက်သည်
English:
suffering (due to past misdeeds)
Grammar Note:
နာမ်
ဝဋ်နာကံနာ
[wt်nàkံnà]
Arakanese:
နည်းမျိုးစုံရို့နန့် ကုသကေလေ့ မပျောက်ကင်း နိုင်သနန့် ကိုယ့်ပြုခဖူးသော ဝဋ်ကြောင့်ဖြစ်တေဟု သဖောထားရေ
Burmese:
နည်းမျိုးစုံတို့ဖြင့် ကုသသော်လည်း မပျောက်ကင်း နိုင်သဖြင့် မိမိပြုခဲ့ဖူးသော ဝဋ်ကြောင့်ဖြစ်သည်ဟု သဘော ထားသည်
English:
incurable ailment (which is considered a result of past misdeeds)
Grammar Note:
ကြိယာ
ဝဋ်ပါ
[wt်pà]
Arakanese:
မကောင်းမပြီးကေ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်ခါ လိုက်ရေ။ ၂၊ တပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရရေ။ လူများအင်္ဂါ မစုံစွာကို မကဲ့၏ကေ့ ဝဋ်လိုက်တတ်တေ (အရပ်)
Burmese:
မကောင်းမ၍ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်မှ လိုက်သည်။ ၂၊ တစ်ပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရသည်။ သူတစ်ပါးအင်္ဂါ မစုံစွာကို မကဲ့ရဲ့ကေ့ ဝဋ်လည်တတ်တေ (အရပ်)
English:
reap the consequences of past misdeeds
Grammar Note:
ကြိယာ
ဝဋ်လည်
[wt်lɛ̀]
Arakanese:
မကောင်းမပြီးကေ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်ခါ လိုက်ရေ။ ၂၊ တပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရရေ။ လူများအင်္ဂါ မစုံစွာကို မကဲ့၏ကေ့ ဝဋ်လိုက်တတ်တေ (အရပ်)
Burmese:
မကောင်းမ၍ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်မှ လိုက်သည်။ ၂၊ တစ်ပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရသည်။ သူတစ်ပါးအင်္ဂါ မစုံစွာကို မကဲ့ရဲ့ကေ့ ဝဋ်လည်တတ်တေ (အရပ်)
English:
reap the consequences of past misdeeds
Grammar Note:
ကြိယာ
ဝဋ်လိုက်
[wt်laɪʔ]
Arakanese:
မကောင်းမပြီးကေ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်ခါ လိုက်ရေ။ ၂၊ တပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရရေ။ လူများအင်္ဂါ မစုံစွာကို မကဲ့၏ကေ့ ဝဋ်လိုက်တတ်တေ (အရပ်)
Burmese:
မကောင်းမ၍ အကုသိုလ် အကျိုးဆက်ကာ ထပ်ကြပ်မကွာ နောက်မှ လိုက်သည်။ ၂၊ တစ်ပါသူအား မကောင်းကြံစည်မိလျှင် ကြံစည်သူက တန်ပြန် ခံစားရသည်။ သူတစ်ပါးအင်္ဂါ မစုံစွာကို မကဲ့ရဲ့ကေ့ ဝဋ်လည်တတ်တေ (အရပ်)
English:
reap the consequences of past misdeeds
Grammar Note:
ကြိယာ
ဝတင်း
[wtɪ́ɴ]
Arakanese:
ကြက်မဥ၍ ဝပ်ရာ ဆွဲတောင်း။ ကြက် ဝတင်း မတည်၊ ရီကြည်သား (ရိုးရာ)
Burmese:
ကြက်မဥ၍ ဝပ်ရာ ခြင်းတောင်း။ ကြက် ဝတင်း မတည်၊ ရီကြည်သား (ရိုးရာ)
English:
basket or box in which a hen nests
Grammar Note:
နာမ်
ဝတန်း
[wtáɴ]
Arakanese:
ဖြီယှင်းရန် အကြောင်း ဆိုက်ရောက်သော အခြင်းအရာ။ ပြဿနာ။ လူဟိသူဟိက ဝတန်း ပြပြလို့ကာ၊ ရှက်ကောင်းထမန်းကာ (အရပ်)
Burmese:
ဖြေရှင်းရန် အကြောင်း ဆိုက်ရောက်သော အခြင်းအရာ။ ပြဿနာ။ လူရှိသူရှိက ဝတန်း ပြပြလို့ကာ၊ ရှက်ကောင်းထမန်းကာ (အရပ်)
English:
trouble
Grammar Note:
နာမ်
ဝတန်းကာ
[wtáɴkà]
Arakanese:
ကိစ္စတာဝန် ပေါ်ပေါက်ရေ။ အရီးကိစ္စ ကြီးကျယ် လာရေ။ ပြဿနာ တက်ရေ။ ဟေ-ဝတန်းကာယေ၊ နင်ရာထိုးကန်းချေ (ယိမ်း)
Burmese:
ကိစ္စတာဝန် ပေါ်ပေါက်သည်။ အရေးကိစ္စ ကြီးကျယ် လာသည်။ ပြဿနာ တက်သည်။ ဟေ-ဝတန်းကာယေ၊ နင်ရာထိုးကန်းချေ (ယိမ်း)
English:
get into trouble
Grammar Note:
ကြိယာ
ဝတုတ်
[wtoʊʔ]
Arakanese:
ကိုယ်ခန္ဓာ ဝဖြိုးစွာထက် ပိုပြီးကေ ပြည့်ဝန်းသော
Burmese:
ကိုယ်ခန္ဓာ ဝဖြိုးသည်ထက် ပိုမို ပြည့်ဝန်းသော
English:
fat and rotund - corpulent - obese
Grammar Note:
နာမဝိသေသန
ဝတုတ်ကြီး
[wtoʊʔt͡ɕï]
Arakanese:
ကိုယ်ကာယ မာတင်း ပြည့်ဖြိုးသော
Burmese:
ကိုယ်ကာယ မာတင်း ပြည့်ဖြိုးသော
English:
fat
Grammar Note:
နာမဝိသေသန
ဝတ္တကမြီ
[wt̪t̪a̰kmɹì]
Arakanese:
သာသနာတော် အတွက် အလှူထားရေ မြေ
Burmese:
သာသနာတော် အတွက် အလှူထားသော မြေ
English:
land donated for religious purposes - sacred ground - glebe land [Pali ဝတ္ထု ကမ္မ+ Arakan မြီ]
Grammar Note:
နာမ်
ဝတ္တရား
[wt̪t̪a̰ɹá]
Arakanese:
လူမှုရီး ကျင့်ဝတ် အရ ဆောင်ရွက် ရရေ အမှု
Burmese:
လူမှုရေး ကျင့်ဝတ် အရ ဆောင်ရွက် ရသည့် အမှု
English:
responsibility - duty [Pali ဝတ္တ +Arakan တရား]
Grammar Note:
နာမ်
ဝတ္တရားကျီ
[wt̪t̪a̰ɹát͡ɕí]
Arakanese:
ဆောင်ရွက်ရန် အမှု ပြီးစီးခြင်းသို့ ရောက်ရေ
Burmese:
ဆောင်ရွက်ရန် အမှု ပြီးစီးခြင်းသို့ ရောက်သည်
English:
discharge one’s responsibilities or duties
Grammar Note:
ကြိယာ
ဝတ္ထု
[wt̪a̰t̪ʰa̰oʊ]
Arakanese:
တစုံတရာကို ဦးတည်ပြီးကေ စိတ်ကူးဖြင့် ဆန်းကြယ်စွာ ဖွဲ့နွဲ့ရီးသား ပြောဆိုရေ ပုံပြင်။(ဝထု)။ အယင်အခါ ဖားပြုတ်ကေကေ တကောင် အုန်ဘောင်စီးလို့၊ ချောင်းထဲကို ဝင်ပါလတ်တေလတ်(ဖားပြုကေပုံပြင်)။ စကားလည်းပုံပြု၊ မင်းဝတ္တုကို ဆိုမှုပြောထွေ (စန္ဒရားဖွဲ့)
Burmese:
တစ်စုံတရာကို ဦးတည်၍ စိတ်ကူးဖြင့် ဆန်းကြယ်စွာ ဖွဲ့နွဲ့ရေးသား ပြောဆိုသော ပုံပြင်။(ဝတ္ထု)။ အယင်အခါ ဖားပြုတ်ကေ တစ်ကောင် အုန်ဘောင်စီးလို့၊ ချောင်းထဲကို ဝင်ပါလတ်တေလတ်(ဖားပြုကေပုံပြင်)။ စကားလည်းပုံပြု၊ မင်းဝတ္တုကို ဆိုမှုပြောထွေ (စန္ဒရားဖွဲ့)
English:
matter - object [as in ~ ပစ္စည်း၊ အရာ ~] money offered for the use of monks - commodity [as in လှူဖွယ် ~] generic term for story narrative novel fiction [ Pali ဝတ္ထု]
Grammar Note:
နာမ်
ဝတ္ထုကံမြီ
[wt̪a̰t̪ʰa̰oʊkံmɹì]
Arakanese:
သာသနာတော် အတွက် အလှူထားရေ မြေ
Burmese:
သာသနာတော် အတွက် အလှူထားသော မြေ
English:
land donated for religious purposes - sacred ground - glebe land [Pali ဝတ္ထု ကမ္မ+ Arakan မြီ]
Grammar Note:
နာမ်
ဝတ္ထုကြောင်း
[wt̪a̰t̪ʰa̰oʊt͡ɕáʊɴ]
Arakanese:
ဖြစ်ပျက်ပုံ ဇာတ်လမ်း။ အဖြစ်အပျက် တခုတရီ၏ အကြောင်းအရာ။ လူ့ခွင်ကျော်ဟိုး၊ စာတိုင်းမာ၊ ခေါင်ကမိုးလို့၊ ဖောင်မျှောနာရဒ၊ ဝထုလှကို ၊ အမှန်ပြဗျာယ် (နာရဒ
Burmese:
ဖြစ်ပျက်ပုံ ဇာတ်လမ်း။ အဖြစ်အပျက် တစ်စုံတစ်ခု၏ အကြောင်းအရာ။ လူ့ခွင်ကျော်ဟိုး၊ စာတကာတွင်၊ ခေါင်ကမိုးလို့၊ ဖောင်မျှောနာရဒ၊ ဝတ္ထုလှကို ၊ အမှန်ပြလျက် (နာရဒ
English:
outline of a story or novel etc
Grammar Note:
နာမ်
ဝတ္ထုပစ္စည်း
[wt̪a̰t̪ʰa̰oʊpsɪ́səɛ́]
Arakanese:
အထည် ဝထု တခုခု
Burmese:
အထည် ဝတ္ထု တစ်ခုခု
English:
money offered for the use of monks
Grammar Note:
နာမ်
ဝတ္ထုသက်သီ
[wt̪a̰t̪ʰa̰oʊθɛʔθí]
Arakanese:
တခုတရီသော အမှုအခင်းမာ အထောက်အထား ပြနှိုင်ရေ ဝန်။ သက်သီခံ ဝန်။ ၂၊ ထုံး၊ ပုံ၊ ဝထု တခုခု အထောက်အထား
Burmese:
တစ်စုံတစ်ခုသော အမှုအခင်းတွင် အထောက်အထား ပြနိုင်သော ပစ္စည်း။ သက်သေခံ ပစ္စည်း။ ၂၊ ထုံး၊ ပုံ၊ ဝတ္ထု တစ်ခုခု အထောက်အထား
English:
supporting evidence
Grammar Note:
နာမ်
ဝတ္ထုသာခြင်း
[wt̪a̰t̪ʰa̰oʊθàkʰɹɪ́ɴ]
Arakanese:
ဇာတ်ကောင် တဦးကို တနည်း အတိကို အခြီခံထားပနာ ဖြစ်ပျက်ခြင်းရာကို စိတ်ဝင်စားဖွယ်ရာ အထောက်အခံ အုပ်ကာရန် ရို့နန့် အရာ ကဗျာတိထက် သာလွန် ဖွဲ့ဆိုရီးသားထားရေ ကဗျာ၊ လင်္ကာ၊ ရတု အစဟိစွာ့တမျိုး။ ကာရန်သင့်စွာ၊ သာခြင်းဖွဲ့ဟု၊ နွဲ့ကဗျာလျှင်၊ ပဉ္စဝီသ၊ ကျွန်ုပ်
Burmese:
ဇာတ်ကောင် တစ်ဦးကို သို့မဟုတ် အများကို အခြေခံထား၍ ဖြစ်ပျက်ခြင်းရာကို စိတ်ဝင်စားဖွယ်ရာ အထောက်အခံ အုပ်ကာရန် တို့ဖြင့် အခြား ကဗျာများထက် သာလွန် ဖွဲ့ဆိုရေးသားထားသည့် ကဗျာ၊ လင်္ကာ၊ ရတု စသည့်တစ်မျိုး။ ကာရန်သင့်စွာ၊ သာခြင်းဖွဲ့ဟု၊ နွဲ့ကဗျာလျှင်၊ ပဉ္စဝီသ၊ ကျွန်ုပ်
English:
none
Grammar Note:
နာမ်
ဝတ္ထုသွား
[wt̪a̰t̪ʰa̰oʊθWà]
Arakanese:
ဝထု ရီးပုံ ရီးနည်းကို လိုက်ပြီးကေ ရီးသော အရီးအသား။ ၂၊ ဇာတ်လမ်း
Burmese:
ဝတ္ထု ရေးပုံ ရေးနည်းကို လိုက်၍ ရေးသော အရေးအသား။ ၂၊ ဇာတ်လမ်း
English:
outline of a story or novel etc
Grammar Note:
နာမ်