Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 635 words

    ဝ

    ဝတ်

    [waʔ]
    ခန္ဓာကိုယ်၌ တန်ဆာ ဆင်မြန်းရေ။ ကိုယ်ကို ဆင်ယင်ခြင်း ပြုရေ။ ငါ့မာ ရာဟိငြား၊ ဆီးလက်စွပ်ကို၊ ယူရို့ဝတ်ပါလီ (ဓမ္မက)
    ခန္ဓာကိုယ်၌ တန်ဆာ ဆင်မြန်းသည်။ ကိုယ်ကို ဆင်ယင်ခြင်း ပြုသည်။ ငါ့မှာ ရာဟိငြား၊ ဆီးလက်စွပ်ကို၊ ယူရို့ဝတ်ပါလီ (ဓမ္မက)
    wear - put on - adorn [as in နားဋောင်း~]
    ကြိယာ

    ဝတ်ကောင်းစားကောင်း

    [waʔkáʊɴsákáʊɴ]
    ပွဲလမ်းသဘင်အခါမှ တင့်ရေ လျော်ကန်သော အဝတ်အစား ဆင်ယင်မှု
    ပွဲလမ်းသဘင်အခါတွင် တင့်တယ် လျော်ကန်သော အဝတ်အစား ဆင်ယင်မှု
    smart dress - fine clothes
    နာမ်

    ဝတ်ကျီတန်းကျီ

    [waʔt͡ɕítáɴt͡ɕí]
    စိတ်စေတနာ ထက်သန်ခြင်း မဟိပဲ။ တာဝန် ပြီးကုန်ရုံမျှအနိန်နန့်။ ဝတ်ကျေဝတ်ကုန်
    စိတ်စေတနာ ထက်သန်ခြင်း မယှိပဲ။ တာဝန် ပြီးကုန်ရုံမျှ အားဖြင့်။ ဝတ်ကျေဝတ်ကုန်
    perfunctorily
    ကြိယာဝိသေသန

    ဝတ်ကျောင်း

    [waʔt͡ɕáʊɴ]
    ဘုရားဝတ်ပြုရာ အဆောက်အအုံ
    ဘုရားဝတ်ပြုရာ အဆောက်အအုံ
    place of worship - temple [Sans ဝါသ္တု + Arakan ကျောင်း]
    နာမ်

    ဝတ်ကြီးဝတ်ငယ်

    [waʔt͡ɕïwaʔŋɛ̀]
    အသက်အရွယ် ကြီးရင့်သူရို့အတွက် အားထုတ်ဆောင်ရ
    အသက်အရွယ် ကြီးရင့်သူတို့အတွက် အားထုတ်ဆောင်ရ
    filial duties duties towards ones mentors
    နာမ်

    ဝတ်ကြောင်

    [waʔt͡ɕàʊɴ]
    သာမန်လူရို့ ဝတ်ဆင်ထားရေ အဝတ်အစား
    သာမန်လူတို့ ဝတ်ဆင်ထားသော အဝတ်အစား
    colourful lay attire (as distinguished from the monotonous garb of the monks) laity
    နာမ်

    ဝတ်စားတန်ဆာ

    [waʔsátàɴsʰà]
    ကိုယ်မာ ဝတ်ဆင်ရရေ အဝတ်အထည်နန့် လက်ဝတ် လက်စား အဆင်အယင်။ ဝတ်စားတန်ဆာ၊ ဒွါဒရာကို၊ ကိုယ်မာဝတ်ရုံကေလည်း (ဥဒိန်တု)
    ကိုယ်တွင် ဝတ်ဆင်ရသော အဝတ်အထည်နှင့် လက်ဝတ် လက်စား အဆင်အယင်။ ဝတ်စားတန်ဆာ၊ ဒွါဒရာကို၊ ကိုယ်မှာဝတ်ရုံပါလျက် (ဥဒိန်တု)
    clothes and ornaments
    နာမ်

    ဝတ်စုံ

    [waʔsòʊɴ]
    လူတယောက်၏ ဝတ်စား ဆင်ယင်ဖို့အတွက် လိုအပ်ချက် အဝတ်တန်ဆာ အပြည့်အစုံ
    လူတစ်ယောက်၏ ဝတ်စား ဆင်ယင်ရန်အတွက် လိုအပ်ချက် အဝတ်တန်ဆာ အပြည့်အစုံ
    full dress - uniform [as in စစ်~] - suit [as in အနောက်တိုင်း~]
    နာမ်

    ဝတ်ဆံ

    [waʔsʰံ]
    ပန်းပွင့်၏ အလယ်ဗဟိုမာ တည်ဟိသော မျိုးစိ အုံတည်ရာ အစိတ် အပိုင်း
    ပန်းပွင့်၏ အလယ်ဗဟိုတွင် တည်ယှိသော မျိုးစေ့ အုံတည်ရာ အစိတ် အပိုင်း
    stamen concretion in a boil or abscess
    နာမ်

    ဝတ်ဆင်

    [waʔsʰɪ̀ɴ]
    ကိုယ့် ကိုယ်ကို တင့်ရေသော အဝတ်အစား ဆင်ယင်သည်
    မိမိ၏ ကိုယ်ကို တင့်တယ်သော အဝတ်အစား ဆင်ယင်သည်
    wear apparel - adorn
    ကြိယာ

    ဝတ်ညို

    [waʔɲÒ]
    အဝတ်ချာသည် စိုထိုင်းရာမှ အညိုရောင် အစက်ပြောင်များ စွန်းထင်း ပေါ်ထွက် လာရေ
    အဝတ်စသည် စိုထိုင်းရာမှ အညိုရောင် အစက်ပြောင်များ စွန်းထင်း ပေါ်ထွက် လာသည်
    none
    ကြိယာ

    ဝတ်တက်

    [waʔtɛʔ]
    အချိန်မှန်မှန် ပူဇော်မြဲအတိုင်း ကျင့်ဝတ္တရားအရ ရတနာ သုံးပါးအား ပူဇော်သည်
    အချိန်မှန်မှန် ပူဇော်မြဲအတိုင်း ကျင့်ဝတ္တရားအရ ရတနာ သုံးပါးအား ပူဇော်သည်
    recite prayers in a group
    ကြိယာ

    ဝတ်ပန်းရည်

    [waʔpáɴɹɛ̀]
    ပန်းပွင့် ဝတ်ဆံတိုင် အထဲဟိ အရည်
    ပန်းပွင့် ဝတ်ဆံတိုင် အတွင်းယှိ အရည်
    nectar
    နာမ်

    ဝတ်ပြု

    [waʔpɹoʊ]
    ရတနာသုံးပါအား ဆည်းကပ် ပူဇော်ခြင်းကို ပြုသည်
    ရတနာသုံးပါအား ဆည်းကပ် ပူဇော်ခြင်းကို ပြုသည်
    do obeisance show hospitality attend respectfully to a person
    ကြိယာ

    ဝတ်ဖြည့်

    [waʔpʰɹɛ̰]
    ဘုန်းကြီး ရဟန်း၊ သံဃာတော်ရို့အား ခြေဆုပ်လက်နယ် ပြုသည်
    ဘုန်းကြီး ရဟန်း၊ သံဃာတော်တို့အား ခြေဆုပ်လက်နယ် ပြုသည်
    do obeisance massage the hands and feet of monk
    ကြိယာ

    ဝတ်ဖြူ

    [waʔpʰɹù]
    သတင်းနိရို့မာ သီလစောင့်ကြ သူရို့ ဝတ်ဆင်လေ့ ဟိရေ အဖြူရောင် အဝတ်အထည်
    ဥပုသ်နေ့တို့တွင် သီလစောင့်ကြ သူတို့ ဝတ်ဆင်လေ့ ယှိသည့် အဖြူရောင် အဝတ်အထည်
    white garb (as worn by male religious devotees)
    နာမ်

    ဝတ်မှုန်

    [waʔm̥òʊɴ]
    ပန်းပွင့်၏ ဝတ်ဆံမျှင် ထိပ်ဖျားမာ ဟိသော အဖုလုံးငယ်များ
    ပန်းပွင့်၏ ဝတ်ဆံမျှင် ထိပ်ဖျားတွင် ယှိသော အဖုလုံးငယ်များ
    pollen
    နာမ်

    ဝတ်ယက်

    [waʔjɛʔ]
    ပန်းပွင့် ဝတ်ဆံတိုင် အထဲဟိ အရည်
    ပန်းပွင့် ဝတ်ဆံတိုင် အတွင်းယှိ အရည်
    nectar
    နာမ်

    ဝတ်ယက်ရည်

    [waʔjɛʔɹɛ̀]
    ပန်းပွင့် ဝတ်ဆံတိုင် အထဲဟိ အရည်
    ပန်းပွင့် ဝတ်ဆံတိုင် အတွင်းယှိ အရည်
    nectar
    နာမ်

    ဝတ်ရို့စားရို့

    [waʔɹo̰sáɹo̰]
    ရွှီ၊ ငွီ၊ ကျောက်မျက် ရတနာရို့နန့် ပြုလုပ်ထားရေ နားဋောင်း၊ ပုတီး၊ လက်ကောက်၊ လက်စွပ်အစဟိရေ အဝတ်အစား ကိုယ်မာ အပြည့် ဆင်ယင်ဗျာယ်
    ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာတို့ဖြင့် ပြုလုပ်ထားသည့် နားဋောင်း၊ ပုတီး၊ လက်ကောက်၊ လက်စွပ်စသော အဝတ်အစား ကိုယ်တွင် အပြည့် ဆင်ယင်လျက်
    dress
    ကြိယာဝိသေသန