Dictionary Entries
Showing 161–180 of 635 words
ဝ
ဝန်တကာလက်ငင်း
[wàɴtkàlɛʔŋɪ́ɴ]
Arakanese:
ငှားယူထားရေ ဝန်ဝန်ကို အဂု လက်တင်ခြီတင် ပီးအပ်ခီရေ။ ငှားယူလားခရေ လက်ကောက် တရံကို ဝန်တိုင်းလက်ငင်း ပီးအပ်ခယင့်ကား (အရပ်)
Burmese:
ငှားယူထားသော ဝန်ပစ္စည်းကို ချက်ချင်း ကိုယ်ထိလက်ရောက် ပေးအပ်ခဲ့သည်။ ငှားယူလားခရေ လက်ကောက် တစ်ရံကို ဝန်တကာလက်ငင်း ပီးအပ်ခယင့်ကား (အရပ်)
English:
repayment
Grammar Note:
ကြိယာ
ဝန်တင်
[wàɴtɪ̀ɴ]
Arakanese:
ရောင်းဝယ်ရန် ဝန်စစွာကို သယ်ယူရာမာ အသုံးပြုရေ (တိုးဂါရီသည် စရေ။
Burmese:
ရောင်းဝယ်ရန် ပစ္စည်းစသည်ကို သယ်ယူရာတွင် အသုံးပြုသော (တွန်းလှည်းသည် စသည်။
English:
push-cart
Grammar Note:
နာမဝိသေသန
ဝန်တာ
[wàɴtà]
Arakanese:
လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ဝန်ခံချက်
Burmese:
လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ။ ၂၊ ဝန်ခံချက်
English:
duty
Grammar Note:
နာမ်
ဝန်တို
[wàɴtÒ]
Arakanese:
လူတိအား ပီးကမ်းရန် တွန့်တိုသော။ ၂၊ ချမ်းသာစီမှု တခုခုကို လူများ မရစီလိုရေ
Burmese:
သူတစ်ပါးအား ပေးကမ်းရန် တွန့်တိုသော။ ၂၊ ချမ်းသာစေမှု တစ်ခုခုကို သူတစ်ပါး မရစေလိုသော
English:
[arch] be stingy - be miserly - be uncharitable be jealous
Grammar Note:
နာမဝိသေသန
ဝန်တိုမိစ္ဆာ
[wàɴtÒmìsɪ́hsaà]
Arakanese:
နှမြိုး တွန့်တိုသော စိတ်ဟိခြင်း။ လူတိအား မရစီလိုခြင်း။ ဝန်တိုမိစ္ဆာ၊ သူယုတ်မာ၊ ဝီးကွာကတ်ပါစီ
Burmese:
နှမြော တွန့်တိုသော စိတ်ယှိခြင်း။ သူတစ်ပါးအား မရစေလိုခြင်း။ ဝန်တိုမိစ္ဆာ၊ သူယုတ်မာ၊ ဝေးကွာကြပါစေ
English:
[arch ] miserliness envy - jealousy [Arakan ဝန်တို + Pali မိစ္ဆာ]
Grammar Note:
နာမ်
ဝန်တောင်း
[wàɴtáʊɴ]
Arakanese:
ဝန်ဝန် တနည်း သီးနှံ အစဟိစွာ ထည့်၍ အဂေါင်းထက်၌ ရွက်သယ်ရရေ တောင်းစောက် တမျိုး
Burmese:
ဝန်ပစ္စည်း သို့မဟုတ် သီးနှံ စသည် ထည့်၍ ဦးခေါင်းပေါ်၌ ရွက်သယ်ရသော တောင်းစောက် တစ်မျိုး
English:
basket
Grammar Note:
နာမ်
ဝန်ထမ်း
[wàɴtʰáɴ]
Arakanese:
အစိုးရထံ၌ အမှုထမ်းဆောင်ရသူ။ အစိုးရ အမှုထမ်း။ ၂၊ လုပ်ငန်း တာဝန် တခုခုကို ထမ်းဆောင်သူ
Burmese:
အစိုးရထံ၌ အမှုထမ်းဆောင်ရသူ။ အစိုးရ အမှုထမ်း။ ၂၊ လုပ်ငန်း တာဝန် တစ်ခုခုကို ထမ်းဆောင်သူ
English:
public service personnel
Grammar Note:
နာမ်
ဝန်ထုပ်ဝန်ပိုး
[wàɴtʰoʊʔwàɴpó]
Arakanese:
သယ်ဆောင်သော ဝန်စု။ ၂၊ (ဥပစာ) သူတိက ထမ်းဆောင်ရဖို့ တာဝန်ကို ကိုယ့်က တာဝန်ယူ ထမ်းဆောင်နိန်ရခြင်း။ မောင်လှဖြူ တယောက် သားသမီးကို ကျွေးရမွေးရ ငါရာမလားဂု ဝန်ထုပ်ဒါဏ်ပိုး ဖြစ်နီရစွာရာ မလားဂု (အရပ်)
Burmese:
သယ်ဆောင်သော ပစ္စည်းစု။ ၂၊ (ဥပစာ) သူများက ထမ်းဆောင်ရမည့် တာဝန်ကို မိမိက တာဝန်ယူ ထမ်းဆောင်နေရခြင်း။ မောင်လှဖြူ တစ်ယောက် သားသမီးကို ကျွေးရမွေးရ ငါရာမလားဂု ဝန်ထုပ်ဝန်ပိုး ဖြစ်နီရစွာရာ မလားဂု (အရပ်)
English:
[fig.] burden baggage
Grammar Note:
နာမ်
ဝန်နည်း
[wàɴnɛ́]
Arakanese:
ထားသိုရန် နီရာ အလွန်ကျဉ်းပနာ လိုအပ်ရေ။ ၂၊ အလုပ်ကိစ္စ နည်းသော။ ဗာဟိရ ကိစ္စနည်းသော။ ၃၊ အလုပ်ကိစ္စ နည်းပါးသော
Burmese:
ထားသိုရန် နေရာ အလွန်ကျဉ်း၍ လိုအပ်သော။ ၂၊ အလုပ်ကိစ္စ နည်းသော။ ဗာဟိရ ကိစ္စနည်းသော။ ၃၊ အလုပ်ကိစ္စ နည်းပါးသော
English:
be burdensome be bulky
Grammar Note:
နာမဝိသေသန
ဝန်နုပ်ကေ
[wàɴnoʊʔkè]
Arakanese:
တွယ်အပ်၊ ဆံညှပ် အစဟိရေ ပါးပါးချေ့ ဖြစ်ရေ ကုန်ဝန်။ ကုန်သေး
Burmese:
တွယ်ချိတ်၊ ဆံညှပ် စသော အသေးအဖွဲ့ ဖြစ်သည့် ကုန်ပစ္စည်း။ ကုန်သေး
English:
goods
Grammar Note:
နာမ်
ဝန်နုပ်ကေသျှေ
[wàɴnoʊʔkèʃè]
Arakanese:
ကုန်ပါးပါးချေ့ ဖြစ်ရေ ကုန်ဝန်။ ကုန်သေး
Burmese:
ကုန်အသေးအဖွဲ့ ဖြစ်သည့် ကုန်ပစ္စည်း။ ကုန်သေး
English:
goods
Grammar Note:
နာမ်
ဝန်ပိုင်သျှင်
[wàɴpàɪɴʃɪ̀ɴ]
Arakanese:
ဝန် တစုံတရာကို ပိုင်ဆိုင်ရေ သူ
Burmese:
ပစ္စည်း တစ်စုံတရာကို ပိုင်ဆိုင်သော သူ
English:
owner
Grammar Note:
နာမ်
ဝန်ပွ့
[wàɴpw့]
Arakanese:
အလီးချိန် နည်းပါးသော ဝန်ဝန်။ ၂၊ (ဥပစာ) သူတိအတွက် တာဝန်ယူရစွာမာ နည်းပါခြင်း
Burmese:
အလေးချိန် နည်းပါးသော ဝန်ပစ္စည်း။ ၂၊ (ဥပစာ) သူများအတွက် တာဝန်ယူရသည်မှာ နည်းပါခြင်း
English:
light load
Grammar Note:
နာမ်
ဝန်ပွ့၂
[wàɴpw့၂]
Arakanese:
တာဝန် တင်ဟိခြင်းက လွတ်သည်
Burmese:
တာဝန် တင်ယှိခြင်းမှ လွတ်သည်
English:
be free from responsibility - be relieved of heavy responsibility
Grammar Note:
ကြိယာ
ဝန်းယာ
[wáɴjà]
Arakanese:
နံဖီးတဝိုက် ဒေသ နယ်ပယ်။ မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ။ အရပ်
Burmese:
အနီးတဝိုက် ဒေသ နယ်ပယ်။ မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ။ အရပ်
English:
surroundings - environs
Grammar Note:
နာမ်
ဝန်းယာ၂
[wáɴjà၂]
Arakanese:
စုပေါင်း ဆောင်ရွက်ရေ။ တိုင်းပြည်ဘောင်ကို၊ ဆောင်ယူမြောက်လို့၊ ရောက်ရေအခါ ဝန်းယာ ကုန်းတိုက်၊ နန်းတော်၌လျှင်၊ အပြစ်ရှာလတ်၊ လင့်မကြာပဲ၊ နန့်ကာရွှတ်ကေ၊ သေမတတ်ရှက်
Burmese:
စုပေါင်း ဆောင်ရွက်သည်။ တိုင်းပြည်ဘောင်ကို၊ ဆောင်ယူမြောက်လို့၊ ရောက်သောအခါ ဝန်းယာ ကုန်းတိုက်၊ နန်းတော်၌လျှင်၊ အပြစ်ရှာလတ်၊ လင့်မကြာပဲ၊ နှင့်ကာရွှတ်ကေ၊ သေမတတ်ရှက်
English:
perform
Grammar Note:
ကြိယာ
ဝန်းယာ၃
[wáɴjà၃]
Arakanese:
အဖြစ်အပျက် အမျိုးမျိုးရို့ကို တွေးခေါ့်ရေ။ လုံးချင်းတည်းလျှင်၊ ဝန်းနည်းပတ်လက်၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
Burmese:
အဖြစ်အပျက် အမျိုးမျိုးတို့ကို တွေးတော့သည်။ တစ်ယောက်တည်းလျှင်၊ ဝန်းနည်းပတ်လက်၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
English:
consider
Grammar Note:
ကြိယာ
ဝန်ယှင်း
[wàɴʃɪ́ɴ]
Arakanese:
ဝန်တိကို စနစ်တကျ ထုပ်ပိုး သိမ်းဆည်း ထားရေ
Burmese:
ပစ္စည်းများကို စနစ်တကျ ထုပ်ပိုး သိမ်းဆည်း ထားသည်
English:
pack up
Grammar Note:
ကြိယာ
ဝန်းရစ်ညီ
[wáɴɹɪʔɲí]
Arakanese:
လုံးဝန်းသော ပုံသဏ္ဌာန်။ အသိုင်းအဝိုင်း၊ ပတ်လည် အတိုင်းအတာ ပမာဏ။ ညီဘုန်းဝေကို၊ စိတ်ရည်စူးပိုင့်၊ တူးတုံပါကေ၊ ထူးစွာလှခြင်း၊ ဝန်းရစ်ညီယောင်၊ စီမံလုပ်ကေ၊ အုဌ်ရီမားကို (ကော်)
Burmese:
လုံးဝန်းသော ပုံသဏ္ဌာန်။ အသိုင်းအဝိုင်း၊ ပတ်လည် အတိုင်းအတာ ပမာဏ။ ညီဘုန်းဝေကို၊ စိတ်ရည်စူးလို့၊ တူးတုံပါကေ၊ ထူးစွာလှခြင်း၊ ဝန်းရစ်ညီအောင်၊ စီမံလုပ်ကေ၊ အုဌ်ရီတွင်းကို (ကော်)
English:
round
Grammar Note:
နာမ်
ဝန်းရို့
[wáɴɹo̰]
Arakanese:
စုပေါင်း ပါဝင်ရေ။ လပျိုသျှေတိ ဝန်းရို့ ကူညီကတ်တေ (အရပ်)။ ၂၊ ပတ်လည်မာ စုဝေးတည်ဟိရေ။ ရဲမက်ဗိုလ်ပါ၊ စံမြန်းပျော်ကေ၊ နန်းမာဝန်းရို့၊ ဖမ်းကတ်ပါကေ (ပန်း)
Burmese:
စုပေါင်း ပါဝင်သည်။ လူပျိုသျှေတိ ဝန်းရို့ ကူညီကတ်တေ (အရပ်)။ ၂၊ ပတ်လည်တွင် စုဝေးတည်ယှိသည်။ ရဲမက်ဗိုလ်ပါ၊ စံမြန်းပျော်ကေ၊ နန်းမှာဝန်းရို့၊ ဖမ်းကြပါကေ (ပန်း)
English:
include
Grammar Note:
ကြိယာ