Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 1,683 words

    သ

    သက်ကရေပျစ်

    [θɛʔkɹèprɪʔ]
    သက်ချေင် တိကို တုတ်တံမာ ခေါက်ချိုး၍ ရစ်ပတ်ဖွဲ့ စည်းထားရေ အချပ်ပြား
    သက်ငယ်မျှင် များကို တုတ်တံတွင် ခေါက်ချိုး၍ ရစ်ပတ်ဖွဲ့ စည်းထားသော အချပ်ပြား
    none
    နာမ်

    သက်ကရေပြင်

    [θɛʔkɹèpɹɪ̀ɴ]
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နီရာကွင်း
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နေရာကွင်း
    none
    နာမ်

    သက်ကြယ်

    [θɛʔt͡ɕɛ̀]
    တဲ၊ အိမ် စရေ မိုးရရေ မြက်ရှည် တမျိုး
    တဲ၊ အိမ် စသည့် မိုးရသော မြက်ရှည် တစ်မျိုး
    kind of grass used in thatching Imperata cylindrica
    နာမ်

    သက်ကြယ်ခင်း

    [θɛʔt͡ɕɛ̀kʰɪ́ɴ]
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နီရာကွင်း
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နေရာကွင်း
    none
    နာမ်

    သက်ကြယ်ပြင်

    [θɛʔt͡ɕɛ̀pɹɪ̀ɴ]
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နီရာကွင်း
    သက်ငယ်ပင်များ ပေါက်ရောက်ရာ နေရာကွင်း
    none
    နာမ်

    သက်ကြီး

    [θɛʔt͡ɕï]
    အသက်အရွယ် အိုမင်းသူ။ ဝါကြီး
    အသက်အရွယ် အိုမင်းသူ။ ဝါကြီး
    elderly person
    နာမ်

    သက်ကြီး၂

    [θɛʔt͡ɕï၂]
    အချိန်ကြာမြင့်သော။ အသက် အိုမင်းသော
    အချိန်ကြာမြင့်သော။ အသက် အိုမင်းသော
    slow-yield (strain of paddy)
    နာမဝိသေသန

    သက်ကြီးငင်

    [θɛʔt͡ɕïŋɪ̀ɴ]
    အသက်သီလု ခမန်း ပင်ပန်းကြီးစွာဖြင့် ဟိုက်ကြီးတငင် ဖြစ်ဗျာယ်။ သက်ကြီးငင်ပျာ၊ ပင်ပန်းဟည်းလို့၊ နီခတုံ့ပြန် (ဒွေး)
    အသက်သေလု ခမန်း ပင်ပန်းကြီးစွာဖြင့် ရှိုက်ကြီးတငင် ဖြစ်လျက်။ သက်ကြီးငင်ပျာ၊ ပင်ပန်းဟည်းလို့၊ နေခဲ့တုံ့ပြန် (ဒွေး)
    none
    ကြိယာဝိသေသန

    သက်ကြီးစကား

    [θɛʔt͡ɕïská]
    အသက်ကြီး ရင့်သူရို့က ငယ်ရွယ်သူရို့ မှတ်သား နာယူဖိုရန် ပြောသော ဆိုလိုချက်အမိန့်။ သက်ကြီးစကား၊ သက်ငယ်ကြား (ပုံ)
    အသက်ကြီး ရင့်သူတို့က ငယ်ရွယ်သူတို့ မှတ်သား နာယူဖိုရန် ပြောသော ဆိုလိုချက်အမိန့်။ သက်ကြီးစကား၊ သက်ငယ်ကြား (ပုံ)
    adage - old saw
    နာမ်

    သက်ကြီးဝါကြီး

    [θɛʔt͡ɕïwàt͡ɕï]
    အသက်အားဖြင့်၊ ဉာဏ်ပညာအားဖြင့်၊ အကျင့်သီလအားဖြင့် ကြီးမားရေ သူ
    အသက်အားဖြင့်၊ ဉာဏ်ပညာအားဖြင့်၊ အကျင့်သီလအားဖြင့် ကြီးမားသော သူ
    elders of a community
    နာမ်

    သက်ကြီးသူမ

    [θɛʔt͡ɕïθùm]
    အသက်အားဖြင့်၊ ဉာဏ်ပညာအနိန်နန့်၊ အကျင့်သီလအနိန်နန့် ကြီးမားရေ သူ
    အသက်အားဖြင့်၊ ဉာဏ်ပညာ အားဖြင့်၊ အကျင့်သီလ အားဖြင့် ကြီးမားသော သူ
    elders of a community
    နာမ်

    သက်ကြီးသူအို

    [θɛʔt͡ɕïθùʔÒ]
    အသက်အားဖြင့်၊ ဉာဏ်ပညာအားဖြင့်၊ အကျင့်သီလအနိန်နန့် ကြီးမားရေ သူ
    အသက်အားဖြင့်၊ ဉာဏ်ပညာအားဖြင့်၊ အကျင့်သီလ အားဖြင့် ကြီးမားသော သူ
    an old person - an elderly person the old and the aged
    နာမ်

    သက်ကြောင်း

    [θɛʔt͡ɕáʊɴ]
    အပင် အစဟိစွာရို့၏ အလယ်အူကြောင်း၊ တနည်း အထဲပိုင်းဟိ လမ်းကြောင်း
    သစ်ပင် စသည်တို့၏ အလယ်အူကြောင်း၊ သို့မဟုတ် အတွင်းပိုင်းရှိ လမ်းကြောင်း
    core
    နာမ်

    သက်ခက်တဲနန်း

    [θɛʔkʰɛʔtɛnáɴ]
    ဘုရင်မင်းရို့ ဥယျာဉ် ထွက်တော်မူရေအခါ ယာယီစံမြန်းရန် ဆောက်လုပ်ထားရေ အပင်၏ အကိုင်းအခက် အရွက်ရို့နန့် မိုးကာ၍ ဆောက်ထားရေ တဲ
    ဘုရင်မင်းတို့ ဥယျာဉ် ထွက်တော်မူသည့်အခါ ယာယီစံမြန်းရန် ဆောက်လုပ်ထားသော သစ်ပင်၏ အကိုင်းအခက် အရွက်တို့ဖြင့် မိုးကာ၍ ဆောက်ထားသော တဲ
    shack or hut built with branches and leaves of palace
    နာမ်

    သက်စိ.

    [θɛʔsì.]
    ကိုယ့် အသက်နန့် ညီမျှသော အရွီအတွက်
    မိမိ၏ အသက်နှင့် ညီမျှသော အရေအတွက်
    number equal to one’s age [as in ငါးရှင်~လွှတ်]
    နာမ်

    သက်စု

    [θɛʔsoʊ]
    ဥပစာ အသက်ပိုင် ချစ်ခင် မြတ်နိုးအပ်ရေ သား၊ သမီး။ သားလှသက်စု၊ မိမျက်ရှု (လွမ်းမပြေ)
    ဥပစာ အသက်ကဲ့သို့ ချစ်ခင် မြတ်နိုးအပ်သော သား၊ သမီး။ သားလှသက်စု၊ မိမျက်ရှု (လွမ်းမပြေ)
    [fig.] loved one
    နာမ်

    သက်စေါင့်ဆီး

    [θɛʔsèàɪ̰ɴsʰï]
    အသက် ရှည်ကြောင်းဖြစ်ရေ ဆီး
    အသက် ရှည်ကြောင်းဖြစ်သော ဆေး
    medicine for general health
    နာမ်

    သက်စွန့်ကြိုးပမ်း

    [θɛʔsʊ̰ɴt͡ɕópáɴ]
    အသက်သီမည်ကို ပဓါနမထားပဲ မရွံ့မထီ ရဲကေ့စွာ တိုးဝင် စွန့်စါးဗျာယ်
    အသက်သေမည်ကို ပဓါနမထားပဲ မရွံ့မကြောက် ရဲရင့်စွာ တိုးဝင် စွန့်စါးလျက်
    at the risk of one’s life - courageously
    ကြိယာဝိသေသန

    သက်ဆိုင်

    [θɛʔsʰàɪɴ]
    ကိုယ့်နန့် ပတ်သက်ရေ။ ဆက်စပ်နိန်ရေ
    မိမိနှင့် ပတ်သက်သည်။ ဆက်စပ်နေသည်
    be concerned with - be relevant
    ကြိယာ

    သက်ဆိုင်ရာ

    [θɛʔsʰàɪɴɹà]
    အရီးအခင်း၊ အမှုကိစ္စ တခုခု အစဟိစွာရို့နန့် ပတ်သက်နီသူ
    အရေးအခင်း၊ အမှုကိစ္စ တစ်ခုခု စသည်တို့နှင့် ပတ်သက်နေသူ
    relevant person place or thing
    နာမ်