Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 1,683 words

    သ

    သက်ညှာပီး

    [θɛʔɲ̯àpï]
    လူတိအား သက်သာစီရန် ကိုယ့် အလိုနန့် နှိုင်းနိူင်း စာနာစိတ်ဖြင့် ငဲ့ကွက် ထောက်ထားရေ
    သူတစ်ပါးအား သက်သာစေရန် မိမိ၏ အလိုနှင့် နှိုင်းယှဉ် စာနာစိတ်ဖြင့် ငဲ့ကွက် ထောက်ထားသည်
    have compassion for - be lenient
    ကြိယာ

    သက်တန်း

    [θɛʔtáɴ]
    ပြည်တည်ပြီးကေ လှိုက်စားသော အနာတမျိုး
    ပြည်တည်၍ လှိုက်စားသော အနာတစ်မျိုး
    abscess
    နာမ်

    သက်တန်းငစွယ်

    [θɛʔtáɴŋswɛ̀]
    ခန္ဓာကိုယ်မားသို့ ဖောက်ထွင်းပနာ လှိုက်စားတတ်ရေ အနာတမျိုး
    ခန္ဓာကိုယ်တွင်းသို့ ဖောက်ထွင်း၍ လှိုက်စားတတ်သော အနာတစ်မျိုး
    carbuncle
    နာမ်

    သက်တမ်း

    [θɛʔtáɴ]
    သတ္တဝါရို့၏ အသက်ရှင် နီထိုင်စွာကို ပေါင်းခြုံ၍ အချိုးတူအားဖြင့် တွက်ချက်ထားရေ ကာလ အပိုင်းအရာ
    သတ္တဝါတို့၏ အသက်ရှင် နေထိုင်သည်ကို ပေါင်းခြုံ၍ အချိုးတူအားဖြင့် တွက်ချက်ထားသည့် ကာလ အပိုင်းအခြား
    life span - life [as in ~စေ့နေထိုင်လားရ-၊~ တိုးပီး-] [ fig. ] length of time sth has existed - age [as in ဤအဆောက်အအုံ၏~]
    နာမ်

    သက်တူရွယ်တူ

    [θɛʔtùɹwɛ̀tù]
    အသက်အားဖြင့် မကြီးမငယ် ဖြစ်သူ
    အသက်အားဖြင့် မကြီးမငယ် ဖြစ်သူ
    persons of about the same age
    နာမ်

    သက်တောင့်သက်သာ

    [θɛʔtɔ́ɪ̰ɴθɛʔθà]
    ပင်ပန်းခြင်းမဟိဘဲ
    ပင်ပန်းခြင်းမရှိပဲ
    comfortable
    ကြိယာဝိသေသန

    သက်တော်ရ

    [θɛʔtɔ̀ɹ]
    ဘုရင် မင်းမြတ်ရို့၏ အလိုတော်ကျ ကိုယ့် အသက် ရှည်ပါစီရန် အတွက်ရာ ကိုယ့်တည်ထားရေ ဘုရား၊ စာတီ၊ ပုထိုး စစွာကို (သက်တော်ရ၊ သက်တော်ရှည် အစဟိစွာအနိန်နန့်) အမည် ပီးထားခြင်းမျိုး
    ဘုရင် မင်းမြတ်တို့၏ အလိုတော်ကျ မိမိ၏ အသက် ရှည်ပါစေရန် အလို့ငှာ မိမိတည်ထားသော ဘုရား၊ စေတီ၊ ပုထိုး စသည်ကို (သက်တော်ရ၊ သက်တော်ရှည် စသည်ဖြင့်) အမည် ပေးထားခြင်းမျိုး
    none
    နာမ်

    သက်တော်ရှည်

    [θɛʔtɔ̀ʃɛ̀]
    ဘုရင် မင်းမြတ်ရို့၏ အလိုတော်ကျ ကိုယ့် အသက်ရှည်ပါစီရန် အတွက်ရာ ကိုယ့်တည်ထားရေ ဘုရား၊ စာတီ ပုထိုး စစွာကို (သက်တော်ရ၊ သက်တော်ရှည် အစဟိစွာအနိန်နန့်) အမည် ပီးထားခြင်းမျိုး
    ဘုရင် မင်းမြတ်တို့၏ အလိုတော်ကျ မိမိ၏ အသက်ရှည်ပါစေရန် အလို့ငှာ မိမိတည်ထားသော ဘုရား၊ စေတီ ပုထိုး စသည်ကို (သက်တော်ရ၊ သက်တော်ရှည် စသည်ဖြင့်) အမည် ပေးထားခြင်းမျိုး
    none
    နာမ်

    သက်နု

    [θɛʔnoʊ]
    အသက်၊ နှစ်၊ လ၊ နိ၊ ရက် ကာလ အစဟိစွာရို့ မကြီးရင့်၊ မရှည်ကြာသိမ့်ရေ
    အသက်၊ နှစ်၊ လ၊ နေ့၊ ရက် ကာလ စသည်တို့ မကြီးရင့်၊ မရှည်ကြာသေးသော
    (of rock soil) young [as in အပျို~၊ ကျောက်~၊ မြ~] early maturing (rice) [as in ~ စပါး ]
    နာမဝိသေသန

    သက်ပုန်း

    [θɛʔpóʊɴ]
    တော၊ တောင် အစဟိစွာရို့မာ ပေါက်ရောက်သော ပျော့ညံ့သော တပွတမျိုး
    တော၊ တောင် စသည်တို့၌ ပေါက်ရောက်သော ပျော့ညံ့သော တစ်ပွတစ်မျိုး
    none
    နာမ်

    သက်ပျောက်ဆွမ်း

    [θɛʔprɔ́ɛʔsʰʊ̀ɴ]
    တယောက်တလီ သီရေ နိ၌ သေသူ အကျိုးရစီရန် ရည်မှန်း၍ လှူသော ဆွမ်း
    တစ်စုံတစ်ယောက် သေသော နေ့၌ သေသူ အကျိုးရစေရန် ရည်မှန်း၍ လှူသော ဆွမ်း
    offering of food to monks for the benefit of the deceased on the day of his death
    နာမ်

    သက်ပြင်းချ

    [θɛʔpɹɪ́ɴɕ]
    ကိုယ်ခန္ဓါ အထဲက လီကို နခေါင်းရို့ ပစရို့မှ နင်လားငါလားကြီး အသံမြည်အောင် မှုတ်ထုတ်လိုက်ရေ
    ကိုယ်ခန္ဓါ အတွင်းမှ လေကို နှာခေါင်းတို့ ပါးစပ်တို့မှ တအားကြီး အသံမြည်အောင် မှုတ်ထုတ်လိုက်သည်
    sigh breathe a sigh of relief
    ကြိယာ

    သက်မကျပက်မကျ

    [θɛʔmt͡ɕpɛʔmt͡ɕ]
    အလွန် စိတ်ပူပင်စွာ။ မောင်လှတယောက် နီမကောင်းလို့ သက်မကျပက်မကျ ပြီးလာလတ်ရရေ (အရပ်)
    အလွန် စိတ်ပူပင်စွာ။ မောင်လှတစ်ယောက် နီမကောင်းလို့ သက်မကျပက်မကျ ပြီးလာလတ်ရရေ (အရပ်)
    worried
    ကြိယာဝိသေသန

    သက်မွီးဝမ်းကြောင်း

    [θɛʔmwïwáɴt͡ɕáʊɴ]
    စာရီး သောက်ရီး နီထိုင်ရီး အတွက် ပဓာန လိုရင်းထားပနာ လုပ်ကိုင်ရရေ အလုပ်
    စာရေး သောက်ရေး နေထိုင်ရေး အတွက် ပဓာန လိုရင်းထား၍ လုပ်ကိုင်ရသော အလုပ်
    a living
    နာမ်

    သက်ရင့်

    [θɛʔɹɪ̰ɴ]
    အသက်အရွယ် ကြီးရေ။ အချိန်ကာလ ကြာရှည်သော
    အသက်အရွယ် ကြီးသော။ အချိန်ကာလ ကြာရှည်သော
    (of rock soil) old
    နာမဝိသေသန

    သက်ရင်းကြီး

    [θɛʔɹɪ́ɴt͡ɕï]
    အနားမာ ခွီးသွားစိပ်များ ပါ၍ ရွက်ဖါးကြီးများ ထွက်ရေ ဆီးဖက်ဝင်ရေ အပင်တမျိုး
    အနားတွင် ခွေးသွားစိပ်များ ပါ၍ ရွက်ဖါးကြီးများ ထွက်သည့် ဆေးဖက်ဝင်သည့် အပင်တစ်မျိုး
    small tree the root barl leaves and seeds of which are used medicinally Croton oblongifolius
    နာမ်

    သက်လတ်

    [θɛʔlaʔ]
    အသက်အားဖြင့် မရင်းလွန်း မနုလွန်းသော။ မကြီးလွန်း မငယ်လွန်းသော
    အသက်အားဖြင့် မရင်းလွန်း မနုလွန်းသော။ မကြီးလွန်း မငယ်လွန်းသော
    middle-aged
    နာမဝိသေသန

    သက်လုံ

    [θɛʔlòʊɴ]
    ကြောင့်ကြမှု၊ စိုးရိမ်မှု၊ ပင်ပန်းမှု၊ အသက် အန္တရာယ် ကင်းဝီးမှု အစဟိစွာ
    ကြောင့်ကြမှု၊ စိုးရိမ်မှု၊ ပင်ပန်းမှု၊ အသက် အန္တရာယ် ကင်းဝေးမှု စသည်
    stamina
    နာမ်

    သက်လွတ်

    [θɛʔlwaʔ]
    တခုတရီသော အယူဝါဒကို ယုံကြည် လက်ခံရေ
    တစ်စုံတစ်ခုသော အယူဝါဒကို ယုံကြည် လက်ခံသည်
    believe
    နာမ်

    သက်သက်

    [θɛʔθɛʔ]
    အကြောင်း တစုံတရာ မဟိပါရာဗျာယ်။ ၂၊ အကြောင်းမဲ့
    အကြောင်း တစ်စုံတရာ မရှိပါပဲလျက်။ ၂၊ အကြောင်းမဲ့
    separately [as in အာလူး~၊ ကြက်သွန်~ခွဲထား-] deliberately [as in ~စော်ကား-] just - only [as in~ အလည်လာစွာပါ။ လူရိုးချေ~ပါ။ အသားချည်း~၊ ရခိုင်သီချင်း၊ ~သာဆို-]
    ကြိယာဝိသေသန