Dictionary Entries
Showing 61–80 of 1,683 words
သ
သက်သက်၂
[θɛʔθɛʔ၂]
Arakanese:
လုံးချင်းတည်းက ရာကေ ပိုင်ဆိုင်ရေ ဝန်
Burmese:
တစ်ဦးတစ်ယောက်တည်းက သာလျှင် ပိုင်ဆိုင်သော ပစ္စည်း
English:
just - only
Grammar Note:
နာမ်
သက်သက်လွတ်
[θɛʔθɛʔlwaʔ]
Arakanese:
(သား၊ ငါး စရေ) အသက်သတ် မပါရေ အစားအစာ
Burmese:
(သား၊ ငါး စသည့်) အသက်သတ် မပါသော အစားအစာ
English:
dish with on in gradient requiring killing of life
Grammar Note:
နာမ်
သက်သက်သာသာသာ
[θɛʔθɛʔθàθàθà]
Arakanese:
ပင်ပန်းခြင်း မဟိဘဲ
Burmese:
ပင်ပန်းခြင်း မရှိပဲ
English:
comfortable
Grammar Note:
ကြိယာဝိသေသန
သက်သာ
[θɛʔθà]
Arakanese:
တန်ဖိုးထက် စိကေချေ လျော့နည်းရေ။ သက်မွီးလိုသူ၊ လွယ်တကူကေ၊ ဝယ်ယူပြီးဖို့၊ ဖိုးသက်သာနန့်၊ သင်ပါရယောင် (ရာမ)။ ၂၊ ပင်ပန်းခြင်းမဟိ ဖြစ်တေ။ ၃၊ ကိုယ်စိတ် ဆင်းရဲ ဆိုးရွားသော ဝေဒနာရို့ လျော့ပါးလာရေ
Burmese:
တန်ဖိုးထက် အနည်းငယ် လျော့နည်းသည်။ သက်မွေးလိုသူ၊ လွယ်တကူလျှင်၊ ဝယ်ယူပြီးမှာ၊ ဖိုးသက်သာနှင့်၊ သင်ပါရအောင် (ရာမ)။ ၂၊ ပင်ပန်းခြင်းမရှိ ဖြစ်သည်။ ၃၊ ကိုယ်စိတ် ဆင်းရဲ ဆိုးရွားသော ဝေဒနာတို့ လျော့ပါးလာသည်
English:
be relieved - be better [as in ရောဂါ~-] (of prices) be cheap [as in ဈေး~-] the easy [as in အလုပ်~-]
Grammar Note:
ကြိယာ
သက်သာချောင်
[θɛʔθàɕàʊɴ]
Arakanese:
ပင်ပန်းခံ၍ မလုပ်ကိုင်ပဲ သက်သာယောင် နိန်ရေ။ ၂၊ တန်ဖိုးထက် စိကေချေ လျော့နည်းသည်
Burmese:
ပင်ပန်းခံ၍ မလုပ်ကိုင်ပဲ သက်သာအောင် နေသည်။ ၂၊ တန်ဖိုးထက် အနည်းငယ် လျော့နည်းသည်
English:
shirk
Grammar Note:
ကြိယာ
သက်သာခွင့်
[θɛʔθàkʰwɪ̰ɴ]
Arakanese:
ကိုယ့်စိတ် ပင်ပန်းမှု မဖြစ်စီရေ အခွင့်အလမ်း၊ အခြီအရဲ။ သက်သာရာ သက်သာကြောင်း ကိုယ်စိတ် ပူပင်မှု မဖြစ်စီနှိုင်ရေ အခွင့်အလမ်း
Burmese:
ကိုယ့်စိတ် ပင်ပန်းမှု မဖြစ်စေသည့် အခွင့်အလမ်း၊ အခြေအနေ။ သက်သာရာ သက်သာကြောင်း ကိုယ်စိတ် ပူပင်မှု မဖြစ်စေနိုင်သည့် အခွင့်အလမ်း
English:
respite - relief (from pain or pressure of work)
Grammar Note:
နာမ်
သက်သီ
[θɛʔθí]
Arakanese:
၁၊ တခုတရီသော အရီးအခင်း၊ အမှုကိစ္စ အဖြစ်အပျက်ကို မျက်မြင် ကိုယ်တွိ ကြုံရသူ။ ၂၊ ယင်း၏ ကြုံရပုံကို တရားရုံးမာ ဖေါ်ထုတ် ထွက်ဆိုသူ။ မသုန္ဓရီနန့်လျှင် သက်သီ။ (ဘုရားနီကျေက်စာ)
Burmese:
၁၊ တစ်စုံတစ်ခုသော အရေးအခင်း၊ အမှုကိစ္စ အဖြစ်အပျက်ကို မျက်မြင် ကိုယ်တွေ့ ကြုံရသူ။ ၂၊ ယင်း၏ ကြုံရပုံကို တရားရုံးတွင် ဖေါ်ထုတ် ထွက်ဆိုသူ။ မသုန္ဓရီနှင့်လျှင် သက်သီ။ (ဘုရားနီကျေက်စာ)
English:
witness [Sans သာက္ၑိန်]
Grammar Note:
နာမ်
သက်သီခံ
[θɛʔθíkʰံ]
Arakanese:
သက်သီအဖြစ် တရားရုံးမာ အဖြစ်အပျက် တွိကြုံပုံကို ထုတ်ဖေါ် ပြောဆိုရေ
Burmese:
သက်သေအဖြစ် တရားရုံးတွင် အဖြစ်အပျက် တွေ့ကြုံပုံကို ထုတ်ဖေါ် ပြောဆိုသည်
English:
bear witness in court
Grammar Note:
ကြိယာ
သက်သီလိုက်
[θɛʔθílaɪʔ]
Arakanese:
တယောက်တလီသော သူစွာ တရားခံကသော် ပင်ဖြစ်ဖြစ်၊ တရားလိုကသော် ပင်ဖြစ်ဖြစ် ထုတ်ဖေါ်၍ ပြောဆိုရေအတိုင်း ဟုတ်မှန်ပါကြောင်း (တရားရုံးမာ) လိုက်ပါ ထောက်ခံသည်
Burmese:
တစ်စုံတစ်ယောက်သော သူသည် တရားခံကသော် လည်းကောင်း၊ တရားလိုကသော် လည်းကောင်း ထုတ်ဖေါ်၍ ပြောဆိုသည့်အတိုင်း ဟုတ်မှန်ပါကြောင်း (တရားရုံးတွင်) လိုက်ပါ ထောက်ခံသည်
English:
bear witness in court
Grammar Note:
ကြိယာ
သက်သီသက်ကန်
[θɛʔθíθɛʔkàɴ]
Arakanese:
၁၊ တခုတရီသော အရီးအခင်း၊ အမှုကိစ္စ အဖြစ်အပျက်ကို မျက်မြင် ကိုယ်တွိ ကြုံရသူ။ ၂၊ ယင်း၏ ကြုံရပုံကို တရားရုံးမာ ဖေါ်ထုတ် ထွက်ဆိုသူ။ မသုန္ဓရီနန့်လျှင် သက်သီ။ (ဘုရားနီကျောက်စာ)
Burmese:
၁၊ တစ်စုံတစ်ခုသော အရေးအခင်း၊ အမှုကိစ္စ အဖြစ်အပျက်ကို မျက်မြင် ကိုယ်တွေ့ ကြုံရသူ။ ၂၊ ယင်း၏ ကြုံရပုံကို တရားရုံးတွင် ဖေါ်ထုတ် ထွက်ဆိုသူ။ မသုန္ဓရီနှင့်လျှင် သက်သီ။ (ဘုရားနီကျောက်စာ)
English:
witness - evidence [San သာက္ၑိန် + Pali သက္ကာယ]
Grammar Note:
နာမ်
သက်သီသာဓက
[θɛʔθíθàdʱk]
Arakanese:
ခိုင်လုံသော အထောက်အထားဖြင့် အဆို တင်ပြချက်ကို အားပီး ကူညီရေ့ အကြောင်းမှီငြမ်း တင်ပြချက်
Burmese:
ခိုင်လုံသော အထောက်အထားဖြင့် အဆို တင်ပြချက်ကို အားပေး ကူညီသည့် အကြောင်းမှီငြမ်း တင်ပြချက်
English:
supporting evidence - example - proof
Grammar Note:
နာမ်
သက်သေတည်
[θɛʔθètɛ̀]
Arakanese:
ကိုယ့်ပြုခပြီးကေသော ကုသိုလ် ကောင်းမှုကို မှန်ကန်ကြောင်း တဦး တယောက်အား သက်သီအဖြစ် ထားရေ။ ဝသုန္ဓရေ၊ ဤမြီပုံသ၊ သီလာထုလည်း၊ သက်သီအမှု၊ တည်စီရေ် (ရီစက်ချ)
Burmese:
မိမိပြုခဲ့ပြီးသော ကုသိုလ် ကောင်းမှုကို မှန်ကန်ကြောင်း တစ်ဦး တစ်ယောက်အား သက်သေအဖြစ် ထားသည်။ ဝသုန္ဓရေ၊ ဤမြေပုံသ၊ သီလာထုလည်း၊ သက်သီအမှု၊ တည်စေသော် (ရေစက်ချ)
English:
be present as witness
Grammar Note:
ကြိယာ
သက်ဟိ
[θɛʔhì]
Arakanese:
အသက်ဟိသော သတ္တဝါ၊ အပင် အစဟိစွာ
Burmese:
အသက်ရှိသော သတ္တဝါ၊ သစ်ပင် စသည်
English:
life - creature
Grammar Note:
နာမ်
သက်ဦးဆံပိုင်
[θɛʔʔúsʰံpàɪɴ]
Arakanese:
(ကိုယ့်ကို တဦးတည်းသော ပိုင်ဆိုင်ရေ) အိမ်ထောင်ဖက် ယောက်ျား။ လင်။ ခင်ပွန်း။ ၂၊ နိုင်ငံတော် အုပ်ချုပ်မှု ဆိုင်ရာ အာဏာ၊ တရားစီကေမှုဆိုင်ရာ အာဏာ အစဟိစွာရို့ကို အာဏာပိုင် တဦးတည်းကရာ ချုပ်ကိုင် ကျင့်သုံးသူ
Burmese:
(မိမိကို တစ်ဦးတည်းသော ပိုင်ဆိုင်သော) အိမ်ထောင်ဖက် ယောက်ျား။ လင်။ ခင်ပွန်း။ ၂၊ နိုင်ငံတော် အုပ်ချုပ်မှု ဆိုင်ရာ အာဏာ၊ တရားစီရင်မှုဆိုင်ရာ အာဏာ စသည်တို့ကို အာဏာပိုင် တစ်ဦးတည်းကသာ ချုပ်ကိုင် ကျင့်သုံးသူ
English:
absolute monarch - despot - autocrat
Grammar Note:
နာမ်
သက်ဦးဆံဖျား
[θɛʔʔúsʰံpʰrá]
Arakanese:
အသက် အန္တရာယ် အလွန် နီးကပ်သည်အထိ စွန့်စွန့်စားစား။ ၂၊ အလွန် ကြောက်ဒူး တုန်လှုပ်ဗျာယ်
Burmese:
အသက် အန္တရာယ် အလွန် နီးကပ်သည်အထိ စွန့်စွန့်စားစား။ ၂၊ အလွန် ကြောက်ဒူး တုန်လှုပ်လျက်
English:
at the risk of one’s life
Grammar Note:
ကြိယာဝိသေသန
သံကျစ်
[θံt͡ɕɪʔ]
Arakanese:
ပြိုင်လောင်းပွဲ၊ ရထားဆွဲပွဲ စရေရို့မာ အတိုင်အဖောက် သီဆိုလိဟိရေ တေးခြင်းတမျိုး
Burmese:
လှေပြိုင်ပွဲ၊ ရထားဆွဲပွဲ စသည့်တို့တွင် အတိုင်အဖောက် သီဆိုလေ့ရှိသော သီချင်းတစ်မျိုး
English:
antiphonal chant (usually amusng or satirical) sung to the accompaniment of drums on festive occasions
Grammar Note:
နာမ်
သံကျစ်တိုင်
[θံt͡ɕɪʔtàɪɴ]
Arakanese:
သံကျစ်ကို ပွေလာဦး ဆိုရေ
Burmese:
သံကျစ်ကို အစအဦး ဆိုသည်
English:
lead သံကျစ်
Grammar Note:
ကြိယာ
သံကျစ်ထိုး
[θံt͡ɕɪʔtʰó]
Arakanese:
၁။ အကြောင်းအရာ တစုံတရာကို သံကျစ်(သံချပ်)စပ်၍ သီဆိုရေ။ လွန်လီဗျာယ်းရေ အခါဝယ်၊ မိတ္ထီလာပြည်၊ ရွှီပြည်မမာ၊ ဝိဒေဟရာဇ်၊ နာမမာ ထိုမင်းကြီးမား မာ့ခ်ျလေးယောက်။ ပညာလက်ရုံး၊ လွန်စူးကျယ် (လောင်းချပ်)။ ၂၊ သံကျစ် (သံချပ်)နန့် ဖော်ထုတ်ပနာ ပြက်ရယ်ပြုရေ။ အလျားခြောက်တေ
Burmese:
၁။ အကြောင်းအရာ တစ်စုံတရာကို သံကျစ်(သံချပ်)စပ်၍ သီဆိုသည်။ လွန်လေပြီးသော အခါဝယ်၊ မိတ္ထီလာပြည်၊ ရွှေပြည်မတွင်၊ ဝိဒေဟရာဇ်၊ နာမတွင် ထိုမင်းကြီးတွင်း မတ်လေးယောက်။ ပညာလက်ရုံး၊ လွန်ကြီးကျယ် (လှေချပ်)။ ၂၊ သံကျစ် (သံချပ်)နှင့် ထုတ်ဖော်၍ ပြက်ရယ်ပြုသည်။ အလျားခြောက်တေ
English:
recite သံကျစ်
Grammar Note:
ကြိယာ
သကျဉ်း
[θt͡ɕɪ́ɴ]
Arakanese:
ခြီထောက်မာ ဒူးဆစ်အောက် ခြီမျက်စိ အထက်ဖြစ်ရေ အပိုင်း
Burmese:
ခြေထောက်တွင် ဒူးဆစ်အောက် ခြေမျက်စိ အထက်ဖြစ်သော အပိုင်း
English:
shin
Grammar Note:
နာမ်
သံကျပ်
[θံt͡ɕaʔ]
Arakanese:
ပြိုင်လောင်းပွဲ၊ ရထားဆွဲပွဲ စရေရို့မာ အတိုင်အဖောက် သီဆိုလိဟိရေ တေးခြင်းတမျိုး
Burmese:
လှေပြိုင်ပွဲ၊ ရထားဆွဲပွဲ စသည့်တို့တွင် အတိုင်အဖောက် သီဆိုလေ့ရှိသော သီချင်းတစ်မျိုး
English:
antiphonal chant (usually amusng or satirical) sung to the accompaniment of drums on festive occasions
Grammar Note:
နာမ်