Dictionary Entries
Showing 81–100 of 1,683 words
သ
သံကျပ်တိုင်
[θံt͡ɕaʔtàɪɴ]
Arakanese:
သံကျစ်ကို ပွေလာဦး ဆိုရေ
Burmese:
သံကျစ်ကို အစအဦး ဆိုသည်
English:
lead သံကျစ်
Grammar Note:
ကြိယာ
သံကျပ်ထိုး
[θံt͡ɕaʔtʰó]
Arakanese:
၁။ အကြောင်းအရာ တစုံတရာကို သံကျစ်(သံချပ်)စပ်၍ သီဆိုရေ။ လွန်လီဗျာယ်းရေ အခါဝယ်၊ မိတ္ထီလာပြည်၊ ရွှီပြည်မမာ၊ ဝိဒေဟရာဇ်၊ နာမမာ ထိုမင်းကြီးမား မာ့ခ်ျလေးယောက်။ ပညာလက်ရုံး၊ လွန်စူးကျယ် (လောင်းချပ်)။ ၂၊ သံကျစ် (သံချပ်)နန့် ဖော်ထုတ်ပနာ ပြက်ရယ်ပြုရေ။ အလျားခြောက်တေ
Burmese:
၁။ အကြောင်းအရာ တစ်စုံတရာကို သံကျစ်(သံချပ်)စပ်၍ သီဆိုသည်။ လွန်လေပြီးသော အခါဝယ်၊ မိတ္ထီလာပြည်၊ ရွှေပြည်မတွင်၊ ဝိဒေဟရာဇ်၊ နာမတွင် ထိုမင်းကြီးတွင်း မတ်လေးယောက်။ ပညာလက်ရုံး၊ လွန်ကြီးကျယ် (လှေချပ်)။ ၂၊ သံကျစ် (သံချပ်)နှင့် ထုတ်ဖော်၍ ပြက်ရယ်ပြုသည်။ အလျားခြောက်တေ
English:
recite သံကျစ်
Grammar Note:
ကြိယာ
သကျသာကီ
[θt͡ɕθàkí]
Arakanese:
မြတ်စွာ ဂေါတမ ဆင်းသက်လာရာ မင်းမျိုး
Burmese:
မြတ်စွာ ဂေါတမ ဆင်းသက်လာရာ မင်းမျိုး
English:
one who preserves the purity of his race - the dynastic Cakya clan to which Gautama Buddha belonged [Pali သကျသာကိယ]
Grammar Note:
နာမ်
သကြားကြက်ညှင်း
[θt͡ɕát͡ɕɛʔɲ̯ɪ́ɴ]
Arakanese:
အပင်ကြီးများ ပေါ်၌ ကပ်၍ ပေါက်တတ်ရေ အနွယ်နန့် အမြစ်မျှင်များ စုထွေးနီရေ ကျီးပေါင်းပင်တမျိုး
Burmese:
သစ်ပင်ကြီးများ ပေါ်၌ ကပ်၍ ပေါက်တတ်သော အနွယ်နှင့် အမြစ်မျှင်များ စုထွေးနေသည့် ကျီးပေါင်းပင်တစ်မျိုး
English:
bulbous growth
Grammar Note:
နာမ်
သကြားလက်ညှင်း
[θt͡ɕálɛʔɲ̯ɪ́ɴ]
Arakanese:
ခြုံပင်အပင် တိကို မှီတွယ်၍ ပေါက်တတ်ပြီး၊ ဖက်ဖူးရောင်၊ အဝါရောင်၊ နုနယ်သော အနွယ်တံရှည်များ ယှက်ဖြာ၍ အရွက်မပါရာနန့် အပွင့်ပွင့် တတ်ရေ သုပ်၍ စားသောက်နှိုင်ရေ ကပ်ပါးပင် တမျိုး။ ၂၊ ပန်းစပ် လုပ်ငန်းမာ အမွမ်းတန်ဆာ အဖြစ် ရစ်ခွေ ထည့်သွင်းသော အရီးအကြောင်း
Burmese:
ချုံပင်သစ်ပင် များကို မှီတွယ်၍ ပေါက်တတ်ပြီး၊ ဖက်ဖူးရောင်၊ အဝါရောင်၊ နုနယ်သော အနွယ်တံရှည်များ ယှက်ဖြာ၍ အရွက်မပါပဲ အပွင့်ပွင့် တတ်သော သုပ်၍ စားသောက်နိုင်သော ကပ်ပါးပင် တစ်မျိုး။ ၂၊ ပန်းစပ် လုပ်ငန်းတွင် အမွမ်းတန်ဆာ အဖြစ် ရစ်ခွေ ထည့်သွင်းသော အရေးအကြောင်း
English:
none
Grammar Note:
နာမ်
သကြားလက်ညှိုး
[θt͡ɕálɛʔɲ̯ó]
Arakanese:
သကြားကို ညောင်စေးကျအောင် ကြိုပျာ ဂျုံအရောင်ထွက် ဆီးအစဟိစွာအနိန်နန့် ရောနယ်ကာ အချောင်းသဏ္ဌာန် ပြုလုပ်ထားရေ စားဖွယ်
Burmese:
သကြားကို ညောင်စေးကျအောင် ကျို၍ ဂျုံအရောင်ထွက် ဆေးစသည်ဖြင့် ရောနယ်ကာ အချောင်းသဏ္ဌာန် ပြုလုပ်ထားသော စားဖွယ်
English:
candy stick
Grammar Note:
နာမ်
သကြားလုံး
[θt͡ɕálóʊɴ]
Arakanese:
သကြားကို အမွှီးရည် အစဟိစွာရို့နန့်တကွ ရောနှော ကြိုချက်ကာ ခဲစီရား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပြုလုပ်ထားရေ စားဖွယ်
Burmese:
သကြားကို အမွှေးရည် စသည်တို့နှင့်တကွ ရောနှော ကျိုချက်ကာ ခဲစေပြီး ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပြုလုပ်ထားသော စားဖွယ်
English:
sweets
Grammar Note:
နာမ်
သံကြိုးခက်
[θံt͡ɕókʰɛʔ]
Arakanese:
သံကြိုးဖြင့် အမြွာမြွာ ရစ်ပတ် ဖွဲ့ယှက် ချိုင်နှောင်သည်
Burmese:
သံကြိုးဖြင့် အမြွာမြွာ ရစ်ပတ် ဖွဲ့ယှက် ချည်နှောင်သည်
English:
be chain
Grammar Note:
ကြိယာ
သံကြိုးခတ်
[θံt͡ɕókʰaʔ]
Arakanese:
တခုတရီသော ကစပ်ကွင်း ပတ်လည်ကို၊ ကြိုးဖြင့် တန်းထားရေ
Burmese:
တစ်စုံတစ်ခုသော ကစားကွင်း ပတ်လည်ကို၊ ကြိုးဖြင့် တန်းထားသည်
English:
be chain
Grammar Note:
ကြိယာ
သံကြိုးခတ်၂
[θံt͡ɕókʰaʔ၂]
Arakanese:
တခုတရီသော ကစပ်ကွင်း ပတ်လည်မာ တားထားရေ သံကြိုးတန်း
Burmese:
တစ်စုံတစ်ခုသော ကစားကွင်း ပတ်လည်တွင် တားထားသော သံကြိုးတန်း
English:
chain cable chain (a unit of linear measurement) telegram
Grammar Note:
နာမ်
သကြီး
[θt͡ɕï]
Arakanese:
နှစ်လုံးပေါင်းထားရေ သ(ဿ)
Burmese:
နှစ်လုံးပေါင်းထားသော သ(ဿ)
English:
name of the symbol of doubled သ - ဿ
Grammar Note:
နာမ်
သံကြွပ်
[θံt͡ɕwaʔ]
Arakanese:
ဆတ်သော သံတမျိုး
Burmese:
ဆတ်သော သံတစ်မျိုး
English:
cast iron
Grammar Note:
နာမ်
သံကွန်ချာ
[θံkʊ̀ɴɕà]
Arakanese:
သံနန်းကြိုး တိနန့် ပတ်လည်ဖွဲ့နှောင် ပေါင်းစပ် ပြုလုပ်ထားရေ အပေါင်တမျိုး။ သံကွန်ချာဖြင့် ခြုပ်ထားရေ ယုန်အချေရေ။
Burmese:
သံနန်းကြိုး များဖြင့် ပတ်လည်ဖွဲ့နှောင် ပေါင်းစပ် ပြုလုပ်ထားသော အဖုံးတစ်မျိုး။ သံကွန်ချာဖြင့် ချုပ်ထားသော ယုန်ကလေးသည်။
English:
iron-mesh canopy
Grammar Note:
နာမ်
သံကွန်ရက်
[θံkʊ̀ɴɹɛʔ]
Arakanese:
သံနန်းကြိုးဖြင့် ပိုက်ကွန်ပိုင် အကွက်အကွက် ဖော်ပနာ ရက်ထားရေ အရာမျိုး
Burmese:
သံနန်းကြိုးဖြင့် ပိုက်ကွန်ကဲ့သို့ အကွက်အကွက် ဖော်၍ ရက်ထားသော အရာမျိုး
English:
iron grating - iron grid
Grammar Note:
နာမ်
သခင်
[θkʰɪ̀ɴ]
Arakanese:
တိုင်းနိုင်ငံကို စိုးပိုင်သောမင်း။ ဆင်ဖြူသခင်၊ ဆင်နီသခင် ဖြစ်တော်မူသော မင်းတရားကြီး (တောင်)။ ၂၊ ထူးကဲမြင့်မြတ်သူ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးရေ
Burmese:
တိုင်းနိုင်ငံကို စိုးပိုင်သောမင်း။ ဆင်ဖြူသခင်၊ ဆင်နီသခင် ဖြစ်တော်မူသော မင်းတရားကြီး (တောင်)။ ၂၊ ထူးကဲမြင့်မြတ်သူ၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည်
English:
master - lord appellation or title used by a male member of the Dobama Asiayone
Grammar Note:
နာမ်
သခင်မ
[θkʰɪ̀ɴm]
Arakanese:
တိုင်းနိုင်ငံကို စိုးပိုင်သော ဘုရင် မင်းကတော်။ မင်း၏ မိဖုရား
Burmese:
တိုင်းနိုင်ငံကို စိုးပိုင်သော ဘုရင် မင်းကတော်။ မင်း၏ မိဖုရား
English:
appellation or title used by a female member of the Dobama Asiayone
Grammar Note:
နာမ်
သံခမောက်
[θံkʰmɔ́ɛʔ]
Arakanese:
ဗုံးဆန်၊ ကျည်ဆန် စရေရို့မှ ကာကွယ်ရန် အဂေါင်းမှ တင်သား အထိ နနောင်းသော သတ္တုဖြင့် ပြုလုပ်ထားရေ ဆောင်းစရာ တမျိုး (စစ်သုံး)
Burmese:
ဗုံးဆန်၊ ကျည်ဆန် စသည့်တို့မှ ကာကွယ်ရန် ဦးခေါင်းမှ တင်ပါး အထိ ခိုင်မာသော သတ္တုဖြင့် ပြုလုပ်ထားသော ဆောင်းစရာ တစ်မျိုး (စစ်သုံး)
English:
steel helmet
Grammar Note:
နာမ်
သံခမောက်ဆောင်း
[θံkʰmɔ́ɛʔsʰáʊɴ]
Arakanese:
ကာလ ကြာမြင့်စွာ လူရို့ကို ခြောက်လှန့် ဖမ်းစားနေသနန့် မကျွတ်မလွတ်ပဲ ဟိနိန်ရေ ဆစ္ဆီ၊ တံဘက်၊ ပြိတ္တာ အစဟိစွာရို့ကို (တင်စားပနာ) ခေါ်ဝေါ်ပြောဆိုရေ စကားလုံး
Burmese:
ကာလ ကြာမြင့်စွာ လူတို့ကို ခြောက်လှန့် ဖမ်းစားနေသဖြင့် မကျွတ်မလွတ်ပဲ ရှိနေသော သရဲ၊ သဘက်၊ ပြိတ္တာ စသည်တို့ကို (တင်စား၍) ခေါ်ဝေါ်ပြောဆိုသော စကားလုံး
English:
steel helmet
Grammar Note:
နာမ်
သံခဲ
[θံkʰɛ]
Arakanese:
အလွန်မာကျောသော (လက်နက်များ ပြုလုပ်ရာမာ အသုံးပြုသည်) သတ္တု တမျိုး
Burmese:
အလွန်မာကျောသော (လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုသည်) သတ္တု တစ်မျိုး
English:
iron
Grammar Note:
နာမ်
သံချနွယ်
[θံɕnwɛ̀]
Arakanese:
အပွီးဖြူချောသော ဆီးဖက်ဝင် နွယ်ပင် တမျိုး။ (အရွက်ကွမ်းရွက်နန့် တူစွာ ဥဟိရေ။ စူးပေါက်သော အမျိုးနန့် စူးမပေါက်သော အမျိုးဟု နှစ်မျိုးဟိရေ။ ကျွဲပေါက်စ၊ နပေါက်စ ကချေတိ သံ ကိုက်လျှင်၊ သံချနွယ် အရိုးကို ထုချေ၍ ရီစိမ်ပြီး သံချဆီးအဖြစ် တိုက်ရေ။
Burmese:
အပွေးဖြူချောသော ဆေးဖက်ဝင် နွယ်ပင် တစ်မျိုး။ (အရွက်ကွမ်းရွက်နှင့် တူသည်။ ဥရှိသည်။ ဆူးပေါက်သော အမျိုးနှင့် ဆူးမပေါက်သော အမျိုးဟု နှစ်မျိုးရှိသည်။ ကျွဲပေါက်စ၊ နွားပေါက်စ ကလေးများ သံ ကိုက်လျှင်၊ သံချနွယ် အရိုးကို ထုချေ၍ ရေစိမ်ပြီး သံချဆေးအဖြစ် တိုက်သည်။
English:
none
Grammar Note:
နာမ်