Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,621–1,640 of 1,683 words

    သ

    သွီးဆိုး

    [θwïsʰó]
    မကောင်းရေသွီးပုပ်ဖြစ်ဖို့သွီး
    မကောင်းသော သွေးပုပ်ဖြစ်မည့် သွေး
    impure or diseased blood
    နာမ်

    သွီးဆိုးသားဆိုး

    [θwïsʰóθásʰó]
    သွီး မသန့်သော။သွီး ချီးကြယ်သော
    သွေး မသန့်သော။ သွေး မစင်ကြယ်သော
    quarrelsome - belligerent
    နာမဝိသေသန

    သွီးဆိုးသားဆိုး၂

    [θwïsʰóθásʰó၂]
    မကောင်းရေ အသွီးအသား
    မကောင်းသော အသွေးအသား
    impure or diseased blood
    နာမ်

    သွီးဆီး

    [θwïsʰï]
    အသွီးအသား ကောင်းစီရန်၊ စင်ကြယ်စီရန်နန့် မူးဝေခြင်းပြေစီရန် သောက်သုံးလီ့ ဟိရေ နံ့သာနီ၊ ဖြူ စရေ ဆီးမှုန့်
    အသွေးအသား ကောင်းစေရန်၊ စင်ကြယ်စေရန်နှင့် မူးဝေခြင်းပြေစေရန် သောက်သုံးလေ့ ရှိသော နံ့သာနီ၊ ဖြူ စသည့် ဆေးမှုန့်
    herbal tonic having red sandalwood as the main ingredient - blood tonic - blood purifier
    နာမ်

    သွီးဆုံး

    [θwïsʰóʊɴ]
    အမျိုးသမီးများ အသက်ကြီး လာကေ ဥတုသွီးပေါ်ခြင်း လုံးဝ ရပ်စဲရေ
    အမျိုးသမီးများ အသက်ကြီး လာလျှင် ဥတုသွေးပေါ်ခြင်း လုံးဝ ရပ်စဲသည်
    reach menopause
    ကြိယာ

    သွီးဆုံးတိုင်

    [θwïsʰóʊɴtàɪɴ]
    အမျိုးသမီးများ ဓမ္မတာသွေး လုံးဝရပ်စဲရေ ထိတောင်
    အမျိုးသမီးများ ဓမ္မတာသွေး လုံးဝရပ်စဲသည့် တိုင်အောင်
    suffer from disease attendant to menopause
    ကြိယာဝိသေသန

    သွီးဆုတ်

    [θwïsʰoʊʔ]
    ရောဂါ ဝေဒနာ ပြင်းပြ သည်းထန်၍ သေလုနီး အခြီ ဆိုက်သည်
    ရောဂါ ဝေဒနာ ပြင်းပြ သည်းထန်၍ သေလုနီး အခြေ ဆိုက်သည်
    (of pulse ) drop and become faint - be near death turn pale - blanch
    ကြိယာ

    သွီးဆူ

    [θwïsʰù]
    တခုတရီသော ဒေါသ မာနကြောင့် စိတ်လှုပ်ရှား တက်ကြွပြီးကေ ရန်ဖြစ်ချင်စိတ် ကြီးမားရေ။ ရန်ပြုလိုရေ
    တစ်စုံတစ်ခုသော ဒေါသ မာနကြောင့် စိတ်လှုပ်ရှား တက်ကြွ၍ ရန်ဖြစ်ချင်စိတ် ကြီးမားသော။ ရန်ပြုလိုသော
    hot-blooded - be in a fury - be agitated - be infuriated
    နာမဝိသေသန

    သွီးညှိ

    [θwïɲ̯ì]
    အသွီးအသား ညီမျှမှန်ကန်ယောင် ပြုပျင်သည်
    အသွေးအသား ညီမျှမှန်ကန်အောင် ပြုပြင်သည်
    restore a persons health rally to action
    ကြိယာ

    သွီးတကူလီတကူ

    [θwïtkùlítkù]
    သွေးလေ မညီညွတ်အတွက်နန့် ဝမ်းခေါင်၊ ရင်ခေါင်းရို့မာ ထိုးကျင် နာကြင်စီရေ လီရောဂါတမျိုး
    သွေးလေ မညီညွတ်သောကြောင့် ဝမ်းခေါင်၊ ရင်ခေါင်းတို့၌ ထိုးကျင် နာကျင်စေသော လေရောဂါတစ်မျိုး
    disease
    နာမ်

    သွီးတက်

    [θwïtɛʔ]
    သွေး လှုပ်ယှားမှု ပြင်းထန်အတွက်နန့် ဗြုန်းခနဲ ဖောက်ပြန်ပနာ သတိ လစ်ရေ။ ၂၊ (ဥပစာ) မာနစိတ် ဖြစ်ပေါ်ရေ။ စိတ်နိန်မြင့်သည်
    သွေး လှုပ်ရှားမှု ပြင်းထန်သောကြောင့် ရုတ်တရက် ဖောက်ပြန်၍ သတိ လစ်သည်။ ၂၊ (ဥပစာ) မာနစိတ် ဖြစ်ပေါ်သည်။ ဘဝင်မြင့်သည်
    have toxaemia
    ကြိယာ

    သွီးတိုး

    [θwïtó]
    သွေးလှုပ်ယှားမှုနှုန်း မြန်သည်
    သွေးလှုပ်ရှားမှုနှုန်း မြန်သည်
    suffer from hypertension
    ကြိယာ

    သွီးတူသားတူ

    [θwïtùθátù]
    တမျိုး၊ တနွယ်တည်းမှ ဆင်းသက်လာရေ။ မျိုးရင်း၊ ဆွေရင်းချာ ဖြစ်ရေ
    တစ်မျိုး၊ တစ်နွယ်တည်းမှ ဆင်းသက်လာသော။ မျိုးရင်း၊ ဆွေရင်းချာ ဖြစ်သော
    relative
    နာမဝိသေသန

    သွီးထိမ်

    [θwïtʰèɪɴ]
    ဓမ္မတာသွေး လစိုင်ပေါ်လှာမြဲအတိုင်း မပေါ်လှာပဲ အခိုက်အတန့် ကာလအနိန်နန့် ရပ်ဆိုင်းနိန်ရေ
    ဓမ္မတာသွေး လစဉ်ပေါ်လာမြဲအတိုင်း မပေါ်လာပဲ အခိုက်အတန့် ကာလ အားဖြင့် ရပ်ဆိုင်းနေသည်
    suffer from amenorrhoea
    ကြိယာ

    သွီးထိုး

    [θwïtʰó]
    (လိုလားဖွယ် မဟိရေ) တစုံတရာကို ဖျက်ဆီးပစ်ရန် အားပီး တိုက်တိုးရေ။ ၂၊ စိတ်အား ထက်သန် လှုပ်ရှားလာယောင် မြှောက်ပင့်ပီးရေ
    (လိုလားဖွယ် မရှိသော) တစ်စုံတရာကို ဖျက်ဆီးပစ်ရန် အားပေး တိုက်တွန်းသည်။ ၂၊ စိတ်အား ထက်သန် လှုပ်ရှားလာအောင် မြှောက်ပင့်ပေးသည်
    incite
    ကြိယာ

    သွီးထွက်သံယို

    [θwïtʰwɛʔθံjÒ]
    တခုတရီမာ ထိခိုက် ရှနမှုကြောင့် အသားအရီ ကွဲပြတ်ပနာ သွီးထွက်အထိ နာကြင်ခံစားမူ
    တစ်စုံတစ်ခုတွင် ထိခိုက် ရှနမှုကြောင့် အသားအရေ ကွဲပြတ်၍ သွေးထွက်အထိ နာကျင်ခံစားမူ
    bloodshed
    နာမ်

    သွီးနားထင်ရောက်

    [θwïnátʰɪ̀ɴɹɔ́ɛʔ]
    ကိုယ့်ကိုယ်ကို အလွန်အကြူး အထင်ကြီးရေ။ စိတ်ကြီး ဝင်ရေ
    မိမိကိုယ်ကို အလွန်အကြူး အထင်ကြီးသည်။ စိတ်ကြီး ဝင်သည်
    [fig.] be conceited - be arrogant
    ကြိယာ

    သွီးနီး

    [θwïnï]
    အမျိုးအနွယ်ချင်း ရင်းနှီးသော။ ဆွေနီး မျိုးတော်စပ်သော
    အမျိုးအနွယ်ချင်း ရင်းနှီးသော။ ဆွေနီး မျိုးတော်စပ်သော
    be closely related - be consanguine
    နာမဝိသေသန

    သွီးနီးသားနီး

    [θwïnïθánï]
    အမျိုးအနွယ်ချင်း ရင်းနှီးသော။ ဆွေနီး မျိုးတော်စပ်သော။ ၂။ ဆွေးမျိုးသားချင်း နီးစပ်သော
    အမျိုးအနွယ်ချင်း ရင်းနှီးသော။ ဆွေနီး မျိုးတော်စပ်သော။ ၂။ ဆွေးမျိုးသားချင်း နီးစပ်သော
    relative
    ကြိယာ

    သွီးနုသံနု

    [θwïnoʊθံnoʊ]
    သားဖွားပြီးစ ရက်ပိုင်းလောင်းာက်ကာလ အခြီအရဲ
    သားဖွားပြီးစ ရက်ပိုင်းမျှကာလ အခြေအနေ
    delicate state of health of a woman after childbirth
    နာမ်