Dictionary Entries
Showing 1,641–1,660 of 1,683 words
သ
သွီးနုသားနု
[θwïnoʊθánoʊ]
Arakanese:
သားဖွားပြီးစ ရက်ပိုင်းလောင်းာက်ကာလ အခြီအရဲ
Burmese:
သားဖွားပြီးစ ရက်ပိုင်းမျှကာလ အခြေအနေ
English:
delicate state of health of a woman after childbirth
Grammar Note:
နာမ်
သွီးပို
[θwïpÒ]
Arakanese:
သွေးလှုပ်ယှားမှုနှုန်း မြန်သည်
Burmese:
သွေးလှုပ်ရှားမှုနှုန်း မြန်သည်
English:
suffer from amenorrhoea
Grammar Note:
ကြိယာ
သွီးပိုင်း
[θwïpáɪɴ]
Arakanese:
သွေးကို အကြောင်းပြပြီးကေကေ ရောဂါ ဥပဒ်ဖြစ်တတ်ရေ အရွယ်
Burmese:
သွေးကို အကြောင်းပြု၍ ရောဂါ ဥပဒ်ဖြစ်တတ်သော အရွယ်
English:
none
Grammar Note:
နာမ်
သွီးပိုင်းကုန်လီပိုင်းဆိုက်
[θwïpáɪɴkòʊɴlípáɪɴsʰaɪʔ]
Arakanese:
အသက်(၅၄)နှစ်မှ (၇၂)နှစ်အထဲ ကိုယ်ခန္ဓာ၌ လေပြုပျင်မှု အားကောင်းရေ အရွယ်။ လီကို အကြောင်းပြပြီးကေကေ ရောဂါဥပဒ် ဖြစ်တတ်ရေ အရွယ်
Burmese:
အသက်(၅၄)နှစ်မှ (၇၂)နှစ်အတွင်း ကိုယ်ခန္ဓာ၌ လေပြုပြင်မှု အားကောင်းသော အရွယ်။ လေကို အကြောင်းပြု၍ ရောဂါဥပဒ် ဖြစ်တတ်သော အရွယ်
English:
none
Grammar Note:
နာမ်
သွီးပိုနာ
[θwïpÒnà]
Arakanese:
ပကတိ သွီးတိုးနှုန်းထက် ပိုပြီးကေ လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်သော မကြည် မလင် မသာယာမှု ဝေဒနာ
Burmese:
ပကတိ သွေးတိုးနှုန်းထက် ပို၍ လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်သော မကြည် မလင် မသာယာမှု ဝေဒနာ
English:
suffer from amenorrhoea
Grammar Note:
နာမ်
သွီးပုပ်
[θwïpoʊʔ]
Arakanese:
အညစ်အကြီး ခိုအောင်းရေသွီး
Burmese:
အညစ်အကြေး ခိုအောင်းသည့် သွေး
English:
none
Grammar Note:
နာမ်
သွီးပုပ်ဆိုင်
[θwïpoʊʔsʰàɪɴ]
Arakanese:
ကိုယ်မာ ထိခိုက် ဒဏ်ရာရမှုဖြင့် အသွီးအသား မည်းညိုရောင် ဖြစ်ပေါက် လာရေ
Burmese:
ကိုယ်တွင် ထိခိုက် ဒဏ်ရာရမှုဖြင့် အသွေးအသား မည်းညိုရောင် ဖြစ်ပေါက် လာသည်
English:
none
Grammar Note:
ကြိယာ
သွီးပူ
[θwïpù]
Arakanese:
တခုတရီသော ဒေါသကြောင့် အခိုက်တံ့ စိတ်လှုပ်ရှား ထသည်
Burmese:
တစ်စုံတစ်ခုသော ဒေါသကြောင့် အခိုက်တံ့ စိတ်လှုပ်ရှား ထကြွသည်
English:
be roused up
Grammar Note:
ကြိယာ
သွီးပေါ်
[θwïpɔ̀]
Arakanese:
ကလိန့်မေသျှေမာ အပျိုဖော်ဝင်ပြီးကေ အရွယ်ရောက်သနန့် ဥတုသွေး စတင် ဆင်းရေ
Burmese:
မိန်းကလေးတွင် အပျိုဖော်ဝင်၍ အရွယ်ရောက်သဖြင့် ဥတုသွေး စတင် ဆင်းသည်
English:
menstruate
Grammar Note:
ကြိယာ
သွီးပျက်
[θwïprɛʔ]
Arakanese:
(ဥပစာ) စိတ် မငြိမ်မသက်မှုကြောင့် တုန်လှုပ် ချောက်ချားရေ။ ထိတ်လန့်သည်
Burmese:
(ဥပစာ) စိတ် မငြိမ်မသက်မှုကြောင့် တုန်လှုပ် ချောက်ချားသည်။ ထိတ်လန့်သည်
English:
[fig.] be deranged due to shock
Grammar Note:
ကြိယာ
သွီးပျက်လိုက်
[θwïprɛʔlaɪʔ]
Arakanese:
မကောင်းရေ သွီးဆိုး၊သွီးပုပ်ကြောင့် ဖြစ်တတ်ရေ ရောဂါ။ (များရွီတွက်နန့် ဒူးဆစ်၌ ဖြစ်တတ်ရေ။ ယင်း သွီးပျက်လိုက်ကေ မကောင်းရေသွီးများ ဖြစ်ရေ နီရာမှသွီးတိကို စုတ်ဖြင့် ပေါက်ပနာသော် ပင်ဖြစ်ဖြစ်၊ စုပ်၍သော် ပင်ဖြစ်ဖြစ် ထုတ်ပစ် ရရေ
Burmese:
မကောင်းသော သွေးဆိုး၊ သွေးပုပ်ကြောင့် ဖြစ်တတ်သော ရောဂါ။ (များသောအားဖြင့် ဒူးဆစ်၌ ဖြစ်တတ်သည်။ ယင်း သွီးပျက်လိုက်လျှင် မကောင်းသော သွေးများ ဖြစ်သည့် နေရာမှ သွေးများကို စုတ်ဖြင့် ပေါက်၍သော် လည်းကောင်း၊ စုပ်၍သော် လည်းကောင်း ထုတ်ပစ် ရသည်
English:
be deranged due to shock
Grammar Note:
နာမ်
သွီးပြော
[θwïpɹɔ́]
Arakanese:
ဆွီမျိုး တော်စပ် မစပ်ရေ အကြောင်းကို မသိကေလေ့ အလို အလျောက် ရင်းနှီးခင်မင်မှု စိတ် ဖြစ်ပေါ်လှာရေ။ လူမပြောက သွီးက ပြောရေ(အရပ်)
Burmese:
ဆွေမျိုး တော်စပ် မစပ်သည့် အကြောင်းကို မသိသော်လည်း အလို အလျောက် ခင်မင်ရင်းနှီးမှု စိတ် ဖြစ်ပေါ်လာသည်။ လူမပြောက သွီးက ပြောရေ(အရပ်)
English:
blood tells - be closely related
Grammar Note:
ကြိယာ
သွီးပြောင်း
[θwïpɹáʊɴ]
Arakanese:
(ဥပစာ) (စိတ်ပျို ကိုယ်နုဆိုရေ သဘောမျိုး) စိတ်နီ သဖောထား ပြောင်းလဲရေ။ ၂၊သွီးသစ်လဲပနာ တိုးပြီးကေပင် နုပျိုလန်းဆန်း ကြည်လင်သည်
Burmese:
(ဥပစာ) (စိတ်ပျို ကိုယ်နုဆိုတဲ့ သဘောမျိုး) စိတ်နေ သဘောထား ပြောင်းလဲသည်။ ၂၊ သွေးသစ်လဲ၍ တိုး၍ပင် နုပျိုလန်းဆန်း ကြည်လင်သည်
English:
[fig.] assume different attitude have a healthy glow after childbirth
Grammar Note:
ကြိယာ
သွီးဖျင်ဖျင်
[θwïpʰrɪ̀ɴpʰrɪ̀ɴ]
Arakanese:
တခုတရီသော အကြောင်းကြောင့် ခန္ဓာကိုယ်မှသွီးအလျဉ် မပြတ် သွန်ထွက်ရေ။ ဒဏ်ရာလက်နက်၊ မြီကမ္ဇာမာ၊ ယိုကာကျကေ၊ သွီးစက်စက်နန့် (ရာမ)။ ခြီသည်းရာက၊ ကွဲကာစီးလို့၊ သွီးဖျင်ဖျင်နန့်၊ ကြင်နာကဲပို၊ ကြွီးကြော်ငိုသော် (ပန်း)။ လမ်းမာရှေ့ခွင်၊ သွီးဖျင်ဖျင်နန့် (ပ
Burmese:
တစ်စုံတစ်ခုသော အကြောင်းကြောင့် ခန္ဓာကိုယ်မှ သွေးအလျဉ် မပြတ် သွန်ထွက်သည်။ ဒဏ်ရာလက်နက်၊ မြီကမ္ဘာမှာ၊ ယိုကာကျကေ၊ သွီးစက်စက်နှင့် (ရာမ)။ ခြေသည်းရာက၊ ကွဲကာစီးလို့၊ သွီးဖျင်ဖျင်နှင့်၊ ကြင်နာကဲပို၊ ကြွေးကြော်ငိုသော် (ပန်း)။ လမ်းမှာရှေ့ခွင်၊ သွီးဖျင်ဖျင်နှင့် (ပ
English:
bloodshed
Grammar Note:
ကြိယာ
သွီးဖျဉ်း
[θwïpʰrɪ́ɴ]
Arakanese:
ဝမ်းထဲမာသွီးခိုအောင်း၍ ဝမ်းမာ တောင့်ပြီး ပူဖောင်းသော ရောဂါ
Burmese:
ဝမ်းဗိုက်ထဲတွင် သွေးခိုအောင်း၍ ဝမ်းဗိုက်မာ တောင့်ပြီး ပူဖောင်းသော ရောဂါ
English:
oedema - dropsy
Grammar Note:
နာမ်
သွီးဖြိုင်ဖြိုင်
[θwïpʰɹàɪɴpʰɹàɪɴ]
Arakanese:
သူတိ မြှောက်ပင့် ပြောဆိုခြင်းကို သာယာ၍ စိတ်နိန်မြင့်သည်
Burmese:
သူများ မြှောက်ပင့် ပြောဆိုခြင်းကို သာယာ၍ ဘဝင်မြင့်သည်
English:
feel conceited
Grammar Note:
ကြိယာ
သွီးရူးလီရူး
[θwïɹùးlíɹùး]
Arakanese:
ဗြုန်းခနဲသွီး၊ လေ ချောက်ချားသနန့် စိတ်ကူးဉာဏ် မဝင်ပဲ ထင်ရာမြင်ရာအနိန်နန့်
Burmese:
ရုတ်တရက် သွေး၊ လေ ချောက်ချားသဖြင့် စိတ်ကူးဉာဏ် မဝင်ပဲ ထင်ရာမြင်ရာ အားဖြင့်
English:
in a frenzy - hysterically
Grammar Note:
ကြိယာဝိသေသန
သွီးရူးသားရူး
[θwïɹùးθáɹùး]
Arakanese:
ဗြုန်းခနဲသွီး၊ လေ ချောက်ချားသနန့် စိတ်ကူးဉာဏ် မဝင်ပဲ ထင်ရာမြင်ရာအနိန်နန့်
Burmese:
ရုတ်တရက် သွေး၊ လေ ချောက်ချားသဖြင့် စိတ်ကူးဉာဏ် မဝင်ပဲ ထင်ရာမြင်ရာ အားဖြင့်
English:
in a frenzy - hysterically
Grammar Note:
ကြိယာဝိသေသန
သွီးရဲရဲသံရဲရဲ
[θwïɹɛɹɛθံɹɛɹɛ]
Arakanese:
ကိုယ်ခန္ဓာမှသွီးများ ရက်ပြတ် ယိုစီးကျနီသော
Burmese:
ကိုယ်ခန္ဓာမှ သွေးများ အဆက်မပြတ် ယိုစီးကျနေသော
English:
bloody - gory
Grammar Note:
နာမဝိသေသန
သွီးရဲသံရဲ
[θwïɹɛθံɹɛ]
Arakanese:
သတ္တိ စွမ်းထက်သော၊ ဝံ့စါးသော။ သတ်ရဲဖြတ်ရဲ ဟိရေ
Burmese:
သတ္တိ စွမ်းထက်သော၊ ဝံ့စါးသော။ သတ်ရဲဖြတ်ရဲ ရှိသော
English:
brave
Grammar Note:
နာမဝိသေသန