Dictionary Entries
Showing 1,661–1,680 of 1,683 words
သ
သွီးရှင်ချောင်းစီး
[θwïʃɪ̀ɴɕáʊɴsï]
Arakanese:
(ဥပစာ) (သတ်ဖြတ်ခြင်းကြောင့်) ကဆိုင်မှသွီးများ ချောင်းထဲက ရီစီးဆင်း ပိုင် တင်စားပနာ သုံးသော စကားလုံး
Burmese:
(ဥပစာ) (သတ်ဖြတ်ခြင်းကြောင့်) သားသတ်ရုံမှ သွေးများ ချောင်းထဲမှ ရေစီးဆင်း သကဲ့သို့ တင်စား၍ သုံးသော စကားလုံး
English:
gory
Grammar Note:
နာမ်
သွီးရှင်စီး
[θwïʃɪ̀ɴsï]
Arakanese:
ကိုယ်ခန္ဓာမှသွီးများ ရက်ပြတ် စီးဆင်းရေ အဖြစ်
Burmese:
ကိုယ်ခန္ဓာမှ သွေးများ အဆက်မပြတ် စီးဆင်းသည့် အဖြစ်
English:
bleeding
Grammar Note:
နာမ်
သွီးရှင်ရှင်စီး
[θwïʃɪ̀ɴʃɪ̀ɴsï]
Arakanese:
ကိုယ်ခန္ဓာမှသွီးများ ရက်ပြတ် ဒလဟော သွန်ထွက်ဗျာယ်
Burmese:
ကိုယ်ခန္ဓာမှ သွေးများ အဆက်မပြတ် ဒလဟော သွန်ထွက်လျက်
English:
bloodshed
Grammar Note:
ကြိယာဝိသေသန
သွီးလီးချောက်ချား
[θwïlïɕɔ́ɛʔɕá]
Arakanese:
(ဥပစာ) ငဲ့ညှာ ထောက်ထားစရာ တခုခုအတွက် စိုးရိမ် ကြောင့်ကြမှု ဖြစ်တေ။ ပူပင်သောက ရောက်ရေ
Burmese:
(ဥပစာ) ငဲ့ညှာ ထောက်ထားစရာ တစ်ခုခုအတွက် စိုးရိမ် ကြောင့်ကြမှု ဖြစ်သည်။ ပူပင်သောက ရောက်သည်
English:
be nervous - be shaken
Grammar Note:
ကြိယာ
သွီးလွန်
[θwïlʊ̀ɴ]
Arakanese:
သွီးလွန်ကဲစွာ ထွက်သနန့်သွီးအား ဆုတ်ယုတ်ရေ။ ၂၊ မမာ့များ ဥတုသွေး လွန်ကဲစွာ ဆင်းရေ
Burmese:
သွေးလွန်ကဲစွာ ထွက်သဖြင့် သွေးအား ဆုတ်ယုတ်သည်။ ၂၊ မိန်းမများ ဥတုသွေး လွန်ကဲစွာ ဆင်းသည်
English:
hemorrhage
Grammar Note:
ကြိယာ
သွီးလွှတ်ကြော
[θwïlW̯aʔt͡ɕɔ́]
Arakanese:
နှလုံးအိမ်က ကိုယ်အင်္ဂါ အစိတ်အပိုင်းအသီးသီးသို့ ပို့ဆောင်ပီးရာသွီးစီး လမ်းကြောင်း
Burmese:
နှလုံးအိမ်မှ ကိုယ်အင်္ဂါ အစိတ်အပိုင်းအသီးသီးသို့ ပို့ဆောင်ပေးရာ သွေးစီး လမ်းကြောင်း
English:
artery
Grammar Note:
နာမ်
သွီးဝမ်း
[θwïwáɴ]
Arakanese:
အစာဟောင်း အိမ်က သွီးလွန်ရောဂါ တမျိုး
Burmese:
အစာဟောင်း အိမ်မှ သွေးလွန်ရောဂါ တစ်မျိုး
English:
dysentery ( with frequent passage of blood) cf ပိတ်ဝမ်း
Grammar Note:
နာမ်
သွီးဝီး
[θwïwï]
Arakanese:
ဆွေဆက်၊ မျိုးဆက် ခြားပြတ်သော။ မျိုးဆက် တော်စပ်မှု ကွာလှမ်းသော
Burmese:
ဆွေဆက်၊ မျိုးဆက် ခြားပြတ်သော။ မျိုးဆက် တော်စပ်မှု ကွာလှမ်းသော
English:
be distantly related
Grammar Note:
နာမဝိသေသန
သွီးသံ
[θwïθံ]
Arakanese:
ကိုယ်ခန္ဓာ နှလုံးအိမ်က တကိုယ်လုံးသို့ ပျံ့နှံ့၍ ကြောသေး၊ ကြောမလမ်းကြောင်း တိနန့် ကပြောင် ကပြန် လားလာ လှည့်ပတ် နိန်ရေ နီရဲသော အရည်။ ၂၊ သားသမီး၊ ရင်သွီး။ မိဖရင်သွီး၊ ချစ်မညီး၊ သားကြီးပုတ္တ၊ ဩရသ။ ၃၊ ဆက်နွယ်နိန်ရေ မျိုးရိုး အစိုင်။ လူက မပြောကေလေ့ သွီးက ပြေ
Burmese:
ကိုယ်ခန္ဓာ နှလုံးအိမ်မှ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ကြောသေး၊ ကြောမလမ်းကြောင်း များဖြင့် ကပြောင် ကပြန် သွားလာ လှည့်ပတ် နေသော နီရဲသော အရည်။ ၂၊ သားသမီး၊ ရင်သွီး။ မိဖရင်သွီး၊ ချစ်မညီး၊ သားကြီးပုတ္တ၊ ဩရသ။ ၃၊ ဆက်နွယ်နေသော မျိုးရိုး အစဉ်။ လူက မပြောကေလေ့ သွီးက ပြေ
English:
blood
Grammar Note:
နာမ်
သွီးသံရဲရဲ
[θwïθံɹɛɹɛ]
Arakanese:
ခန္ဓာကိုယ်မှသွီးများ ယိုစီးကျဗျာယ်
Burmese:
ခန္ဓာကိုယ်မှ သွေးများ ယိုစီးကျလျက်
English:
bloodshed
Grammar Note:
ကြိယာဝိသေသန
သွီးသံရဲရဲ
[θwïθံɹɛɹɛ]
Arakanese:
ရိုက်နှက် သတ်ဖြတ်သနန့် ကွဲပြတ်ထိရှသော ကိုယ်ခန္ဓာမှ ယိုစီးကျသော နီရဲသော အရည်။ မြင်မကောင်း ရှုမကောင်း သွီးသံရဲရဲနန့် (အရပ်)
Burmese:
ရိုက်နှက် သတ်ဖြတ်သဖြင့် ကွဲပြတ်ထိရှသော ကိုယ်ခန္ဓာမှ ယိုစီးကျသော နီရဲသော အရည်။ မြင်မကောင်း ရှုမကောင်း သွီးသံရဲရဲနန့် (အရပ်)
English:
bloodshed
Grammar Note:
နာမ်
သွီးသား
[θwïθá]
Arakanese:
ဆွီမျိုး၊ မျိုးရင်းတော်စပ်မှု
Burmese:
ဆွေမျိုး၊ မျိုးရင်းတော်စပ်မှု
English:
flesh and blood - close relative
Grammar Note:
နာမ်
သွီးသောက်မတတ်
[θwïθɔ́ɛʔmtaʔ]
Arakanese:
ဖြစ်စီချင်ရေ အတိုင်း ဖြစ်မလာရေ အတွက် အားမလိုအားမရ မရောင့်မရဲဖြစ်ဗျာယ်
Burmese:
ဖြစ်စေချင်သည့် အတိုင်း ဖြစ်မလာသည့် အတွက် အားမလိုအားမရ မရောင့်မရဲဖြစ်လျက်
English:
feel frustrated
Grammar Note:
ကြိယာဝိသေသန
သွီးသောက်မရဲ
[θwïθɔ́ɛʔmɹɛ]
Arakanese:
ဖြစ်စီချင်ရေ အတိုင်း ဖြစ်မလာရေ အတွက် အားမလို အားမရ မရောင့်မရဲ ဖြစ်ဗျာယ်
Burmese:
ဖြစ်စေချင်သည့် အတိုင်း ဖြစ်မလာသည့် အတွက် အားမလို အားမရ မရောင့်မရဲ ဖြစ်လျက်
English:
feel frustrated
Grammar Note:
ကြိယာဝိသေသန
သွီးသွန်
[θwïθʊ̀ɴ]
Arakanese:
သွီးဝမ်းကျနာ ဖြစ်ပွားရေ။ ၂၊ မွီးဖွားပြီးကေသွီးပိုကဲစွာ ဆင်းရေ
Burmese:
သွေးဝမ်းကျနာ ဖြစ်ပွားသည်။ ၂၊ မွေးဖွားပြီးနောက် သွေးပိုကဲစွာ ဆင်းသည်
English:
suffer from menorrhagia have post partum hemorrhage
Grammar Note:
ကြိယာ
သွီးအန်
[θwïʔàɴ]
Arakanese:
ပစမှသွီးများ အန်ထွက်သည်
Burmese:
ပါးစပ်မှ သွေးများ အန်ထွက်သည်
English:
vomiting blood
Grammar Note:
ကြိယာ
သွီးအား
[θwïá]
Arakanese:
ကိုယ်ခန္ဓာ ခွန်အားကို ဖန်တီးနှိုင်ရေသွီး၏ အစွမ်း
Burmese:
ကိုယ်ခန္ဓာ ခွန်အားကို ဖန်တီးနိုင်သော သွေး၏ အစွမ်း
English:
blood power
Grammar Note:
နာမ်
သွီးအီး
[θwïʔï]
Arakanese:
(ဥပစာ) အပူအပင်မဟိရေ။ တလင်းသိမ်း စပါး၊ ဆန် ရီဝင်ကေ သွီးအီးရေ ဗျာနန့်ရာ (အရပ်)
Burmese:
(ဥပစာ) အပူအပင်မရှိသော။ တလင်းသိမ်း စပါး၊ ဆန် ရီဝင်ကေ သွီးအီးရေ ဗျာနှင့်ရာ (အရပ်)
English:
[fig.] lack urgency or enthusiasm
Grammar Note:
နာမဝိသေသန
သွီးအီးအီး
[θwïʔïʔï]
Arakanese:
စိတ်လှုပ်ယှားမှုမဟိ ငြိပ်ဝပ်ဗျာယ်။ ပူပင်ကြောင့်ကြမှု မဟိဘဲ။ ငြိမ်းချမ်းစွာ။ အီးအီးလူလူ
Burmese:
စိတ်လှုပ်ရှားမှုမရှိ ငြိပ်ဝပ်လျက်။ ပူပင်ကြောင့်ကြမှု မရှိပဲ။ ငြိမ်းချမ်းစွာ။ အေးအေးလူလူ
English:
in cold blood
Grammar Note:
ကြိယာဝိသေသန
သွေ
[θwè]
Arakanese:
ကိုယ့်လားလိုရာမှ အရာတဖက်ကို တိမ်းချော်သော
Burmese:
မိမိသွားလိုရာမှ အခြားတစ်ဘက်သို့ တိမ်းချော်သော
English:
deviate
Grammar Note:
နာမဝိသေသန