Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 181–200 of 475 words

    ဟ

    ဟာ၅

    [hà၅]
    အံ့အားသင့်ရေအခါ၊ ချီးမွမ်း အားရ ဝမ်းသာရေအခါ အစဟိစွာရို့မာ မြည်တမ်းသော စကားလုံး။ ဟာ ငါ့လူ-ဗိုလ်မှူး ဇာခါ ဖြစ်လှားခရေလဲချင့်။ ဟာ ငါ့တူ ခြောက်ဘာသာ အောင်ရေလတ် စရေ။ (အရပ်)
    အံ့အားသင့်သည့်အခါ၊ ချီးမွမ်း အားရ ဝမ်းမြောက်သည့်အခါ စသည်တို့တွင် မြည်တမ်းသော စကားလုံး။ ဟာ ငါ့လူ-ဗိုလ်မှူး ဇာခါ ဖြစ်လားခရေလဲချင့်။ ဟာ ငါ့တူ ခြောက်ဘာသာ အောင်ရေလတ် စသည်။ (အရပ်)
    word used when expressing alarm surprise or azement
    အာလုပ်

    ဟာ၆

    [hà၆]
    အကျိုးမဟိပဲ အကျိုးမဲ့ သတ်သတ်။ အလဟသ။ ဗလချိဗလချာ သတ်သတ်။ အားလုံး ကုန်ရားမှ လားခီလို့ ဇာကိုရဖို့လဲဟာ ရေနန့် ရာ (အရပ်)
    အကျိုးမရှိပဲ အကျိုးမဲ့ သက်သက်။ အလဟသ။ အလကား သက်သက်။ အားလုံး ကုန်ပြီးမှ လားခီလို့ ဇာကိုရဖို့လဲဟာ ရေနှင့် ရာ (အရပ်)
    useless
    ကြိယာဝိသေသန

    ဟာ၇

    [hà၇]
    လစ်ဟင်းသော။ မစိ မစပ်သော။ (အပိတ်အကာမဟိ) ဟင်းလင်းဖြစ်ရေ
    လစ်ဟင်းသော။ မစေ့ မစပ်သော။ (အပိတ်အကာမရှိ) ဟင်းလင်းဖြစ်သော
    lapse
    နာမဝိသေသန

    ဟာကလွေ

    [hàklwè]
    ဝန်းကျင်ဟိ အမည်မသိရေ သူ တဦးတလီအား ရည်ညွှန်း၍ သုံးသော စကားလုံး။ ဟေ-စွာကလွေ ဒို့တခေါက်လာလတ် (အရပ်)
    ဝန်းကျင်ရှိ အမည်မသိသော သူ တစ်ဦးဦးအား ရည်ညွှန်း၍ သုံးသော စကားလုံး။ ဟေ-ဟာကလွေ ဒို့တစ်ခေါက်လာလတ် (အရပ်)
    someone
    နာမ်

    ဟားကောင်

    [hákàʊɴ]
    ရုပ်ထင်ရှား မမြင်သာပဲ လူရို့အား ခြောက်လှန့် နှောင့်ယှက်တတ်သည် ဆိုရေ မကောင်းဆိုးဝါး ဆစ္ဆီ၊ တစေ္ဆအစဟိရေ ဝိညာဉ် သတ္တဝါစု
    ရုပ်ထင်ရှား မမြင်သာပဲ လူတို့အား ခြောက်လှန့် နှောင့်ယှက်တတ်သည် ဆိုသော မကောင်းဆိုးဝါး သရဲ၊ တစေ္ဆစသော ဝိညာဉ် သတ္တဝါစု
    ghost
    နာမ်

    ဟာကျ

    [hàt͡ɕ]
    တခုလေ့သင့် အကျိုးမဟိ ဖြစ်တေ။ အခြည်းနှီး ဖြစ်တေ။ မဟိပြီးမှ လာခီးလို့ ဇာကို ရဖို့လဲ စွာကျ ရေနန့်ရာ (အရပ်)
    ဘာမှ အကျိုးမရှိ ဖြစ်သည်။ အချည်းနှီး ဖြစ်သည်။ မဟိပြီးမှ လာခီးလို့ ဇာကို ရဖို့လဲ ဟာကျ ရေနှင့်ရာ (အရပ်)
    useless
    ကြိယာ

    ဟာကျန်

    [hàt͡ɕàɴ]
    တခုတရီသော ဝန်ကိုမှ မရဟိလိုက် ဖြစ်တေ။ အခြည်းအနှီး အလဟဿ ဖြစ်တေ။ ငါရလိုက်ဖို့စွာ မရလိုက် စွာကျန် လိုက်တေ (အရပ်)
    တစ်စုံတစ်ခုသော ပစ္စည်းကိုမှ မရရှိလိုက် ဖြစ်သည်။ အချည်းအနှီး အလဟဿ ဖြစ်သည်။ ငါရလိုက်ဖို့စွာ မရလိုက် ဟာကျန် လိုက်တေ (အရပ်)
    useless
    ကြိယာ

    ဟာကွက်

    [hàkwɛʔ]
    ဆောင်ရွက်ရန် အချက်။ လိုအပ်နိန်ရေ အချက်
    ဆောင်ရွက်ရန် အချက်။ လိုအပ်နေသော အချက်
    gap deficiency weakness negligence
    နာမ်

    ဟာကွဲ

    [hàkwɛ]
    အလွန်အကျွံ ကွဲဟ လာရေ။ ပန်းပွင့်ရို့၏ ပွင့်ချပ် ပွင့်ဖတ်ရို့စွာ ငုံရာမှ ကွဲဟလာရေ
    အလွန်အမင်း ကွဲဟ လာသည်။ ပန်းပွင့်တို့၏ ပွင့်ချပ် ပွင့်ဖတ်တို့သည် ငုံရာမှ ကွဲဟလာသည်
    split
    ကြိယာ

    ဟာငင်

    [hàŋɪ̀ɴ]
    စိတ်ဓါတ် ထက်သန်တက်ကြွအောင် အားပီး ပြုမူ ပြောဆိုရေ။ ဟာငင် ကုန်ဆွဲသာဆွဲ၊ လက်လှအညီ၊ ကိုယ်စီရွန်ကိုဆွဲလို့၊ တချို့လည်း ရထားပေါင် (ဥက္ကာပျံ)
    စိတ်ဓါတ် ထက်သန်တက်ကြွအောင် အားပေး ပြုမူ ပြောဆိုသည်။ ဟာငင် ကုန်ဆွဲသာဆွဲ၊ လက်လှအညီ၊ ကိုယ်စီရွန်ကိုဆွဲလို့၊ တစ်ချို့လည်း ရထားပေါင် (ဥက္ကာပျံ)
    encourage
    ကြိယာ

    ဟားဇားကြီး

    [házát͡ɕï]
    လက်ျာ အမတ် သျှစ်တိုင်မာ တပါး အပါအဝင်။ ၂၊ မင်းလက်သပ် အမတ်ကြီး လေးပါးရို့မာလည်း တပါး အပါအဝင် (ဖြစ်တေ) တိုင်းပြည်၏ အခမ်းအနား အတ္တုပ္ပတ္တိ အကြောင်းရပ်များ ရို့ကို မင်းမှစပြီးကေ လက်သပ်နှီးနှောရရေ အတွက်ကြောင့် ဟားဇားကြီး ဆိုပနာ ရေမြီသျှင် မင်းမြတ်က ဘွဲ့တော
    လက်ျာ အမတ် ရှစ်တိုင်တွင် တစ်ပါး အပါအဝင်။ ၂၊ မင်းတိုင်ပင် အမတ်ကြီး လေးပါးတို့တွင်လည်း တစ်ပါး အပါအဝင် (ဖြစ်သည်) တိုင်းပြည်၏ အခမ်းအနား အတ္တုပ္ပတ္တိ အကြောင်းရပ်များ တို့ကို မင်းမှစ၍ တိုင်ပင်နှီးနှောရသည့် အတွက်ကြောင့် ဟားဇားကြီး ဟူ၍ ရေမြေရှင် မင်းမြတ်က ဘွဲ့တော
    none
    နာမ်

    ဟာတာ

    [hàtà]
    ဘာတခုလည်းမဟိ၊ မရ၊ ဗလာကျင်း။ ရဖို့လားလို့ လိုက်ခီယင့်၊ မရလိုက် ဟာတာ ကျရေ (အရပ်)
    ဘာမှမရှိ၊ မရ၊ ဗလာကျင်း။ ရဖို့လားလို့ လိုက်ခီယင့်၊ မရလိုက် ဟာတာ ကျရေ (အရပ်)
    deficient
    နာမ်

    ဟာတာတာ

    [hàtàtà]
    စွဲမက်လောက်ရေ အရာဝတ္တု တခုခုကို မရလိုက်ရေ အတွက်ကြောင့် ရင်ထဲမာ ခံစားရရေ ဝေဒနာတတ်မျိုး
    စွဲမက်လောက်သည့် အရာဝတ္တု တစ်ခုခုကို မရလိုက်သည့် အတွက်ကြောင့် ရင်ထဲတွင် ခံစားရသည့် ဝေဒနာတတ်မျိုး
    be wanting - feel empty - be deficient
    နာမ်

    ဟားတိုက်

    [hátaɪʔ]
    တခုတရီသော အရာဝတ္တုကို ပစကိုဟ၍ ခံမားမှ အာငွီ့လီကို ဟား-ဟားဟု ဟားတိုက် မှုတ်ထုတ်ကသနန့် ပျော့ပျောင်း စီရေ
    တစ်စုံတစ်ခုသော အရာဝတ္တုကို ပါးစပ်ကိုဟ၍ ခံတွင်းမှ အာငွေ့လေကို ဟား-ဟားဟု ဟားတိုက် မှုတ်ထုတ်ကသဖြင့် ပျော့ပျောင်း စေသည်
    laugh heartily or raucously jeer - laugh derisively
    ကြိယာ

    ဟားတိုက်ရယ်

    [hátaɪʔɹɛ̀]
    အသံ ကျကျယ်လောင်လောင်ဖြင့် ရယ်ရေ။ အားရပါးရ စိတ်ဝင်စား လက်ပါ ရယ်မောသည်
    အသံ ကျယ်လောင်စွာဖြင့် ရယ်သည်။ အားရပါးရ စိတ်ပါ လက်ပါ ရယ်မောသည်
    laugh heartily or raucously
    ကြိယာ

    ဟာနှမ

    [hàn̥m]
    ချစ်စနိုးဖြင့်ခေါ်သော အာလုပ်စကား။ မွီ့ရာမားမာ၊ ပါးချင်းဟပ်ကာ၊ ပြောသောခါလျှင်၊ ဟာနှမချစ်၊ ဘီးလူးစစ်ကိုတိုက် လှလီဗျာယ် (ကော်)
    ချစ်စနိုးဖြင့်ခေါ်သော အာလုပ်စကား။ မွေ့ရာတွင်းမှာ၊ ပါးချင်းဟပ်ကာ၊ ပြောသောခါလျှင်၊ ဟာနှမချစ်၊ ဘီးလူးစစ်ကိုတိုက် လှလေပြီ (ကော်)
    name of sister
    နာမ်

    ဟာပတူကျွန်း

    [hàptùt͡ɕʊ́ɴ]
    ရခိုင်မင်းလက်ထက် အနောက် ဘင်္ဂါနယ် အပါအဝင် ကျွန်းများ အနက် တကျွန်း အပါအဝင်
    ရခိုင်မင်းလက်ထက် အနောက် ဘင်္ဂါနယ် အပါအဝင် ကျွန်းများ အနက် တစ်ကျွန်း အပါအဝင်
    island
    နာမ်

    ဟာပတူကျွဲ

    [hàptùt͡ɕwɛ]
    အနောက်ပြည် ဘင်္ဂလားဒေ့ရှ်က ကျွဲကို ခေါ်သောစကား
    အနောက်ပြည် ဘင်္ဂလားဒေ့ရှ်က ကျွဲကို ခေါ်သောစကား
    name of begali’s buffalo
    နာမ်

    ဟားပါးကျ

    [hápàးt͡ɕ]
    တခုလေ့သင့် မရမဟိ မဖြစ်။ အခြည်းနှီး အလဟဿ။ နိုင်ငံခြားမာ အလုပ် လုပ်ဖို့ လားခီရေ၊ မကိုက်ရို့ တခုလည်း မရခ၊ လက်နန်း ဖဝါး ပြန်လာလတ်ရရေ ဟားပါးကျ ရေနန့်ရာ (အရပ်)
    ဘာမှ မရမရှိ မဖြစ်။ အချည်းနှီး အလဟဿ။ နိုင်ငံခြားမှာ အလုပ် လုပ်ဖို့ လားခီရေ၊ အဆင်မပြေရို့ တစ်ခုလည်း မရခ၊ လက်နန်း ဖဝါး ပြန်လာလတ်ရရေ ဟားပါးကျ ရေနှင့်ရာ (အရပ်)
    useless
    ကြိယာဝိသေသန

    ဟာဘုန်းလန်

    [hàbʱóʊɴlàɴ]
    အယှုံးအနိုင် တခု ပိုင်ဆိုင်ရာမာ တဖက်ဘက်က ချေပနိုင်စွမ်း မဟိ ဖြစ်တေ။ လူကိုဇာထင်ရေမသိ၊ အေခေါက် ဟဘုန်းလန် ကတ်တေ ဝါယေ (အရပ်)
    အရှုံးအနိုင် တစ်ခု ပိုင်ဆိုင်ရာတွင် တစ်ဘက်ဘက်က ချေပနိုင်စွမ်း မရှိ ဖြစ်သည်။ လူကိုဇာထင်ရေမသိ၊ အေခေါက် ဟဘုန်းလန် ကတ်တေ ဝါယေ (အရပ်)
    nothing to refute
    ကြိယာ