Dictionary Entries
Showing 221–240 of 475 words
ဟ
ဟာဟာ၃
[hàhà၃]
Arakanese:
ရိပျက်နံစော်သော ပုပ်သိုး၍ အနံ့ဆိုး ထွက်သော။ ဟာဟာပုပ်ဗျာယ်၊ စိမ်းကျက်မရွီး၊ တိရစ္ဆာန်သည် အလွန်ကြူးကေ၊ ဘီးလူးပျက်လေ (ကော်)
Burmese:
ရိပျက်နံစော်သော ပုပ်သိုး၍ အနံ့ဆိုး ထွက်သော။ ဟာဟာပုပ်လျက်၊ စိမ်းကျက်မရွေး၊ တိရစ္ဆာန်သည် လွန်စွာကြူးကေ၊ ဘီးလူးပျက်လေ (ကော်)
English:
bad smell
Grammar Note:
နာမဝိသေသန
ဟာဟာဟီဟီ
[hàhàhíhí]
Arakanese:
ရယ်ရွှင် မြူးကတ်တေ အသံများ
Burmese:
ရယ်ရွှင် မြူးကြသော အသံများ
English:
laughter
Grammar Note:
နာမ်
ဟိ
[hì]
Arakanese:
တည်နီရေ။ စာအုပ်စားပွဲ ခုံထက်မာ ဟိပါရေ (အရပ်)။ ၂၊ ပိုင်ဆိုင်မှုအဖြစ် တည်ရေ။ အကျွန့်မာ ဘုတ်တစီး ဟိပါရေ (အရပ်)။ သိရိကဿပသည် လုပ်အံ့သော ဥစ္စာ ဟိဗျာယ် မလုပ်ရတတ်ရာကား (မဟာဗောဓိစာ)
Burmese:
တည်နေသည်။ စာအုပ်စားပွဲ ခုံထက်မှာ ဟိပါရေ (အရပ်)။ ၂၊ ပိုင်ဆိုင်မှုအဖြစ် တည်သည်။ အကျွန့်မှာ ဘုတ်တစ်စီး ဟိပါရေ (အရပ်)။ သိရိကဿပသည် လုပ်အံ့သော ဥစ္စာ ဟိလျက် မလုပ်ရတတ်ရာကား (မဟာဗောဓိစာ)
English:
be own have
Grammar Note:
ကြိယာ
ဟိစွာ
[hìswà]
Arakanese:
အားလုံး။ ကျန်လိုက်စွာတိ မဟိရေအဖြစ်။ လိုပါးဟိစွာ၊ ဒေအရာကို၊ ပီးပါဖို့ရာ။ (ဆဒ္ဒန်)။ ၂၊ ဆုံးခန်း တိုင်ရောက်သော အဖြစ်။ ကုန်ဆုံးခြင်း။ တရံမပျော် ငလှဖော်ရို့၊ ဟိစွာ ပြောင်ပြောင်တောက် မီးလောင်သို့ (ရခိုင်ကာ)
Burmese:
အကုန်အစင်။ ကြွင်းကျန်ခြင်း မရှိသောအဖြစ်။ လိုပါးဟိစွာ၊ ဤအရာကို၊ ပီးပါတော့မည်။ (ဆဒ္ဒန်)။ ၂၊ ဆုံးခန်း တိုင်ရောက်သော အဖြစ်။ ကုန်ဆုံးခြင်း။ တရံမပျော် ငလှဖော်တို့၊ ဟိစွာ ပြောင်ပြောင်တောက် မီးလောင်သို့ (ရခိုင်ကာ)
English:
entirely
Grammar Note:
နာမ်
ဟိစွာ၂
[hìswà၂]
Arakanese:
လုံးဝ။ အားလုံး
Burmese:
လုံးဝ။ အလုံးစုံ
English:
all
Grammar Note:
ကြိယာဝိသေသန
ဟိစွာကစွာ
[hìswàkswà]
Arakanese:
အနည်းအပါး ပိုင်ဆိုင်သမျှသော ဝန်
Burmese:
အနည်းအပါး ပိုင်ဆိုင်သမျှသော ပစ္စည်း
English:
own
Grammar Note:
နာမ်
ဟိစွာကစွာ၂
[hìswàkswà၂]
Arakanese:
အနည်းအပါး ဟိသမျှသော
Burmese:
အနည်းအပါး ရှိသမျှသော
English:
some
Grammar Note:
နာမဝိသေသန
ဟိတ်
[heɪʔ]
Arakanese:
တစုံတရာ ဖြစ်လီဖို့ ပျက်မည်ကို ကြိုတင် ထင်မြင်လာရေ အကြောင်း အတိတ်၊ နိမိတ်။ ၂၊ မူလ အရင်းခံ အကြောင်းတရား၊ လေးတန်နိမိတ်၊ နတ်တိုင်းရို့၊ ပြလာဟိတ်ကြောင့်။ ကြောက်ထိတ် လန့်ကျင် (နာရဒ)
Burmese:
တစ်စုံတရာ ဖြစ်မည် ပျက်မည်ကို ကြိုတင် ထင်မြင်လာသော အကြောင်း အတိတ်၊ နိမိတ်။ ၂၊ မူလ အရင်းခံ အကြောင်းတရား၊ လေးတန်နိမိတ်၊ နတ်တကာတို့၊ ပြလာဟိတ်ကြောင့်။ ကြောက်ထိတ် လန့်ကျင် (နာရဒ)
English:
omen
Grammar Note:
နာမ်
ဟိတ်၂
[heɪʔ၂]
Arakanese:
တခုတရီ၊ တယောက်ယောက်အား ကြားသိစီရန် ဗြုန်းခနဲ ဟိတ်ဟု ဆိုရေ အသံ
Burmese:
တစ်စုံတစ်ခု၊ တစ်စုံတစ်ဦးအား ကြားသိစေရန် ရုတ်တရက် ဟိတ်ဟု ဆိုသော အသံ
English:
motive
Grammar Note:
အာလုပ်
ဟိတ်ကြီးဟန်ကြီး
[heɪʔt͡ɕïhàɴt͡ɕï]
Arakanese:
ကြွားဝင့်စွာ။ ဂုဏ်ဝင့်ဗျာယ်
Burmese:
ကြွားဝင့်စွာ။ ဂုဏ်ဝင့်လျက်
English:
boastfully
Grammar Note:
ကြိယာဝိသေသန
ဟိတ်ထုတ်
[heɪʔtʰoʊʔ]
Arakanese:
ဝင့်ကြွားရေ။ ပကာသန လုပ်လိုသနန့် ကိုယ့်ဂုဏ်ကို ဖော်ထုတ်သည်
Burmese:
ဝင့်ကြွားသည်။ ပကာသန လုပ်လိုသဖြင့် မိမိဂုဏ်ကို ဖော်ထုတ်သည်
English:
put on airs
Grammar Note:
ကြိယာဝိသေသန
ဟိတ်နန့်ဟန်နန့်
[heɪʔna̰ɴhàɴnàɴ့]
Arakanese:
ဝင့်ကြွား ပလွှားမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေ ကဲလွန်၍ အယောင်ဆောင်မှု
Burmese:
ဝင့်ကြွား ပလွှားမှု။ မိမိဂုဏ်ကို ပိုမို ကဲလွန်၍ ဟန်ဆောင်မှု
English:
pomposity
Grammar Note:
နာမ်
ဟိတ်ပြ
[heɪʔpɹ]
Arakanese:
ဝင့်ကြွားရေ။ ပကာသန လုပ်လိုသနန့် ကိုယ့်ဂုဏ်ကို ဖော်ထုတ်သည်
Burmese:
ဝင့်ကြွားသည်။ ပကာသန လုပ်လိုသဖြင့် မိမိဂုဏ်ကို ဖော်ထုတ်သည်
English:
boast
Grammar Note:
ကြိယာ
ဟိတ်လုပ်
[heɪʔloʊʔ]
Arakanese:
မတူမတန် နိမ့်ကျသော သဖောထားရေ။ ကိုယ့်ကိုယ်ကို လူများ အထင်ကြီးအောင် အကွန်ဆောင်ရေ
Burmese:
မတူမတန် နိမ့်ကျသော သဘော ထားသည်။ မိမိကိုယ်ကို သူတစ်ပါး အထင်ကြီးအောင် ဟန်ဆောင်သည်
English:
show off
Grammar Note:
ကြိယာ
ဟိတ်ဟန်ကြီး
[heɪʔhàɴt͡ɕï]
Arakanese:
ကြွားဝင့်စွာ။ ဂုဏ်ဝင့်ဗျာယ်
Burmese:
ကြွားဝင့်စွာ။ ဂုဏ်ဝင့်လျက်
English:
boastfully
Grammar Note:
ကြိယာဝိသေသန
ဟိနီမေ
[hìnímè]
Arakanese:
တခုတရီ။ တဦးတယောက်၏ ပေါ်ပေါက် လာရောက်ခြင်းကို မျှော်ရှု ငံ့ဆိုင်းရေ။ မေရို့နီကေ၊ အိမ်တောင်ဘက်မာ၊ မောင်ဟိ နီမေ၊ မတ်ပါလီလေ (ဇမ်း)
Burmese:
တစ်စုံတစ်ရာ။ တစ်ဦးတစ်ယောက်၏ ပေါ်ပေါက် လာရောက်ခြင်းကို မျှော်ရှု ငံ့ဆိုင်းသည်။ မေရို့နီကေ၊ အိမ်တောင်ဘက်မှာ၊ မောင်ဟိ နီမေ၊ မတ်ပါလီလေ (ဇမ်း)
English:
anticipate
Grammar Note:
ကြိယာ
ဟိန်
[hèɪɴ]
Arakanese:
အပူဟိန် ထိတွိသော။ အပူခိုး ခံစားရပြီးကေ ပူသော။ အာရုံလာမြောက်၊ ဒေါင်းဖန်ဟိန်လေ၊ ရောင်ဟိန်ထိုးကေ၊ မိုးလင်းသောက်က (ထာနု)
Burmese:
အပူငွေ့ ထိတွေ့သော။ အပူခိုး ခံစားရကာ ပူသော။ အာရုံလာမြောက်၊ ဒေါင်းဖန်ရှိန်လေ၊ ရောင်ဟိန်ထိုးကေ၊ မိုးလင်းသောက်က (ထာနု)
English:
reflect
Grammar Note:
နာမဝိသေသန
ဟိန့်
[hèɪɴ့]
Arakanese:
တခုတရီ အမှတ်တမဲ့ သတိမရခဲ့ပဲ မေလျော့ ကျန်ရစ်ခစွာကို နောက်ခါ အောက်မိ လာရေအခါ ဟိန့်ဟု ဗြုန်းခနဲ နှုတ်က ထွက်သော အသံ
Burmese:
တစ်စုံတစ်ခု အမှတ်တမဲ့ သတိမရခဲ့ပဲ မေလျော့ ကျန်ရစ်ခဲ့သည်ကို နောက်မှ သတိရ လာသည့်အခါ ဟိန့်ဟု ရုတ်တရက် နှုတ်မှ ထွက်သော အသံ
English:
none
Grammar Note:
နာမ်
ဟိန်း
[héɪɴ]
Arakanese:
ကျယ်လောင်သော အော်သံ ဗြုန်းခနဲမစဲ အဟုန်ဖြင့် ပျံ့ရွင့်ရေ။ စရပ်တိုင်နန့်၊ တိုင်ကိုထောင်ပျာ၊ မောင်းလိုဟိန်းကေ၊ သံဟုန်ခြိမ်းလို့၊ ဟိန်းတုံလှာကေ(ထာနု)
Burmese:
ကျယ်လောင်သော မြည်သံ ရုတ်တရက်မစဲ အဟုန်ဖြင့် ပျံ့လွင့်သည်။ စရပ်တိုင်နှင့်၊ တိုင်ကိုထောင်ပျာ၊ မောင်းလိုဟိန်းကေ၊ သံဟုန်ခြိမ်းလို့၊ ဟိန်းတုံလှာကေ(ထာနု)
English:
(of tigers leopards etc) roar - (of animals ) growl boom or reverberate [as in ရခိုင့်အောင်စည် ~-] [fig] berate [as in သားမယားကို~လိုက်ဟောက်လိုက်ကာ] boast [as in ငါးသောင်းကုန် လှူမည်ဟု~ထား-] be widely known [as in နာမည်~-] be huge - be grand - be
Grammar Note:
ကြိယာ
ဟိန်၂
[hèɪɴ၂]
Arakanese:
ခုတ်ထစ်၊ ရိုက်နှက်၊ ပစ်ခတ်၊ ထိခိုက်၊ ကိုက်ဟပ်၍ ဖြစ်ပေါ်သော အနာဒဏ်ရာ၏ အဟိန်။ မြှားဒဏ်ဟိန်နန့်၊ နာရိန္ဒမာ၊ မိန့်ဟလတ်ရာ (ဆဒ္ဒန်)
Burmese:
ခုတ်ထစ်၊ ရိုက်နှက်၊ ပစ်ခတ်၊ ထိခိုက်၊ ကိုက်ဟပ်၍ ဖြစ်ပေါ်သော အနာဒဏ်ရာ၏ အရှိန်။ မြှားဒဏ်ဟိန်နှင့်၊ နာရိန္ဒမှာ၊ မိန့်ဟလတ်ရာ (ဆဒ္ဒန်)
English:
erysipelas
Grammar Note:
နာမ်