Dictionary Entries
Showing 241–260 of 475 words
ဟ
ဟိန်း၂
[héɪɴ၂]
Arakanese:
မြင့်မား ကြီးကျယ်သော ကျောင်းကို အဝီးကပင် ဟိန်းလို့ မြင်ရရေ (အရပ်)။ ၂၊ ကြီးကျယ် ခမ်းနားသော။ အိမ်တဆောင် ဟိန်းပါယောင် ဆောက်လိုက်မည် (အရပ်)
Burmese:
မြင့်မား ကြီးကျယ်သော ကျောင်းကို အဝီးကပင် ဟိန်းလို့ မြင်ရရေ (အရပ်)။ ၂၊ ကြီးကျယ် ခမ်းနားသော။ အိမ်တစ်ဆောင် ဟိန်းပါယောင် ဆောက်လိုက်မည် (အရပ်)
English:
great
Grammar Note:
နာမဝိသေသန
ဟိန်းကြီးချ
[héɪɴt͡ɕïɕ]
Arakanese:
ပြင်းထန်စွာ ငိုကြွီးရေ။ ဖြစ်ရပုံကို တွေ့တုံပြီးကေ၊ ဟိန်းကြီးချပြီးကေ ငိုလတ်တေလေ၊ (ဆဒ္ဒန်)
Burmese:
ပြင်းထန်စွာ ငိုကြွေးသည်။ ဖြစ်ရပုံကို တွေ့တုံပြီးကေ၊ ဟိန်းကြီးချကာ ငိုလတ်တေလေ၊ (ဆဒ္ဒန်)
English:
squall
Grammar Note:
ကြိယာ
ဟိန်းခို
[héɪɴkʰÒ]
Arakanese:
အပင်အစီးမှ ချက်လုပ် ရဟိရေ ဆီးဖက်ဝင်ရေ အနံ့ပြင်းသော အစီးခဲ တမျိုး။ ယင်း၏အပင်။ (ပါ-ဟိင်္ဂုန) ငြုပ်ကောင်း ဟိန်းခို၊ ဇာတိဖိုနန့် လိုသည်တသီး (ဓမ္မသာ)
Burmese:
အပင်အစေးမှ ချက်လုပ် ရရှိသော ဆေးဖက်ဝင်သည့် အနံ့ပြင်းသော အစေးခဲ တစ်မျိုး။ ယင်း၏အပင်။ (ပါ-ဟိင်္ဂုန) ငြုပ်ကောင်း ဟိန်းခို၊ ဇာတိဖိုနှင့် လိုသည်တသီး (ဓမ္မသာ)
English:
none
Grammar Note:
နာမ်
ဟိန်းချ
[héɪɴɕ]
Arakanese:
စိတ်ပျက်ရေအခါ၊ စိတ်လျှော့ လက်မှိုင်ချသော အခါရို့မာ ထွက်သက်နန့် တတူ ‘ဟိန်း’ဆိုရေ အသံမြည်အောင် ကြိုင်းး မြည်တမ်းရေ။ ၂၊ စိတ်ထဲမာ ကြိတ်ခဲ အောင့်အည်းထားရ သမျှ ပြီးပြတ် ရွတ်မြောက်၍ လတ်လပ်စွာ သက်ပြင်း မှုတ်ထုတ်သည်
Burmese:
စိတ်ပျက်သောအခါ၊ စိတ်လျှော့ လက်မှိုင်ချသော အခါတို့တွင် ထွက်သက်နှင့် အတူ ‘ဟိန်း’ဟူသော အသံမြည်အောင် ညည်းညူး မြည်တမ်းသည်။ ၂၊ စိတ်ထဲတွင် ကြိတ်ခဲ အောင့်အည်းထားရ သမျှ ပြီးပြတ် လွတ်ကင်း၍ လတ်လပ်စွာ သက်ပြင်း မှုတ်ထုတ်သည်
English:
groan
Grammar Note:
ကြိယာ
ဟိန်းစပ်
[héɪɴsaʔ]
Arakanese:
ပူသော။ စပ်သော
Burmese:
ပူသော။ စပ်သော
English:
hot
Grammar Note:
နာမဝိသေသန
ဟိန်းစိုက်စိုက်
[héɪɴsaɪʔsaɪʔ]
Arakanese:
ဟိန်းစိုက်စိုက် အဆုံးသတ်၍ ချသော တေးကဗျာ တမျိုး
Burmese:
ဟိန်းစိုက်စိုက် အဆုံးသတ်၍ ချသော တေးကဗျာ တစ်မျိုး
English:
type of poem
Grammar Note:
နာမဝိသေသန
ဟိန်စော်
[hèɪɴsɔ̀]
Arakanese:
တန်ခိုးသတ္တိ။ တန်ခိုး ဟိန်စော် အာနုဘော်ကြောင့်…..
Burmese:
တန်ခိုးသတ္တိ။ တန်ခိုး ဟိန်စော် အာနုဘော်ကြောင့်…..
English:
power
Grammar Note:
နာမ်
ဟိန်စွာ့(စပါး)
[hèɪɴswa̰(spàး)]
Arakanese:
စပါးတမျိုး၏ အမည်။ ကျီးကတုတ်ပင်ရင်း၊ ဟိန်စွာ့ခင်း၊ ချိုင်းလေမောင်မင်း၊ တယောက်ချင်း (ငစည်)
Burmese:
စပါးတစ်မျိုး၏ အမည်။ ကျီးကတုတ်ပင်ရင်း၊ ဟိန်စွာ့ခင်း၊ ချဉ်းလေမောင်မင်း၊ တစ်ယောက်ချင်း (ငစည်)
English:
grain
Grammar Note:
နာမ်
ဟိန်နာ
[hèɪɴnà]
Arakanese:
ခိုက်ခိုက်တုန်ပနာ အဖျားတက်သော မီးယက်ဖျား၊ ငှက်ဖျား စရေ။ တဖန် အများ၊ တုန်ပနာဖျားမူ၊ပူပင်ပြင်းပြ၊ ဟိန်နာထပနာ၊ ကြောမကြောသေး လှစ်တက်ပီးပြီးကေ (ပဉ္စဘုတ်)
Burmese:
ခိုက်ခိုက်တုန်၍ အဖျားတက်သော မီးယက်ဖျား၊ ငှက်ဖျား စသည်။ တစ်ဖန် အများ၊ တုန်၍ဖျားမူ၊ ပူပန်ပြင်းပြ၊ ဟိန်နာထ၍၊ ကြောမကြောသေး လှစ်တက်ပေး၍ (ပဉ္စဘုတ်)
English:
ague
Grammar Note:
နာမ်
ဟိန်းသံပစ်
[héɪɴθံpɪʔ]
Arakanese:
ကြိုတင်ပနာ ကြီးကျယ်စွာ ပြောဆိုရေ။ မောင်သာဖြူက တသိန်း အားလုံးခံ လှူဖို့လို့ ဟိန်းသံပစ် ထားပါရေ (အရပ်)
Burmese:
ကြိုတင်၍ ကြီးကျယ်စွာ ပြောဆိုသည်။ မောင်သာဖြူက တစ်သိန်း အကုန်ခံ လှူဖို့လို့ ဟိန်းသံပစ် ထားပါရေ (အရပ်)
English:
grand loquent
Grammar Note:
ကြိယာ
ဟိန်ဟိန်
[hèɪɴhèɪɴ]
Arakanese:
အပူ လွန်ကဲ၍ ပြင်းထန်သော ငန်းလိုက်ရောဂါ တမျိုး။ မနိုင်လစ်လေ၊ သည်းခြီစွဲသား၊ ဟိန်ဟိန်မရ၊ ဟိပြန်ကလေ့၊ တိုက်ရမှန်စွာ၊ ဆီးဩဇာကို (ပဉ္စဘုတ်)။ အဖျားလည်းသန်၊ တဖန်ပြင်းလှ၊ ဟိန်ဟိန်ထပနာ၊ ခြောင်းကလေ့ဆိုး (ယင်း)
Burmese:
အပူ လွန်ကဲ၍ ပြင်းထန်သော ငန်းဖျားရောဂါ တစ်မျိုး။ မနိုင်လစ်လေ၊ သည်းခြေစွဲသား၊ ဟိန်ဟိန်မရ၊ ဟိပြန်ကလည်း၊ တိုက်ရမှန်စွာ၊ ဆီးဩဇာကို (ပဉ္စဘုတ်)။ အဖျားလည်းသန်၊ တစ်ဖန်ပြင်းလှ၊ ဟိန်ဟိန်ထ၍၊ ခြောင်းကလည်းဆိုး (၎င်း)
English:
jail fever
Grammar Note:
နာမ်
ဟိန့်ဟိန့်
[hèɪɴ့hèɪɴ့]
Arakanese:
ဝေဒနာ ခံစားရမှုကြောင့် အသံတိန်းနိန်နန့် ရှည်ရှည်ဆွဲပနာ အော်မြည်ရေ။ ကြိုင်း ရရေ။ မခိုင်ဖြိုးသီရိ အနာကိုက်လို့ တဟိန့်ဟိန့် ကြိုင်းနီရေ (အရပ်)
Burmese:
ဝေဒနာ ခံစားရမှုကြောင့် အသံတိုးတိုးနှင့် ရှည်ရှည်ဆွဲ၍ အော်မြည်သည်။ ညည်းတွား ရသည်။ မခိုင်ဖြိုးသီရိ အနာကိုက်လို့ တဟိန့်ဟိန့် ကြိုင်းနီရေ (အရပ်)
English:
groan
Grammar Note:
ကြိယာ
ဟိန်းဟိန်း
[héɪɴhéɪɴ]
Arakanese:
အပျံ့အနှံ့ ထင်ရှား ကျော်ကြားသော။ ရာဇာဆရာ၊ ကြော်ငြာဟိန်းဟိန်း၊ သိန်းနန့်ပကုသ်၊ သမုတ်ကာမိန်၊ ဒေဝိန်ခေါ်မာ၊ လေးအင်အမတ်၊ ပဇာယနဖြင့်၊ တတ်မြတ်လိမ္မာ (ကင်းမဟော်)
Burmese:
အပျံ့အနှံ့ ထင်ရှား ကျော်ကြားသော။ ရာဇာဆရာ၊ ကြော်ငြာဟိန်းဟိန်း၊ သိန်းနှင့်ပကုသ်၊ သမုတ်ကာမိန်၊ ဒေဝိန်ခေါ်တွင်၊ လေးအင်အမတ်၊ လောကဝတ်ဖြင့်၊ တတ်မြတ်လိမ္မာ (ကင်းမဟော်)
English:
popularity
Grammar Note:
နာမဝိသေသန
ဟိန်းဟိန်း၂
[héɪɴhéɪɴ၂]
Arakanese:
အပူ၏ ပြင်းအား။ လ၊ ရက်၊ တွက်ကာ၊ ရောင်ဝါဟိန်းဟိန်း၊ နီမတိမ်းခင်၊ ဆောင်တုံကျင်လော (ပါရာ)
Burmese:
အပူ၏ ပြင်းအား။ လ၊ ရက်၊ တွက်ကာ၊ ရောင်ဝါဟိန်းဟိန်း၊ နီမတိမ်းခင်၊ ဆောင်တုံကျင်လော (ပါရာ)
English:
intensity of heat
Grammar Note:
နာမ်
ဟိန်ဟိန်တောက်
[hèɪɴhèɪɴtɔ́ɛʔ]
Arakanese:
အဟုန်ပြင်းစွာ ဖြစ်ပေါ်သည်
Burmese:
အဟုန်ပြင်းစွာ ဖြစ်ပေါ်သည်
English:
furious
Grammar Note:
ကြိယာ
ဟိန်ဟိန်တောက်၂
[hèɪɴhèɪɴtɔ́ɛʔ၂]
Arakanese:
တဟုန်တည်း တိုးတက် ထင်ရှားဗျာယ်
Burmese:
တဟုန်တည်း တိုးတက် ထင်ရှားလျက်
English:
furious
Grammar Note:
ကြိယာဝိသေသန
ဟိန်းဟောက်
[héɪɴhɔ́ɛʔ]
Arakanese:
စိတ်တက်ကြွ ပျော်ရွှင်ဖွီ ဖြစ်တေ။ ၂၊ အလွန်အမင်၊ ပျော်ရွှင် ဝမ်းရာမှုဖြင့် ကျယ်လောင်သော အသံ ပြုရေ။ တောမြိုင်ခွင်မာ၊ ပျော်ရွှင်စားသောက်၊ ရန်တိုင်းကို မျှော်မထီကေ၊ ဟိန်းဟောက်မြူးခုန် (ကော်)
Burmese:
စိတ်တက်ကြွ ပျော်ရွှင်ဖွယ် ဖြစ်သည်။ ၂၊ အလွန်အမင်၊ ပျော်ရွှင် ဝမ်းသာမှုဖြင့် ကျယ်လောင်သော အသံ ပြုသည်။ တောမြိုင်ခွင်မှာ၊ ပျော်ရွှင်စားသောက်၊ ရန်တကာကို မျှော်မကြောက်ကေ၊ ဟိန်းဟောက်မြူးခုန် (ကော်)
English:
roar upbraid - berate
Grammar Note:
ကြိယာ
ဟိန်းဟဲ
[héɪɴhɛ]
Arakanese:
ဒေါသမာန်နန့် ဖို့လိုရေတွက်နန့် အော်ရေ။ လူပမာသို့၊ ခုန်ကာဟိန်းဟောက်၊ သားကေသရာ၊ မနီသာကေ၊ ငိုကာကြွီးလို့ (ကော်)
Burmese:
ဒေါသမာန်နှင့် ရန်လို၍ အော်သည်။ လူပမာသို့၊ ခုန်ကာဟိန်းဟောက်၊ သားကေသရာ၊ မနေသာကေ၊ ငိုကာကြွေးလို့ (ကော်)
English:
bawl out
Grammar Note:
ကြိယာ
ဟိန်းဟဲချ
[héɪɴhɛɕ]
Arakanese:
ပြင်းထန်စွာ ငိုကြွီးရေ။ ဖြစ်ရပုံကို တွေ့တုံပြီးကေ၊ ဟိန်းကြီးချပြီးကေ ငိုလတ်တေလေ၊ (ဆဒ္ဒန်)
Burmese:
ပြင်းထန်စွာ ငိုကြွေးသည်။ ဖြစ်ရပုံကို တွေ့တုံပြီးကေ၊ ဟိန်းကြီးချကာ ငိုလတ်တေလေ၊ (ဆဒ္ဒန်)
English:
squall
Grammar Note:
နာမ်
ဟိပါရေဝါ
[hìpàɹèwà]
Arakanese:
တယောက်တလီ တနည်း တစုံတရာအား မှီခို ကိုးစားရေ။ အားထားရေ။ လှဒေဝီမာ၊ စိုးရိမ်နှောင်းကေ၊ မကြောင့်ကြနန့်၊ တဗျင်းများလွန်းခြွီရံ၊ ငါအဒေါ်လေ၊ ဆရာမကေ၊ ဟိပါရေဝါ (ပဒုမ္မာ)
Burmese:
တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတရာအား မှီခို ကိုးစားသည်။ အားထားသည်။ လှဒေဝီမှာ၊ စိုးရိမ်နှောင်းကေ၊ မကြောင့်ကြနှင့်၊ များလှခြွေရံ၊ ငါအဒေါ်လေ၊ ဆရာမကေ၊ ဟိပါရေဝါ (ပဒုမ္မာ)
English:
depend
Grammar Note:
ကြိယာ