Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 475 words

    ဟ

    ဟိယက်

    [hìjɛʔ]
    သိသာ ထင်ရှားစီရန် ပြုလုပ်ထားရေ သင်္ကေတ၊ လက္ခဏာ၊ တံဆိပ် စရေ။ ဒကောက်ခေါ်ဆို၊ သရက်ချိုကေ၊ တပင်ဟိယက် (မိုး)
    သိသာ ထင်ရှားစေရန် ပြုလုပ်ထားသော သင်္ကေတ၊ လက္ခဏာ၊ တံဆိပ် စသည်။ ဒကောက်ခေါ်ဆို၊ သရက်ချိုလျှင်၊ တစ်ပင်ဟိယက် (မိုး)
    symbol
    နာမ်

    ဟိယင့်

    [hìjɪ̰ɴ]
    သိသာ ထင်ရှားစီရန် ပြုလုပ်ထားရေ သင်္ကေတ၊ လက္ခဏာ၊ တံဆိပ် စရေ။ ဒကောက်ခေါ်ဆို၊ သရက်ချိုကေ၊ တပင်ဟိယက် (မိုး)
    သိသာ ထင်ရှားစေရန် ပြုလုပ်ထားသော သင်္ကေတ၊ လက္ခဏာ၊ တံဆိပ် စသည်။ ဒကောက်ခေါ်ဆို၊ သရက်ချိုလျှင်၊ တစ်ပင်ဟိယက် (မိုး)
    symbol
    နာမ်

    ဟိယောင်ပိုင်

    [hìjàʊɴpàɪɴ]
    တယောက်တလီအတွက် အမှုကြီးငယ် ဆောင်ရွက်သူ။ တက်စား၊ လက်ဝဲလက်ယာ၊ မတ်နှစ်ဖော်၊ ငါမဟိလည်း ငါဟိယောင်ပိုင်၊ ငါဇာတသွယ်၊ ငါမဟိလည်း ငါဟိယောင်ပိုင်၊ ငါဇာတသွယ်၊ သားရင်သွီးကို၊ စာသင်အပ်ချိမေ (ဓမ္မက)
    တစ်စုံတစ်ယောက်အတွက် အမှုကြီးငယ် ဆောင်ရွက်သူ။ ကိုယ်စား၊ လက်ဝဲလက်ယာ၊ မတ်နှစ်ဖော်၊ ငါမဟိလည်း ငါဟိယောင်ပိုင်၊ ငါဇာတသွယ်၊ ငါမဟိလည်း ငါဟိယောင်ပိုင်၊ ငါဇာတသွယ်၊ သားရင်သွီးကို၊ စာသင်အပ်ချိမေ (ဓမ္မက)
    none
    နာမ်

    ဟိလီရေဝါ

    [hìlíɹèwà]
    (ဂုထိ) ထိတောင် (ဟိနိန်ခရေ။) မွီးဖက်တော်သည်၊ ဂုထိကေ ဟိလီရေဝါ၊ ပြောလီပြီးခါ (မျိုးက်)
    (ယခုထိ) တိုင်အောင် (ရှိနေခဲ့သည်။) ဖွားဖက်တော်သည်၊ ယခုထိလျှင် ဟိလီရေဝါ၊ ပြောလေပြီးခါ (မျောက်)
    until
    ကြိယာဝိသေသန

    ဟိသရိ

    [hìθɹì]
    ဟိဟိသမျှ။ အကပ်အသပ် မဟိအောင်။ ကောင်းရာရာကို၊ ရွီးကာနှက်လို့၊ မသက်မသာ၊ မဝပါကေ၊ အိုးမာကျိုင်သိ၊ ဟိသရိကို၊ စိတ်ဟိစိတ်ထင်၊ စားပစ်လို့ချင်သော် (ငါး)
    ရှိရှိသမျှ။ အကြွင်းအကျန် မရှိအောင်။ ကောင်းရာရာကို၊ ရွီးကာနှက်လို့၊ မသက်မသာ၊ မဝပါကေ၊ အိုးမှာကျိုင်သိ၊ ဟိသရိကို၊ စိတ်ဟိစိတ်ထင်၊ စားလို့ချင်သော် (ငါး)
    entirely
    ကြိယာဝိသေသန

    ဟိဟိ

    [hìhì]
    ဟိဟိ ဟု ရယ်သော အသံ
    ဟိဟိ ဟု ရယ်သော အသံ
    laughter
    နာမ်

    ဟို

    [hÒ]
    မလှမ်းမကမ်း၌ ဟိနိန်ရေ အရာဝတ္တုကို ညွှန်ပြရေ။ နံဖီးအနားဟိ သက်ဟိ သက်မဲ့ရို့ကို ညွန်ပြရေ စကားလုံး။ ထောယင်းကနိန်ာ
    မလှမ်းမကမ်း၌ ရှိနေသော အရာဝတ္တုကို ညွှန်ပြသည်။ အနီးအနားရှိ သက်ရှိ သက်မဲ့တို့ကို ညွန်ပြသော စကားလုံး။ ထောထိုမှာ
    that
    နာမဝိသေသန

    ဟို့

    [ho̰]
    အံ့အားသင့်၍ ဗြုန်းခနဲ ဆိုမြည်သော အသံ။ ဟို့-ဇော်နိုင်-ပြန်ရောက်ပျာလာ (အရပ်)
    အံ့အားသင့်၍ ရုတ်တရက် ဆိုမြည်သော အသံ။ ဟို့-ဇော်နိုင်-ပြန်ရောက်ပျာလာ (အရပ်)
    that
    အာလုပ်

    ဟို၂

    [hÒ၂]
    ခေါ်ရေအခါ ‘ဟု’ ပြန်ပနာ ထူးရေ။ မောင်သာဖြူ (ဟုခေါ်ကေ) ‘ဟု’ ဟု ထူးသည်
    ခေါ်သောအခါ ‘ဟု’ ပြန်လည် ထူးသည်။ မောင်သာဖြူ (ဟုခေါ်လျှင်) ‘ဟု’ ဟု ထူးသည်
    [sl.] yes
    ကြိယာ

    ဟိုကောင်သျှေ

    [hÒkàʊɴʃè]
    ယောက်ျားငယ် တစုံတယောက်ကို ရည်ညွှန်း ပြောဆိုရေ အာလုပ်စကား
    ယောက်ျားငယ် တစုံတစ်ယောက်ကို ရည်ညွှန်း ပြောဆိုသည့် အာလုပ်စကား
    man
    နာမ်

    ဟိုက်

    [haɪʔ]
    တခုတရီသော ဝန် ကောက်ယူ ရဟိရေအခါ မျိုးမာ ပျော်ရွှင်သောအနိန်နန့် ဗြုန်းခနဲ ဟိုက် ဟု နှုတ်က ထွက်သော အသံ
    တစ်စုံတစ်ခုသော ပစ္စည်း ကောက်ယူ ရရှိသည့်အခါ မျိုးတွင် ပျော်ရွှင်သော အားဖြင့် ရုတ်တရက် ဟိုက် ဟု နှုတ်မှ ထွက်သော အသံ
    surprise word
    နာမ်

    ဟိုက်၂

    [haɪʔ၂]
    ရင်မား၌ ပင်ပန်းစွာပူပင် လှုပ်ရှားရေ။ ၂၊ အသက် လှိုက်ဖိုဗျာယ် ပင်ပန်းရေ။ ညောင်းဝါရေ
    ရင်တွင်း၌ ပင်ပန်းစွာ ပူပန် လှုပ်ရှားသည်။ ၂၊ အသက် လှိုက်ဖိုလျက် ပင်ပန်းသည်။ မောပန်းသည်
    be panting
    ကြိယာ

    ဟိုက်၃

    [haɪʔ၃]
    အံ့အား သင့်ရေအခါ၊ ကြောက်ရွံ့ထိတ်လန့်ရေအခါ မျိုးရို့မာ မြည်တမ်းသော အသံ
    အံ့အား သင့်သောအခါ၊ ကြောက်ရွံ့ထိတ်လန့်သောအခါ မျိုးတို့တွင် မြည်တမ်းသော အသံ
    surprise word
    အာလုပ်

    ဟိုက်ကြူး

    [haɪʔt͡ɕùး]
    နွားနှစ်ကောင် ဝှေ့မည်ပြုရေအခါ ဟိုက်ကြူး-ဟိုက်ကြူးဟု တွန်မြည်သည်
    နွားနှစ်ကောင် ဝှေ့မည်ပြုသောအခါ ဟိုက်ကြူး-ဟိုက်ကြူးဟု တွန်မြည်သည်
    crow
    ကြိယာဝိသေသန

    ဟိုက်တီ

    [haɪʔtí]
    နှစ်သင်းခွဲပြီးကေ ကစပ်ရရေ (တီထိုး) ကစပ်နည်း တမျိုး
    နှစ်သင်းခွဲ၍ ကစားရသော (တီထိုး) ကစားနည်း တစ်မျိုး
    game of T
    နာမ်

    ဟိုက်သျှိုး

    [haɪʔʃó]
    ချေဆတ်ရာမာ အော်သံ
    ချေဆတ်ရာတွင် မြည်သံ
    none
    နာမ်

    ဟိုက်ဟိုက်

    [haɪʔhaɪʔ]
    ပျော်ရွှင်မှု၊ အားပီးမှု ဖြစ်ရေအခါ အော်မြည်သော အသံ
    ပျော်ရွှင်မှု၊ အားပေးမှု ဖြစ်သည့်အခါ အော်မြည်သော အသံ
    cheering sound
    အာလုပ်

    ဟိုက်ဟိုက်၂

    [haɪʔhaɪʔ၂]
    ကျီးငှက်၊ တိရစ္ဆာန် အစဟိစွာရို့ကို နှင်ရေအသံ
    ကျေးငှက်၊ တိရစ္ဆာန် စသည်တို့ကို နှင်သည့်အသံ
    shooing sound
    ကြိယာ

    ဟိုချင့်

    [hÒɕɪ̰ɴ]
    မလှမ်းမကမ်းဟိ အရာဝတ္တု တစုံတရာကို ဖော်ပြသော စကား။ ၂၊ အမည် မမှတ်မိ၊ မဖော်ပြနှိုင်ရေ အရာကို ဖော်ညွှန်းပြသော အာလုပ်စကား
    မလှမ်းမကမ်းရှိ အရာဝတ္တု တစ်စုံတရာကို ဖော်ပြသော စကား။ ၂၊ အမည် မမှတ်မိ၊ မဖော်ပြနိုင်သော အရာကို ဖော်ညွှန်းပြသော အာလုပ်စကား
    that
    နာမ်စား

    ဟိုချင့်အေချင့်

    [hÒɕɪ̰ɴʔèɕɪ̰ɴ]
    ဇာတခုကိုလေ့ တိကျစွဲမြဲစွာ ဦးတည်ခြင်း မဟိဘဲ အလဲ အလှယ်အနိန်နန့်
    မည်သည့် အရာကိုမျှ တိကျစွဲမြဲစွာ ဦးတည်ခြင်း မရှိပဲ အလဲ အလှယ် အားဖြင့်
    undecided
    ကြိယာဝိသေသန