Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 475 words

    ဟ

    ဟူးရား

    [hùးɹá]
    ဗေဒင်အတတ်။ ငါ့နှမကို၊ ခဏမနေ၊ ဆောင်ကြချေဟု၊ စီလီရေအခါ၊ ဟူးရားသမား၊ ဆရာတိနန့် (ကော်)။ ၂၊ ဗေဒင်တတ်သူ။ နက္ခတ်ကြည့်တတ်သူ။ နှစ်ပါးဉာဏ်ထောက်၊ ဟိနီာက်မြော်မြင်၊ ဗေဒင်ကျမ်းဝါး၊ ဟူးရားညိုဟူ၊ ဟူးရားဖြူရို့ (မှောက်တော်) (ဗေဒင်အကျော်အမင်ာ် ဟူးရားညို၊ ဟူးရာဖြူဟု အ
    ဗေဒင်အတတ်။ ငါ့နှမကို၊ ခဏမနေ၊ ဆောင်ကြချေဟု၊ စေလေသောအခါ၊ ဟူးရားသမား၊ ဆရာများနှင့် (ကော်)။ ၂၊ ဗေဒင်တတ်သူ။ နက္ခတ်ကြည့်တတ်သူ။ နှစ်ပါးဉာဏ်ထောက်၊ ရှေ့နောက်မြော်မြင်၊ ဗေဒင်ကျမ်းဝါး၊ ဟူးရားညိုဟူ၊ ဟူးရားဖြူတို့ (မှောက်တော်) (ဗေဒင်အကျော်အမော် ဟူးရားညို၊ ဟူးရာဖြူဟု အ
    astrology soothsayer - astrologer [ Sans ဟောရာ ]
    နာမ်

    ဟူးရားစူးရား

    [hùးɹásùးɹá]
    အသံလူသူ အစဟိစွာရို့ ကျီရောင်ဘာရောင်။ ၂၊ လူအများ အဝှမ်း ကြားသိပျားကေ။ ဟိုးလေးတကျော်
    အသံလူသူ စသည်တို့ ဆူညံစွာ။ ၂၊ လူအများ အနှံ့အပြား ကြားသိလျက်။ ဟိုးလေးတကျော်
    be widely known
    ကြိယာဝိသေသန

    ဟူးရားတတ်

    [hùးɹátaʔ]
    နက္ခတ် ကြည့်တတ်သူ။ ဗေဒင်တတ်သူ
    နက္ခတ် ကြည့်တတ်သူ။ ဗေဒင်တတ်သူ
    astrologist
    နာမ်

    ဟူရာရာ

    [hùɹàɹà]
    အကြောင်းအရာ အမျိုးမျိုး။ ဣတ္ထိယကေ၊ မမာ့ဓမ္မတာ၊ ဟူရာရာမာ၊ ကြင်ရာလင်သား၊ ချစ်ကြိုးနှောလို့၊ တည်ထောင်ငြားလည်း (မျိုးက်)
    အကြောင်းအရာ အမျိုးမျိုး။ ဣတ္ထိယကေ၊ မိန်းမဓမ္မတာ၊ ဟူရာရာမှာ၊ ကြင်ရာလင်သား၊ ချစ်ကြိုးနှောလို့၊ တည်ထောင်ငြားလည်း (မျောက်)
    matters
    နာမ်

    ဟူရေရေဟူး

    [hùɹèɹèhùး]
    တောတောင်ရို့မာ ကျွဲကျောင်း၊ နွားကျောင်း အစဟိစွာ တဦးနန့် တဦး အဆက်အသွယ် မပြတ်ရယောင် တောသံပီးရေ အခြင်းအရာ
    တောတောင်တို့၌ ကျွဲကျောင်း၊ နွားကျောင်း စသည် တစ်ဦးနှင့် တစ်ဦး အဆက်အသွယ် မပြတ်ရအောင် တောသံပေးသော အခြင်းအရာ
    hooray
    ပစ္စည်း

    ဟူးရေရေဟူး

    [hùးɹèɹèhùး]
    တောတောင်ရို့မာ ကျွဲကျောင်း၊ နွားကျောင်း၊ ဝါးခွပ်၊ ထင်းခွပ် အစဟိစွာရို့မာ တယေက်နန့် တယောက် အဆက်အသွယ် မပြတ်ရယောင် အော်ကြဟစ်ကြ ခေါ်ကတ်တေ အာလုပ်သံ
    တောတောင်တို့တွင် ကျွဲကျောင်း၊ နွားကျောင်း၊ ဝါးခုတ်၊ ထင်းခုတ် စသည်တို့၌ တစ်ယေက်နှင့် တစ်ယောက် အဆက်အသွယ် မပြတ်ရအောင် အော်ကြဟစ်ကြ ခေါ်ကြသော အာလုပ်သံ
    hooray
    အာလုပ်

    ဟူရေဟာရေ

    [hùɹèhàɹè]
    အထူး ပြုပျင် ဖန်တီးရန် အားထုတ်ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လှာရေ အတိုင်း။ ဖြစ်ရုံဆီ။ ပျက်ချိပျက်ချော်။ မချမ်းသာကေလေ့ ထမင်း တဆုပ်ကိုတော့ခါ ဆိုရေ ဟာရေ စားကတ်ရရေဗျာယ် (အရပ်)
    အထူး ပြုပြင် ဖန်တီးရန် အားထုတ်ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လာသည့် အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။ မချမ်းသာကေလေ့ ထမင်း တစ်ဆုပ်ကိုတော့ ဟူရေ ဟာရေ စားကတ်ရရေဗျာယ် (အရပ်)
    bungle
    ကြိယာဝိသေသန

    ဟူးရေးဟာရေး

    [hùးɹéhàɹé]
    အထူး ပြုပျင် ဖန်တီးရန် အားထုတ်ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လှာရေ အတိုင်း။ ဖြစ်ရုံဆီ။ ပျက်ချိပျက်ချော်။ မချမ်းသာကေလေ့ ထမင်း တဆုပ်ကိုတော့ခါ ဆိုရေ ဟာရေ စားကတ်ရရေဗျာယ် (အရပ်)
    အထူး ပြုပြင် ဖန်တီးရန် အားထုတ်ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လာသည့် အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။ မချမ်းသာကေလေ့ ထမင်း တစ်ဆုပ်ကိုတော့ ဟူရေ ဟာရေ စားကတ်ရရေဗျာယ် (အရပ်)
    bungle
    ကြိယာဝိသေသန

    ဟူလိုလို

    [hùlÒlÒ]
    ဆင်တူ အရိပ်အရောင်ဟိရေ ပိုင်၊ မသေမချာသော အနက်ရရေ စကားလုံး
    ဆင်တူ အရိပ်အရောင်ရှိသည့် သဖွယ်၊ မသေမချာသော အနက်ရသည့် စကားလုံး
    like
    ပစ္စည်း

    ဟူသမျှ

    [hùθmr̯]
    အလိုတော် ဟိရေအတိုင်း။ လိုအပ်သမျှ
    အလိုတော် ရှိသည့်အတိုင်း။ လိုအပ်သမျှ
    every - particle suffixed to a noun to denote incorporation ( equivalent in usage to adjectives all every) [as in လာမည်~ပြော-၊ မင်္ဂလာ သုခ~နှင့်]
    ပစ္စည်း

    ဟူသရိ

    [hùθɹì]
    အလိုတော် ဟိရေအတိုင်း။ လိုအပ်သမျှ
    အလိုတော် ရှိသည့်အတိုင်း။ လိုအပ်သမျှ
    every - particle suffixed to a noun to denote incorporation ( equivalent in usage to adjectives all every) [as in လာမည်~ပြော-၊ မင်္ဂလာ သုခ~နှင့်]
    ပစ္စည်း

    ဟူးဟည်း

    [hùးhɛ́]
    မြွီများ လူကို ရန်ရှာသော အသံ။ ဟူးဟည်း ဖြူမြောက်၊ ထိုစောင်းပေါက်က၊ လိုင်ခေါင် ထွက်ပြီးခါမှ (ဥဒိန်တု)
    မြွေများ လူကို ရန်ရှာသော အသံ။ ဟူးဟည်း ဖြူမြောက်၊ ထိုစောင်းပေါက်က၊ လိုင်ခေါင် ထွက်ပြီးခါမှ (ဥဒိန်တု)
    hiss
    နာမ်

    ဟူးဟား

    [hùးhá]
    ကိုယ်စိတ် နှစ်ပါး လှုပ်ရှား အားထုတ်မှုကြောင့် ပင်ပန်း နွမ်းရိသနန့် ခံမားမှ ရက်ပြတ် ဟူးဟားဟူးတားဟု အော်သံ ထွက်ဗျာယ်
    ကိုယ်စိတ် နှစ်ပါး လှုပ်ရှား အားထုတ်မှုကြောင့် ပင်ပန်း နွမ်းနယ်သဖြင့် ခံတွင်းမှ အဆက်မပြတ် ဟူးဟားဟူးတားဟု မြည်သံ ထွက်လျက်
    be so tired as to gasp
    နာမ်

    ဟူးဟားဒုန်းဒိုင်း

    [hùးhádóʊɴdáɪɴ]
    ဟူးဟားဒုန်းဒိုင်း အသံ ဆူညံဗျာယ်။ ၂၊ ဗြုန်းခနဲ
    ဟူးဟားဒုန်းဒိုင်း အသံ ဆူညံလျက်။ ၂၊ ရုတ်တရက်
    rashly
    ကြိယာဝိသေသန

    ဟူးဟားဒုန်းဒါး

    [hùးhádóʊɴdàး]
    မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မဟိဘဲ။ ဆက်ပနာ အယင့်ယင်။ မစဉ်းမစားပဲ
    မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မရှိပဲ။ ဆက်လက် လျင်မြန်စွာ။ မစဉ်းမစားပဲ
    rashly
    ကြိယာဝိသေသန

    ဟူးဟားဒုန်းဒါး၂

    [hùးhádóʊɴdàး၂]
    ဟူးဟားဒုန်းဒါး မြည်အောင် ကြမ်းတမ်းစွာ ထိုးပစ် သတ်ပုတ် ဆူပူ လှုပ်ရှားသည်
    ဟူးဟားဒုန်းဒါး မြည်အောင် ကြမ်းတမ်းစွာ ထိုးပစ် သတ်ပုတ် ဆူပူ လှုပ်ရှားသည်
    turbulent
    ကြိယာ

    ဟူးဟူး

    [hùးhùး]
    ဆောင်ရွက်မှု တခုတရီ လျင်စွာ အရာမာစီရန် လောဆော်ဗျာယ်။ အရီးတကြီး။ အယင့်အယင်
    ဆောင်ရွက်မှု တစ်စုံတစ်ရာ လျင်စွာ ပြီးမြောက်စေရန် လောဆော်လျက်။ အရေးတကြီး။ အလျင်အမြန်
    furiously [as in အမျက်~ထွက်-၊ ~လောင်-]
    ကြိယာဝိသေသန

    ဟူးဟူး၂

    [hùးhùး၂]
    လီပြင်း မုန်တိုင်း-တိုက်ခတ်သနန့် အသံ မြည်သော။ ငရုတ်သီး စားမိ၍ စပ်သနန့် ပစမှ ဟူးဟူး အသံမြည်သော
    လေပြင်း မုန်တိုင်း-တိုက်ခတ်သဖြင့် အသံ မြည်သော။ ငရုတ်သီး စားမိ၍ စပ်သဖြင့် ပါးစပ်မှ ဟူးဟူး အသံမြည်သော
    raging [as in ပြင်းစွာသုတ်ဖြူး ၊ လေ~ နှင့်]
    နာမဝိသေသန

    ဟူးဟူးဒိုင်းဒိုင်း

    [hùးhùးdáɪɴdáɪɴ]
    မထောက်မညှာ အားမနာတမ်း ပွင့်လင်းစွာ (ပြောဆိုရေ။
    မထောက်မညှာ အားမနာတမ်း ပွင့်လင်းစွာ (ပြောဆိုသည်။
    talk turkey
    ကြိယာဝိသေသန

    ဟူဟူသမျှ

    [hùhùθmr̯]
    လုံးဝပြည့်စုံဗျာယ်။ အဘက်ဘက်မှ စုံလင်ပြည့်ဝဗျာယ်။ ဟူဟူသမျှလို လီသီမဟိန့် အားလုံး ပြည့်စုံပါရေ (အရပ်
    လုံးဝပြည့်စုံလျက်။ အဘက်ဘက်မှ စုံလင်ပြည့်ဝလျက်။ ဟူဟူသမျှလို လီသီမဟိန့် အားလုံး ပြည့်စုံပါရေ (အရပ်
    full
    ကြိယာဝိသေသန