Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 475 words

    ဟ

    ဟက်ဖယ်

    [hɛʔpʰɛ̀]
    အရိုးရှည် တပ်ထားရေ အဖျားလုံးချွန် တနည်း အခွဟိရေ သံတံ ပိုင် လက်နက်။ မောင်ကြီးသျှင်မခတ်၊ ပြောင်းသနပ်က၊ ပစ်လတ်လေးမြှား၊ ဟက်ပယ်များနန့် (ရခိုင်ကာ
    အရိုးရှည် တပ်ထားသော အဖျားလုံးချွန် သို့မဟုတ် အခွရှိသည့် သံတံ အသွား လက်နက်။ မောင်ကြီးမခတ်၊ ပြောင်းသနပ်က၊ ပစ်လတ်လေးမြှား၊ ဟက်ပယ်များဖြင့် (ရခိုင်ကာ
    pitch fork
    နာမ်

    ဟက်ဟက်ပက်ပက်

    [hɛʔhɛʔpɛʔpɛʔ]
    အားရပါးရ။ စိတ်ဝင်စားလက်ပါ။ သေပျောက်ကြေပျက်၊ ရို့ရန်ဘက်ဟု၊ ဟက်ပက်ရယ်ကာ၊ စိတ်ရွှင်စွာနန့် ဝမ်းသာအားရ (ရခိုင်ကာ)
    အားပါးတရ။ စိတ်ပါလက်ပါ။ သေပျောက်ကြေပျက်၊ တို့ရန်ဘက်ဟု၊ ဟက်ပက်ရယ်ကာ၊ စိတ်ရွှင်စွာနှင့် ဝမ်းသာအားရ (ရခိုင်ကာ)
    heartily
    ကြိယာဝိသေသန

    ဟကျာ

    [ht͡ɕà]
    လိမ္မာ အထာနပ်မှု မဟိရေ။ နုံချာသော။ ညံ့ဖျင်းသော၊ လူကဟကျာရာ၊ လိမ္မာမှုကမဟိ (အရပ်)
    လိမ္မာ ပါးနပ်မှု မရှိသော။ နုံချာသော။ ညံ့ဖျင်းသော၊ လူကဟကျာရာ၊ လိမ္မာမှုကမဟိ (အရပ်)
    not up to the standard
    နာမဝိသေသန

    ဟခု

    [hkʰoʊ]
    ပြောဆို ဖော်ပြဆဲ ကာလ၊ လက်ငင်းကာလ
    ပြောဆို ဖော်ပြဆဲ ကာလ၊ လက်ငင်းကာလ
    yet
    နာမ်

    ဟခု၂

    [hkʰoʊ၂]
    လက်ငင်း ကာလနန့် ဆိုင်ရေ။ လက်ငင်း ကာလ အဖို့ ဖြစ်ရေ
    လက်ငင်း ကာလနှင့် ဆိုင်သော။ လက်ငင်း ကာလ အဖို့ ဖြစ်သော
    now
    နာမဝိသေသန

    ဟချီ

    [hɕí]
    ပြောဆိုရေ။ မိန့်မြွက်ဟချီ၊ ပြောလီစကား (ပုံ)
    ပြောဆိုသည်။ မိန့်မြွက်ဟချီ၊ ပြောလီစကား (ပုံ)
    speak
    ကြိယာ

    ဟင်

    [hɪ̀ɴ]
    ခေါ်ရေအခါ ပြန်ပနာ ဖြေကြားရရေ။ အမိခေါ်ကေ ဟင် ထူးသည်
    ခေါ်သောအခါ ပြန်လည် ဖြေကြားရသည်။ အမိခေါ်လျှင် ဟင် ထူးသည်
    disapproval
    ကြိယာ

    ဟင်း

    [hɪ́ɴ]
    စီမံချက် ပြုတ်ထားရေ ထမင်းနန့် တွဲဖက် စားသောက်ရရေ အရည်အဖတ် စားဖွယ်။ ဟင်းဦးများ နပ်စာမပြည့် (ပုံ)
    စီမံချက် ပြုတ်ထားသော ထမင်းနှင့် တွဲဖက် စားသောက်ရသည့် အရည်အဖတ် စားဖွယ်။ ဟင်းဦးများ နပ်စာမပြည့် (ပုံ)
    curry dish
    နာမ်

    ဟင်၂

    [hɪ̀ɴ၂]
    မေးရေ အချက်ကို ဝန်ခံခြင်း၊ သဘောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း၊ ဖြေကြားခြင်း အစဟိစွာရို့အတွက် အတိုအကျိုင်း တုံ့ပြန်သော စကား။ မေး-အေစကား မှန်ယင့်လား၊ ဖြေ- ‘ဟင်’ ဟု ဝန်ခံချက် ပြုသည်
    မေးသည့် အချက်ကို ဝန်ခံခြင်း၊ သဘောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း၊ ဖြေကြားခြင်း စသည်တို့အတွက် အတိုအကျဉ်း တုံ့ပြန်သော စကား။ မေး-အေစကား မှန်ယင့်လား၊ ဖြေ- ‘ဟင်’ ဟု ဝန်ခံချက် ပြုသည်
    exclamation registering disappointment, disapproval or surprise
    နာမ်

    ဟင်း၂

    [hɪ́ɴ၂]
    ပြည့်စုံစွာ မဟိ လျော့ပါးသော။ မောင်စိန်ဖြူ မရောက်လို့ လူတယောက် အတွက် လုပ်ဟင်းရေ (အရပ်)။ လုပ်ခ တရက် အတွက် ဟင်းရေ (အရပ်)။
    ပြည့်စုံစွာ မရှိ လျော့ပါးသော။ မောင်စိန်ဖြူ မရောက်လို့ လူတစ်ယောက် အတွက် လုပ်ဟင်းရေ (အရပ်)။ လုပ်ခ တစ်ရက် အတွက် ဟင်းရေ (အရပ်)။
    less
    နာမဝိသေသန

    ဟင်းခင်း

    [hɪ́ɴkʰɪ́ɴ]
    ဟင်းသီး၊ ဟင်းရွက် စိုက်ပျိုးထားရေ စိုက်ပျိုးခြံ မြီကွက်
    ဟင်းသီး၊ ဟင်းရွက် စိုက်ပျိုးထားသော စိုက်ပျိုးခြံ မြေကွက်
    kitchen garden
    နာမ်

    ဟင်းခတ်

    [hɪ́ɴkʰaʔ]
    ငါးပိ၊ ငါးခြောက် စရေ ဟင်းထဲမာ ရောစွက် ထည့်သည်
    ငါးပိ၊ ငါးခြောက် စသည့် ဟင်းထဲတွင် ရောစွက် ထည့်သည်
    condiment
    နာမ်

    ဟင်းခနွယ်

    [hɪ́ɴkʰnwɛ̀]
    အရိုးအရွက် နူးညံ့ပြီး စားရရေ တနှစ်ခံ အပင်တမျိုး။ (စူးပါ- မပါ၊ အဖြူ၊ အရဲဆိုပနာ ကွဲရေ။
    အရိုးအရွက် နူးညံ့ပြီး စားရသော တစ်နှစ်ခံ အပင်တစ်မျိုး။ (ဆူးပါ- မပါ၊ အဖြူ၊ အနီဟူ၍ ကွဲသည်။
    none
    နာမ်

    ဟင်းခနွယ်ဆူးပေါက်

    [hɪ́ɴkʰnwɛ̀sʰùးpaʊʔ]
    အရိုးအရွက် နူးညံ့ပြီး စားရရေ တနှစ်ခံ အပင်တမျိုး။ (စူးပါ- မပါ၊ အဖြူ၊ အရဲဆိုပနာ ကွဲရေ။)၂၊ စူးပါဟိရေ ဆီးဖက် ဝင်ရေ ဟင်းနုနယ် တမျိုး
    အရိုးအရွက် နူးညံ့ပြီး စားရသော တစ်နှစ်ခံ အပင်တစ်မျိုး။ (ဆူးပါ- မပါ၊ အဖြူ၊ အနီဟူ၍ ကွဲသည်။)၂၊ ဆူးပါရှိသည့် ဆေးဖက် ဝင်သည့် ဟင်းနုနယ် တစ်မျိုး
    none
    နာမ်

    ဟင်းခရော်

    [hɪ́ɴkʰɹɔ̀]
    ရီချို၊ ရီငန်၊ ဖြားရီချောင်းမာ ပေါက်ရောက်ရေ ဟင်းစားရရေ ပင်နိမ့်တမျိုး။ တောင်ရင် တပင်လောင်မည်စီနန့် ဟင်းခရော် (တေဇ)
    ရေချို၊ ရေငန်၊ ဒီရေချောင်းတွင် ပေါက်ရောက်သည့် ဟင်းစားရသော ပင်နိမ့်တစ်မျိုး။ တောင်ရင် တပင်လောင်မည်စီနှင့် ဟင်းခရော် (တေဇ)
    none
    နာမ်

    ဟင်းခါးပန်းတူ

    [hɪ́ɴkʰàးpáɴtù]
    အလုံး ပိထိုင်ချေ အခွံစိမ်းစိမ်း မှည့်လျှင် အဝါရောင် အထဲထဲမာ အစိများရေ အသီးသီးရေ အနွယ်ပင် တမျိုး
    အလုံး ပုပုလေး အခွံစိမ်းစိမ်း မှည့်လျှင် အဝါရောင် အတွင်းထဲတွင် အစေ့များသော အသီးသီးသည့် အနွယ်ပင် တစ်မျိုး
    bine
    နာမ်

    ဟင်းခါးပေါက်သီး

    [hɪ́ɴkʰàးpaʊʔθï]
    အလုံး ပိထိုင်ချေ အခွံစိမ်းစိမ်း မှည့်လျှင် အဝါရောင် အထဲထဲမာ အစိများရေ အသီးသီးရေ အနွယ်ပင် တမျိုး
    အလုံး ပုပုလေး အခွံစိမ်းစိမ်း မှည့်လျှင် အဝါရောင် အတွင်းထဲတွင် အစေ့များသော အသီးသီးသည့် အနွယ်ပင် တစ်မျိုး
    bine
    နာမ်

    ဟင်းချိုး

    [hɪ́ɴɕó]
    ကြိုး၊ အိတ်၊ ဖျင်ကြမ်း လုပ်ရရေ လျှော်ထွက်ရေ အပင်တမျိုး
    ကြိုး၊ အိတ်၊ ဖျင်ကြမ်း လုပ်ရသော လျှော်ထွက်သည့် အပင်တစ်မျိုး
    jute
    နာမ်

    ဟင်းချိုးအိတ်

    [hɪ́ɴɕóʔeɪʔ]
    ဂုန်နီပင်က ဖြစ်ရေ လျှော်။ ဂုန်နီလျှော်ဖြင့် ရက်လုပ်သော အိတ်ကြီး။ ဆာလာအိတ်
    ဂုန်နီပင်က ဖြစ်သော လျှော်။ ဂုန်နီလျှော်ဖြင့် ရက်လုပ်သော အိတ်ကြီး။ ဂုန်နီအိတ်
    gunny bag
    နာမ်

    ဟင်းချေသျှော်

    [hɪ́ɴɕèʃɔ̀]
    ဂုန်နီပင်က ဖြစ်ရေ လျှော်
    ဂုန်နီပင်က ဖြစ်သော လျှော်
    jute
    နာမ်