Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 475 words

    ဟ

    ဟူးဟူးဟားဟား

    [hùးhùးháhá]
    ဒေါသ အဟိန်အဟုန်း ကြီးမားသနန့် ဆင်ခြင် သတိမဟိဘဲ လှုပ်ယှားဗျာယ်
    ဒေါသ အရှိန်အဟုန်း ကြီးမားသဖြင့် ဆင်ခြင် သတိကင်းမဲ့စွာ လှုပ်ရှားလျက်
    rashly
    ကြိယာဝိသေသန

    ဟူးဟူးဟဲဟဲ

    [hùးhùးhɛhɛ]
    ဒေါသ အဟိန်အဟုန်း ကြီးမားသနန့် ဆင်ခြင် သတိမဟိဘဲ လှုပ်ယှားဗျာယ်
    ဒေါသ အရှိန်အဟုန်း ကြီးမားသဖြင့် ဆင်ခြင် သတိကင်းမဲ့စွာ လှုပ်ရှားလျက်
    rashly
    ကြိယာဝိသေသန

    ဟူးဟဲ

    [hùးhɛ]
    အလွန် ညောင်းညာသနန့် ဝင်သက်၊ ထွက်သက် ပြင်းစွာ ရှူဟိုက်သံ
    အလွန် မောပန်းသဖြင့် ဝင်သက်၊ ထွက်သက် ပြင်းစွာ ရှူရှိုက်သံ
    be so tired as to gasp
    နာမ်

    ဟေ

    [hè]
    တယောက်ယောက် ခေါ်သံကို တုံ့ပြန် ထူးသံ။ (အများအနိန်နန့် ရွယ်တူ တနည်း ငယ်ရွယ်သူရို့ ခေါ်သံကိုရာ ထူးလိဟိရေ။ (မောင်သာဖြူဟု ခေါ်ကေ ‘ဟူး’ဟု ထူးသည် (အရပ်)။ ၂၊ အံ့အား သင့်ရေအခါ မြွက်ဆိုသံ။ (မောင်စိန်ဖြူ-‘ဟေ’-ထူးသံ။
    တစ်စုံတစ်ဦး ခေါ်သံကို တုံ့ပြန် ထူးသံ။ (အများအားဖြင့် ရွယ်တူ သို့မဟုတ် ငယ်ရွယ်သူတို့ ခေါ်သံကိုသာ ထူးလေ့ရှိသည်။ (မောင်သာဖြူဟု ခေါ်လျှင် ‘ဟူး’ဟု ထူးသည် (အရပ်)။ ၂၊ အံ့အား သင့်သည့်အခါ မြွက်ဆိုသံ။ (မောင်စိန်ဖြူ-‘ဟေ’-ထူးသံ။
    [ colloq ] response used when the addressee is either older or of the same age as addresser int cry expressive of surprise dismay inquiry or calling attention [as in ပျိုလေးတို့ ငန်းဦး၊ ယုန်ကူးလို့ပြေး၊ ကြည့်လိုက်ကြ~]
    အာလုပ်

    ဟေ့

    [hḛ]
    နံဖီးအပါးမာ ဟိရေ တယောက်ယောက်ကို တိုင်ရန် ခေါ်ရာမာ သုံးသော စကား
    အနီးအပါးတွင် ရှိသော တစ်စုံတစ်ဦးကို တိုင်ရန် ခေါ်ရာတွင် သုံးသော စကား
    hey
    နာမ်

    ဟေး

    [hé]
    အဝီး တနီရာမာ ဟိသူတိကို ဟစ်အော်ပနာ ခေါ်ရာမာ စကားအစနန့် အဆုံးမာ သုံးသော စကားလုံး။ ဟေး-ငါလူရို့။ ထမင်းစားဖို့ လာလတ်ကတ်ဖိ ဟေး (အရပ်)။ ၂၊ ဝမ်းသာရေအခါ၊ အံ့အား သင့်ရေအခါရို့မာ ဗြုန်းခနဲ နှုတ်က ထွက်သော အသံ။ ဟေး-မောင်လှချေ အနည်းလှစွာက မဟောက်ဝေး (အရ
    အဝေး တစ်နေရာတွင် ရှိသူများကို ဟစ်အော်၍ ခေါ်ရာတွင် စကားအစနှင့် အဆုံးတွင် သုံးသော စကားလုံး။ ဟေး-ငါလူရို့။ ထမင်းစားဖို့ လာလတ်ကတ်ဖိ ဟေး (အရပ်)။ ၂၊ ဝမ်းမြောက်သောအခါ၊ အံ့အား သင့်သောအခါတို့၌ ရုတ်တရက် နှုတ်မှ ထွက်သော အသံ။ ဟေး-မောင်လှချေ အနည်းလှစွာက မဟောက်ဝေး (အရ
    [ colloq ] word of address used to call sbs attention from afar [as in ~ဇာကိုလဲ။]
    အာလုပ်

    ဟေ့၂

    [hḛ၂]
    ဟေ့-ငါလူ ဇာက လာရေလဲ (အရပ်)။ ၂၊ အခြားသော ပုဂ္ဂိုလ်တိကို တိုင်တည် ပြောဆိုရေ စကား အဆုံးမာ သုံးသော စကားလုံးမျိုး။ အယင်က စွာနန့်လည်း မတူဗျာကာဟေ့ (အရပ်)
    ဟေ့-ငါလူ ဇာက လာရေလဲ (အရပ်)။ ၂၊ အခြားသော ပုဂ္ဂိုလ်များကို တိုင်တည် ပြောဆိုသည့် စကား အဆုံးတွင် သုံးသော စကားလုံးမျိုး။ အယင်က စွာနန့်လည်း မတူဗျာကာဟေ့ (အရပ်)
    [colloq] word of address used when the addresser is of the same age or older than the addressee (also used to call sbs attention) [as in ~သူငယ်ချင်း၊ လာကတ်မယ်~]
    အာလုပ်

    ဟေး၂

    [hé၂]
    ပကာသန လုပ်ပနာ ကိုယ့်ဂုဏ်ကို ဖော်ထုတ် ဝင့်ကြွားရေ။ ဟေး-ယောက်ျား ဘသားဟု ကျွီး လိုက်ရေ
    ပကာသန လုပ်၍ မိမိဂုဏ်ကို ထုတ်ဖော် ဝင့်ကြွားသည်။ ဟေး-ယောက်ျား ဘသားဟု အော်ဟစ် လိုက်သည်
    hey
    ကြိယာ

    ဟေရမက်ခတ်

    [hèɹmɛʔkʰaʔ]
    ဟေးရမက်ခတ် စုဝေးဗျာယ် ဣန္ဒြေ ပျက်လောက်ယောင် အလွန် ရယ်မောသည်
    ဟေးရမက်ခတ် စုဝေးလျက် ဣန္ဒြေ ပျက်လောက်အောင် လွန်စွာ ရယ်မောသည်
    laugh heartily
    ကြိယာ

    ဟေးရမက်ခတ်

    [héɹmɛʔkʰaʔ]
    ဟေးရမက်ခတ် စုဝေးဗျာယ် ဣန္ဒြေ ပျက်လောက်ယောင် အလွန် ရယ်မောသည်
    ဟေးရမက်ခတ် စုဝေးလျက် ဣန္ဒြေ ပျက်လောက်အောင် လွန်စွာ ရယ်မောသည်
    laugh heartily
    ကြိယာ

    ဟေရမက်တိုက်

    [hèɹmɛʔtaɪʔ]
    ဟေးရမက်ခတ် စုဝေးဗျာယ် ဣန္ဒြေ ပျက်လောက်ယောင် အလွန် ရယ်မောသည်
    ဟေးရမက်ခတ် စုဝေးလျက် ဣန္ဒြေ ပျက်လောက်အောင် လွန်စွာ ရယ်မောသည်
    laugh heartily
    ကြိယာ

    ဟေးရမက်သတ်

    [héɹmɛʔθaʔ]
    အများ တပြိုင်တည်း တက်ကြွစွာ။ လှိုက်လဲစွာ။ အုတ်အုတ်ကျက်ကျက်။ ဆူဆူညံညံ၊ သောင်းသဲသံဖြင့်၊ ဟေးရမတ်သတ်၊ ကြွီးကြော်လတ်သော် (ရခိုင်ကာ)
    အများ တပြိုင်တည်း တက်ကြွစွာ။ လှိုက်လဲစွာ။ အုတ်အုတ်ကျက်ကျက်။ ဆူဆူညံညံ၊ သောင်းသဲသံဖြင့်၊ ဟေးရမတ်သတ်၊ ကြွေးကြော်လတ်သော် (ရခိုင်ကာ)
    furore
    ကြိယာဝိသေသန

    ဟေရာမ

    [hèɹàm]
    ကြီးမားရေ။ ကြီးကျယ်သော
    ကြီးမားသော။ ကြီးကျယ်သော
    great
    နာမဝိသေသန

    ဟေရာမဒုက္ခ

    [hèɹàmdoʊkʰə́kʰa]
    ကြီးစွာသော ဝဋ်ဆင်းရဲ
    ကြီးစွာသော ဝဋ်ဆင်းရဲ
    suffering
    နာမ်

    ဟေးလားဟားလား

    [héláhálá]
    ပေါ့တန်စွာ။ အသံ ကျကျယ်လောင်လောင် ပြောဆို ကျွီးရုံမျှဖြင့်
    ပေါ့တန်စွာ။ အသံ ကျယ်လောင်စွာ ပြောဆို အော်ဟစ်ရုံမျှဖြင့်
    in a noisy and frivolous manner
    ကြိယာဝိသေသန

    ဟေးလီဟေးလား

    [hélíhélá]
    ပေါ့တန်စွာ။ အသံ ကျကျယ်လောင်လောင် ပြောဆို ကျွီးရုံ မျှဖြင့်
    ပေါ့တန်စွာ။ အသံ ကျယ်လောင်စွာ ပြောဆို အော်ဟစ်ရုံ မျှဖြင့်
    in a noisy and frivolous manner
    ကြိယာဝိသေသန

    ဟေဝန်

    [hèwàɴ]
    တော။ မြိုင်ဝနာလေ ဟေဝန်တောမာ၊ စုံစွာပန်းမျိုး (ပန်း)
    တော။ မြိုင်ဝနာလေ ဟေဝန်တောမှာ၊ စုံစွာပန်းမျိုး (ပန်း)
    forest perpetually covered with snow [ Pali ဟိမဝန္တ]
    နာမ်

    ဟေဟေ

    [hèhè]
    မာန်ပါပနာ မာန်ပါကာ အာလုပ်သံ ပါကေေ့ ပြောသော အာမေဋိတ် စကားလုံး။ ဟေဟေ မမာ့၊ ငါ့ကိုရာလေ၊ မိုက်ရာချလို့ (ရာမ)။ ဟေဟေ မိုဆိုး၊ သင် အဂယင့်လေ၊ သီအောင်ငြိုးလည်း၊ မစိုးလှပါ၊၊ (ပဒုမ္မါ)
    စိတ်ဆိုး၍ ဒေါသထွက်ကာ အာလုပ်သံ ပါပါနှင့် ပြောသော အာမေဋိတ် စကားလုံး။ ဟေဟေ မိန်းမ၊ ငါ့ကိုသာလေ၊ မိုက်ရာချလို့ (ရာမ)။ ဟေဟေ မိုဆိုး၊ သင် တကယ်လေ၊ သီအောင်ငြိုးလည်း၊ မစိုးလှပေ။ (ပဒုမ္မါ)
    none
    အာလုပ်

    ဟေဟေ၂

    [hèhè၂]
    ရယ်စရာဖြစ်ယောင် မခံချင်ဖြစ်ယောင် ပြောဆိုပြုမူရေ။ ဟေဟေဟေ ဟီး အစဟိစွာအနိန်နန့် ပြောင်လောင်းာင်သရော် ကြီစပ်သည်
    ရယ်စရာဖြစ်အောင် မခံချင်ဖြစ်အောင် ပြောဆိုပြုမူသည်။ ဟေဟေဟေ ဟီး စသည်ဖြင့် ပြောင်လှောင်သရော် ကျီစယ်သည်
    guy
    ကြိယာ

    ဟေဟေ၃

    [hèhè၃]
    မလေးမခန့် ပြက်ရယ်ပြုရေ သဘောနန့် ရယ်ခြင်းမျိုး
    မလေးမခန့် ပြက်ရယ်ပြုသည့် သဘောဖြင့် ရယ်ခြင်းမျိုး
    mock
    နာမ်