Dictionary Entries
Showing 421–440 of 475 words
ဟ
ဟောက်လီနိုးနိုး
[hɔ́ɛʔlínónó]
Arakanese:
ဟုတ်လိမ့်မေဟု ထင်မှတ်ရေ။ ယူဆရေ။ ထင်မြင် ယူမှတ်သည်
Burmese:
ဟုတ်လိမ့်မည်ဟု ထင်မှတ်သည်။ ယူဆသည်။ ထင်မြင် ယူမှတ်သည်
English:
views
Grammar Note:
ကြိယာ
ဟောက်လီယင့်လား
[hɔ́ɛʔlíjɪ̰ɴlá]
Arakanese:
ဟုတ်ပါစ၊ ဟုတ်ပါလား ဆိုပနာ မေးလိုရာမာ သုံးသော စကား
Burmese:
ဟုတ်ပါစ၊ ဟုတ်ပါသလား ဟူ၍ မေးလိုရာ၌ သုံးသော စကား
English:
really?
Grammar Note:
နာမ်
ဟောက်ဟိန်း
[hɔ́ɛʔhéɪɴ]
Arakanese:
အသံဖြင့် ကြောက်စီရေ။ ရွံ့စီရေ။ လန့်စီရေ။ လှန့်ရေ။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ ဖို့လား၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)။ မျိုးက်ခြောက်ခြောက်ကာခုန်၊ ဟောက်ကာဟုံကေ (ပဋါ)။ ၂၊ တစုံတရာကို မြင်သနန့် ရန်ရှာသံနန့် မြည်ဟည်းသည်
Burmese:
အသံဖြင့် ကြောက်စေသည်။ ရွံ့စေသည်။ လန့်စေသည်။ လှန့်သည်။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ မည်လော၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)။ ခြိမ်းခြောက်ကာခုန်၊ ဟောက်ကာဟုံကေ (ပဋါ)။ ၂၊ တစ်စုံတရာကို မြင်သဖြင့် ရန်ရှာသံနှင့် မြည်ဟည်းသည်
English:
scold
Grammar Note:
ကြိယာ
ဟောက်ဟုံ
[hɔ́ɛʔhòʊɴ]
Arakanese:
အသံဖြင့် ကြောက်စီရေ။ ရွံ့စီရေ။ လန့်စီရေ။ လှန့်ရေ။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ ဖို့လား၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)။ မျိုးက်ခြောက်ခြောက်ကာခုန်၊ ဟောက်ကာဟုံကေ (ပဋါ)။ ၂၊ တစုံတရာကို မြင်သနန့် ရန်ရှာသံနန့် မြည်ဟည်းသည်
Burmese:
အသံဖြင့် ကြောက်စေသည်။ ရွံ့စေသည်။ လန့်စေသည်။ လှန့်သည်။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ မည်လော၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)။ ခြိမ်းခြောက်ကာခုန်၊ ဟောက်ကာဟုံကေ (ပဋါ)။ ၂၊ တစ်စုံတရာကို မြင်သဖြင့် ရန်ရှာသံနှင့် မြည်ဟည်းသည်
English:
scold
Grammar Note:
ကြိယာ
ဟောက်ဟဲ
[hɔ́ɛʔhɛ]
Arakanese:
အသံဖြင့် ကြောက်စီရေ။ ရွံ့စီရေ။ လန့်စီရေ။ လှန့်ရေ။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ ဖို့လား၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)
Burmese:
အသံဖြင့် ကြောက်စေသည်။ ရွံ့စေသည်။ လန့်စေသည်။ လှန့်သည်။ ကေသရာခြင်္သေ့၊ ဒေါသဝှန်ကေ၊ မျက်မှန်ကဲ၍၊ ဟောက်ဟဲ မည်လော၊ မွေးမှင်ထောင်၍၊ လွှားမြောက်ထခုန် (ကော်)
English:
scold
Grammar Note:
ကြိယာ
ဟောကြား
[hɔ́t͡ɕá]
Arakanese:
အသံ ကျကျယ်လောင်လောင် အော်ရေ။ အရီးတကြီး၊ လက်ခုပ်တီးပြီးကေ၊ ခြောက်ခြိမ်း ဟောတုံပါ၏ (ဥဒိန်တု)။ ဟောကြားမြွက်ဖော် သာဓုခေါ်ဗျာယ်…..
Burmese:
အသံ ကျယ်လောင်စွာ အော်သည်။ အရေးတကြီး၊ လက်ခုပ်တီး၍၊ ခြောက်ခြိမ်း ဟောတုံပါ၏ (ဥဒိန်တု)။ ဟောကြားမြွက်ဖော် သာဓုခေါ်လျက်…..
English:
give a discourse - preach [as in တရား~] - foretell [as in ဗေဒင်~] - predict - prophesy
Grammar Note:
ကြိယာ
ဟောင်
[hàʊɴ]
Arakanese:
တစုံတရာ၊ တဦးတယောက်ကို မြင်သနန့် ခွီးသတ္တဝါ ရန်ရှာသံနန့် အော်ရေ။ ခွီးတကောင်လျှင်၊ ဟောင်ကာ ဝပ်ဟု (ပန်း)
Burmese:
တစ်စုံတရာ၊ တစ်ဦးတစ်ယောက်ကို မြင်သဖြင့် ခွေးသတ္တဝါ ရန်ရှာသံနှင့် အော်သည်။ ခွီးတစ်ကောင်လျှင်၊ ဟောင်ကာ ဝပ်ဟု (ပန်း)
English:
(of dog ) bark be rancid - give off a bad odour - stink
Grammar Note:
ကြိယာ
ဟောင်း
[háʊɴ]
Arakanese:
ကာလကြာမြင့်ပနာ အလွန် မှေးမှိန် ညှိုးရော်သော။ သစ်လွင်ခြင်း မဟိရေ။ ရင့်ကြာ ညောင်းသော။ ရှည်မြင့် ကြာသော။ ၂၊ အပေါက် အခေါင်း ဟိရေ။ ထုတ်ချင်း ပေါက်သော။ ဟိုဘက် ဒေဘက် ထုတ်ချင်းပေါက် ဟောင်းနီရေ (အရပ်)
Burmese:
ကာလကြာမြင့်၍ အလွန် မှေးမှိန် ညှိုးရော်သော။ သစ်လွင်ခြင်း မရှိသော။ ရင့်ကြာ ညောင်းသော။ ရှည်မြင့် ကြာသော။ ၂၊ အပေါက် အခေါင်း ရှိသော။ ထုတ်ချင်း ပေါက်သော။ ထိုဘက် ဒေဘက် ထုတ်ချင်းပေါက် ဟောင်းနီရေ (အရပ်)
English:
old - ancient - out-of-date - used [as in ကား ~၊ ပစ္စည်း ~ ] - past [as in ဘဝ ~]
Grammar Note:
နာမဝိသေသန
ဟောင်၂
[hàʊɴ၂]
Arakanese:
မကောင်းရေ အနံ့ ဆိုးသော။ သားငါးပုပ်ဟောင်၊ အကောင်လှီးဖျက်၊ သွီးစက်စက်နန့် (မျိုးက်)
Burmese:
မကောင်းသော အနံ့ ဆိုးသော။ သားငါးပုပ်ဟောင်၊ အကောင်လှီးဖျက်၊ သွီးစက်စက်နှင့် (မျောက်)
English:
balk
Grammar Note:
နာမဝိသေသန
ဟောင်ကောင်
[hàʊɴkàʊɴ]
Arakanese:
အကာအကွယ်မဟိ ဟင်းလင်း အပြင် ဖြစ်ဗျာယ်
Burmese:
အကာအကွယ်မရှိ ဟင်းလင်း အပြင် ဖြစ်လျက်
English:
void
Grammar Note:
ကြိယာဝိသေသန
ဟောင်းချီး
[háʊɴɕï]
Arakanese:
ဇာလေ့မရ၊ မဟိမဖြစ် အကျိုးမဟိ၊ အကျိုးမဲ့၊ အခြည်းနှီး၊ အလဟသ အစဟိစွာ အရာရို့မာ သုံးနှုန်းသော စကား။ အလုပ်လုပ်ခီရေ၊ တခုလည်းမရခ၊ ဟောက်ချီး။ ပြန်လာလတ်ရရေ (အရပ်)။ လားခီစွာ ဗလချိဗလချာ ဟောင်းချီး တခုလည်း မရခ (အရပ်)
Burmese:
ဘာမျှမရ၊ မရှိမဖြစ် အကျိုးမရှိ၊ အကျိုးမဲ့၊ အချည်းနှီး၊ အလဟသ စသည် အရာတို့၌ သုံးနှုန်းသော စကား။ အလုပ်လုပ်ခီရေ၊ တစ်ခုလည်းမရခ၊ ဟောက်ချီး။ ပြန်လာလတ်ရရေ (အရပ်)။ လားခီစွာ အလကား ဟောင်းချီး တစ်ခုလည်း မရခ (အရပ်)
English:
useless
Grammar Note:
ပစ္စည်း
ဟောင်းချီးပတ္တာလိုက်
[háʊɴɕïpt̪t̪a̰àlaɪʔ]
Arakanese:
အထည်ဒြပ်အနိန်နန့် မသစ်လွင်တော့သော။ ၂၊ ဟောင်းမြင်း ယိုယွင်း ဆွေးမြည့်သော။ (အဝတ်အထည်။
Burmese:
အထည်ဒြပ် အားဖြင့် မသစ်လွင်တော့သော။ ၂၊ ဟောင်းမြင်း ယိုယွင်း ဆွေးမြည့်သော။ (အဝတ်အထည်။
English:
old
Grammar Note:
နာမဝိသေသန
ဟောင်းနွမ်း
[háʊɴnʊ̀ɴ]
Arakanese:
အရောင်အသွီးအနိန်နန့် သစ်လွင်ခြင်းမဟိ ညှိုးရောင် ဖျော့တော့သော
Burmese:
အရောင်အသွေး အားဖြင့် သစ်လွင်ခြင်းမရှိ ညှိုးရောင် ဖျော့တော့သော
English:
old and faded - worn-out
Grammar Note:
နာမဝိသေသန
ဟောင်းမြင်း
[háʊɴmɹɪ́ɴ]
Arakanese:
အထည် ကိုယ်အားဖြင့် မသစ်လွင် ဖျော့တော့သော
Burmese:
အထည် ကိုယ်အားဖြင့် မသစ်လွင် ဖျော့တော့သော
English:
very old and decayed - antiquated
Grammar Note:
နာမဝိသေသန
ဟောင်းလီဟောင်းလောင်း
[háʊɴlíháʊɴláʊɴ]
Arakanese:
(အဝတ်) မလုံဖို့လဲအနိန်နန့်
Burmese:
(အဝတ်) မလုံမလဲ အားဖြင့်
English:
with a guilty conscience
Grammar Note:
ကြိယာဝိသေသန
ဟောင်းလောင်း
[háʊɴláʊɴ]
Arakanese:
အတားအဆီး မဟိဘဲ။ ထုတ်ချင်း ခပ်မြင်သာဗျာယ်။ ကျောင်းခေါင် ဟဟောင်း၊ မိုးကျောက်ပေါင်းသည် ဖြောင်းဖြောင်းအတိုင်း ဝင်ပြီးကေ (မေတ္တာတု)
Burmese:
အတားအဆီး မရှိပဲ။ ထုတ်ချင်း ခပ်မြင်သာလျက်။ ကျောင်းခေါင် ဟောင်းလောင်း၊ မိုးသီးပေါင်းသည် ဖြောင်းဖြောင်းအတိုင်း ဝင်၍ (မေတ္တာတု)
English:
In an uncovered state See also ဟောင်းလောင်း
Grammar Note:
ကြိယာဝိသေသန
ဟောင်းလောင်း၂
[háʊɴláʊɴ၂]
Arakanese:
အပိတ်အကာ မဟိရေ
Burmese:
အပိတ်အကာ မရှိသော
English:
uncovered - exposed
Grammar Note:
နာမဝိသေသန
ဟောင်းလောင်းလောင်း
[háʊɴláʊɴláʊɴ]
Arakanese:
အပိတ်အကာ မဟိရေ
Burmese:
အပိတ်အကာ မရှိသော
English:
uncovered - exposed
Grammar Note:
နာမဝိသေသန
ဟောင်းလောင်းလောင်း၂
[háʊɴláʊɴláʊɴ၂]
Arakanese:
အတားအဆီ မဟိရေ ဝန်းကျင်။ အာကာသ အပြင်
Burmese:
အတားအဆီ မရှိသော ဝန်းကျင်။ အာကာသ အပြင်
English:
space
Grammar Note:
နာမ်
ဟောင်ဟောင်
[hàʊɴhàʊɴ]
Arakanese:
သိုးအူသော။ အနံ့ဆိုး ထွက်သော
Burmese:
သိုးအူသော။ အနံ့ဆိုး ထွက်သော
English:
empty [as in ဝမ်း~] bad smell
Grammar Note:
နာမဝိသေသန