Dictionary Entries
Showing 441–460 of 475 words
ဟ
ဟောင်းဟောင်း
[háʊɴháʊɴ]
Arakanese:
ဇာဟင့်တခုလေ့ ထည့်ထားပနာ မဟိရေ တောင်းဆွဲတောင်း၊ အိုး၊ ခွက်၊ ပန်းကန် အစဟိစွာ အိုးခွက်မာ ရီတပေါက်လည်း မဟိ ဟောင်းဟောင်းကာ (အရပ်)
Burmese:
ဘာတစ်ခုမှ ထည့်ထား၍ မရှိသော တောင်းခြင်းတောင်း၊ အိုး၊ ခွက်၊ ပန်းကန် စသည် အိုးခွက်မှာ ရီတစ်ပေါက်လည်း မဟိ ဟောင်းဟောင်းကာ (အရပ်)
English:
none
Grammar Note:
နာမ်
ဟောင်းဟောင်း၂
[háʊɴháʊɴ၂]
Arakanese:
(ပစ) ဟင်းလင်း ပွင့်ဗျာယ်။ ဟဗျာယ်။ ဝါကြီးမာ၊ ဒါဘောင်သျှင်လေ၊ လင်မယားရို့၊ ပါးလည်းပျိုက်ချောင်း၊ သွား ဟောင်းဟောင်းနန့် (ပန်း)
Burmese:
(ပါးစပ်) ဟင်းလင်း ပွင့်လျက်။ ဟလျက်။ အဖိုးအိုတွင်၊ ဒါဘောင်သျှင်လေ၊ လင်မယားတို့၊ ပါးလည်းပျိုက်ချောင်း၊ သွား ဟောင်းဟောင်းနှင့် (ပန်း)
English:
open
Grammar Note:
ကြိယာဝိသေသန
ဟောစါ
[hɔ́sà]
Arakanese:
မြတ်စွာဘုရား ဟောကြားတော် မူသော တရား ဒေသနာတော်ကို အခြီခံထားရေ နာချင်စဖွယ်ဖြစ်ယောင် လင်္ကာသွားဖြင့် ဖွဲ့နွဲ့ စီကုံးထားရေ ဝတ္တု ဇာတ်လမ်း
Burmese:
မြတ်စွာဘုရား ဟောကြားတော် မူသော တရား ဒေသနာတော်ကို အခြေခံထားသော နာချင်စဖွယ်ဖြစ်အောင် လင်္ကာသွားဖြင့် ဖွဲ့နွဲ့ စီကုံးထားသော ဝတ္တု ဇာတ်လမ်း
English:
script with embellishment for oral presentation of Jataky stories
Grammar Note:
နာမ်
ဟောပါရေဝါ
[hɔ́pàɹèwà]
Arakanese:
မေးရဖို့ အချက်ကို ဝန်ခံခြင်း၊ သဖောတူညီကြောင်း၊ ဟုတ်မှန်ကြောင်း ဖြေကြားခြင်း အစဟိစွာရို့အတွက် အတိုအကျိုင်း တုံ့ပြန်သော စကား။ (ဟောက် ကြိယာမာ အဆုံးဝန် ဖြစ်ရေ (ပါ) (ပါယင့်) (ပါရေ) (ပါရေဝါ) (ပါဝါ)ကို တွဲစပ် ထားရေ
Burmese:
မေးရမည့် အချက်ကို ဝန်ခံခြင်း၊ သဘော တူညီကြောင်း၊ ဟုတ်မှန်ကြောင်း ဖြေကြားခြင်း စသည်တို့အတွက် အတိုအကျဉ်း တုံ့ပြန်သော စကား။ (ဟောက် ကြိယာတွင် အဆုံးပစ္စည်း ဖြစ်သော (ပါ) (ပါယင့်) (ပါရေ) (ပါရေဝါ) (ပါဝါ)ကို တွဲစပ် ထားသည်
English:
yes
Grammar Note:
နာမ်
ဟောပြော
[hɔ́pɹɔ́]
Arakanese:
ကြားနာ သူပရိသတ်ရို့အား သိမှတ်ဖို့အတွက်ရာ အကြောင်း တစုံတရာကို ပြောပြရေ။ သျှင်တော်မြတ် ဘုရားသည် တပည့်တော်ရို့အား သွန်သင်ဆုံးမ ဟောပြော ပြသတော် မူပါဘုရား……
Burmese:
ကြားနာ သူပရိသတ်တို့အား သိမှတ်ရန် အလို့ငှာ အကြောင်း တစ်စုံတရာကို ပြောပြသည်။ သျှင်တော်မြတ် ဘုရားသည် တပည့်တော်တို့အား သွန်သင်ဆုံးမ ဟောပြော ပြသတော် မူပါဘုရား……
English:
deliver a speech - give a talk - lecture
Grammar Note:
ကြိယာ
ဟောပြောပွဲ
[hɔ́pɹɔ́pwɛ]
Arakanese:
ကြားနာသူ ပရိသတ်ရို့၏ အတွက်ရာ တဦးတယောက်၊ အဖွဲ့ တတိုင်က စီစိုင် ဖော်ထုတ်ပနာ ပြောပြသော အခမ်းအနား
Burmese:
ကြားနာသူ ပရိသတ်တို့၏ အလို့ငှာ တစ်ဦးတစ်ယောက်၊ အဖွဲ့ တစ်ဖွဲ့က စီစဉ် ထုတ်ဖော်၍ ပြောပြသော အခမ်းအနား
English:
public lecture - talk
Grammar Note:
နာမ်
ဟော့ရမ်း
[hɔ̰ɹáɴ]
Arakanese:
ဆိုးညစ်သော။ ယုတ်မာ သောင်းကျန်းသော။ ၂၊ ဆင်ခြင်တုံတရား မဟိဝံ့စား ကျူးလွန် တတ်ရေ။ ရိုင်းပျစွာ ပြုမူတတ်ရေ
Burmese:
ဆိုးသွမ်းသော။ ယုတ်မာ သောင်းကျန်းသော။ ၂၊ ဆင်ခြင်တုံတရား မရှိဝံ့စား ကျူးလွန် တတ်သော။ ရိုင်းပျစွာ ပြုမူတတ်သော
English:
nefairous
Grammar Note:
နာမဝိသေသန
ဟော့ရမ်းသော့သွမ်
[hɔ̰ɹáɴθɔ̰θwàɴ]
Arakanese:
ဆင်ခြင် တိုင်းထွာမှု မဟိဝံ့စားစွာ။ ဖောက်ပြန်စွာ။ ရိုင်းပျစွာ
Burmese:
ဆင်ခြင် တိုင်းထွာမှု မရှိဝံ့စားစွာ။ လော်လည်စွာ။ ရိုင်းပျစွာ
English:
insult
Grammar Note:
ကြိယာဝိသေသန
ဟောရား
[hɔ́ɹá]
Arakanese:
နက္ခတ် ကြည့်တတ်သူ။ ဗေဒင်တတ်သူ။ဟောရားသမား၊ ဆရာတိနန့်၊ သောသောဆာဆာ၊ နန်းတော်ထက်က၊ တောမြိုင်နက်သို့၊ ထွက်ပြီးမှလျှင် (ကော်)
Burmese:
နက္ခတ် ကြည့်တတ်သူ။ ဗေဒင်တတ်သူ။ဟောရားသမား၊ ဆရာများနှင့်၊ သောသောဆာဆာ၊ နန်းတော်ထက်က၊ တောမြိုင်နက်သို့၊ ထွက်ပြီးမှလျှင် (ကော်)
English:
astrologist
Grammar Note:
နာမ်
ဟောရားသမား
[hɔ́ɹáθmá]
Arakanese:
ဗေဒင်တတ်သူ။ နက္ခတ်ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်
Burmese:
ဗေဒင်တတ်သူ။ နက္ခတ်ကြည့်တတ်သူ။ ၂၊ ဗေဒင်အတတ်
English:
astrologist
Grammar Note:
နာမ်
ဟောရောဟောရော
[hɔ́ɹɔ́hɔ́ɹɔ́]
Arakanese:
နှုတ်မစောင့်၊ စည်းမစောင့်ပဲ ကျကျယ်လောင်လောင်
Burmese:
နှုတ်မစောင့်၊ စည်းမစောင့်ပဲ ကျယ်လောင်စွာ
English:
loudly
Grammar Note:
ကြိယာဝိသေသန
ဟောဟော
[hɔ́hɔ́]
Arakanese:
လေ အခိုး အစဟိစွာ အဟိန်ပြင်းစွာ အော်သံ။ ကစ္ဆပနဒီ၊ ချောင်းဖျားပါးသို့၊ ရွက်စီဖြန့်ပြော၊ လီဟောဟောနန့်၊ သင်္ဘောရို့စို့၊ မြောက်ဦးမြို့ကို (ရခိုင်ကာ)
Burmese:
လေ အခိုး စသည် အရှိန်ပြင်းစွာ မြည်သံ။ ကစ္ဆပနဒီ၊ မြစ်ညာဆီသို့၊ ရွက်စီဖြန့်ပြော၊ လီဟောဟောနှင့်၊ သင်္ဘောတို့စို့၊ မြောက်ဦးမြို့ကို (ရခိုင်ကာ)
English:
fizzle
Grammar Note:
ကြိယာဝိသေသန
ဟောဟော၂
[hɔ́hɔ́၂]
Arakanese:
များရေ အမွီးအမှင် ဟိရေ။ ရင်မွီးဟောဟော။ လက်သာဆိုကေ ထိုကုလားမာ (ထာနု)
Burmese:
များသော အမွေးအမှင် ရှိသော။ ရင်မွီးဟောဟော။ လက်သာဆိုကေ ထိုကုလားမှာ (ထာနု)
English:
bristle
Grammar Note:
နာမဝိသေသန
ဟောဟော၃
[hɔ́hɔ́၃]
Arakanese:
တခုတရီသော အကြောင်းကြောင့် ရပ်တန့်စီလိုပိုင် ဗြုန်းခနဲ နှုတ်ကထွက်သော အာလုပ်စကားလုံး ဟောဟော ကျွန်တော် ဒီမှတ်တိုင်က ဆင်းပါဖိ (အရပ်)
Burmese:
တစ်စုံတစ်ခုသော အကြောင်းကြောင့် ရပ်တန့်စေလို၍ ရုတ်တရက် နှုတ်မှထွက်သော အာလုပ်စကားလုံး ဟောဟော ကျွန်တော် ဒီမှတ်တိုင်က ဆင်းပါစို့ (အရပ်)
English:
stop
Grammar Note:
အာလုပ်
ဟော်လန်သင်္ကန်း
[hɔ̀làɴθŋ̇kaáɴ]
Arakanese:
လိမေ္မာ်ရောင်ဟိရေ သင်္ကန်း
Burmese:
လိမေ္မာ်ရောင်ရှိသော သင်္ကန်း
English:
robe worn by Buddhist monk
Grammar Note:
နာမ်
ဟော်လေယီးလေ
[hɔ̀lèjïlè]
Arakanese:
လောင်းသမားရို့ တက်ပြိုင် လောင်းာ်ခတ်ရာမာ အားညှိချက် ပြုရေ သံပြိုင်ဟစ်သံ
Burmese:
လှေသမားတို့ တက်ပြိုင် လှော်ခတ်ရာတွင် အားညှိချက် ပြုသော သံပြိုင်ဟစ်သံ
English:
hooray
Grammar Note:
နာမ်
ဟဲ
[hɛ]
Arakanese:
အသံ တလုံး တစည်းတည်း မဟိရေ။ အက်သောအသံ ဟိရေ
Burmese:
အသံ တစ်လုံး တစ်စည်းတည်း မရှိသော။ အက်သောအသံ ရှိသော
English:
low and reverberating ( of sound or voice ) - cracked sound
Grammar Note:
နာမဝိသေသန
ဟဲ့
[hé]
Arakanese:
တယောက်တလီအား ငေါက်ငမ်းကာ ခေါ်သော အာလုပ်စကားလုံး။ ဟဲ့-မောင်လှ ဖြူမလာလား (အရပ်)
Burmese:
တစ်စုံတစ်ယောက်အား ငေါက်ငမ်းကာ ခေါ်သော အာလုပ်စကားလုံး။ ဟဲ့-မောင်လှ ဖြူမလာလား (အရပ်)
English:
word used in calling sbs attention(when one is older than the addressee)
Grammar Note:
အာလုပ်
ဟဲရုံပြည်
[hɛɹòʊɴpɹɛ]
Arakanese:
ရှေးကမြုံရို့၊ အရိုင်းရို့ နီထိုင်ခသော နီရာ။ အဂု စစ်တကောင်းတိုင်း ဆီရီးဟ(ဇ်) ဟု မာရေ။ သျှီလက်ခရိုင် ထဲမာ ဟိရေ။ ရှေးများမင်းစစ်၊ ဓမ္မရာဇ်မတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ လာလတ်ရာတွက်၊ မာန်ပါမျက်ပွား၊ မိဖုရားကြောင့်၊ ပြေးလားခတုံ၊ မြုံဟဲရုံပြည်၊ တည်သည်အဂု
Burmese:
ရှေးကမြုံတို့၊ အရိုင်းတို့ နေထိုင်ခဲ့သော နေရာ။ ယခု စစ်တကောင်းတိုင်း ဆီရီးဟ(ဇ်) ဟု တွင်သည်။ သျှီလက်ခရိုင် ထဲတွင် ရှိသည်။ ရှေးများမင်းစစ်၊ ဓမ္မရာဇ်မတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ လာလတ်ရာတွက်၊ မာန်ပါမျက်ပွား၊ မိဖုရားကြောင့်၊ ပြေးသွားခဲ့တုံ၊ မြုံဟဲရုံပြည်၊ တည်သည်ယခု
English:
none
Grammar Note:
နာမ်
ဟွှက်
[hW̯ɛʔ]
Arakanese:
ဂုဏ်ထူး၊ စွမ်းရည်ကို ချီးမွမ်း ဖော်ထုတ် ပြောဆိုရေ။ ဖွဲ့နွဲ့ ပြောဆိုရေ။ ဇော်နိုင် ခြောက်ဘာသာ ဂုဏ်ထူး ပါရေလတ်။ ဟွှက်- တော်ရေ ငါ့တူ (အရပ်)
Burmese:
ဂုဏ်ထူး၊ စွမ်းရည်ကို ချီးမွမ်း ထုတ်ဖော် ပြောဆိုသည်။ ဖွဲ့နွဲ့ ပြောဆိုသည်။ ဇော်နိုင် ခြောက်ဘာသာ ဂုဏ်ထူး ပါရေလတ်။ ဟွှက်- တော်ရေ ငါ့တူ (အရပ်)
English:
laud
Grammar Note:
ကြိယာ