Dictionary Entries
Showing 461–475 of 475 words
ဟ
ဟွှက်ကာရေ
[hW̯ɛʔkàɹè]
Arakanese:
ကိုယ့်ကို တစုံတရာ မားယွင်းနီကြောင်း ယိုးစွပ်ချက်ကို ဟုတ်မှန်ရေလို့ ဝန်ခံချက်ကို ပြုရာမာ သုံးသောစကား။ အခင်-၈ ဂဏန်းမာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)။ ဘကြီး-တဝမ်းပူမာ တဆံထုံးဖြစ်နီ ပါရေကာ၊ ဇာမာလဲ-ဟွှတ်ကာရေ (အရပ်)
Burmese:
မိမိအပေါ်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း စွပ်စွဲချက်ကို ဟုတ်မှန်သည်ဟု ဝန်ခံချက်ကို ပြုရာတွင် သုံးသောစကား။ အခင်-၈ ဂဏန်းမှာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)။ ဘကြီး-တဝမ်းပူမှာ တဆံထုံးဖြစ်နီ ပါရေကာ၊ ဇာမှာလဲ-ဟွှတ်ကာရေ (အရပ်)
English:
pledge
Grammar Note:
ပစ္စည်း
ဟွှက်ရာ
[hW̯ɛʔɹà]
Arakanese:
ကိုယ့်အထက် အရာဟိ၊ အကြီးအကဲ စသူရို့ ညွှန်ကြား ပြောဆိုသမျှကို ဝေဖန် သုံးသပ် စောဒက တက်ခြင်းမပြပဲ အမြဲခေါင်းငုံ့ ထောက်ခံ နာယူသော အလိအထ။ ဟွှက်ရာခါတိုင်း လုပ်နီကျပါရေ (အရပ်)
Burmese:
မိမိအထက် အရာရှိ၊ အကြီးအကဲ စသူတို့ ညွှန်ကြား ပြောဆိုသမျှကို ဝေဖန် သုံးသပ် စောဒက တက်ခြင်းမပြပဲ အမြဲခေါင်းငုံ့ ထောက်ခံ နာယူသော အလေ့အထ။ ဟွှက်ရာခါတိုင်း လုပ်နီကျပါရေ (အရပ်)
English:
decorum
Grammar Note:
နာမ်
ဟွှင်
[hW̯ɪ̀ɴ]
Arakanese:
သစ်သား၊ အိုးပြား အစား သတ္တုဟွှင် (ဟွန်း) တပ်ဆင်ထားရေ အသံဟိန်းစီရေ တယောတမျိုး
Burmese:
သစ်သား၊ အိုးပြား အစား သတ္တုဟွှင် (ဟွန်း) တပ်ဆင်ထားသော အသံဟိန်းစေသည့် တယောတစ်မျိုး
English:
violin
Grammar Note:
နာမ်
ဟွှင်ထိုး
[hW̯ɪ̀ɴtʰó]
Arakanese:
ထိုးတံဖြင့် ဟွှင်(ဟွန်း)ကို မြည်စီရေ။ တီးရေ။ ထိုးသည်
Burmese:
ထိုးတံဖြင့် ဟွှင်(ဟွန်း)ကို မြည်စေသည်။ တီးသည်။ ထိုးသည်
English:
strum
Grammar Note:
ကြိယာ
ဟွှတ်ကာ
[hW̯aʔkà]
Arakanese:
ကိုယ့်ကို တစုံတရာ မားယွင်းနီကြောင်း ယိုးစွပ်ချက်ကို ဟုတ်မှန်ရေလို့ ဝန်ခံချက်ကို ပြုရာမာ သုံးသောစကား။ အခင်-၈ ဂဏန်းမာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)
Burmese:
မိမိအပေါ်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း စွပ်စွဲချက်ကို ဟုတ်မှန်သည်ဟု ဝန်ခံချက်ကို ပြုရာတွင် သုံးသောစကား။ အခင်-၈ ဂဏန်းမှာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)
English:
pledge
Grammar Note:
ပစ္စည်း
ဟွှတ်ကာရေ၂
[hW̯aʔkàɹè၂]
Arakanese:
အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆို သဖောတူညီချက် ပီးရေ။ ဟွှက်ကာရေ မောင်ဖြူပြောစွာ မဟောက်လား (ထောက်ခံရေ သဘောပါ) (အရပ်)
Burmese:
အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆို သဘော တူညီချက် ပေးသည်။ ဟွှက်ကာရေ မောင်ဖြူပြောစွာ မဟောက်လား (ထောက်ခံသည့် သဘောပါ) (အရပ်)
English:
agree
Grammar Note:
ကြိယာ
ဟွှတ်ကေပါ
[hW̯aʔkèpà]
Arakanese:
ကိုယ့်ထက် အသက်၊ ဂုဏ်ကြီးသူရို့၏ စကားကို ကြားနာရာမာ ဝန်ခံနာ ယူသောအနိန်နန့် ယိုင်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသော စကား။ ဇော်နိုင်-စျီးကို လားလီနှန်း၊ ဟွှတ်ကေပါ (အရပ်)
Burmese:
မိမိထက် အသက်၊ ဂုဏ်ကြီးသူတို့၏ စကားကို ကြားနာရာ၌ ဝန်ခံနာ ယူသော အားဖြင့် ယဉ်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသော စကား။ ဇော်နိုင်-စျီးကို လားလီနှန်း၊ ဟွှတ်ကေပါ (အရပ်)
English:
decorum
Grammar Note:
နာမ်
ဟွှန်
[hW̯àɴ]
Arakanese:
ပြည့်စွာထက် ပိုလွန်သော။ အရွီအတွက်ထက် များစွာ ပိုကဲသော။ ဝက်သား တပုံ၊ ငါးတပုံဖြင့်၊ ပြည့်စုံသုခ၊ မကန်ဟွှန်ယောင်၊ စံစားကတ်ကေ (ဦးရာဇ်မိုင်း)
Burmese:
ပြည့်သည်ထက် ပိုလွန်သော။ အရေအတွက်ထက် များစွာ ပိုကဲသော။ ဝက်သား တစ်ပုံ၊ ငါးတစ်ပုံဖြင့်၊ ပြည့်စုံသုခ၊ မကန်ဟွှန်ယောင်၊ စံစားကြကေ (ဦးရာဇ်မိုင်း)
English:
excessive
Grammar Note:
နာမဝိသေသန
ဟွှန်၂
[hW̯àɴ၂]
Arakanese:
အသက်ထွက်လုတမျှ ထိတ်လန့် စိုးရိမ်ကြီးစွာဖြင့် သတိလစ်ပိုင် ဖြစ်လှားရေ။ မောင်သာဖြူ အသည်းတပြင်း ကြားလို့ ငါကလေ့ ဟွှန် ပြီးကေ တခုလည်း မကိုင်တတ် ဖြစ်လှားခရေ (အရပ်)
Burmese:
အသက်ထွက်လုတမျှ ထိတ်လန့် စိုးရိမ်ကြီးစွာဖြင့် သတိလစ်သကဲ့သို့ ဖြစ်သွားသည်။ မောင်သာဖြူ အသည်းအသန် ကြားလို့ ငါကလည်း ဟွှန် ပြီးကေ တစ်ခုလည်း မကိုင်တတ် ဖြစ်လားခရေ (အရပ်)
English:
slip one’s mind
Grammar Note:
ကြိယာ
ဟွှန်တက်
[hW̯àɴtɛʔ]
Arakanese:
ရည်မှန်း သတ်မှတ်ထားရီထက် များရေ။ ပိုလျှံသော
Burmese:
ရည်မှန်း သတ်မှတ်ထားသည်ထက် များပြားသော။ ပိုလျှံသော
English:
superfluous
Grammar Note:
နာမဝိသေသန
ဟွှရာ
[hW̯ɹà]
Arakanese:
ကိုယ့်ထက် အသက် ဂုဏ်ကြီးသူရို့၏ စကားကို ကြားနာရာမာ ဝန်ခံနာယူသောအနိန်နန့် ယိုင်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသောစကား။ လွှရာဟု ဝန်ခံ ပြောဆိုရေ စကား (အရပ်)
Burmese:
မိမိထက် အသက် ဂုဏ်ကြီးသူတို့၏ စကားကို ကြားနာရာ၌ ဝန်ခံနာယူသော အားဖြင့် ယဉ်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသောစကား။ လွှရာဟု ဝန်ခံ ပြောဆိုသော စကား (အရပ်)
English:
yes sir
Grammar Note:
နာမ်
ဟွှား
[hW̯á]
Arakanese:
အမွီးအမှင်များ ပွဆောင်းထသည်
Burmese:
အမွေးအမှင်များ ပွဆောင်းထသည်
English:
bristle
Grammar Note:
ကြိယာ
ဟွှားဟွှား
[hW̯áhW̯á]
Arakanese:
အမွီးအမှင်များ စရေ ပွရောင်း၍ ကားပြန့်နိန်ရေ။ ရင်မွီး ဟွှားဟွှား၊ လက်သာဆိုကေ၊ ထိုကုလားမာ (ထာနု)
Burmese:
အမွေးအမှင်များ စသည့် ပွရောင်း၍ ကားပြန့်နေသော။ ရင်မွီး ဟွှားဟွှား၊ လက်သာဆိုကေ၊ ထိုကုလားမှာ (ထာနု)
English:
bristle
Grammar Note:
နာမဝိသေသန
ဟွှိုင့်
[hW̯a̰ɪɴ]
Arakanese:
တစုံတဦ ခေါ်သံကို တုံ့ပြန်ထူးသံ။ (အများအနိန်နန့် ရွယ်တူ တနည်း ငယ်ရွယ်သူ၊ တနည်း မမာ့ အချင်းချင်းရို့ ခေါ်သံကိုရာ ထူးလေ့ ဟိရေ။) ယေးချေဟု ခေါ်ကေ ဟွှိုင်ဟု ထူးသည် (အရပ်)။ ၂၊ အံ့အားသင့်ရေအခါ မြွက်ဆိုသံ။ ဟွှိုင့် မင်းလောင်ဘော်ပေါက်တေဆို ဟောက်လာ (အရပ
Burmese:
တစ်စုံတစ်ဦ ခေါ်သံကို တုံ့ပြန်ထူးသံ။ (အများအားဖြင့် ရွယ်တူ သို့မဟုတ် ငယ်ရွယ်သူ၊ သို့မဟုတ် မိန်းမ အချင်းချင်းတို့ ခေါ်သံကိုသာ ထူးလေ့ ရှိသည်။) ယေးချေဟု ခေါ်လျှင် ဟွှိုင်ဟု ထူးသည် (အရပ်)။ ၂၊ အံ့အားသင့်သည့်အခါ မြွက်ဆိုသံ။ ဟွှိုင့် မင်းထီပေါက်တေဆို ဟောက်လာ (အရပ
English:
reply
Grammar Note:
အာလုပ်
ဟွှိုင့်၂
[hW̯a̰ɪɴ၂]
Arakanese:
ပင်ပန်း နွမ်းရိခြင်း အိပ်ချင်ခြင်းရို့ကြောင့် အလိုအလျောက် ပစဟကာ ဟွှိုင့်ဟု အသံထွက်ကာ ပြင်းစွာ လေဟိုက်သည်
Burmese:
ပင်ပန်း နွမ်းနယ်ခြင်း အိပ်ချင်ခြင်းတို့ကြောင့် အလိုအလျောက် ပါးစပ်ဟကာ ဟွှိုင့်ဟု အသံထွက်ကာ ပြင်းစွာ လေရှိုက်သည်
English:
gasp
Grammar Note:
ကြိယာ