Dictionary Entries
Showing 41–60 of 475 words
ဟ
ဟင်းချော
[hɪ́ɴɕɔ́]
Arakanese:
ကြိုး၊ အိတ်၊ ဖျင်ကြမ်း လုပ်ရရေ လျှော်ထွက်ရေ အပင်တမျိုး
Burmese:
ကြိုး၊ အိတ်၊ ဖျင်ကြမ်း လုပ်ရသော လျှော်ထွက်သည့် အပင်တစ်မျိုး
English:
jute
Grammar Note:
နာမ်
ဟင်းချောအိတ်
[hɪ́ɴɕɔ́ʔeɪʔ]
Arakanese:
ဂုန်နီပင်က ဖြစ်ရေ လျှော်။ ဂုန်နီလျှော်ဖြင့် ရက်လုပ်သော အိတ်ကြီး
Burmese:
ဂုန်နီပင်က ဖြစ်သော လျှော်။ ဂုန်နီလျှော်ဖြင့် ရက်လုပ်သော အိတ်ကြီး
English:
gunny bag
Grammar Note:
နာမ်
ဟင်းခွက်
[hɪ́ɴkʰwɛʔ]
Arakanese:
ဟင်းနန့် တကွသော ပန်းကန်။ ၂၊ ဟင်းထည့်လိဟိရေ ပန်းကန်။ ၃၊ ဟင်းထည့်သော ဟင်းဇား
Burmese:
ဟင်းနှင့် တကွသော ပန်းကန်။ ၂၊ ဟင်းထည့်လေ့ရှိသော ပန်းကန်။ ၃၊ ဟင်းထည့်သော ပန်းကန်လုံး
English:
deep plate/dish
Grammar Note:
နာမ်
ဟင်းဂလာ
[hɪ́ɴɡlà]
Arakanese:
ခါးသော အရသာဟိရေ မြေဝပ်ပင်ငယ် တမျိုး
Burmese:
ခါးသော အရသာရှိသည့် မြေဝပ်ပင်ငယ် တစ်မျိုး
English:
Cleome viscosa
Grammar Note:
နာမ်
ဟင်းစား
[hɪ́ɴsá]
Arakanese:
ဟင်းထည့်သော ဟင်းဇား။ ၂၊ ဟင်းချက် စားသောက်ရရေ အသားငါး အစဟိစွာ
Burmese:
ဟင်းထည့်သော ပန်းကန်လုံး။ ၂၊ ဟင်းချက် စားသောက်ရသော အသားငါး စသည်
English:
meat or fish for pot
Grammar Note:
နာမ်
ဟင်းစားကွဲ
[hɪ́ɴsákwɛ]
Arakanese:
ကိုယ်မွှီး နက်၍ အတောင်မာ စိကေချေ အဖြူပါယား ရင်မွေး ဖွေးဖြူသော ငှက်ငယ်တမျိုး။ ၂၊ အဖြူ၊ ပန်းရောင် အဖြူနန့် ပန်းရောင်ရော၍ အမြဲတမ်း ပွင့်သော ပင်နိမ့်ပန်းပင် တမျိုး
Burmese:
ကိုယ်မွှေး နက်၍ အတောင်တွင် အနည်းငယ် အဖြူပါပြီး ရင်မွေး ဖွေးဖြူသော ငှက်ငယ်တစ်မျိုး။ ၂၊ အဖြူ၊ ပန်းရောင် အဖြူနှင့် ပန်းရောင်ရော၍ အမြဲတမ်း ပွင့်သော ပင်နိမ့်ပန်းပင် တစ်မျိုး
English:
bird or plant
Grammar Note:
နာမ်
ဟင်းဆောင်
[hɪ́ɴsʰàʊɴ]
Arakanese:
ဟင်း၊ ငါး စစွာကို ပူနွေးအောင် လုပ်ရေ။ နွေးစီရေ
Burmese:
ဟင်း၊ ငါး စသည်ကို ပူနွေးအောင် လုပ်သည်။ နွေးစေသည်
English:
warm up
Grammar Note:
ကြိယာ
ဟင်းဇား
[hɪ́ɴzá]
Arakanese:
ဟင်းထည့်သော ဟင်းဇား
Burmese:
ဟင်းထည့်သော ပန်းကန်လုံး
English:
deep plate
Grammar Note:
နာမ်
ဟင်းဇားကွဲ
[hɪ́ɴzákwɛ]
Arakanese:
ဟင်းထည့်စားသော ဟင်းဇား အကွဲ၏ အစအန
Burmese:
ဟင်းထည့်စားသော ပန်းကန်လုံး အကွဲ၏ အစအန
English:
broken dish
Grammar Note:
နာမ်
ဟင်းတာ
[hɪ́ɴtà]
Arakanese:
ဒိုးကဇပ် ကစပ်ရာမာ အမှတ်အသား ထားရေ စည်းကြောင်း။
Burmese:
ဂုံညင်းထိုး ကစားရာတွင် အမှတ်အသား ထားသော စည်းကြောင်း။
English:
none
Grammar Note:
နာမ်
ဟင်းနံ့
[hɪ́ɴnံ့]
Arakanese:
ဟင်းအနံ့ အရသာထူးကဲအောင် ဖြည့်စွက် ထည့်ထားရေ အရာ။
Burmese:
ဟင်းအနံ့ အရသာထူးကဲအောင် ဖြည့်စွက် ထည့်ထားသည် အရာ။
English:
spice
Grammar Note:
နာမ်
ဟင်းပင်လေ
[hɪ́ɴpɪ̀ɴlè]
Arakanese:
ခရီး အဝီး တနီရာမှ ပင်ပန်းစွာ လာရေအခါ မျိုးမာ ထိုင်ဖို့ ပြုရေအခါ ဟင်းပင်လေ ဟု နှုတ်က ဗြုန်းခနဲ ထွက်သော စကားလုံး
Burmese:
ခရီး အဝေး တစ်နေရာမှ ပင်ပန်းစွာ လာသည့်အခါ မျိုးတွင် ထိုင်မည့် ပြုသောအခါ ဟင်းပင်လေ ဟု နှုတ်မှ ရုတ်တရက် ထွက်သော စကားလုံး
English:
gasp
Grammar Note:
အာလုပ်
ဟင်းပေါင်း
[hɪ́ɴpèàɪ́ɴ]
Arakanese:
ဟင်းအမျိုးမျိုးကို ရောကြိုထားရေ ဟင်း။
Burmese:
ဟင်းအမျိုးမျိုးကို ရောကျိုထားသော ဟင်း။
English:
hotchpotch of leftovers
Grammar Note:
နာမ်
ဟင်းဖတ်
[hɪ́ɴpʰaʔ]
Arakanese:
ဟင်းထဲမာ မညက်မကြေပဲ ဟိရေ အသား၊ အရွက် အစဟိစွာ
Burmese:
ဟင်းထဲတွင် မညက်မကြေပဲ ရှိသည့် အသား၊ အရွက် စသည်
English:
cooked pieces in curry
Grammar Note:
နာမ်
ဟင်းဖိတ်
[hɪ́ɴpʰeɪʔ]
Arakanese:
အရွက်ချိုင်ချိုင် အရွက်ကို ဟင်းချက် စားရရေ ခြုံပင်တမျိုး
Burmese:
အရွက်ချဉ်ချဉ် အရွက်ကို ဟင်းချက် စားရသော ချုံပင်တစ်မျိုး
English:
none
Grammar Note:
နာမ်
ဟင်းမျိုးစုံ
[hɪ́ɴmrósòʊɴ]
Arakanese:
ဟင်းသီး၊ ဟင်းရွက်တိနန့် သား၊ ငါးအစဟိစွာရို့ကို ရော၍ ကြိုချက် ထားရေ စားဖွယ်။
Burmese:
ဟင်းသီး၊ ဟင်းရွက်များနှင့် သား၊ ငါးစသည်တို့ကို ရော၍ ကျိုချက် ထားသော စားဖွယ်။
English:
curry
Grammar Note:
နာမ်
ဟင်းမြိုး
[hɪ́ɴmɹó]
Arakanese:
ငါးပိမှအစ သား၊ ငါးစရေ ဟူသမျှကို ခေါ်ဝေါ်သော အမည်။
Burmese:
ငါးပိမှအစ သား၊ ငါးစသည့် ဟူသမျှကို ခေါ်ဝေါ်သော အမည်။
English:
none
Grammar Note:
နာမ်
ဟင်းမြိုးမစား
[hɪ́ɴmɹómsá]
Arakanese:
သက်ဟိ သတ္တဝါ တိ၏ အသားကို မစားသောက်ပဲ
Burmese:
သက်ရှိ သတ္တဝါ များ၏ အသားကို မစားသောက်ပဲ
English:
none
Grammar Note:
ကြိယာဝိသေသန
ဟင်းမြိုးမစား၂
[hɪ́ɴmɹómsá၂]
Arakanese:
အသက်သတ် မပါရေ အစားအစာ
Burmese:
အသက်သတ် မပါသော အစားအစာ
English:
vegetarian
Grammar Note:
နာမ်
ဟင်းရည်ချို
[hɪ́ɴɹɛ̀ɕÒ]
Arakanese:
အသား၊ ငါးပိ စရေ ထည့်ပြီး အသီး၊ အရွက် တစုံတရာကို ခတ်၍ ချက်ထားရေ ဟင်းရည်
Burmese:
အသား၊ ငါးပိ စသည့် ထည့်ပြီး အသီး၊ အရွက် တစ်စုံတရာကို ခတ်၍ ချက်ထားသော ဟင်းရည်
English:
broth
Grammar Note:
နာမ်