Dictionary Entries
Showing 61–80 of 475 words
ဟ
ဟင်းရည်သောက်
[hɪ́ɴɹɛ̀θɔ́ɛʔ]
Arakanese:
အသား၊ ငါး၊ ငါးပိ အစဟိစွာ ထည့်ပြီး အသီး၊အရွက် အစဟိစွာအနိန်နန့် ကြိုချက်၍ အရည် သောက်သုံးရရေ ဟင်းရီသောက်တမျိုး
Burmese:
အသား၊ ငါး၊ ငါးပိ စသည် ထည့်ပြီး အသီး၊အရွက် စသည်ဖြင့် ကျိုချက်၍ အရည် သောက်သုံးရသော ဟင်းချိုတစ်မျိုး
English:
bouillon
Grammar Note:
နာမ်
ဟင်းရည်သောက်ဇွန်း
[hɪ́ɴɹɛ̀θɔ́ɛʔzʊ́ɴ]
Arakanese:
ဟင်းရည်ကို ခတ်၍ သောက ရယင့်အတွက် အခွက်စောက် ဇွန်းတမျိုး
Burmese:
ဟင်းရည်ကို ခတ်၍ သောက ရသည့်အတွက် အခွက်စောက် ဇွန်းတစ်မျိုး
English:
dessertspoon
Grammar Note:
နာမ်
ဟင်းရည်သောက်ဟင်းဇား
[hɪ́ɴɹɛ̀θɔ́ɛʔhɪ́ɴzá]
Arakanese:
ဟင်းရည်သောက် ဟင်းထည့်လေ့ ဟိရေ ပန်းကန်းစောက်
Burmese:
အရည်သောက် ဟင်းထည့်လေ့ ရှိသော ပန်းကန်းစောက်
English:
dish
Grammar Note:
နာမ်
ဟင်းရည်ဟင်းဖတ်
[hɪ́ɴɹɛ̀hɪ́ɴpʰaʔ]
Arakanese:
ဟင်းရည်ထဲမာ ပါဟိရေ ညက်ကြေခြင်း မဟိရေ အသား၊ အရွက်အစဟိစွာ
Burmese:
ဟင်းရည်ထဲတွင် ပါရှိသော ညက်ကြေခြင်း မရှိသည့် အသား၊ အရွက်စသည်
English:
cooked pieces in curry
Grammar Note:
နာမ်
ဟင်းရည်ဟင်းဖတ်၂
[hɪ́ɴɹɛ̀hɪ́ɴpʰaʔ၂]
Arakanese:
(ဥပစာ) အားကုန်ခန်း၍ အလွန် ပင်ပန်းနွမ်းနွယ်ပြီး မလှုပ်မယှားနှိုင်ရေ သူကို တင်စားပနာ ပြောသော ဝန်စကား
Burmese:
(ဥပစာ) အားကုန်ခန်း၍ အလွန် ပင်ပန်းနွမ်းနွယ်ပြီး မလှုပ်မရှား နိုင်သော သူကို တင်စား၍ ပြောသော ပစ္စည်းစကား
English:
none
Grammar Note:
ပစ္စည်း
ဟင်းရာ
[hɪ́ɴɹà]
Arakanese:
အနားပတ် ပါရေ အများအနိန်နန့် ဝိုင်းသော သတ္တုပြား။
Burmese:
အနားပတ် ပါသော အများအားဖြင့် ဝိုင်းသော သတ္တုပြား။
English:
none
Grammar Note:
နာမ်
ဟင်းရာဝ
[hɪ́ɴɹàw]
Arakanese:
ရှေး ရခိုင်ဘုရင်မင်းရို့ ပိုင်စိုး အုပ်ချုပ်ခရေ စစ်တကောင်းမြို့အဝင်၊ ကံသာ ချောင်းကို ခေါ်သော ရှေးက အမည်
Burmese:
ရှေး ရခိုင်ဘုရင်မင်းတို့ ပိုင်စိုး အုပ်ချုပ်ခဲ့သော စစ်တကောင်းမြို့အဝင်၊ ကံသာ ချောင်းကို ခေါ်သော ရှေးက အမည်
English:
name of arakan river
Grammar Note:
နာမ်
ဟင်းရောစပ်
[hɪ́ɴɹɔ́saʔ]
Arakanese:
ဟင်း တမျိုးနန့် တမျိုး အတွဲအဖက်
Burmese:
ဟင်း တစ်မျိုးနှင့် တစ်မျိုး အတွဲအဖက်
English:
side dish
Grammar Note:
နာမ်
ဟင်းရွက်ဟင်းရည်
[hɪ́ɴɹwɛʔhɪ́ɴɹɛ̀]
Arakanese:
ညှိုးနွမ်းညံ့ သက်မွီးမိခင်လေ၊ ရင်ခွင်ထက်၌၊ ဟင်းရွက်ဟင်းရည်၊ သားသူငယ်ကို မြင်လီသောခါ (ကော်)
Burmese:
ညှိုးနွမ်းညံ့ သက်မွေးမိခင်လေ၊ ရင်ခွင်ထက်၌၊ ဟင်းရွက်ဟင်းရည်၊ သားသူငယ်ကို မြင်လေသောခါ (ကော်)
English:
weakness
Grammar Note:
နာမဝိသေသန
ဟင်းလင်း
[hɪ́ɴlɪ́ɴ]
Arakanese:
အတားအဆီး မဟိရေ ဝန်းကျင်၊ အာကာသ အာကာပြင်
Burmese:
အတားအဆီး မရှိသော ဝန်းကျင်၊ အာကာသ ကောင်းကင်ပြင်
English:
space
Grammar Note:
ကြိယာဝိသေသန
ဟင်းလင်းကန်
[hɪ́ɴlɪ́ɴkàɴ]
Arakanese:
တောင် သစ်မာ တမျိုး။ ၂၊ ဟင်းချက် စားရရေ ပင်နိမ့် တမျိုး
Burmese:
တောင် သစ်မာ တစ်မျိုး။ ၂၊ ဟင်းချက် စားရသော ပင်နိမ့် တစ်မျိုး
English:
cedar
Grammar Note:
နာမ်
ဟင်းလင်းပြင်
[hɪ́ɴlɪ́ɴpɹɪ̀ɴ]
Arakanese:
အတားအဆီး မဟိရေ ဝန်းကျင်၊ အာကာသ အာကာပြင်
Burmese:
အတားအဆီး မရှိသော ဝန်းကျင်၊ အာကာသ ကောင်းကင်ပြင်
English:
space
Grammar Note:
နာမ်
ဟင်းလင်းလင်း
[hɪ́ɴlɪ́ɴlɪ́ɴ]
Arakanese:
အတားအဆီး မဟိရေ ဝန်းကျင်၊ အာကာသ အာကာပြင်
Burmese:
အတားအဆီး မရှိသော ဝန်းကျင်၊ အာကာသ ကောင်းကင်ပြင်
English:
space
Grammar Note:
နာမ်
ဟင်းလင်းဟာလာ
[hɪ́ɴlɪ́ɴhàlà]
Arakanese:
အတားအဆီး အကာအကွယ် ဝတ္တု၊ ဝန် လုံးဝမဟိရေ ဝန်းကျင်။
Burmese:
အတားအဆီး အကာအကွယ် ဝတ္တု၊ ပစ္စည်း လုံးဝကင်းမဲ့သော ဝန်းကျင်။
English:
void
Grammar Note:
နာမ်
ဟင်းလယာ
[hɪ́ɴljà]
Arakanese:
ဟင်းအဖြစ် ချက်ပြုတ် စားသောက်ဖို့ အသား၊ ငါး အစဟိရေအရာ
Burmese:
ဟင်းအဖြစ် ချက်ပြုတ် စားသောက်ရန် အသား၊ ငါး စသောအရာ
English:
meat or fish for cooking
Grammar Note:
နာမ်
ဟင်းလှော်
[hɪ́ɴɬɔ̀]
Arakanese:
ဟင်းစား ရရေ အရွက်ကို အရည် ခန်းခြောက်အောင် ချက်ထားရေ ဟင်းတမျိုး
Burmese:
ဟင်းစား ရသော အရွက်ကို အရည် ခန်းခြောက်အောင် ချက်ထားသော ဟင်းတစ်မျိုး
English:
vegetables soup
Grammar Note:
နာမ်
ဟင်းသာငှက်
[hɪ́ɴθàŋ̊ɛʔ]
Arakanese:
ရီအိုင်နားမာ လျောက်စား နီတတ်ရေ ဝမ်းဘဲငှက် အမျိုးဝင်
Burmese:
ရေအိုင်နားတွင် လျောက်စား နေတတ်သော ဝမ်းဘဲငှက် အမျိုးဝင်
English:
shelduck
Grammar Note:
နာမ်
ဟင်းသာပြဒါး
[hɪ́ɴθàpɹdàး]
Arakanese:
မြေထွက် သယံဇာတတမျိုးမှ ထုတ်လုပ်ရရေ နီသော အမှုန့် တမျိုး
Burmese:
မြေထွက် သယံဇာတတစ်မျိုးမှ ထုတ်လုပ်ရသော နီသော အမှုန့် တစ်မျိုး
English:
vermilion
Grammar Note:
နာမ်
ဟင်းသီးစုံချဉ်ရည်သောက်
[hɪ́ɴθïsòʊɴɕɪ̀ɴɹɛ̀θɔ́ɛʔ]
Arakanese:
အသီးအရွက်မျိုးစုံကို ရော၍ ချိုင်ဟင်းအဖြစ် ချက်ထားရေ ဟင်း
Burmese:
အသီးအရွက်မျိုးစုံကို ရော၍ ချဉ်ဟင်းအဖြစ် ချက်ထားသော ဟင်း
English:
sour vegetable soup
Grammar Note:
နာမ်
ဟင်းသီးဟင်းရွက်
[hɪ́ɴθïhɪ́ɴɹwɛʔ]
Arakanese:
အသီးအရွက်၊ အညွန့်၊ အပွင့်၊ အမြစ်၊ အဖု အစဟိစွာ
Burmese:
အသီးအရွက်၊ အညွန့်၊ အပွင့်၊ အမြစ်၊ အဖု စသည်
English:
green vegetables
Grammar Note:
နာမ်