Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 475 words

    ဟ

    ဟင်းသျှိုး

    [hɪ́ɴʃó]
    ဂုန်နီပင်
    ဂုန်နီပင်
    jute
    နာမ်

    ဟင်းသျှိုးဟင်းလျာ

    [hɪ́ɴʃóhɪ́ɴlrà]
    အသားအရီ ကြုံလှီ၍ အားအင် နည်းပါးဗျာယ် တက်ကြွ လှုပ်ရှားခြင်း မပြုနှိုင်ရေ။
    အသားအရေ ကြုံလှီ၍ အားအင် နည်းပါးလျက် တက်ကြွ လှုပ်ရှားခြင်း မပြုနိုင်သော။
    worn-out
    နာမဝိသေသန

    ဟင်းဟင်း

    [hɪ́ɴhɪ́ɴ]
    ဝမ်းမား၌ အစာသစ် ပြတ်လတ်၍ ဟင်းလင်းဟိရေ။ ဆာမွတ်ရေ။
    ဝမ်းတွင်း၌ အစာသစ် ပြတ်လတ်၍ ဟင်းလင်းရှိသည်။ ဆာမွတ်သည်။
    hungry
    ကြိယာ

    ဟင်းဟင်း၂

    [hɪ́ɴhɪ́ɴ၂]
    အတားအဆီး အကာအကွယ် ဝတ္တု ဝန် လုံးဝ မဟိရေ ဝန်းကျင်။
    အတားအဆီး အကာအကွယ် ဝတ္တု ပစ္စည်း လုံးဝ ကင်းမဲ့သော ဝန်းကျင်။
    void
    နာမ်

    ဟင်အင့်

    [hɪ̀ɴʔɪ̰ɴ]
    လန့်ဆန်သော သဘောကို ဖော်ပြသော မြည်တမ်းသံ ဟင်အင့်-အကျွန် မလားပါ (အရပ်)
    ငြင်းဆန်သော သဘောကို ဖော်ပြသော မြည်တမ်းသံ ဟင်အင့်-အကျွန် မလားပါ (အရပ်)
    nope
    အာလုပ်

    ဟင်အင့်ကာ

    [hɪ̀ɴʔɪ̰ɴkà]
    မသိ၊ မမြင်၊ မကြားစဉ် ဖြေကြားရန် ရို့အတွက် အတိုအကျိုင်း တုံ့ ပြန်သော စကား။ မောင်စိန်ဖြူကို မြင်လိုက်လာ ဟင်အင့်ကာ (အရပ်)
    မသိ၊ မမြင်၊ မကြားစဉ် ဖြေကြားရန် တို့အတွက် အတိုအကျဉ်း တုံ့ ပြန်သော စကား။ မောင်စိန်ဖြူကို မြင်လိုက်လာ ဟင်အင့်ကာ (အရပ်)
    nope
    အာလုပ်

    ဟင်းဦး

    [hɪ́ɴʔú]
    ဟိုတဖဲ့ချေ ဒီတဖဲ့ချေ ဟင်း အမျိုးအမည် တိစွာ၏ အဖြစ်။
    ဟိုနည်းနည်း ဒီနည်းနည်း ဟင်း အမျိုးအမည် များသည်၏ အဖြစ်။
    curry
    နာမ်

    ဟစရီရပ်

    [hsɹíɹaʔ]
    ခြေချုပ်မိသော သူရို့ပိုင် သတ်မှတ် ထားရေအတိုင်း တရက်မာ တခေါက်သော် ပင်ဖြစ်ဖြစ် တနည်း တပတ်မာ တခေါက် လခွဲမာ တခေါက်သော် ပင်ဖြစ်ဖြစ် စရေ ဌာနဆိုင်ရာသို့ လားပနာ အသိအမှတ်ပြုပနာ ပြရရေ။ ဇာလဲဝေး အေချင့်မာ ဟာစရီရပ် ရပ်နီရေကာ (အရပ်)
    ခြေချုပ်မိသော သူတို့ကဲ့သို့ သတ်မှတ် ထားသည့်အတိုင်း တစ်နေ့တွင် တစ်ကြိမ်သော် လည်းကောင်း သို့မဟုတ် တစ်ပတ်တွင် တစ်ကြိမ် လခွဲတွင် တစ်ကြိမ်သော် လည်းကောင်း စသည့် ဌာနဆိုင်ရာသို့ သွား၍ အသိအမှတ်ပြု၍ ပြရသည်။ ဇာလဲဝေး အေချင့်မှာ ဟာစရီရပ် ရပ်နီရေကာ (အရပ်)
    none
    ကြိယာ

    ဟစူး

    [hsùး]
    မစဉ်းမစား၊ မထိန်းမသိမ်း မဆင်မခြင်
    မစဉ်းမစား၊ မထိန်းမသိမ်း မဆင်မခြင်
    unthinkingly
    ကြိယာဝိသေသန

    ဟစူးထိုး

    [hsùးtʰó]
    မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မဟိဘဲ
    မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မရှိပဲ
    unthinkingly
    ကြိယာဝိသေသန

    ဟစ်ကြီးငင်

    [hɪʔt͡ɕïŋɪ̀ɴ]
    အားစိုက်ပနာ ကျကျယ်လောင်လောင် အော်ရေ
    အားစိုက်၍ ကျယ်လောင်စွာ အော်သည်
    yell
    ကြိယာ

    ဟစ်ကြော်

    [hɪʔt͡ɕɔ̀]
    အသံ ကျကျယ်လောင်လောင် အော်ရေ။ ၂၊ ကြွီးကြော်ရေ။ ကြေငြာသည်
    အသံ ကျယ်လောင်စွာ အော်သည်။ ၂၊ ကြွေးကြော်သည်။ ကြေငြာသည်
    proclaim
    ကြိယာ

    ဟစ်ရုံပြည်

    [hɪʔɹòʊɴpɹɛ]
    ရှေးက မြုံရို့၊ အရိုင်းရို့ နီထိုင်ခသော နီရာ။
    ရှေးက မြုံတို့၊ အရိုင်းတို့ နေထိုင်ခဲ့သော နေရာ။
    none
    နာမ်

    ဟစ်သျှိုး

    [hɪʔʃó]
    ချေဆတ်ရာမာ အော်သံ
    ချေဆတ်ရာတွင် မြည်သံ
    none
    နာမ်

    ဟစ်အော်

    [hɪʔʔɔ̀]
    အသံ ကျကျယ်လောင်လောင် အော်ရေ။ ကြွီးကြော်သည်
    အသံ ကျယ်လောင်စွာ အော်သည်။ ကြွေးကြော်သည်
    shout
    ကြိယာ

    ဟဆွဲ

    [hsʰwɛ]
    ဝဂ်အက္ခရာ အဆုံး င၊ ည၊ ဏ၊ န၊ မနန့် အဝဂ်အက္ခရာ ယ၊ ရ၊ လ၊ ဝရို့မာ နှာတံပိုပြီးကေ ပေါ်လွင်စီရန် တွဲစပ်၍ ရီးသော ဟ အက္ခရာ။ (အရင်းခံ ဟအသွင်မှ j သဏ္ဌာန်သို့ ပြောင်းပြီးကေ အခြီခံ ဗျည်းအောက်မှ ဆွဲရေ
    ဝဂ်အက္ခရာ အဆုံး င၊ ည၊ ဏ၊ န၊ မနှင့် အဝဂ်အက္ခရာ ယ၊ ရ၊ လ၊ ဝတို့တွင် နှာတံပို၍ ပေါ်လွင်စေရန် တွဲစပ်၍ ရေးသော ဟ အက္ခရာ။ (အရင်းခံ ဟအသွင်မှ j သဏ္ဌာန်သို့ ပြောင်း၍ အခြေခံ ဗျည်းအောက်မှ ဆွဲသည်
    the letter subscripted to some Consonants - [ Arakan. orth. ] symbol for subscripted ဟ to indicate aspiration ( -ှ)
    နာမ်

    ဟည်း

    [hɛ́]
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် နွမ်းရိခြင်း ဖြစ်တေ။ ပင်ပန်းမှုကြောင့် ထွက်သက် ဝင်သက် အသံမြည်ရေ။ အသက်ကြီးငင်ပျာ၊ ပင်ပန်းဟည်းလို့၊ နီခတုံပြန် (ဒွေး)။ ကျွဲဟည်း အံ့ပြည်ရွာ ဝပြော စည်ပင်ရာ၏ (ပါရာ)
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် နွမ်းနယ်ခြင်း ဖြစ်သည်။ ပင်ပန်းမှုကြောင့် ထွက်သက် ဝင်သက် အသံမြည်သည်။ အသက်ကြီးငင်ပျာ၊ ပင်ပန်းဟည်းလို့၊ နေခဲ့တုံပြန် (ဒွေး)။ ကျွဲဟည်း အံ့ပြည်ရွာ ဝပြော စည်ပင်ရာ၏ (ပါရာ)
    (of earthquake ) rumble - roar [as in မြေကြီး~-] - (of စည် ) reverberate
    ကြိယာ

    ဟည်းတိုက်

    [hɛ́taɪʔ]
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် ခံမားမှ လီရှု။ လေဟိုက်မှု ကြောင့် မြည်သောအသံ
    ကိုယ်စိတ် လှုပ်ရှား အားထုတ်မှုကြောင့် ခံတွင်းမှ လေရှု။ လေရှိုက်မှု ကြောင့် မြည်သောအသံ
    (of boatmen ) sing in unison as they row for timing and self encouragement See also ယီးတိုက်
    နာမ်

    ဟည်းဟည်းပင်ပင်

    [hɛ́hɛ́pɪ̀ɴpɪ̀ɴ]
    ဝင်သက် ရှည်ကြာစွာ ပြင်းစွာ လေရှူဟိုက်ဗျာယ်။ (ပါလတ်တေ) အဘောင်သျှင် ဟည်းဟည်းပင်ပင် ဇာဖို့ လမ်းလျောက်လို့ လာရေလဲ (အရပ်)
    ဝင်သက် ရှည်ကြာစွာ ပြင်းစွာ လေရှူရှိုက်လျက်။ (လာခဲ့သည်) အဘောင်သျှင် ဟည်းဟည်းပင်ပင် ဇာဖို့ လမ်းလျောက်လို့ လာရေလဲ (အရပ်)
    gasp
    ကြိယာဝိသေသန

    ဟည်းဟည်းပန်းပန်း

    [hɛ́hɛ́páɴpáɴ]
    ဝင်သက် ရှည်ကြာစွာ ပြင်းစွာ လေရှူဟိုက်ဗျာယ်။ (ပါလတ်တေ) အဘောင်သျှင် ဟည်းဟည်းပင်ပင် ဇာဖို့ လမ်းလျောက်လို့ လာရေလဲ (အရပ်)
    ဝင်သက် ရှည်ကြာစွာ ပြင်းစွာ လေရှူရှိုက်လျက်။ (လာခဲ့သည်) အဘောင်သျှင် ဟည်းဟည်းပင်ပင် ဇာဖို့ လမ်းလျောက်လို့ လာရေလဲ (အရပ်)
    gasp
    ကြိယာဝိသေသန