Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 475 words

    ဟ

    ဟတ

    [ht]
    ပွင့်လပ်နိန်ရေ။ မစိသော
    ပွင့်လပ်နေသော။ မစေ့သော
    open
    နာမဝိသေသန

    ဟတတ

    [htt]
    ပွင့်လပ်နိန်ရေ။ မစိသော
    ပွင့်လပ်နေသော။ မစေ့သော
    open
    နာမဝိသေသန

    ဟတိုင်းချီချ

    [htáɪɴɕíɕ]
    တဦးနန့် တဦး စိတ်လိုက် မာန်ပါကေ့ အပြန်အလှန် ပြောဆိုရေ ဒေါသ ကင်းရေ စကားစု
    တစ်ဦးနှင့် တစ်ဦး စိတ်လိုက် မာန်ပါနှင့် အပြန်အလှန် ပြောဆိုသော ဒေါသ ကင်းသည့် စကားစု
    none
    နာမ်

    ဟတိုင်းချီချ၂

    [htáɪɴɕíɕ၂]
    ပြောတိုင်းပြောတိုင်း (အကောင်း တနည်း အဆိုး အစဟိစွာ ပြောဆိုရေ။) မင်း ဟတိုင်းချီချ ‘လ’ နန့်ကျဉ်း စကား ပြောရေ (အရပ်)
    ပြောတိုင်းပြောတိုင်း (အကောင်း သို့မဟုတ် အဆိုး စသည် ပြောဆိုသည်။) မင်း ဟတိုင်းချီချ ‘လ’ နန့်ကျဉ်း စကား ပြောရေ (အရပ်)
    talk about bad or good news
    ကြိယာဝိသေသန

    ဟတီဟတ

    [htíht]
    အသိဉာဏ် ထုံထိုင်ပနာ သွက်လက် ချက်ချာခြင်းမဟိသူ
    အသိဉာဏ် ထုံထိုင်၍ သွက်လက် ချက်ချာခြင်းမရှိသူ
    lethargic man
    နာမ်

    ဟတ်

    [haʔ]
    တဆင့် ပြန်ပနာ တင်ပြ ပြောဆိုရေ စကား၏ အဆုံးမာ သုံးလိဟိရေ စကားလုံး။ ဘုရားသျှင်သည် အနောက် မဇ္စျိမာ ဒေသမှ ရခိုင်ပြည်သို့ ကြွလှာတော် မူပါရေ ဟတ်….
    တစ်ဆင့် ပြန်လည် တင်ပြ ပြောဆိုသော စကား၏ အဆုံးတွင် သုံးလေ့ရှိသော စကားလုံး။ ဘုရားသျှင်သည် အနောက် မဇ္စျိမာ ဒေသမှ ရခိုင်ပြည်သို့ ကြွလာတော် မူပါရေ ဟတ်….
    none
    ဝိသေသန

    ဟတ်သျှိုး

    [haʔʃó]
    ချေဆတ်ရာမာ အော်သံ
    ချေဆတ်ရာတွင် မြည်သံ
    none
    နာမ်

    ဟတ်ဟတ်ကျွီး

    [haʔhaʔt͡ɕwï]
    စူးရှသော အသံဖြင့် အားစိုက်ပနာ ကျကျယ်လောင်လောင် အော်ရေ
    စူးရှသော အသံဖြင့် အားစိုက်၍ ကျယ်လောင်စွာ အော်သည်
    yell something(out)
    ကြိယာ

    ဟထိုး

    [htʰó]
    ဝဂ်အက္ခရာ အဆုံး င၊ ည၊ ဏ၊ န၊ မနန့် အဝဂ် အက္ခရာ ယ၊ ရ၊ လ၊ ဝရို့မာ နှာတံပိုပြီးကေ ပေါ်လွင်စီရန် တွဲစပ်၍ ရီးသော ဟ အက္ခရာ။ (အရင်းခံ ဟအသွင်မှ j သဏ္ဌာန်သို့ ပြောင်းပြီးကေ အခြီခံ ဗျည်း အောက်မှ ဆွဲရေ
    ဝဂ်အက္ခရာ အဆုံး င၊ ည၊ ဏ၊ န၊ မနှင့် အဝဂ် အက္ခရာ ယ၊ ရ၊ လ၊ ဝတို့တွင် နှာတံပို၍ ပေါ်လွင်စေရန် တွဲစပ်၍ ရေးသော ဟ အက္ခရာ။ (အရင်းခံ ဟအသွင်မှ j သဏ္ဌာန်သို့ ပြောင်း၍ အခြေခံ ဗျည်း အောက်မှ ဆွဲသည်
    [ Arakan. orth. ] symbol for subscripted ဟ to indicate aspiration ( -ှ)
    နာမ်

    ဟန်

    [hàɴ]
    ရုပ် လက္ခဏာ အသွင်အပြင်။ ၂၊ အမူအရာ။ ၃၊ လုပ်ကိုင် ဆောင်ရွက်ပုံ
    ရုပ် လက္ခဏာ အသွင်အပြင်။ ၂၊ အမူအရာ။ ၃၊ လုပ်ကိုင် ဆောင်ရွက်ပုံ
    gesture [as in ခြေ~ လက် ~] - pose - posture [as in ကိုယ် ~] - style - manner [as in ရေး~] appearance [as in စိတ်ဝင်စား~] - semblance - pretense [as in မုန်း~ပြ-]
    နာမ်

    ဟန့်

    [hàɴ့]
    တယောက်ယောက်က တယောက်တလီ၏ လုပ်ကိုင် ဆောင်ရွက်ဖို့ အလုပ်ကို မလုပ်ရယောင် ဟန့်တား ဆောင်ရွက်ရေ။ ယင်းခါလေ၊ ရီးတော်ကြီးမာ၊ ဟန့်ဆီးခလို့ (ဒွေး)။ ၂၊ အခွင့်အပြုပဲ ထားရေ။ ပိတ်ပင် ကာဆီးရေ။ ရပ်တန့်စီရေ။ နောင်အခါကို၊ ငါ့ဟန့်ကလျှင်၊ နိုင်ရဖို့လေ(ယင်း)။ ကုလားပြ
    တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်၏ လုပ်ကိုင် ဆောင်ရွက်မည့် အလုပ်ကို မလုပ်ရအောင် တားဆီး ဆောင်ရွက်သည်။ ထိုအခါလေ၊ ရီးတော်ကြီးမှာ၊ ဟန့်ဆီးခဲ့လို့ (ဒွေး)။ ၂၊ အခွင့်အပြုပဲ ထားသည်။ ပိတ်ပင် ကာဆီးသည်။ ရပ်တန့်စေသည်။ နောင်အခါကို၊ ငါ့ဟန့်ကလျှင်၊ နိုင်ရဖို့လေ(၎င်း)။ ကုလားပြ
    prevent or stop someone from doing or saying something
    ကြိယာ

    ဟန်၂

    [hàɴ၂]
    တဦးတယောက်က မီးမြန်းရေအခါ အတိကျ မဟုတ်ဘဲ ယုံမား သံသယဖြင့် ဖြေဆိုရေ စကားလုံး။ မောင်ဖြူ ဘုရားဖူးဖို့ လားခရေဟန် (အရပ်)။ ၂၊ တစုံတရာ မကွဲ ပြားနား မလည်ပနာ အထက်ဆင့် မီးရေစကား။ (ရင်းနှီးသူ၊ ကိုယ့်ထက် ငယ်သူတိနန့် ပြောဆိုရာမာသာ သုံးရေ။) ဟန် ဇာပြောရေ (အရ
    တစ်ဦးတစ်ယောက်က မေးမြန်းသည့်အခါ အတိကျ မဟုတ်ပဲ ယုံမှား သံသယဖြင့် ဖြေဆိုသော စကားလုံး။ မောင်ဖြူ ဘုရားဖူးဖို့ လားခရေဟန် (အရပ်)။ ၂၊ တစ်စုံတရာ မကွဲ ပြားနား မလည်၍ ထပ်ဆင့် မေးသော စကား။ (ရင်းနှီးသူ၊ မိမိထက် ငယ်သူများနှင့် ပြောဆိုရာတွင်သာ သုံးသည်။) ဟန် ဇာပြောရေ (အရ
    I think so
    အာလုပ်

    ဟန်၃

    [hàɴ၃]
    တူညီချက်ကို နှိုင်းနိူင်းပြသော စကား။ ပိုင်လို။ နှယ်။ ရှေးကဟန်သို့၊ ပန်းမာလ်ကုံးကေ၊ ခုမဖြစ်ဟု (ဓမ္မသာ)
    တူညီချက်ကို နှိုင်းယှဉ်ပြသော စကား။ သဖွယ်လို။ နှယ်။ ရှေးကဟန်သို့၊ ပန်းမာလ်ကုံးကေ၊ ခုမဖြစ်ဟု (ဓမ္မသာ)
    like
    ပစ္စည်း

    ဟန်၄

    [hàɴ၄]
    ဝင့်ဝါ ဂုဏ်ထုတ်ရေ။ မြဒေါင် ဂေါင်းဗောင်း၊ ဖိုးသိန်းတန်၊ ဟန်နန့်မပေါင်း၊ ဘမ်းနန်းပေါင်းရေ (တေး)
    ဝင့်ဝါ ဂုဏ်ထုတ်သည်။ မြဒေါင် ဂေါင်းဗောင်း၊ ဖိုးသိန်းတန်၊ ဟန်နန့်မပေါင်း၊ ဘမ်းနန်းပေါင်းရေ (တေး)
    retain ones balance [as in မ ~ နိုင်ဗျာယ် လဲကျလားခရေ] be alI right [as in အေတစ်ခါရေ~ထားလိုက်။]
    ကြိယာ

    ဟန်က

    [hàɴk]
    ကပြသူ အများ စုပေါင်းပနာ သင့်ရာ ကကွက်တိနန့် တညီတညာ လှုပ်နွဲ့ ကပြသော အကတမျိုး
    ကပြသူ အများ စုပေါင်း၍ သင့်ရာ ကကွက်များဖြင့် တညီတညာ လှုပ်နွဲ့ ကပြသော အကတစ်မျိုး
    dance
    နာမ်

    ဟန်ကျ

    [hàɴt͡ɕ]
    ကိုယ့် ရည်ရွယ်ရေ အခြီအရဲသို့ ဆိုက်ရောက်ရေ
    မိမိ ရည်ရွယ်သည့် အခြေအနေသို့ ဆိုက်ရောက်သည်
    succeed - do well - be suitable - be fitting [as in အေတစ်ချီကေ့~ဖို့ရေ။]
    ကြိယာ

    ဟန်ကျပန်ကျ

    [hàɴt͡ɕpàɴt͡ɕ]
    နှစ်ဘက် ချိန်သားပမာဏ ညီမျှစွာ။ အချိုးတူစွာ။ ၂၊ အခြီအရဲ ကောင်းမွန်စွာ။ တင့်ရေ ထည်ဝါစွာ
    နှစ်ဘက် ချိန်သားပမာဏ ညီမျှစွာ။ အချိုးတူစွာ။ ၂၊ အခြေအနေ ကောင်းမွန်စွာ။ တင့်တယ် ထည်ဝါစွာ
    in comfortable circumstances
    ကြိယာဝိသေသန

    ဟန်ကြီးသျှင်

    [hàɴt͡ɕïʃɪ̀ɴ]
    ကိုယ့်ကိုယ်ကို အထင်ကြီးရေ။ မာနကြီးရေ
    မိမိကိုယ်ကို အထင်ကြီးသော။ မာနကြီးသော
    arrogant
    နာမဝိသေသန

    ဟန်ချိုး

    [hàɴɕó]
    အမူအရာ ကောင်းရေ။ သရုပ်ဆောင် ရာမာ အမူအရာ ပီပြင်သော
    အမူအရာ ကောင်းသော။ သရုပ်ဆောင် ရာတွင် အမူအရာ ပီပြင်သော
    clear-cut
    နာမဝိသေသန

    ဟန်ခြင်း

    [hàɴkʰɹɪ́ɴ]
    ဟန်ကရာမာ သီဆိုရေ တေးခြင်း
    ဟန်ကရာတွင် သီဆိုသော သီချင်း
    classic choral song accompanying action solo or group dances
    နာမ်