Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 475 words

    ဟ

    ဟန်စွာ့လေ

    [hàɴswa̰lè]
    ရခိုင် မင်းလက်ထက် တိုင်းခန်း လှည့်လည်ရေအခါ မြစ်၊ ချောင်း၊ ပင်လယ် ခရီးထွက် ချီရာမာ လောင်းတော်သားရို့က သီဆိုရရေ လှီတော်သံ ဂီတတမျိုး။ (ဟန်စွာလေဖြင့် အဆုံးသတ်၍ သီဆိုရခြင်းကြောင့် ဤကဗျာကို ဟန်စွာ့လေ လို့လေ့ ခေါ်ဆို ကတ်တေ။) ကကိုတမူ၊ ကကိုဟူကား၊ ကဉ္စနပဗ္တာ၊ ငွ
    ရခိုင် မင်းလက်ထက် တိုင်းခန်း လှည့်လည်သည့်အခါ မြစ်၊ ချောင်း၊ ပင်လယ် ခရီးထွက် ချီရာတွင် လှေတော်သားတို့က သီဆိုရသော လှေတော်သံ ဂီတတစ်မျိုး။ (ဟန်စွာလေဖြင့် အဆုံးသတ်၍ သီဆိုရခြင်းကြောင့် ဤကဗျာကို ဟန်စွာ့လေ ဟုလည်း ခေါ်ဆို ကြသည်။) ကကိုတမူ၊ ကကိုဟူကား၊ ကဉ္စနပဗ္တာ၊ ငွ
    boat song
    နာမ်

    ဟန်ဆင်

    [hàɴsʰɪ̀ɴ]
    ဂဇသျှတ္တရ ကျမ်းလာ ကြံဆင်လက္ခဏာနန့် ပြည့်စုံသော မင်းစီး ဆင်တမျိုး၏ အမည်။ မင်းဖလောင်းရေ …. အလှူတော် ပီးရားကေ …ဆင်ဖမ်းသဘင်ကို ကြည့်ရှုတော်မူခြင်း ….. ဆင်ကဲကြီးရေ ပေါက်မ၊ ဟိုင်း၊ ဟန် အစဟိရေ….ဆင်ရို့ကို လက်ဆောင် ဆက်သ လိုက်လီ၏ (ရခိုင်ဝင်)
    ဂဇသျှတ္တရ ကျမ်းလာ ကြံဆင်လက္ခဏာနှင့် ပြည့်စုံသော မင်းစီး ဆင်တစ်မျိုး၏ အမည်။ မင်းဖလောင်းသည် …. အလှူတော် ပေးပြီးနောက် …ဆင်ဖမ်းသဘင်ကို ကြည့်ရှုတော်မူခြင်း ….. ဆင်ကဲကြီးသည် ပေါက်မ၊ ဟိုင်း၊ ဟန် စသော….ဆင်တို့ကို လက်ဆောင် ဆက်သ လိုက်လေ၏ (ရခိုင်ဝင်)
    none
    နာမ်

    ဟန်ဆောင်

    [hàɴsʰàʊɴ]
    ပကတိအတိုင်း မဟုတ်ဘဲ တုပပြုမူသည်
    ပကတိအတိုင်း မဟုတ်ပဲ တုပပြုမူသည်
    pose - pretend [as in ချစ်~-]- fake - feign
    ကြိယာ

    ဟန်ထုတ်ပန်ထုတ်

    [hàɴtʰoʊʔpàɴtʰoʊʔ]
    မောက်မာ ဝင့်ကွားသော အမူအရာ ဆောင်ဗျာယ်။ ကြီးကျယ်အောင် အသွင်ဆောင်ဗျာယ်
    မောက်မာ ဝင့်ကွားသော အမူအရာ ဆောင်လျက်။ ကြီးကျယ်အောင် အသွင်ဆောင်လျက်
    arrogant
    ကြိယာဝိသေသန

    ဟန်နန့်ပန်နန့်

    [hàɴnàɴ့pàɴnàɴ့]
    အခြီအရဲ ကောင်းမွန်စွာ တင့်ရေ ထည်ဝါစွာ
    အခြေအနေ ကောင်းမွန်စွာ တင့်တယ် ထည်ဝါစွာ
    magnificently
    ကြိယာဝိသေသန

    ဟန်ပန်

    [hàɴpàɴ]
    ဟန်အမူအရာ။ ဟန်ပန်ကောင်းစွာ၊ ပါရဲဖ (ငစည်)
    ဟန်အမူအရာ။ ဟန်ပန်ကောင်းစွာ၊ ပါရဲဖ (ငစည်)
    style
    နာမ်

    ဟန်ပန်တကျ

    [hàɴpàɴtt͡ɕ]
    အခြီအရဲ တကျ။ တင့်ရေ ထည်ဝါစွာ
    အခြေအနေ တကျ။ တင့်တယ် ထည်ဝါစွာ
    in comfortable circumstance
    ကြိယာဝိသေသန

    ဟန်ပါ

    [hàɴpà]
    ဟန်အမူအရာ ကောင်းရေ
    ဟန်အမူအရာ ကောင်းသည်
    do something in a grand or elegant manner
    ကြိယာ

    ဟန်ပျင်

    [hàɴprɪ̀ɴ]
    တစုံတရာသို့ လားဖို့အတွက် ဖြီးလူး ဝတ်စား ဆင်ယင်ရေ။ တစုံတရာ ပြုလုပ်ဖို့အတွက် အဆင်သင့် ဖြစ်ယောင် ပြုလုပ်ရေ
    တစ်စုံတရာသို့ သွားရန်အတွက် ဖြီးလိမ်း ဝတ်စား ဆင်ယင်သည်။ တစ်စုံတရာ ပြုလုပ်ရန်အတွက် အဆင်သင့် ဖြစ်အောင် ပြုလုပ်သည်
    prepare for action
    ကြိယာ

    ဟန်ပြ

    [hàɴpɹ]
    ကိုယ့် အဆင်း သဏ္ဌာန် ထင်ရှားယောင် ပြရေ
    မိမိ အဆင်း သဏ္ဌာန် ထင်ရှားအောင် ပြသည်
    show off - display
    ကြိယာ

    ဟန်ပြ၂

    [hàɴpɹ၂]
    အပြင်ပန်းအနိန်နန့် နမူနာတင်ပနာ အကြောင်းချင်း ပြရာ ဖြစ်ရေ အရာ
    အပြင်ပန်း အားဖြင့် ဥပမာတင်၍ အကြောင်းချင်း ပြရာ ဖြစ်သော အရာ
    displayed to impress - something done
    နာမ်

    ဟန်ပြပန်ပြ

    [hàɴpɹpàɴpɹ]
    ဟိတ်ဟန် ပြသလောက်ရုံရာ ရည်ရွယ်၍ ပြုလုပ်ချက်။ ရပေါ်ဆီ အကွန်ဆောင် ဝင့်ဝါချက်။ လှည့်ဖြားချက်
    ဟိတ်ဟန် ပြသရုံမျှသာ ရည်ရွယ်၍ ပြုလုပ်ချက်။ အပေါ်ယံ ဟန်ဆောင် ဝင့်ဝါချက်။ လှည့်စားချက်
    deceive
    နာမ်

    ဟန်ရပန်ရ

    [hàɴɹpàɴɹ]
    အခြီတကျ ကောင်းမွန် တင့်ရေစွာ။ အောင်မြင် ချောမောစွာ။ စိတ်ကျီနပ် နှစ်သက်ဖွယ်ဟိရေအနိန်နန့်
    အခြေတကျ ကောင်းမွန် တင့်တယ်စွာ။ အောင်မြင် ချောမောစွာ။ စိတ်ကျေနပ် နှစ်သက်ဖွယ်ရှိသော အားဖြင့်
    properly
    ကြိယာဝိသေသန

    ဟန်ရေးပြ

    [hàɴɹépɹ]
    ကိုယ့် ပြုလုပ် ဆောင်ရွက်နှိုင်ရေ အရည်အခြင်း၊ တန်ခိုး သတ္တိ ပေါ်လွင်အောင် ပြရေ
    မိမိ ပြုလုပ် ဆောင်ရွက်နိုင်သော အရည်အချင်း၊ တန်ခိုး သတ္တိ ပေါ်လွင်အောင် ပြသည်
    show off ones prowess put on or just make a show of doing sth
    ကြိယာ

    ဟန်ရောင်

    [hàɴɹàʊɴ]
    ဟန်ပန်၏ အမူအရာ
    ဟန်ပန်၏ အမူအရာ
    style
    နာမ်

    ဟန်လိုဟန်ရ

    [hàɴlÒhàɴɹ]
    ချစ်ခင်စဖွယ် အမူအရာကို ပြသော။ တဦးနန့် တဦး မေတ္တာ သက်ဝင်ရေ အမူအရာကို ဆောင်သော။ ဖိုမခေါ်ကေ၊ လင်းပြာ ခြိုးညို၊ သံချိုချိုနန့်၊ ဟန်လိုဟန်ရ၊ ကရဝိတ်မောင်နှံ၊ တိရစ္ဆာန်ရို့၊ မြီးတန်ကောက်နန့် ပျံကြတုံဗျာယ် (ဥဒိန်သာ)
    ချစ်ခင်စဖွယ် အမူအရာကို ပြသော။ တစ်ဦးနှင့် တစ်ဦး မေတ္တာ သက်ဝင်သည့် အမူအရာကို ဆောင်သော။ ဖိုမခေါ်ကေ၊ လင်းပြာ ခြိုးညို၊ သံချိုချိုနှင့်၊ ဟန်လိုဟန်ရ၊ ကရဝိတ်မောင်နှံ၊ တိရစ္ဆာန်တို့၊ မြီးတန်ကောက်နှင့် ပျံကြတုံလျက် (ဥဒိန်သာ)
    enchanting
    နာမဝိသေသန

    ဟန်လိုဟန်ရ၂

    [hàɴlÒhàɴɹ၂]
    အခြီတကျ ကောင်းမွန် တင့်ရေစွာ။ အောင်မြင် ချောမောစွာ။ စိတ် ကျီနပ် နှစ်သက်ဖွယ်ဟိရေအနိန်နန့်
    အခြေတကျ ကောင်းမွန် တင့်တယ်စွာ။ အောင်မြင် ချောမောစွာ။ စိတ် ကျေနပ် နှစ်သက်ဖွယ်ရှိသော အားဖြင့်
    pass
    ကြိယာဝိသေသန

    ဟန်လီဟန်လွ

    [hàɴlíhàɴlw]
    အမူအရာ ကောင်းရေ။ အခြီတကျ ကောင်းမွန် တင့်ရေသော။ စိတ် ကျီနပ် နှစ်သက်ဖွယ် ဟိရေ
    အမူအရာ ကောင်းသော။ အခြေတကျ ကောင်းမွန် တင့်တယ်သော။ စိတ် ကျေနပ် နှစ်သက်ဖွယ် ရှိသော
    enchanting
    နာမဝိသေသန

    ဟန်သာ

    [hàɴθà]
    ကိုယ့်ဂုဏ်ကို ဖော်ထုတ် ဝင့်ဝါရေ။ ဝင့်ကြွားသည်
    မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါသည်။ ဝင့်ကြွားသည်
    boast
    ကြိယာ

    ဟန်သာ၂

    [hàɴθà၂]
    ဝင့်ကြွားပလွှာမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေ ကဲမြင့်ပနာ အယောင်ဆောင်မှု
    ဝင့်ကြွားပလွှာမှု။ မိမိဂုဏ်ကို ပိုမို ကဲမြင့်၍ ဟန်ဆောင်မှု
    fake
    နာမ်