Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 475 words

    ဟ

    ဟပုံးပြည့်

    [hpóʊɴpɹɛ̰]
    အမျိုးအမည် အရွီအတွက် အစဟိစွာ၊ များပြားစွာ။ ဘုရားပွဲမာ လူတီ ဟပုံးပြည့် နီယင့် (အရပ်)
    အမျိုးအမည် အရေအတွက် စသည်၊ များပြားစွာ။ ဘုရားပွဲမှာ လူတီ ဟပုံးပြည့် နီယင့် (အရပ်)
    plenty
    ကြိယာဝိသေသန

    ဟပုံးပြည့်၂

    [hpóʊɴpɹɛ̰၂]
    တခုတရီသော အပိုင်းအရာနန့် မကန်တကန် များပြားသည်
    တစ်စုံတစ်ခုသော အပိုင်းအခြားနှင့် မဆံ့အောင် များပြားသည်
    plenty
    ကြိယာ

    ဟပ်

    [haʔ]
    နံဖီးအပါး ဖြစ်တေ။ နီးသည် ချစ်သားသော မဒတ်၊ နားဟပ်ပြောကာ၊ အိပ်ရေအခါလျှင် (ဘူရိဒတ်)။ မည်သောခေါ် သျှောင်း၊ ထိုဂါမမာ အသာကပ်ကေ၊ ဟပ်ကာရောင်းလို့ (ရီလား)
    အနီးအပါး ဖြစ်သည်။ နီးသည် ချစ်သားသော မဒတ်၊ နားဟပ်ပြောကာ၊ အိပ်သောအခါလျှင် (ဘူရိဒတ်)။ မည်သောခေါ် သျှောင်း၊ ထိုဂါမမှာ အသာကပ်ကေ၊ ဟပ်ကာရောင်းလို့ (ရီလား)
    near
    ကြိယာ

    ဟပ်၂

    [haʔ၂]
    နှိမ်းရေ။ လက်ျာနားမှ ထွက်သောသွီးကိုခံ၍ ဘုရားသျှင် ပေါင်တော်၌ ဟပ်လေ၏ (ရခိုင်ကာ)။ လက်ကို ဆွဲကျင်ကေမာ လည်းဟပ်မာ ကျင်တုံငြား (ဟန်စွာ)
    လိမ်းကျံသည်။ လက်ျာနားမှ ထွက်သော သွေးကိုခံ၍ ဘုရားရှင် ပေါင်တော်၌ ဟပ်လေ၏ (ရခိုင်ကာ)။ လက်ကို ဆွဲကျင်ရင်မှာ လည်းဟပ်မှာ ကျင်တုံငြား (ဟန်စွာ)
    apply
    ကြိယာဝိသေသန

    ဟပ်ကတိ

    [haʔktì]
    မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ၊ အရပ်
    မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ၊ အရပ်
    neighborhood
    နာမ်

    ဟပ်ကတိသျှေ

    [haʔktìʃè]
    မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ၊ အရပ်
    မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ၊ အရပ်
    neighborhood
    နာမ်

    ဟပ်ခ

    [haʔkʰ]
    လာရောက် စေလိုကြောင်း သိဟိအောင် ပြုရေ။ ဖိတ်မန္တက ပြုရေ။ အမင်လေ၊ ရောက်မလေ၊ ပြန်ခါလာခါ၊ ဟပ်ပါခ (တေး)။ ဗြုချိုင်နှမ၊ စံကားတောင်ကို၊ ဟပ်ပါခ (ယင်း)။ လှသက်ဝေမာ၊ မညွတ်ညွတ်နန့်၊ ဟပ်ကာမိန့်သော် (ထာနု)
    လာရောက် စေလိုကြောင်း သိရှိအောင် ပြုသည်။ ဖိတ်မန္တက ပြုသည်။ အမေလေ၊ ရောက်မလေ၊ ပြန်ခါလာခါ၊ ဟပ်ပါခ (တေး)။ ဗြုချဉ်နှမ၊ စံကားတောင်ကို၊ ဟပ်ပါခ (၎င်း)။ လှသက်ဝေမှာ၊ မညွတ်ညွတ်နှင့်၊ ဟပ်ကာမိန့်သော် (ထာနု)
    invite
    ကြိယာ

    ဟပ်ချောင်း

    [haʔɕáʊɴ]
    ချေဆတ်ရာမာ အော်သံ
    ချေဆတ်ရာတွင် မြည်သံ
    none
    နာမ်

    ဟပ်ပတိ

    [haʔptì]
    မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ၊ အရပ်
    မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ၊ အရပ်
    neighborhood
    နာမ်

    ဟပ်ပတိသျှေ

    [haʔptìʃè]
    မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ၊ အရပ်
    မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ၊ အရပ်
    neighborhood
    နာမ်

    ဟပ်ပါခ

    [haʔpàkʰ]
    လာရောက် စေလိုကြောင်း သိဟိအောင် ပြုရေ။ ဖိတ်မန္တက ပြုရေ။ အမင်လေ၊ ရောက်မလေ၊ ပြန်ခါလာခါ၊ ဟပ်ပါခ (တေး)။ ဗြုချိုင်နှမ၊ စံကားတောင်ကို၊ ဟပ်ပါခ (ယင်း)
    လာရောက် စေလိုကြောင်း သိရှိအောင် ပြုသည်။ ဖိတ်မန္တက ပြုသည်။ အမေလေ၊ ရောက်မလေ၊ ပြန်ခါလာခါ၊ ဟပ်ပါခ (တေး)။ ဗြုချဉ်နှမ၊ စံကားတောင်ကို၊ ဟပ်ပါခ (၎င်း)
    invite
    ကြိယာ

    ဟပ်ဖူး

    [haʔpʰùး]
    စိတ်ဖောက်ပြန်သူ။ ဖားကတ်လား၊ လရူး
    စိတ်ဖောက်ပြန်သူ။ စိတ်မနှံ့သူ၊ အရူး
    fool
    နာမ်

    ဟမင်း

    [hmɪ́ɴ]
    ကောက်စပါးကို ထောင်ထု၍ ရရေ ဆန်ကို ချက်ထားရေ စားဖွယ်။ ခုနှစ်ရက် စိအောင် နတ်အိမ်မာတင် ထမင်း၊ ဟင်းထည့်ပနာဆုတောင်း (ပါရာ)
    ကောက်စပါးကို ထောင်ထု၍ ရသော ဆန်ကို ချက်ထားသော စားဖွယ်။ ခုနှစ်ရက် စေ့အောင် နတ်အိမ်တွင်တင် ထမင်း၊ ဟင်းထည့်၍ဆုတောင်း (ပါရာ)
    rice
    နာမ်

    ဟမ်

    [hàɴ]
    အံအား သင့်ရေအခါ၊ စိုးရိမ်ကြောင့်ကြမှု ဖြစ်ရေအခါ၊ ကြိုင်းးခြင်းကို ပြရေအခါ မျိုးရို့မာ သက်ပြင်းချပြီးကေ ဟမ် ဟု ဆိုမြွက်သံ
    အံအား သင့်သည့်အခါ၊ စိုးရိမ်ကြောင့်ကြမှု ဖြစ်သည့်အခါ၊ ညည်းညူးခြင်းကို ပြသောအခါ မျိုးတို့တွင် သက်ပြင်းချကာ ဟမ် ဟု ဆိုမြွက်သံ
    sigh
    အာလုပ်

    ဟမ်းပြတ်

    [háɴpɹaʔ]
    အလွှာလိုက်-အလွှာလိုက်၊ တနည်း တစိတ် တဒေသအားဖြင့် တခုတရီကို ကိုက်ဖဲ့ စားရာမာ ပင်ဖြစ်ဖြစ် ကိုယ်ခန္ဓာမာ တခုတရီသော အကြောင်းကြောင့် ပြတ်ရှရာမာ ပင်ဖြစ်ဖြစ် ဟမ်းပြတ် (တနည်း ဟမ်းပြတ်တဟမ်း) ကိုက်ဖဲ့ရေ။ ပြတ်ရှသည် အစဟိစွာအနိန်နန့် သုံးသော စကားလ
    အလွှာလိုက်-အလွှာလိုက်၊ သို့မဟုတ် တစ်စိတ် တစ်ဒေသအားဖြင့် တစ်စုံတစ်ရာကို ကိုက်ဖဲ့ စားရာတွင် လည်းကောင်း ကိုယ်ခန္ဓာတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် ပြတ်ရှရာတွင် လည်းကောင်း ဟမ်းပြတ် (သို့မဟုတ် ဟမ်းပြတ်တစ်ဟမ်း) ကိုက်ဖဲ့သည်။ ပြတ်ရှသည် စသည်ဖြင့် သုံးသော စကားလ
    succinctly
    ပစ္စည်း

    ဟမ်းဟမ်း

    [háɴháɴ]
    တယောက်ယောက်အား သိစီရန် ချောင်းဟန့်သံကို (ဟမ်းဟမ်းဟု) တမင် ပြုသည်
    တစ်စုံတစ်ဦးအား သိစေရန် ချောင်းဟန့်သံကို (ဟမ်းဟမ်းဟု) တမင် ပြုသည်
    int ahem
    ကြိယာ

    ဟယပ်

    [hjaʔ]
    ကျောင်း စရေ အဆောက်အအုံ ရို့၏ ဖီးဖက်မာ ကပ်မြှောင် မှီတွယ်၍ ဆောက်လုပ်ထားရေ အဆောင်ငယ်။ ဟယပ်သာ၊ မောင်းကာဝမာ (ဇမ်း)
    ကျောင်း စသည့် အဆောက်အအုံ တို့၏ ဘေးဘက်တွင် ကပ်မြှောင် မှီတွယ်၍ ဆောက်လုပ်ထားသော အဆောင်ငယ်။ ဟယပ်သာ၊ မောင်းကာဝမှာ (ဇမ်း)
    penthouse
    နာမ်

    ဟယား

    [hjá]
    အညစ်အကြီး ချီးကျုံးသော သူ။ ၂၊ အိမ်သာမား တူးသူ။ ရီမြီ သခင် အသျှင် မင်းမြတ်ရို့မာ ရွှီနန်းရွှီအိမ် ဆောက်လုပ်ရေ ကာလ၊ ပြည်သူရို့ထက် နောက်ကျပနာ၊ ကျန်ရစ်အတွက်နန့် မင်းက ချီးမား တူးစီပနာ ချီးမား တူးရအတွက်နန့် ဟယားဟု ခေါ်ရ လီရေ (ဇာတိဝံသ)
    အညစ်အကြေး မစင်ကျုံးသော သူ။ ၂၊ အိမ်သာတွင်း တူးသူ။ ရေမြေ သခင် အသျှင် မင်းမြတ်တို့မှာ ရွှေနန်းရွှေအိမ် ဆောက်လုပ်သည့် ကာလ၊ ပြည်သူတို့ထက် နောက်ကျ၍၊ ကျန်ရစ်သောကြောင့် မင်းက ချီးတွင်း တူးစေ၍ ချီးတွင်း တူးရသောကြောင့် ဟယားဟု ခေါ်ရ လေသည် (ဇာတိဝံသ)
    dustman
    နာမ်

    ဟယားဘယား

    [hjábʱjá]
    မြေမာ တွဲလောင်း ကျပွတ်တိုက်ဗျာယ်။ ဟယားဘယား၊ ပိုင်လားသည်၊ အငှားမောလာခံ၍ (ကုသတု)
    မြေတွင် တွဲလျား ကျပွတ်တိုက်လျက်။ ဟယားဘယား၊ အလားလားသည်၊ အငှားမောလာခံ၍ (ကုသတု)
    drag
    ကြိယာဝိသေသန

    ဟယားဟယား၂

    [hjáhjá၂]
    (နောက်ခါ) အစိုင်တစိုက် (လိုက်ဗျာယ်)၊ လူနီာက်က ဟယားဟယား လိုက်နီရေ။ (အရပ်)
    (နောက်မှ) အစဉ်တစိုက် (လိုက်လျက်)၊ လူနောက်က ဟယားဟယား လိုက်နီရေ။ (အရပ်)
    follow
    ကြိယာဝိသေသန