Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 475 words

    ဟ

    ဟယ်

    [hɛ̀]
    ကိုယ့်ဂုဏ်ကို ဖော်ထုတ် ဝင့်ကြွားရေအခါ၊ ဝမ်းသာ ဝမ်းသာနန့် အံ့အား သင့်ရေအခါ ရို့မာ စကားအစ၊ အဆုံးရို့မာ သုံးသော စကားလုံး။ ဟယ်-အာဂလူ အူကသား၊ ယောက်ျားဘသားဟယ်………
    မိမိဂုဏ်ကို ထုတ်ဖော် ဝင့်ကြွားသောအခါ၊ ဝမ်းမြောက် ဝမ်းသာနှင့် အံ့အား သင့်သောအခါ တို့တွင် စကားအစ၊ အဆုံးတို့တွင် သုံးသော စကားလုံး။ ဟယ်-အာဂလူ အူကသား၊ ယောက်ျားဘသားဟယ်………
    particle suffixed to a verb to covey a note of disapprobation [as in လားလိုက်~။ ရွှေ့~ပြောင်း~၊ လား~လာ~၊ ရိုက်~နှက်~] word used with a defiant statement [as in ~ယောကျာ်း ဘသား]
    အာလုပ်

    ဟယ်၂

    [hɛ̀၂]
    ရင်းနှီး ခင်မင်သူ အချင်းချင်း တနည်း ကိုယ့်အောက် ငယ်ရွယ်သော သူနန့် ပြောဆိုရာမာ ကြိယာအဆုံးမာ ဆက်ပြီးကေ သုံးနှုန်းသော စကားလုံး။ အေးဟယ်၊ မင်းကိုတော့ခါ သနားပါယင့် (အရပ်)။ ငိုရေအခါ အော်သံ
    ရင်းနှီး ခင်မင်သူ အချင်းချင်း သို့မဟုတ် မိမိအောက် ငယ်ရွယ်သော သူနှင့် ပြောဆိုရာတွင် ကြိယာအဆုံး၌ ဆက်၍ သုံးနှုန်းသော စကားလုံး။ အေးဟယ်၊ မင်းကိုတော့ သနားပါယင့် (အရပ်)။ ငိုသောအခါ မြည်သံ
    word used with a defiant statement [as in ~ယောကျာ်း ဘသား] a sudden emotive cry - Oh!
    ပစ္စည်း

    ဟယ်ဟယ်

    [hɛ̀hɛ̀]
    မထိတထိ ပြက်ရယ်ပြုရေ သဘောနန့် ရယ်ခြင်းမျိုး။ ဟောက်ကာဟိန်းလို့၊ မျိုးက်ခြောက်ခြောက်ပေလည်း၊ ဟယ်ဟယ်မုဆိုး၊ သင်အဂယင့်လေ၊ သိယောင်ငြိုးလည်း၊ မနှိုးပေက (ပဒုမ္မါ)
    မလေးမခန့် ပြက်ရယ်ပြုသည့် သဘောဖြင့် ရယ်ခြင်းမျိုး။ ဟောက်ကာဟိန်းလို့၊ ခြိမ်းခြောက်ပေလည်း၊ ဟယ်ဟယ်မုဆိုး၊ သင်တကယ်လေ၊ သိအောင်ငြိုးလည်း၊ မနှိုးပေက (ပဒုမ္မါ)
    mock
    နာမ်

    ဟရား

    [hɹá]
    (ရခိုင်မင်းလက်ထက်) အခိုက်အတန့် အပြစ်ဒဏ် ခံရသူ
    (ရခိုင်မင်းလက်ထက်) အခိုက်အတန့် အပြစ်ဒဏ် ခံရသူ
    person charged with a criminal offence
    နာမ်

    ဟရို့

    [hɹo̰]
    နံဖီး ဝန်းကျင်ဟိ လူအတိကို ရည်မှန်း၍ ပြောသော အာလုပ်စကား
    အနီး ဝန်းကျင်ရှိ လူအများကို ရည်မှန်း၍ ပြောသော အာလုပ်စကား
    everybody - word used at the end of a sentence denoting an appeal to the audience in general and sometimes used ironically
    ပစ္စည်း

    ဟရီ

    [hɹí]
    မြို့မားမြို့ပြင် မသန့်ချီးရေ အရာတိကို ယူပနာ ပစ်ရသူ။ ၂၊ ဘင်ကျုံး သမား။ မြို့မားမြို့ပြင် မသန့်ချီးရေ ဟူသမျှရို့ကို ယူပနာ ပစ်ရရေ ဟရီ ကုလားတထောင် (တောင်)
    မြို့တွင်းမြို့ပြင် မသန့်မစင်သည့် အရာများကို ယူ၍ ပစ်ရသူ။ ၂၊ ဘင်ကျုံး သမား။ မြို့တွင်းမြို့ပြင် မသန့်မစင်သည့် ဟူသမျှတို့ကို ယူ၍ ပစ်ရသည့် ဟရီ ကုလားတစ်ထောင် (တောင်)
    drudge - dustman
    နာမ်

    ဟရူပရူ

    [hɹùpɹù]
    အထူး ပြုပျင် ဖန်တီးရန် အားထုတ် ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လှာရေ အတိုင်း။ ဖြစ်ရုံဆီ။ ပျက်ချိပျက်ချော်။ ဟရူပရူ၊ ကျော်ဖြူမန္တရား (ရိုးရာ)
    အထူး ပြုပြင် ဖန်တီးရန် အားထုတ် ကြိုးစားမှု မပြုပဲ အလျောက်ဘာသာ ဖြစ်လာသည့် အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။ ဟရူပရူ၊ ကျော်ဖြူမန္တရား (ရိုးရာ)
    bungle
    ကြိယာဝိသေသန

    ဟရူမရူ

    [hɹùmɹù]
    အထူး ပြုပျင်ဖန်တီးရန် အားထုတ် ကြိုးစားမှုမပြုပဲ အလျောက်ဘာသာ ဖြစ်လှာရေ အတိုင်း။ ဖြစ်ရုံဆီ။ ပျက်ချိပျက်ချော်။ ဟရူပရူ၊ ကျော်ဖြူမန္တရား (ရိုးရာ)
    အထူး ပြုပြင်ဖန်တီးရန် အားထုတ် ကြိုးစားမှုမပြုပဲ အလျောက်ဘာသာ ဖြစ်လာသည့် အတိုင်း။ ဖြစ်ကာမျှ။ ကပျက်ကချော်။ ဟရူပရူ၊ ကျော်ဖြူမန္တရား (ရိုးရာ)
    bungle
    ကြိယာဝိသေသန

    ဟလတားစိုင်းသီး

    [hltásáɪɴθï]
    ပွင့်တံထက်မာ စူးသီးငယ်များ တန်း၍သီးသော အပင်
    ပွင့်တံပေါ်တွင် ဆူးသီးငယ်များ တန်း၍သီးသော အပင်
    none
    နာမ်

    ဟသျှေ

    [hʃè]
    အချေသူငယ်ကို ခေါ်သော အလုပ်စကား
    ကလေးသူငယ်ကို ခေါ်သော အလုပ်စကား
    baby
    ပစ္စည်း

    ဟသျှေရို့

    [hʃèɹo̰]
    နံဖီးဝန်းကျင်ဟိ လူအတိကို ရည်မှန်း၍ ပြောသော အာလုပ်စကား
    အနီးဝန်းကျင်ရှိ လူအများကို ရည်မှန်း၍ ပြောသော အာလုပ်စကား
    everybody
    ပစ္စည်း

    ဟဟ

    [hh]
    ပျော်ရွှင်မှုဖြင့် ပင်ဖြစ်ဖြစ်၊ ပျယ်ရယ်မှုဖြင့် ပင်ဖြစ်ဖြစ် ဟဟ-ဟာဟာ အစဟိစွာအနိန်နန့် ရယ်ရေ၏ အဖြစ်
    ပျော်ရွှင်မှုဖြင့် လည်းကောင်း၊ ပျယ်ရယ်မှုဖြင့် လည်းကောင်း ဟဟ-ဟာဟာ စသည်ဖြင့် ရယ်သည်၏ အဖြစ်
    laugh
    နာမ်

    ဟဟကွဲ

    [hhkwɛ]
    အလွန်အကျွံ ကွဲဟလာရေ။ ၂၊ ပန်းပွင့်ရို့၏ ပွင့်ချပ်ပွင့်ဖတ် ရို့စွာ ငုံရာမှ ကွဲဟ လာရေ
    အလွန်အမင်း ကွဲဟလာသည်။ ၂၊ ပန်းပွင့်တို့၏ ပွင့်ချပ်ပွင့်ဖတ် တို့သည် ငုံရာမှ ကွဲဟ လာသည်
    be split open - be cloven
    ကြိယာ

    ဟဟမ်းပဲ့

    [hháɴpé]
    တစိတ် တဒေသအားဖြင့် ပင်ဖြစ်ဖြစ်၊ ထက်ခြမ်းသော် ပင်ဖြစ်ဖြစ် ကွာစဉ် ပဲ့ထွက်သည်
    တစ်စိတ် တစ်ဒေသအားဖြင့် လည်းကောင်း၊ ထက်ခြမ်းသော် လည်းကောင်း ကွာစဉ် ပဲ့ထွက်သည်
    crack
    ကြိယာ

    ဟာ

    [hà]
    စကားပြောရာမာ ကတ္တားပုဒ်ကို ညွှန်းသော စကားလုံး။ အေအထုပ်ငါ့စွာ။ အေ-ဆွဲ ခရင်း မောင်ဖြူဟာ (အရပ်)
    စကားပြောရာတွင် ကတ္တားပုဒ်ကို ညွှန်းသော စကားလုံး။ အေအထုပ်ငါ့ဟာ။ အေ-ဆွဲ ခရင်း မောင်ဖြူဟာ (အရပ်)
    word indicating nominative case [as in မောင်ဘ~စာကြိုးစား-] word indicating the verb ending a sentence [as in စာကြိုးစား~။]
    ဝိသေသန

    ဟား

    [há]
    ရယ်မောရေ။ ၂၊ သရော် ပြောင်လောင်းာင်ရေ အနိန်နန့် ပြက်ရယ်ပြုသည်
    ရယ်မောသည်။ ၂၊ သရော် ပြောင်လှောင်သည့် အနေဖြင့် ပြက်ရယ်ပြုသည်
    [colloq.] jeer - laugh
    ကြိယာ

    ဟာ၂

    [hà၂]
    ရင်းနှီးသူ၊ ကိုယ့်အောက် နိမ့်ကျ ငယ်ရွယ်သူအား ပြောဆိုရာမာ ပြစ်တင်ရာမာ သုံးသော စကားလုံး။ မင်းကလေ့ဟာ၊ မလုပ်ကေ့ဆိုလို့ပင် (အရပ်)
    ရင်းနှီးသူ၊ မိမိအောက် နိမ့်ကျ ငယ်ရွယ်သူအား ပြောဆိုရာတွင် ပြစ်တင်ရာ၌ သုံးသော စကားလုံး။ မင်းကလည်းဟာ၊ မလုပ်ကေ့ဆိုလို့ပင် (အရပ်)
    particle suffixed to particle ပဲ to emphasize the preceding noun [as in မင်းကလည်း~၊ မလုပ်ကေ့~လို့] particle used to particle used to emphasize disapprobation [as in ထမင်းကလည်း ~မာနီရေ]
    ပစ္စည်း

    ဟား၂

    [há၂]
    ရယ်မောသော အသံ
    ရယ်မောသော အသံ
    laughter
    နာမ်

    ဟာ၃

    [hà၃]
    တယောက်ယောက် အချေသူငယ် ယောက်ျား၊ မမာ့ အစဟိစွာရို့အား ခေါ်ဝေါ်လိုရေတွက်နန့် အမည်ကို မသိရာမာ စွာကို ဟိကတပ်ပြီး ရည်ညွှန်း၍ သုံးသော စကားလုံး။ ဟာသျှေ၊ စွာကလွေ၊ ဟာယောက်ကေ၊ ဟာမမာ့ အစဟိစွာ သုံးလိဟိရေ (အရပ်)
    တစ်စုံတစ်ဦး ကလေးသူငယ် ယောက်ျား၊ မိန်းမ စသည်တို့အား ခေါ်ဝေါ်လို၍ အမည်ကို မသိရာတွင် ဟာကို ရှေ့ကတပ်ပြီး ရည်ညွှန်း၍ သုံးသော စကားလုံး။ ဟာသျှေ၊ ဟာကလွေ၊ ဟာယောက်ကေ၊ ဟာမိန်းမ စသည် သုံးလေ့ရှိသည် (အရပ်)
    word referring to a thing without using its name - thing [as in ယင့်သူ~၊ သည်~]
    နာမ်

    ဟာ၄

    [hà၄]
    မကောင်းရေ အနံ့ဆိုး ထွက်ရေ။ အဘာလေး၊ သီးပေါက်ရည်စိုဟာရေ (အရပ်)
    မကောင်းသော အနံ့ဆိုး ထွက်သည်။ အဘာလေး၊ သီးပေါက်ရည်စိုဟာရေ (အရပ်)
    be wanting - feel empty - be deficient - bad smell [as in စိတ်ထဲမှာ~]
    ကြိယာ