Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 5,980 words

    အ

    အကင်းထ

    [ʔkɪ́ɴtʰ]
    အနာရောဂါ ဖြစ်စီတတ်သည့် ဝမ်းမားမှ အခိုးအငွီ့များ ထသည်
    အနာရောဂါ ဖြစ်စေတတ်သည့် ဝမ်းတွင်းမှ အခိုးအငွေ့များ ထကြွသည်
    fester
    ကြိယာ

    အကင်းထူ

    [ʔkɪ́ɴtʰù]
    အသိတရား ခေါင်းပါးရေ။ ဘုန်းဒါးရေ။ ဉာဏ်တုံးသည်
    အသိတရား ခေါင်းပါးသည်။ ဉာဏ်နည်းသည်။ ဉာဏ်တုံးသည်
    stupid
    ကြိယာ

    အကင်းရည်

    [ʔkɪ́ɴɹɛ̀]
    ခန္ဓာကိုယ်မှ ဖြစ်ရေ အနာမှ ယိုစီးကျသော အရည်
    ခန္ဓာကိုယ်မှ ဖြစ်သော အနာမှ ယိုစီးကျသော အရည်
    pus
    နာမ်

    အကင်းသတ်

    [ʔkɪ́ɴθaʔ]
    အနာ၏ အခိုးအငွီ့ကို ပပျောက်စီသည်
    အနာ၏ အခိုးအငွေ့ကို ပပျောက်စေသည်
    deodorize - deaden - denature [as in အခိုးကို~ -၊ အနံ့ကို~ -]
    ကြိယာ

    အကင်းသိ

    [ʔkɪ́ɴθì]
    နားလည် လွယ်ရေ။ အရိပ်အခြည်ကို အယင့်ယင် အရိပ်ချနှိုင်ရေ
    နားလည် လွယ်သည်။ အရိပ်အခြည်ကို လျင်မြန်စွာ အကဲခတ်နိုင်သည်
    be shrewd - be astute - easy to understand
    ကြိယာ

    အကင်းသိပ်

    [ʔkɪ́ɴθìaʔ]
    အပင်မှ ထွက်ပြူစ အသီးချေ
    အပင်မှ ထွက်ပြူစ အသီးငယ်
    fruit in its earliest stages of development Also ကင်း
    နာမ်

    အကင်းသီ

    [ʔkɪ́ɴθí]
    အနာရောဂါ ထမှုမှ အဟိန်ကုန်သည်
    အနာရောဂါ ထကြွမှုမှ အရှိန်ကုန်သည်
    subside
    ကြိယာ

    အကင်အပြု

    [ʔkɪ̀ɴʔpɹoʊ]
    မီးအပူဟိန်ဖြင့် ကျက်နပ်စီရေ စားဖွယ်
    မီးအပူရှိန်ဖြင့် ကျက်နပ်စေသော စားဖွယ်
    cook
    နာမ်

    အကစပ်

    [ʔksaʔ]
    ခတ်ကျောက်သီး၊ ဒိုး၊ ကျင် အစဟိစွာရို့နန့် မြူးတူးပျော်ပါးခြင်း။ ကြီစပ်ခြင်း
    ခတ်ကျောက်သီး၊ ဒိုး၊ ကျင် စသည်တို့ဖြင့် မြူးတူးပျော်ပါးခြင်း။ ကျီစယ်ခြင်း
    mickey
    နာမ်

    အကဇာတ်သန်

    [ʔkzàaʔθàɴ]
    ကစပ်ရာမာ လွန်ကဲသည်
    ကစားရာတွင် လွန်ကဲသည်
    post play
    နာမ်

    အကတူး

    [ʔktùး]
    နိမ့်ချလိုရေတွက်နန့် ပြောဆိုရေ အတိတ်က ဖြစ်ပျက်ခသည့် အကြောင်းအရာ။ မြေထဲကို ငုပ်ဝင်နိန်ရေ အပင်၏ အောက်ခြီ အမြစ်ရင်းပိုင်း
    နိမ့်ချလို၍ ပြောဆိုသော အတိတ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ။ မြေထဲသို့ ငုပ်ဝင်နေသော သစ်ပင်၏ အောက်ခြေ အမြစ်ရင်းပိုင်း
    resource
    နာမ်

    အကတ်

    [ʔkaʔ]
    နာမ်၊ ကြိယာတိကို အထောက်အကူ ပီးတတ်ရေ စကားလုံး
    နာမ်၊ ကြိယာများကို အထောက်အကူ ပေးတတ်သော စကားလုံး
    none
    ပစ္စည်း

    အကတ်အသတ်

    [ʔkaʔʔθaʔ]
    ဆုံးမ သွန်သင်မှုကို မလိုက်နာပဲ တင်းမာ ဖီဆန်ဗျာယ်
    ဆုံးမ သွန်သင်မှုကို မနာခံပဲ တင်းမာ ဖီဆန်လျက်
    disobediently
    ကြိယာဝိသေသန

    အကန်

    [ʔkàɴ]
    (လဲပြိုမကျရယောင်) တခုတရီဖြင့် ထောက်ထားရေ
    (ပြိုလဲမကျရအောင်) တစ်စုံတစ်ရာဖြင့် ထောက်ထားသည်
    support
    ကြိယာ

    အကန့်

    [ʔkàɴ့]
    ဆီးကန့် ပိုင်းခြာထားရေ့ နီရာ။ ပိုင်းခြား သတ်မှတ်ထားရေ ကာလ အတိုင်းအတာ အစဟိစွာ
    ဆီးကန့် ပိုင်းခြားထားသည့် နေရာ။ ပိုင်းခြား သတ်မှတ်ထားသော ကာလ အတိုင်းအတာ စသည်
    partition partitioned space - compartment - section - segment spoke of a cartwheel Also ဒေါက်
    နာမ်

    အကန်း

    [ʔkáɴ]
    မျက်စိမမြင်။ မျက်စိ အလင်းမရ သူ
    မျက်စိမမြင်။ မျက်စိ အလင်းမရ သူ
    blind person
    နာမ်

    အကန်းသား

    [ʔkáɴθá]
    (ဉာဏ်တုံး၊ ဉာဏ်မဲ့၊ အသုံး မကျသူဟု) ကော်ဆဲရေ စကား
    (ဉာဏ်တုံး၊ ဉာဏ်မဲ့၊ အသုံး မကျသူဟု) ဆဲရဲသော စကား
    duffer
    နာမ်

    အကန်အကပ်

    [ʔkàɴʔkaʔ]
    တံပက်လူကို အခက်တွိအောင် အကြောင်း အမျိုးမျိုးပြပနာ ကတ်ဖဲ့ ပြောဆိုရေ စကား
    တစ်ဘက်သားကို အခက်တွေ့အောင် အကြောင်း အမျိုးမျိုးပြ၍ ကတ်ဖဲ့ ပြောဆိုသော စကား
    reason
    နာမ်

    အကန်းအကျီး

    [ʔkáɴʔt͡ɕï]
    (လတယောက်၌ ဟိအပ်ရေ) ကိုယ် အင်္ဂါအလုံး အရပ် အစဟိစွာ့ မပြည့်စုံရေ သူတိကို ရည်၍ပြောသော စကား
    (လတစ်ယောက်၌ ရှိအပ်သော) ကိုယ် အင်္ဂါအလုံး အရပ် စသည့် မပြည့်စုံသည့် သူများကို ရည်၍ပြောသော စကား
    cripple
    နာမ်

    အကန်အကျောက်

    [ʔkàɴʔt͡ɕɔ́ɛʔ]
    တဖက်နန့် တဖက် အတုံ့အလှည့်အနိန်နန့်
    တစ်ဘက်နှင့် တစ်ဘက် အတုံ့အလှည့် အားဖြင့်
    vice-versa
    ကြိယာဝိသေသန