Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 5,901–5,920 of 5,980 words

    အ

    အောင်၃

    [ʔàʊɴ၃]
    မကြိုက်ဖွယ်ရာ။ အမြင် မတော်ရာ။ အမြင် ကတ်စရာ။ လူတံပက်လူ ကြောက်လန့်အောင် (အောင်)ဟုဆို၍ ဟစ်အော် ပြောဆိုရေ။ မျိုးက်ခြောက်ခြောက်ရေ
    မနှစ်သက်ဖွယ်ရာ။ အမြင် မတော်ရာ။ အမြင် ကတ်စရာ။ လူတစ်ဘက်သား ကြောက်လန့်အောင် (အောင်)ဟုဆို၍ ဟစ်အော် ပြောဆိုသည်။ ခြိမ်းခြောက်သည်
    threat
    ကြိယာ

    အောင့်၃

    [ʔa̰ʊɴ၃]
    စားသောက်ပနာ ဝလင့်ပြီး ဖြစ်ကေလေ့ စိကေချေ ကျန်နီသိမ့်စွာကို ကုန်ယောင် စားသည်
    စားသောက်၍ ဝလင့်ပြီး ဖြစ်သော်လည်း အနည်းငယ် ကျန်နေသေးသည်ကို ကုန်အောင် စားသည်
    completely finished eating
    ကြိယာ

    အောင့်ခံ

    [ʔɔ́ɪ̰ɴkʰံ]
    ကြိတ်မှိတ်၍ သည်းခံသည်
    ကြိတ်မှိတ်၍ သည်းခံသည်
    forbear - bear with patience - repress one’s feelings
    ကြိယာ

    အောင်ချက်

    [ʔàʊɴɕɛʔ]
    ဖီးရန်အပေါင်းကို အောင်မြင်ရာ အချက်အချာ ဖြစ်ရေ အရပ်
    ဘေးရန်အပေါင်းကို အောင်မြင်ရာ အချက်အချာ ဖြစ်သော အရပ်
    pass percentage (of examination)
    နာမ်

    အောင့့်ချင်း

    [ʔɔ́ɪ̰ɴ့ɕɪ́ɴ]
    ခဏ အဂု။ အဂု
    ခဏ ချက်ချင်း။ ချက်ချင်း
    immediately
    ကြိယာဝိသေသန

    အောင့်ချင်း၂

    [ʔa̰ʊɴɕɪ́ɴ၂]
    အလွန် တိုတောင်းသော အခိုက်အတန့်။ တချက်ချေ
    အလွန် တိုတောင်းသော အခိုက်အတန့်။ တခဏ
    a moment
    နာမ်

    အောင်ခြည်

    [ʔàʊɴkʰɹɛ]
    ပရိတ်ရွတ်ပြီး ဂုဏ်၊ တန်ခိုး၊ ကျက်သရေ ပြည့်စုံအောင် အမွှမ်းတင်သနန့် ဖီးအန္တရာယ်တိကို ကာကွယ် ဟန့်တားနှိုင်ရေ ခြည်
    ပရိတ်ရွတ်ပြီး ဂုဏ်၊ တန်ခိုး၊ ကျက်သရေ ပြည့်စုံအောင် အမွှမ်းတင်သဖြင့် ဘေးအန္တရာယ်များကို ကာကွယ် တားဆီးနိုင်သော ချည်
    reel of cotton thread endowed with powers through recitation of ပရိတ် Also မင်းကိုချည်
    နာမ်

    အောင်စည်

    [ʔàʊɴsɛ̀]
    စစ်မြီပြင်မာ အောင်မြင်ကြောင်း အထိမ်းအမှတ်ဖြင့် တီးခတ်သော စည်တူရိယာ
    စစ်မြေပြင်တွင် အောင်မြင်ကြောင်း အထိမ်းအမှတ်ဖြင့် တီးခတ်သော စည်တူရိယာ
    drums and brass gongs for martial music
    နာမ်

    အောင်းဆင်

    [ʔáʊɴsʰɪ̀ɴ]
    တော ဆင်ရိုင်းတိကို ကျုံးသို့ရောက်ယောင် နောက်ခါ တွန်းပို့ဆောင်ယူသော ဆင်ပြောင်ကြီး
    တော ဆင်ရိုင်းများကို ကျုံးသို့ရောက်အောင် နောက်မှ တွန်းပို့ဆောင်ယူသော ဆင်ပြောင်ကြီး
    elephant
    နာမ်

    အောင်တမန်

    [ʔàʊɴtmàɴ]
    မင်းတပါးက မင်းတပါးပါးကို စကား ဆိုခိုင်း စီလွှတ်သူ။ စီလွှတ်ခံရသူ
    မင်းတစ်ပါးက မင်းတစ်ပါးထံသို့ စကား ဆိုခိုင်း စေလွှတ်သူ။ စေလွှတ်ခံရသူ
    messenger
    နာမ်

    အောင်ပန်း

    [ʔàʊɴpáɴ]
    အောင်မြင်စီရန် နိနံသင့်ပန်း။ အောင်သပြီပန်း
    အောင်မြင်စေရန် နေ့နံသင့်ပန်း။ အောင်သပြေပန်း
    flower worn to bring victory or success in a venture Eugenia spring symbolizing victory [fig.] success or victory
    နာမ်

    အောင်ပန်းခူး

    [ʔàʊɴpáɴkʰùး]
    ကိုယ့် ကြိုးစားမှုကြောင့် ဘွဲ့ထူး၊ ဂုဏ်ထူးကို ရဟိရေ။ အနိုင်ရရေ။ သူတိတိုင်းရို့ထက် သာလွန် ထူးကဲသည်
    မိမိ ကြိုးစားမှုကြောင့် ဘွဲ့ထူး၊ ဂုဏ်ထူးကို ရယှိသည်။ အနိုင်ရသည်။ သူများတကာတို့ထက် သာလွန် ထူးကဲသည်
    win
    ကြိယာ

    အောင်ပန်းဆွတ်

    [ʔàʊɴpáɴsʰwaʔ]
    ကိုယ့် ကြိုးစားမှုကြောင့် ရဟိသော ဘွဲ့ထူး။ သူတိတိုင်းထက် သာလွန် ထူးကဲသော ဘွဲ့ထူး။ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ရဟိသော အောင်မြင်မှု။ အနိုင်ရဟိမှု
    မိမိ ကြိုးစားမှုကြောင့် ရယှိသော ဘွဲ့ထူး။ သူများတကာထက် သာလွန် ထူးကဲသော ဘွဲ့ထူး။ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ရယှိသော အောင်မြင်မှု။ အနိုင်ရယှိမှု
    success
    နာမ်

    အောင်ပြန်လူ

    [ʔàʊɴpɹàɴlù]
    ထုပ်ဆီးတိုး ကစပ်ရာမာ တိုးသူဘက်မှ တယောက် ယောက်သည် အပုပ်မခံရပဲ ထိပ်ထုတ်ဆီးကို ကျော်မိလျှင် အနိုင်ရရေ ဖြစ်ပနာ ထုပ်ဆီးကို ကျော်လှာသူ
    ထုပ်ဆီးတိုး ကစားရာတွင် တိုးသူဘက်မှ တစ်ယောက် ယောက်သည် အပုပ်မခံရပဲ ထိပ်ထုတ်ဆီးကို ကျော်မိလျှင် အနိုင်ရသည် ဖြစ်၍ ထုပ်ဆီးကို ကျော်လာသူ
    none
    နာမ်

    အောင်ပွဲ

    [ʔàʊɴpwɛ]
    အားထုတ် လုံ့လပြုမှုကြောင့် ရဟိသော အောင်မြင်မှု
    အားထုတ် လုံ့လပြုမှုကြောင့် ရယှိသော အောင်မြင်မှု
    victory victory celebration
    နာမ်

    အောင်ပွဲခံ

    [ʔàʊɴpwɛkʰံ]
    တခုတရီ ပြုလုပ် ဆောင်ရွက်ချက် ပြီးစီး ဖြစ်မြောက် အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပသည်
    တစ်စုံတစ်ရာ ပြုလုပ် ဆောင်ရွက်ချက် ပြီးစီး ဖြစ်မြောက် အောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပသည်
    celebrate a victory [fig.] be successful - be victorious
    ကြိယာ

    အောင်ပွဲစား

    [ʔàʊɴpwɛsá]
    တခုတရီ ပြုလုပ် ဆောင်ရွက် ပြီးစီးအောင်မြင်သနန့် ပင်ဖြစ်ဖြစ်၊ နိူင်းပြိုင်မှု တခုခုမာ အနိုင်ရသနန့် ပင်ဖြစ်ဖြစ်၊ အောင်မြင်သည့် အနိန်နန့် တပျော်တပါး ချက်ပြုတ် စားသောက်ကတ်တေ
    တစ်စုံတစ်ရာ ပြုလုပ် ဆောင်ရွက် ပြီးစီးအောင်မြင်သဖြင့် လည်းကောင်း၊ ယှဉ်ပြိုင်မှု တစ်ခုခုတွင် အနိုင်ရသဖြင့် လည်းကောင်း၊ အောင်မြင်သည့် အနေဖြင့် တပျော်တပါး ချက်ပြုတ် စားသောက်ကြသည်
    eat
    ကြိယာ

    အောင်ပွဲစား၂

    [ʔàʊɴpwɛsá၂]
    တခုတရီ ပြုလုပ် ဆောင်ရွက်ချက် ပြီးစီး ဖြစ်မြောက် အောင်မြင်သည့် အနိန်နန့် တပျော်တပါး ချက်ပြုတ် စားသောက်ကတ်ခြင်း
    တစ်စုံတစ်ခု ပြုလုပ် ဆောင်ရွက်ချက် ပြီးစီး ဖြစ်မြောက် အောင်မြင်သည့် အနေဖြင့် တပျော်တပါး ချက်ပြုတ် စားသောက်ကြခြင်း
    party
    နာမ်

    အောင်ပွဲရ

    [ʔàʊɴpwɛɹ]
    စစ်ပွဲ (တနည်း) နိူင်းပြိုင်မှု တခုခုရို့မာ အနိုင်ရရေ
    စစ်ပွဲ (သို့မဟုတ်) ယှဉ်ပြိုင်မှု တစ်ခုခုတို့တွင် အနိုင်ရသည်
    be victorious in battle - win in competitive games
    ကြိယာ

    အောင်းမ

    [ʔáʊɴm]
    တော ဆင်ရိုင်းတိကို ကျုံးမားသို့ ရောက်ယောင် သွီးဆောင် ဖြားယောင် ပီးရေ ဆင်မ
    တော ဆင်ရိုင်းများကို ကျုံးတွင်းသို့ ရောက်အောင် သွေးဆောင် ဖြားယောင် ပေးသော ဆင်မ
    elephant
    နာမ်