Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 5,921–5,940 of 5,980 words

    အ

    အောင့်မတက်အဲမတက်

    [ʔa̰ʊɴmtɛʔʔɛmtɛʔ]
    စိတ်မသက်မသာ။ မခံချိမခံသာ။ ဇာပိုင် လုပ်ရမှန်းမသိ ကြံရာမရ ဖြစ်လှားရေ
    စိတ်မသက်မသာ။ မခံချိမခံသာ။ မည်ကဲ့သို့ လုပ်ရမှန်းမသိ ကြံရာမရ ဖြစ်သွားသည်
    in a state of pain
    ကြိယာဝိသေသန

    အောင့်မတတ်အင့်မတတ်

    [ʔa̰ʊɴmtaʔʔɪ̰ɴmtaʔ]
    တခုတရီ တုံ့ပြန်ပြောဆိုခြင်း မပြုပဲ
    တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မပြုပဲ
    neither yes or no
    ကြိယာဝိသေသန

    အောင့်မတတ်အင့်မတတ်၂

    [ʔa̰ʊɴmtaʔʔɪ̀ɴ့mtaʔ၂]
    ဗြုန်းခနဲ အံ့အားသင့်၍ မလှုပ်နိုင် မရှားနိုင် ဖြစ်တေ
    ရုတ်တရက် အံ့အားသင့်၍ မလှုပ်နိုင် မရှားနိုင် ဖြစ်သည်
    feeling strange
    ကြိယာ

    အောင့်မလှုပ်အဲမလှုပ်

    [ʔa̰ʊɴmɬoʊʔʔɛmɬoʊʔ]
    တခုတရီ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    neither yes or no
    ကြိယာဝိသေသန

    အောင်မိယေ

    [ʔàʊɴmìjè]
    တံပက်လူနှင့် စကားပြောရာမာ မခံချင်စိတ်၊ ဒေါသစိတ်ရို့ကြောင့် လီသံမာမာဖြင့် ပြောသော စကားလုံး
    တစ်ဘက်သားနှင့် စကားပြောရာတွင် မခံချင်စိတ်၊ ဒေါသစိတ်တို့ကြောင့် လေသံမာမာဖြင့် ပြောသော စကားလုံး
    talk back
    အာလုပ်

    အောင်မိယေလေး

    [ʔàʊɴmìjèlé]
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကြင်မှု အစဟိစွာ ဖြစ်ရေအခါ ရေရွတ်သော စကား
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကျင်မှု စသည် ဖြစ်သောအခါ ရေရွတ်သော စကား
    exclamation registering surprise ecstasy fright or pain - ohh my god
    အာလုပ်

    အောင်မြင်

    [ʔàʊɴmɹɪ̀ɴ]
    ကြီးပွား အောင်မြင်သည်
    ကြီးပွား အောင်မြင်သည်
    be victorious [as in စစ်ကို~] vanquish - conquer - overcome [as in မာန်ငါးပါးကို~တော်မူ] be successful - pass [examination] [as in စာမေးပွဲ~] - (b)[of vaccination] be successful take [as in ကျောက်~] - (c)thrive [as in စပါး~] - (d)[of stone] be of gem
    ကြိယာ

    အောင်မြီ

    [ʔàʊɴmɹì]
    ရန်စစ်ကို အောင်မြင်ရာ မင်္ဂလာဟိသော အရပ်။ မင်္ဂလာဟိရေလို့ သတ်မှတ်ထားရေ မြေ
    ရန်စစ်ကို အောင်မြင်ရာ မင်္ဂလာယှိသော အရပ်။ မင်္ဂလာယှိသည်ဟု သတ်မှတ်ထားသော မြေ
    auspicious ground on which one treads to ensure victory or success
    နာမ်

    အောင်မြီနင်း

    [ʔàʊɴmɹìnɪ́ɴ]
    မမာ့များ သားဖွားပြီးကေ မီးနီအိမ်က ထွက်လှာရေအခါ အချေ တခုတရီ မဖြစ်ပဲ ကျကျန်းမမာ ထွက်လှာရရေ့ အတွက် အချေ၏ ခြေဖဝါးကို မြေမာ ချနင်းစီရေ။ တခုတရီ အမှုကိစ္စမာ အောင်မြင်ရီးအတွက် ရှီးဦးစွာ အောင်မြင်မြေ၌ ခြေချရေ
    မိန်းမများ သားဖွားပြီးနောက် မီးနေအိမ်မှ ထွက်လာသောအခါ ကလေး တစ်စုံတစ်ခု မဖြစ်ပဲ ကျန်းကျန်းမာမာ ထွက်လာရသည့် အတွက် ကလေး၏ ခြေဖဝါးကို မြေတွင် ချနင်းစေသည်။ တစ်စုံတစ်ခု အမှုကိစ္စတွင် အောင်မြင်ရေးအတွက် ရှေးဦးစွာ အောင်မြင်မြေ၌ ခြေချသည်
    [fig.] conquer and occupy a territory tread on အောင်မြီ
    ကြိယာ

    အောင့်လို့တောင့်လို့

    [ʔa̰ʊɴlo̰ta̰ʊɴlo̰]
    သဘောမတွိ ပဇိပဆာများ မသတီသော အမူအရာ ပြဗျာယ်
    သဘောမတွေ့ အလိုမကျ မကြည်ဖြူသော အမူအရာ ပြလျက်
    fretfully
    ကြိယာဝိသေသန

    အောင်လူ

    [ʔàʊɴlù]
    ထုပ်ဆီးတိုး ကစပ်ရာမာ တိုးသူဘက်မှ တယောက် ယောက်သည် အပုပ်မခံရပဲ ထိပ်ထုတ်ဆီးကို ကျော်မိလျှင် အနိုင်ရရေ ဖြစ်ပနာ ထုပ်ဆီးကို ကျော်လှာသူ
    ထုပ်ဆီးတိုး ကစားရာတွင် တိုးသူဘက်မှ တစ်ယောက် ယောက်သည် အပုပ်မခံရပဲ ထိပ်ထုတ်ဆီးကို ကျော်မိလျှင် အနိုင်ရသည် ဖြစ်၍ ထုပ်ဆီးကို ကျော်လာသူ
    overcome
    ကြိယာ

    အောင်လူဆီး

    [ʔàʊɴlùsʰï]
    ကန့်လန့် စည်းထုပ်များ ရီးပနာ၊ အစောင့်တိက မဖမ်းနှိုင်ယောင် တိမ်းရှောင် တိုးဖြတ်ကျော်လွှားကာ ကစပ်တေ
    ကန့်လန့် စည်းထုပ်များ ရေး၍၊ အစောင့်များက မဖမ်းနိုင်အောင် ရှောင်တိမ်း တိုးဖြတ်ကျော်လွှားကာ ကစားသည်
    play
    ကြိယာ

    အောင်လူဆီး၂

    [ʔàʊɴlùsʰï၂]
    ကန့်လန့် စည်းထုပ်များ ရီးပနာ အစောင့်တိက မဖမ်းနှိုင်ယောင် တိမ်းရှောင် တိုးဖြတ် ကျော်လွှားကာ ကစပ်နည်း
    ကန့်လန့် စည်းထုပ်များ ရေး၍ အစောင့်များက မဖမ်းနိုင်အောင် ရှောင်တိမ်း တိုးဖြတ် ကျော်လွှားကာ ကစားနည်း
    game
    နာမ်

    အောင့်သက်သက်

    [ʔa̰ʊɴθɛʔθɛʔ]
    စိတ်မသက်မသာ။ မခံချိမခံသာ။ ဇာပိုင် လုပ်ရမှန်းမသိ ကြံရာမရ ဖြစ်လှားရေ။ သဖောမတွိ ပဇိပဆာများ မကြိုက်သော အမူအရာကို ပြဗျာယ်
    စိတ်မသက်မသာ။ မခံချိမခံသာ။ မည်ကဲ့သို့ လုပ်ရမှန်းမသိ ကြံရာမရ ဖြစ်သွားသည်။ သဘော မတွေ့ အလိုမကျ မကြည်မဖြူသော အမူအရာကို ပြလျက်
    in a state of pain in a disgruntled state of mind
    ကြိယာဝိသေသန

    အောင်သပြီ

    [ʔàʊɴθpɹì]
    အောင်မြင်စီရန် နိနံသင့်ပန်း။ အောင်သပြီပန်း
    အောင်မြင်စေရန် နေ့နံသင့်ပန်း။ အောင်သပြေပန်း
    Eugenia spring symbolizing victory
    နာမ်

    အောင့်သီအောင့်သက်

    [ʔa̰ʊɴθíʔɔ́ɪ̰ɴθɛʔ]
    အောင့်ပိုင်ယှောင် ဖြစ်ရေ ဝေဒနာကို ခံစားရဗျာယ်။ တခုတရီ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    အောင့်သလိုလို ဖြစ်သော ဝေဒနာကို ခံစားရလျက်။ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်း မပြုပဲ
    neither yes or no
    ကြိယာဝိသေသန

    အောင်သူ

    [ʔàʊɴθù]
    မမာ့နှင့် ယောက်ျားနှစ်ဦးအကြား ဆက်သွယ်ပီးသူ။ တဦးနှင့်တဦး တဖက်နှင့်တဖက် ပြေလည်ယောင် ဆောင်ရွက်ပီးသူ
    မိန်းမနှင့် ယောက်ျားနှစ်ဦးအကြား ဆက်သွယ်ပေးသူ။ တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ပြေလည်အောင် ဆောင်ရွက်ပေးသူ
    matchmaker - act as go-between [fig.] act as mediator
    နာမ်

    အောင်သူအောင်သား

    [ʔàʊɴθùʔàʊɴθá]
    စစ်တဖက်နှင့် တဖက် အပြိုင်အဆိုင် အယှုံးအနိုင်၊ အပြန်အလှန် နိူင်းပြိုင် တိုက်ခိုက်ကတ်တေ
    စစ်တစ်ဘက်နှင့် တစ်ဘက် အပြိုင်အဆိုင် အရှုံးအနိုင်၊ အပြန်အလှန် ယှဉ်ပြိုင် တိုက်ခိုက်ကြသည်
    fight
    နာမ်

    အောင်သူအောင်သားစား

    [ʔàʊɴθùʔàʊɴθásá]
    စစ်နိူင်းပြိုင် တိုက်ခိုက်၍ အနိုင်ရရေအခါ၌ ပင်ဖြစ်ဖြစ်၊ တခုတရီ အမှုကိစ္စ ဆောင်ရွက် ပြီးစီးအောင်မြင်သော အခါ၌ ပင်ဖြစ်ဖြစ် အထိမ်းအမှတ် အနိန်နန့် (အောင်ပွဲ ခံအနိန်နန့်) စားဖွယ် သောက်ဖွယ်ရို့ကို စားသောက်ကတ်တေ
    စစ်ယှဉ်ပြိုင် တိုက်ခိုက်၍ အနိုင်ရသောအခါ၌ လည်းကောင်း၊ တစ်စုံတစ်ရာ အမှုကိစ္စ ဆောင်ရွက် ပြီးစီးအောင်မြင်သော အခါ၌ လည်းကောင်း အထိမ်းအမှတ် အနေဖြင့် (အောင်ပွဲ ခံအနေဖြင့်) စားဖွယ် သောက်ဖွယ်တို့ကို စားသောက်ကြသည်
    celebrate a victory
    ကြိယာ

    အောင်သေအောင်သား

    [ʔàʊɴθèʔàʊɴθá]
    ပြုလုပ် ဆောင်ရွက်ချက် တစုံတရာ ပြီးစီးအောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပခြင်း။ အောင်မြင်ခြင်း။ အနိုင်ရခြင်း။ ယစ်မျိုး အသားမျိုး သောက်စားပနာ အောင်ပွဲခံကတ်ခြင်း
    ပြုလုပ် ဆောင်ရွက်ချက် တစ်စုံတရာ ပြီးစီးအောင်မြင်သည့် အထိမ်းအမှတ်ဖြင့် ပွဲသဘင် ကျင်းပခြင်း။ အောင်မြင်ခြင်း။ အနိုင်ရခြင်း။ ယစ်မျိုး အသားမျိုး သောက်စား၍ အောင်ပွဲခံကြခြင်း
    food and drink at a victory feast - celebrate a victory
    နာမ်