Dictionary Entries
Showing 5,941–5,960 of 5,980 words
အ
အောင်သွယ်
[ʔàʊɴθwɛ̀]
Arakanese:
မမာ့နှင့် ယောက်ျား နှစ်ဦးအကြား ဆက်သွယ်ပီးသူ။ တဦးနှင့်တဦး တဖက်နှင့်တဖက် ပြေလည်ယောင် ဆောင်ရွက်ပီးသူ
Burmese:
မိန်းမနှင့် ယောက်ျား နှစ်ဦးအကြား ဆက်သွယ်ပေးသူ။ တစ်ဦးနှင့်တစ်ဦး တစ်ဘက်နှင့်တစ်ဘက် ပြေလည်အောင် ဆောင်ရွက်ပေးသူ
English:
matchmaker - act as go-between [fig.] act as mediator
Grammar Note:
နာမ်
အောင့်အီးခံ
[ʔɔ́ɪ̰ɴʔïkʰံ]
Arakanese:
ကြိတ်မှိတ်၍ သည်းခံရေ။ ဒေါသ အမျက် မထွက်စီရန် စိတ်ကို ချုပ်တည်းရေ။ ဆင်းရဲမှု မှန်သမျှကို ကြံ့ကြံ့ခံသည်
Burmese:
ကြိတ်မှိတ်၍ သည်းခံသည်။ ဒေါသ အမျက် မထွက်စေရန် စိတ်ကို ချုပ်တည်းသည်။ ဆင်းရဲမှု မှန်သမျှကို ကြံ့ကြံ့ခံသည်
English:
hold - restrain [as in အသက်~] bear with - put up with
Grammar Note:
ကြိယာ
အော့တိလန်
[ʔɔ̰tìlàɴ]
Arakanese:
မကြိုက်၍ နောင်အခါမှ မဆက်ဆံချင် လောက်ယောင် သန မုန်းတီးသည်
Burmese:
မနှစ်သက်၍ နောင်အခါတွင် မဆက်ဆံချင် လောက်အောင် ရွံရှာ မုန်းတီးသည်
English:
hate intensely
Grammar Note:
ကြိယာ
အောတေအောတေ
[ʔɔ́tèʔɔ́tè]
Arakanese:
ပီးစရာ ဟိသည့် ငွီနှင့် ရရန် ဟိသော ငွီ (တံသီးတိုက်) တူမျှသည်
Burmese:
ပေးစရာ ယှိသည့် ငွေနှင့် ရရန် ယှိသော ငွေ (မပိုမလျော့) တူမျှသည်
English:
equal
Grammar Note:
ကြိယာ
အော့ထွက်
[ʔɔ̰tʰwɛʔ]
Arakanese:
အန်ထွက်သည်
Burmese:
အန်ထွက်သည်
English:
spew
Grammar Note:
ကြိယာ
အော့ထွက်၂
[ʔɔ̰tʰwɛʔ၂]
Arakanese:
ပိုပြီးကေ လျှံထွက်သည်
Burmese:
ပိုမို လျှံထွက်သည်
English:
overflow
Grammar Note:
ကြိယာ
အော့ထွက်၃
[ʔɔ̰tʰwɛʔ၃]
Arakanese:
ဟိသင့်စွာထက် ကဲလွန် များရေ။ ဟိသင့်စွာထက် ကဲလွန် များရေ။ ရည်မှန်း သတ်မှတ်စွာထက် (ပိုလျှံ) များရေ
Burmese:
ယှိသင့်သည်ထက် ကဲလွန် များပြားသော။ ယှိသင့်သည်ထက် ကဲလွန် များပြားသော။ ရည်မှန်း သတ်မှတ်သည်ထက် (ပိုလျှံ) များပြားသော
English:
surplus
Grammar Note:
နာမဝိသေသန
အော့နာ
[ʔɔ̰nà]
Arakanese:
ချထုတ်မှ အစာ။ အရည် အစဟိစွာ ပစမှ ပြန်ထွက်သော ရောဂါ
Burmese:
အစာအိမ်မှ အစာ။ အရည် စသည် ပါးစပ်မှ ပြန်ထွက်သော ရောဂါ
English:
spew
Grammar Note:
နာမ်
အောရိုက်
[ʔɔ́ɹaɪʔ]
Arakanese:
အလောင်းအစားရာမာ တဖက်တည်းမာ လောင်းကြီးကို အပုံလိုက်၍ လောင်းရေ။ အလွန် များပြားသည်
Burmese:
လောင်းကစားရာတွင် တစ်ဖက်တည်းတွင် လောင်းကြေးကို စုပုံ၍ လောင်းသည်။ အလွန် များပြားသည်
English:
abundant
Grammar Note:
ကြိယာ
အောအန်
[ʔɔ́ʔàɴ]
Arakanese:
စက်ဆုပ် သနရေ။ မကြိုက်၍ နောင် မဆက်ဆံလိုကြောင်း ပြောရေ။ ရွံ့မုန်းသည်
Burmese:
စက်ဆုပ် ရွံရှာသည်။ မနှစ်သက်၍ နောင် မဆက်ဆံလိုကြောင်း ပြောသည်။ ရွံ့မုန်းသည်
English:
hate intensely
Grammar Note:
ကြိယာ
အော်
[ʔɔ̀]
Arakanese:
သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ တတဆယ့်ခုနစ်လုံးမြောက် သရ
Burmese:
သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် တစ်ဆယ့်ခုနှစ်လုံးမြောက် သရ
English:
seventeenth in the set of twelve vowels traditionally taught in the learning of Arakan Language
Grammar Note:
နာမ်
အော်၂
[ʔɔ̀၂]
Arakanese:
မဟုတ်မမှန်သော စကားကို ပြောဆိုရေ။ တယောက်ယောက်အား မရိုးသားသော စိတ်ဖြင့် ဝါ လှည့်ပတ် ပြောဆို ပြုမူရေ။ ပြောသင့်စွာထက် များစွာ ပြောဆိုရေ
Burmese:
မဟုတ်မမှန်သော စကားကို ပြောဆိုသည်။ တစ်စုံတစ်ဦးအား မရိုးသားသော စိတ်ဖြင့် လိမ်လည် လှည့်ပတ် ပြောဆို ပြုမူသည်။ ပြောသင့်သည်ထက် များစွာ ပြောဆိုသည်
English:
lie
Grammar Note:
ကြိယာ
အော်၃
[ʔɔ̀၃]
Arakanese:
ကျယ်လောင်သော အသံကို ပြုရေ။ ဟစ်ရေ။ ဆူပူ ကြိမ်းမောင်းရေ။ (ကျီးသတ္တဝါ) အော်မြည်သည်
Burmese:
ကျယ်လောင်သော အသံကို ပြုသည်။ ဟစ်သည်။ ဆူပူ ကြိမ်းမောင်းသည်။ (ကျီးသတ္တဝါ) အော်မြည်သည်
English:
scold - berate shout - call
Grammar Note:
ကြိယာ
အော်၄
[ʔɔ̀၄]
Arakanese:
တယောက်တလီကို ဦးတည်ပြီးကေ ခေါ်ရာမာ အစချီ ပျိုးသော အာလုပ်စကားလုံး
Burmese:
တစ်စုံတစ်ယောက်ကို ဦးတည်၍ ခေါ်ရာတွင် အစချီ ပျိုးသော အာလုပ်စကားလုံး
English:
hey
Grammar Note:
အာလုပ်
အော်ကျယ်
[ʔɔ̀t͡ɕɛ̀]
Arakanese:
ကျယ်လောင်သော အသံဟိသော
Burmese:
ကျယ်လောင်သော အသံယှိသော
English:
loudly voice
Grammar Note:
နာမဝိသေသန
အော်ကျယ်အော်ကျယ်
[ʔɔ̀t͡ɕɛ̀ʔɔ̀t͡ɕɛ̀]
Arakanese:
နှုတ်မစောင့်ပဲ ကျကျယ်လောင်လောင် အသံပြုဗျာယ်။ အားရပါးရ ကျကျယ်လောင်လောင်သော အသံဖြင့် ဟစ်အော်ဗျာယ်
Burmese:
နှုတ်မစောင့်ပဲ ကျယ်လောင်စွာ အသံပြုလျက်။ အားရပါးရ ကျယ်လောင်စွာသော အသံဖြင့် ဟစ်အော်လျက်
English:
loudly and angrily
Grammar Note:
ကြိယာဝိသေသန
အော်ကျယ်အော်ကျယ်၂
[ʔɔ̀t͡ɕɛ̀ʔɔ̀t͡ɕɛ̀၂]
Arakanese:
မောက်မောက် မာမာ စကားကို ကျကျယ်လောင်လောင် ပြောဗျာယ်
Burmese:
မောက်မောက် မာမာ စကားကို ကျယ်လောင်စွာ ပြောလျက်
English:
loudly
Grammar Note:
ကြိယာဝိသေသန
အော်ကြီးဟစ်ကြီး
[ʔɔ̀t͡ɕïhɪʔt͡ɕï]
Arakanese:
အားရပါးရ ကျကျယ်လောင်လောင်သော အသံဖြင့် ဟစ်အော်ဗျာယ်
Burmese:
အားရပါးရ ကျယ်လောင်စွာသော အသံဖြင့် ဟစ်အော်လျက်
English:
loudly and angrily
Grammar Note:
ကြိယာဝိသေသန
အော်မြည်
[ʔɔ̀mɹɛ]
Arakanese:
ကျီးငှက်အစဟိစွာရို့ တွန်ကျူးရေ။ ကျကျယ်လောင်လောင်သော အသံကို ပြုသည်
Burmese:
ကျေးငှက်စသည်တို့ တွန်ကျူးသည်။ ကျယ်လောင်စွာသော အသံကို ပြုသည်
English:
(of bird and beast) cry - sing sweetly make a noise
Grammar Note:
ကြိယာ
အော်ရဟဲသစ်
[ʔɔ̀ɹhɛθɪʔ]
Arakanese:
လီထပနာ ဖြစ်စီ၊ အရာ သဘာဝ အကြောင်း တရပ်ရပ် ကြောင့်ဖြစ်စီ၊ လဲပြို (တနည်း) ပကတိ ထောင်ဗျာယ် သွိခြောက် နိန်ရေ အပင်
Burmese:
လေတိုက်၍ ဖြစ်စေ၊ အခြား သဘာဝ အကြောင်း တရပ်ရပ် ကြောင့်ဖြစ်စေ၊ လဲပြို (သို့မဟုတ်) ပကတိ ထောင်လျက် သွေ့ခြောက် နေသော သစ်ပင်
English:
parched tree
Grammar Note:
နာမ်