Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 5,961–5,980 of 5,980 words

    အ

    အော်လဲနတ်သတ်

    [ʔɔ̀lɛnaʔθaʔ]
    လီထပနာဖြစ်စီ၊ အရာ သဘာဝ အကြောင်း တရပ်ရပ်ကြောင့် ဖြစ်စီ၊ လဲပြို (တနည်း) ပကတိ ထောင်ဗျာယ် သွိခြောက် နိန်ရေ အပင်
    လေတိုက်၍ဖြစ်စေ၊ အခြား သဘာဝ အကြောင်း တရပ်ရပ်ကြောင့် ဖြစ်စေ၊ လဲပြို (သို့မဟုတ်) ပကတိ ထောင်လျက် သွေ့ခြောက် နေသော သစ်ပင်
    parched tree
    နာမ်

    အော်ဟစ်

    [ʔɔ̀hɪʔ]
    ကျကျယ်လောင်လောင်သော အသံဖြင့် အော်ရေ
    ကျယ်လောင်စွာသော အသံဖြင့် အော်သည်
    shout loudly
    ကြိယာ

    အော်ဟောက်

    [ʔɔ̀hɔ́ɛʔ]
    ကျကျယ်လောင်လောင် ပြစ်တင် ပြောဆိုရေ။ ကြိမ်းမောင်းသည်
    ကျယ်လောင်စွာ ပြစ်တင် ပြောဆိုသည်။ ကြိမ်းမောင်းသည်
    scold loudly
    ကြိယာ

    အော်အော်

    [ʔɔ̀ʔɔ̀]
    မပြတ်မလတ် ဆက်ကာ ဆက်ကာ အော်မြည်ဗျာယ်
    မပြတ်မလတ် ဆက်ကာ ဆက်ကာ အော်မြည်လျက်
    loudly
    ကြိယာဝိသေသန

    အော်အော်မြည်

    [ʔɔ̀ʔɔ̀mɹɛ]
    မရပ်မနား ကျကျယ်လောင်လောင်သော အသံကို ပြုသနန့်
    မရပ်မနား ကျယ်လောင်စွာသော အသံကို ပြုသဖြင့်
    loudly
    ကြိယာဝိသေသန

    အဲ

    [ʔɛ]
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ တဆယ့်သုံးလုံးမြောက် သရ
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် တစ်ဆယ့်သုံးလုံးမြောက် သရ
    thirteenth in the set of twelve vowels traditionally taught in the learning of Arakan Language
    နာမ်

    အဲ့

    [ʔé]
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ တဆယ့်လေးလုံးမြောက် သရ
    သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် တစ်ဆယ့်လေးလုံးမြောက် သရ
    fourteenth in the set of twelve vowels traditionally taught in the learning of Arakan Language
    နာမ်

    အဲ၂

    [ʔɛ၂]
    ဟုတ်မှန်ကြောင်း (အဲဟု) ဝန်ခံ ကတိပြုသည်
    ဟုတ်မှန်ကြောင်း (အဲဟု) ဝန်ခံ ကတိပြုသည်
    yes
    ကြိယာ

    အဲ၃

    [ʔɛ၃]
    အဲ အစချီ၍ သီဆိုရေ ကဗျာတမျိုး
    အဲ အစချီ၍ သီဆိုသော ကဗျာတစ်မျိုး
    form of lyric beginning and ending with the - e: - sound
    နာမ်

    အဲ၄

    [ʔɛ၄]
    ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာမာ သုံးသော ဝန်ခံ စကားလုံး
    ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာ၌ သုံးသော ဝန်ခံ စကားလုံး
    yes
    အာလုပ်

    အဲခြင်း

    [ʔɛkʰɹɪ́ɴ]
    အဲ အစချီ၍ သီဆိုရေ ကဗျာ တမျိုး
    အဲ အစချီ၍ သီဆိုသော ကဗျာ တစ်မျိုး
    form of lyric beginning and ending with the - e: - sound
    နာမ်

    အဲယင်

    [ʔɛjɪ̀ɴ]
    ရည်ညွှန်း ပြောဆိုလိုရေ အကြောင်းအရာ ဝန် စစွာကို ပင်ဖြစ်ဖြစ်၊ ပြောဆို ဖေါ်ပြခပြီးကေသော အကြောင်းအရာ ဝန် အစဟိစွာရို့ကို ပင်ဖြစ်ဖြစ်၊ ညွှန်ပြရာမာ သုံးသော စကားလုံး
    ရည်ညွှန်း ပြောဆိုလိုသော အကြောင်းအရာ ပစ္စည်း စသည်ကို လည်းကောင်း၊ ပြောဆို ဖေါ်ပြခဲ့ပြီးသော အကြောင်းအရာ ပစ္စည်း စသည်တို့ကို လည်းကောင်း၊ ညွှန်ပြရာတွင် သုံးသော စကားလုံး
    that
    နာမ်စား

    အဲဟို

    [ʔɛhÒ]
    နတ်ကောင်းမမရို့ ဖွဲ့နွဲ့သီဆိုမည့် အခါ အစချီသီဆိုရေ စကားလုံး
    နတ်ကတော်မတို့ ဖွဲ့နွဲ့သီဆိုမည့် အခါ အစချီသီဆိုသော စကားလုံး
    form of spiritmedium beginning and ending with the - e:ho - sound
    နာမ်

    အဲဟိုအဲဟို

    [ʔɛhÒʔɛhÒ]
    နတ်ကောင်းမမရို့ ဖွဲ့နွဲ့သီဆိုမည့် အခါ အစချီ သီဆိုရေ စကားလုံး
    နတ်ကတော်မတို့ ဖွဲ့နွဲ့သီဆိုမည့် အခါ အစချီ သီဆိုသော စကားလုံး
    form of spiritmedium beginning and ending with the - e:ho - sound
    အာလုပ်

    အဲအဲ

    [ʔɛʔɛ]
    ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာမာ သုံးသော ဝန်ခံစကားလုံး
    ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာ၌ သုံးသော ဝန်ခံစကားလုံး
    yes
    အာလုပ်

    အွ့

    [ʔw့]
    နောင်အခါမှ မဆက်ဆံချင် လောက်ယောင် စက်ဆုပ်သန မုန်းတီးသည်
    နောင်အခါတွင် မဆက်ဆံချင် လောက်အောင် စက်ဆုပ်ရွံရှာ မုန်းတီးသည်
    hate
    ကြိယာ

    အွံ့

    [ʔwံ့]
    အွံ့ ဟု ကျွဲမြည်သော အသံ
    အွံ့ ဟု ကျွဲမြည်သော အသံ
    none
    နာမ်

    အွံ့၂

    [ʔwံ့၂]
    အွံ့ ဟု ကျွဲမြည်ရေ။ အွံ့ ဟု မြည်ပနာ လက်မြှောက် အယှုံးပီးသည်
    အွံ့ ဟု ကျွဲမြည်သည်။ အွံ့ ဟု မြည်၍ လက်မြှောက် အရှုံးပေးသည်
    none
    ကြိယာ

    အွိုင်

    [ʔwàɪɴ]
    အားကျဖွယ်ရာ။ ကြောက်မက်ဖွယ်ရာ အကြောင်း ဖြစ်လှာရေခါ၊ တအံ့တဩ ဖြစ်ရေအခါ၊ အထိတ်တလန့် မြင်ရ ကြားရရေအခါ အစဟိစွာရို့မာ နှုတ်က ထွက်သော အသံ
    အားကျဖွယ်ရာ။ ကြောက်မက်ဖွယ်ရာ အကြောင်း ဖြစ်လာသောအခါ၊ တအံ့တဩ ဖြစ်သောအခါ၊ အထိတ်တလန့် မြင်ရ ကြားရသောအခါ စသည်တို့၌ နှုတ်မှ ထွက်သော အသံ
    feeling nervous
    နာမ်

    အွိုင်၂

    [ʔwàɪɴ၂]
    သားသမီးတိက ခေါ်ရေအခါ အမိက နာသောင့်နာသာဖြင့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးသော အာလုပ်အသံ
    သားသမီးများက ခေါ်သောအခါ အမိက နာသောင့်နာသာဖြင့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးသော အာလုပ်အသံ
    none
    အာလုပ်