Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 5,980 words

    အ

    အကန်းအအ

    [ʔkáɴʔʔ]
    ကိုယ်လက် အင်္ဂါချို့တဲ့သော သူ။ စကား ပြောဆိုနှိုင်စွမ်း မဟိသူ။ လူညံ့လူဖျင်း၊ အသုံးချပနာ မရရေ သူတိကို ခြုံ၍ပြောသော စကား
    ကိုယ်လက် အင်္ဂါချို့တဲ့သော သူ။ စကား ပြောဆိုနိုင်စွမ်း မယှိသူ။ လူညံ့လူဖျင်း၊ အသုံးချ၍ မရသော သူများကို ခြုံ၍ပြောသော စကား
    deficiency
    နာမ်

    အကပ်

    [ʔkaʔ]
    ကိုယ့်အကျိုးအတွက် တယောက်တလီအား ချိုင်းကပ် ဆက်ဆံခြင်း
    မိမိအကျိုးအတွက် တစ်စုံတစ်ယောက်အား ချဉ်းကပ် ဆက်ဆံခြင်း
    residue - leavings - dregs (a) person who is in a position to dispense favour [as in သူငယ်ချင်းမှာ ~ရှိလို့လား]- (b ) act of approaching someone to gain favour act of approaching sth [as in သင်္ဘောကမ်းကို~တွင် သမ္ဗန်နှင့်တိုက်မိ-]
    နာမ်

    အကပ်၂

    [ʔkaʔ၂]
    စိကေချေ မျှသော အရာ
    အနည်းငယ် မျှသော အရာ
    slightly
    ကြိယာဝိသေသန

    အကပ်ကပ်

    [ʔkaʔkaʔ]
    အဝှမ်း စွန်းထင်းရေ။ ပေကျိုင်ရေ
    အနှံ့အပြား စွန်းထင်းသည်။ ပေကျံသည်
    smirch
    ကြိယာ

    အကပ်ခံ

    [ʔkaʔkʰံ]
    တခုတရီ ကပ်လှူစွာကို ဘုရားနှင့် သံဃာတော် ရို့က ခံယူရေ
    တစ်စုံတစ်ခု ဆက်ကပ်သည်ကို ဘုရားနှင့် သံဃာတော် တို့က ခံယူသည်
    ( of monks ) accept offerings let sb or sth approach [as in ကိုက် ၁ဝဝခန့် အထိ~ ပြီးမှ စတင်ပစ်-]
    ကြိယာ

    အကပ်သစ်

    [ʔkaʔθɪʔ]
    အိုးမာ စိကေချေလောင်းာက် ကျန်ဟိနီသိမ့်ရေ ဟင်းငါး စစွာကို ယူရေ
    အိုးတွင် အနည်းငယ်မျှ ကျန်ယှိနေသေးသော ဟင်းငါး စသည်ကို ယူသည်
    take
    ကြိယာ

    အကပ်အယပ်

    [ʔkaʔʔjaʔ]
    စိကေချေလောင်းာက်သော အရာ။ အိုးမာ ကျန်ဟိရေ ငါးအကပ်အယပ်နန့် တထပ် ဆွဲပစ်ခရေဗျာယ် (အရပ်)
    အနည်းငယ်မျှသော အရာ။ အိုးမှာ ကျန်ဟိရေ ငါးအကပ်အယပ်နန့် တစ်ထပ် ဆွဲပစ်ခရေဗျာယ် (အရပ်)
    a few thing
    နာမ်

    အကပ်အယပ်၂

    [ʔkaʔʔjaʔ၂]
    အကတ်အယတ် မှီခိုအားကိုး ရပ်တည်ရာ ဖြစ်ရေ။ အမှီပြုရာ ဖြစ်ရေ။ အလုပ်အကြံ လုပ်ဖို့စွာမာလေ့သော့ အကပ်အယပ် မဟိကေလည်း မဖြစ်နှိုင် (အရပ်)
    အကတ်အယတ် မှီခိုအားကိုး ရပ်တည်ရာ ဖြစ်သော။ အမှီပြုရာ ဖြစ်သော။ အလုပ်အကြံ လုပ်ဖို့စွာမှာလည်း အကပ်အယပ် မဟိကေလည်း မဖြစ်နိုင် (အရပ်)
    dependent
    နာမဝိသေသန

    အကပ်အသပ်

    [ʔkaʔʔθaʔ]
    စိကေချေလောင်းာက် လောက်သော ကြွင်းကျန် နီသိမ့်ရေ့ အရာ
    အနည်းငယ်မျှ လောက်သော ကြွင်းကျန် နေသေးသည့် အရာ
    left-overs - remnant
    နာမ်

    အကမ်းအစမ်း

    [ʔkáɴʔsáɴ]
    တယောက်နှင့် တယောက် အဆက်အသွယ် ပြုလုပ်ဖို့ စတင် ပြောဆိုခြင်း
    တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် ပြုလုပ်ရန် စတင် ပြောဆိုခြင်း
    hello-hi
    နာမ်

    အကယ်

    [ʔkɛ̀]
    အမှန်။ စင်စစ်။ ဧကန်
    အမှန်။ စင်စစ်။ ဧကန်
    really - in reality Also အဂယောင့်
    ကြိယာဝိသေသန

    အကယ်တန္တိ

    [ʔkɛ̀tn̪a̰n̪t̪a̰ì]
    မဖြစ်သိမ့်စွာကို ဖြစ်ဇာပိုင် ပြောရာမာ သုံးသော စကားလုံး
    မဖြစ်သေးသည်ကို ဖြစ်မည်ကဲ့သို့ ပြောရာတွင် သုံးသော စကားလုံး
    will
    သမ္ဗန္တ

    အကယ်တန္တု

    [ʔkɛ̀tn̪a̰n̪t̪a̰oʊ]
    ဧကန်မုချ။ အမှန်က
    ဧကန်မုချ။ အမှန်စင်စစ်
    indeed
    ကြိယာဝိသေသန

    အကယ့်အကယ်

    [ʔkɛ့̀ʔkɛ̀]
    အမှန်က။ ဧကန်မုချ
    အမှန်စင်စစ်။ ဧကန်မုချ
    surely
    ကြိယာဝိသေသန

    အကလား

    [ʔklá]
    အဖိုးအခ။ ၂၊ တခုတရီ ပီးရခြင်း မဟိပဲ
    အဖိုးအခ။ ၂၊ တစ်စုံတစ်ရာ ပေးရခြင်း မဟိပဲ
    be fees be free
    ကြိယာဝိသေသန

    အကလိ

    [ʔklì]
    အကြောင်းမဲ့။ တလိတမန်
    အကြောင်းမဲ့။ တမင်သက်သက်
    deliberately
    ကြိယာဝိသေသန

    အကာ

    [ʔkà]
    နွားစားသရက် အစဟိစွာရို့၏ အထဲဟိ အစိကို မြှေးယှက် ဖုံးလွှမ်းထားရေ အလွှာ။ အပင်ရို့၏ အထဲသားနှင့် အခေါက်ရို့၏ အကြားဟိ အသား။ အရံအတား။ ခြားကန့်ဟန့်တား ကာကွယ်ထားရေ အရာ။ ကိုယ်ခန္ဓာ၌ ဖီးအန္တရာယ် တစုံရာတခု မကျရောက်နှိုင်ယောင် ကာကွယ်သော အင်းအိုင် ဂါထာ မန္ဒရား
    သရက်သီး စသည်တို့၏ အတွင်းဟိ အစေ့ကို မြှေးယှက် ဖုံးလွှမ်းထားသော အလွှာ။ သစ်ပင်တို့၏ အတွင်းသားနှင့် အခေါက်တို့၏ အကြားယှိ အသား။ အရံအတား။ ခြားကန့်တားဆီး ကာကွယ်ထားသော အရာ။ ကိုယ်ခန္ဓာ၌ ဘေးအန္တရာယ် တစ်စုံရာတစ်ခု မကျရောက်နိုင်အောင် ကာကွယ်သော အင်းအိုင် ဂါထာ မန္တာန်
    partition - fence protection [as in~ အရံ] sapwood - alburnum pericarp white of an egg warding charms
    နာမ်

    အကာတည်

    [ʔkàtɛ̀]
    နွားစားသရက်သည် အထဲဟိ အဆန်ကို ဖုံးအုပ်ထားရေ အခွံပျိုင်းတွဲ မာကျောလာရေ
    သရက်သီးသည် အတွင်းဟိ အဆန်ကို ဖုံးအုပ်ထားသော အခွံပျဉ်းတွဲ မာကျောလာသည်
    stiff
    ကြိယာ

    အကာလ

    [ʔkàl]
    လူရို့တခုတရီ လုပ်ကိုင်မူ မဟိသော အချိန်အခါ။ ညဉ့်ကြီး သိုင်ခေါင်
    လူတို့တစ်စုံတစ်ရာ လုပ်ကိုင်မူ မဟိသော အချိန်အခါ။ ညဉ့်ကြီး သန်းခေါင်
    untimely hour unearthly hour - nighttime [Pali အ+ကာလ]
    နာမ်

    အကာလမိုဃ်း

    [ʔkàlmÒɡʱ်း]
    ရွာချိန်ရေအခါ မဟုတ်ဘဲ ရွာသော မိုး
    ရွာချိန်သောအခါ မဟုတ်ပဲ ရွာသော မိုး
    downpour
    နာမ်