Dictionary Entries
Showing 61–80 of 5,980 words
အ
အကာအရံ
[ʔkàʔɹံ]
Arakanese:
တခုတရီ ဖီးအန္တရာယ် အနှောင့်အယှက်ရို့မှ ကင်းဝီးစီရန် ကန့်ဆီးထားရေ အရာ
Burmese:
တစ်စုံတစ်ခု ဘေးအန္တရာယ် အနှောင့်အယှက်တို့မှ ကင်းဝေးစေရန် ကန့်ဆီးထားသော အရာ
English:
partition - fence protection [as in~ အရံ]
Grammar Note:
နာမ်
အကားအရား
[ʔkáʔɹá]
Arakanese:
ခြေ၊ လက်ရို့ ဖြန့်ကားဗျာယ်။ မညီမညွတ် မပြေမပြစ်
Burmese:
ခြေ၊ လက်တို့ ဖြန့်ကားလျက်။ မညီမညွတ် မပြေမပြစ်
English:
irregular
Grammar Note:
ကြိယာဝိသေသန
အကို
[ʔkÒ]
Arakanese:
ညီအစ်ကို မောင်နှမမာ အကြီးဆုံးဖြစ်ရေ ယောက်ျား။ ၂၊ အစ်ကို အရွယ်ဟိ ယောက်ျားခေါ်သော အာလုပ်စကား
Burmese:
ညီအစ်ကို မောင်နှမတွင် အကြီးဆုံးဖြစ်သော ယောက်ျား။ ၂၊ အစ်ကို အရွယ်ရှိ ယောက်ျားခေါ်သော အာလုပ်စကား
English:
eldest brother
Grammar Note:
နာမ်
အံကိုက်
[ʔံkaɪʔ]
Arakanese:
တိုက်ဆိုင် ညီညွတ်ရေ။ အလောတော် ဖြစ်တေ။ ရင်ဆာမှု ထိခိုက်နာကြင်မှု အစဟိစွာတခုခုကို အောင့်အည်း သည်းခံနိုင်ဖို့ အံသွားတိကို ဖိကြိတ်သည်
Burmese:
တိုက်ဆိုင် ညီညွတ်သည်။ အလောတော် ဖြစ်သည်။ ဒေါသဖြစ်မှု ထိခိုက်နာကျင်မှု စသည်တစ်ခုခုကို အောင့်အည်း သည်းခံနိုင်ရန် အံသွားများကို ဖိကြိတ်သည်
English:
fit snugly - grit one’s teeth - dove-tail coincide - co-occur [as in သူရောက်စွာနဲ့ ငါရောက်စွာ ~ရာ]
Grammar Note:
ကြိယာ
အကိုက်ညီ
[ʔkaɪʔɲí]
Arakanese:
အံဝင်ခွင်ကျ။ နီရာတကျ
Burmese:
အံဝင်ခွင်ကျ။ နေရာတကျ
English:
fits into
Grammar Note:
ကြိယာဝိသေသန
အံကိုက်အင်ကိုက်
[ʔံkaɪʔʔɪ̀ɴkaɪʔ]
Arakanese:
အပိုအလို မဟိ တခုနှင့်တခု လိုက်ဖက် ညီညွတ်သည်
Burmese:
အပိုအလို မယှိ တစ်ခုနှင့်တစ်ခု လိုက်ဖက် ညီညွတ်သည်
English:
suit
Grammar Note:
ကြိယာ
အကိုက်အဆာ
[ʔkaɪʔʔsʰà]
Arakanese:
ကိုယ်လက် ညောတရိညာတရာ ကိုက်ခဲနိန်ရေ့ အခံရ ခက်သည့် ရောဂါ ဝေဒနာတမျိုး
Burmese:
ကိုယ်လက် ညောင်းညာ ကိုက်ခဲနေသည့် အခံရ ခက်သည့် ရောဂါ ဝေဒနာတစ်မျိုး
English:
ache (of muscles and joints)
Grammar Note:
နာမ်
အကိုင်း
[ʔkáɪɴ]
Arakanese:
အပင် ပင်မကြီး၏ ပင်မကြီးမှ ခွဲထွက်သော ခက်မကြီး
Burmese:
သစ်ပင် ပင်မကြီး၏ ပင်စည်မှ ခွဲထွက်သော ခက်မကြီး
English:
branch - limb (of a tree )
Grammar Note:
နာမ်
အကိုင်းအခက်
[ʔkáɪɴʔkʰɛʔ]
Arakanese:
အခက် အပင် ပင်မကြီး၏ ပင်မကြီးမှ ခွဲဖြာပနာ ထွက်သော အကိုင်းကြီး၊ အကိုင်းချေ
Burmese:
အခက် သစ်ပင် ပင်မကြီး၏ ပင်စည်မှ ခွဲဖြာ၍ ထွက်သော အကိုင်းကြီး၊ အကိုင်းငယ်
English:
branches and twigs
Grammar Note:
နာမ်
အကိုင်အပြု
[ʔkàɪɴʔpɹoʊ]
Arakanese:
လက်ဖြင့် ကိုင်တွယ် သုံးသပ်မှု
Burmese:
လက်ဖြင့် ကိုင်တွယ် သုံးသပ်မှု
English:
handling
Grammar Note:
နာမ်
အကိုင်းအလက်
[ʔkáɪɴʔlɛʔ]
Arakanese:
အခက် အပင် ပင်မကြီး၏ ပင်မကြီးမှ ခွဲဖြာပနာထွက်သော အကိုင်းကြီး၊ အကိုင်းချေ
Burmese:
အခက် သစ်ပင် ပင်မကြီး၏ ပင်စည်မှ ခွဲဖြာ၍ထွက်သော အကိုင်းကြီး၊ အကိုင်းငယ်
English:
branches and twigs
Grammar Note:
နာမ်
အကိုင်းအလှိုင်း
[ʔkáɪɴʔɬáɪɴ]
Arakanese:
ကိုင်းညွတ်ရေ။ အရိုအသီ ပီးရေ
Burmese:
ကိုင်းညွတ်သည်။ အရိုအသေ ပေးသည်
English:
pay homage
Grammar Note:
ကြိယာ
အကိုးထိုး
[ʔkótʰó]
Arakanese:
ကိုယ့်အလိုသို့ ပါစီလိုပိုင် ပီးရေ လက်ဆောင်
Burmese:
မိမိအလိုသို့ ပါစေလို၍ ပေးသော လက်ဆောင်
English:
desired present
Grammar Note:
နာမ်
အကိုးထောက်ကူ
[ʔkótʰɔ́ɛʔkù]
Arakanese:
ခိုင်လုံသော အထောက်အထား
Burmese:
ခိုင်လုံသော အထောက်အထား
English:
sufficient evidence
Grammar Note:
နာမ်
အကိုရို့
[ʔkÒɹo̰]
Arakanese:
နံဖီးအနားဟိ အစ်ကိုအရွယ်ဟိ ယောက်ျားတိကို ခြုံ၍ ခေါ်သော စကား
Burmese:
အနီးအနားယှိ အစ်ကိုအရွယ်ယှိ ယောက်ျားများကို ခြုံ၍ ခေါ်သော စကား
English:
brothers
Grammar Note:
နာမ်
အကိုလတ်
[ʔkÒlaʔ]
Arakanese:
အစ်ကိုအကြီးနှင့် အချေရို့၏ အကြားဖြစ်ရေ အစ်ကိုကို ခေါ်သော အာလုပ်စကား
Burmese:
အစ်ကိုအကြီးနှင့် အငယ်တို့၏ အကြားဖြစ်သော အစ်ကိုကို ခေါ်သော အာလုပ်စကား
English:
oldest brother
Grammar Note:
နာမ်
အကိုသျှေ
[ʔkÒʃè]
Arakanese:
အစ်ကိုအကြီးနှင့် အလတ်ရို့၏ အောက်ဖြစ်ရေ အစ်ကိုကို ခေါ်သော အာလုပ်စကား
Burmese:
အစ်ကိုအကြီးနှင့် အလတ်တို့၏ အောက်ဖြစ်သော အစ်ကိုကို ခေါ်သော အာလုပ်စကား
English:
younger brother
Grammar Note:
နာမ်
အကိုးအကား
[ʔkóʔká]
Arakanese:
ခိုင်လုံသော အထောက်အထား
Burmese:
ခိုင်လုံသော အထောက်အထား
English:
sufficient evidence
Grammar Note:
နာမ်
အကိုအကြီး
[ʔkÒʔt͡ɕï]
Arakanese:
ညီအစ်ကို မောင်နှမမာ အကြီးဆုံး ဖြစ်ရေ ယောက်ျား။ ၂၊ အစ်ကို အရွယ်ဟိ ယောက်ျားခေါ်သော အာလုပ်စကား
Burmese:
ညီအစ်ကို မောင်နှမတွင် အကြီးဆုံး ဖြစ်သော ယောက်ျား။ ၂၊ အစ်ကို အရွယ်ရှိ ယောက်ျားခေါ်သော အာလုပ်စကား
English:
eldest brother
Grammar Note:
နာမ်
အကုံး
[ʔkóʊɴ]
Arakanese:
ပန်းစစွာကို ခြည်မျှင်အစဟိစွာအနိန်နန့် အခွီ ဖြစ်ယောင် ဖွဲ့သီခြင်း
Burmese:
ပန်းစသည်ကို ခြည်မျှင်စသည်ဖြင့် အခွေ ဖြစ်အောင် ဖွဲ့သီခြင်း
English:
gar-land
Grammar Note:
နာမ်