Dictionary Entries
Showing 81–100 of 5,980 words
အ
အကုဋေအကုဋါ
[ʔkoʊtèʔkoʊtà]
Arakanese:
မရေမတွက် နှိုင်လောက်ယောင် များပြားစွာသော
Burmese:
မရေမတွက် နိုင်လောက်အောင် များပြားစွာသော
English:
innumerable - infinity
Grammar Note:
နာမဝိသေသန
အကုတ်ကုတ်
[ʔkoʊʔkoʊʔ]
Arakanese:
မလျော့သော လုံ့လဖြင့် မဆုတ်မဆိုင်း
Burmese:
မလျော့သော လုံ့လဖြင့် မဆုတ်မဆိုင်း
English:
diligently
Grammar Note:
ကြိယာဝိသေသန
အကုတ်ကုတ်အခုတ်ခုတ်
[ʔkoʊʔkoʊʔʔkʰoʊʔkʰoʊʔ]
Arakanese:
မလျော့သော လုံ့လဖြင့် မဆုတ်မဆိုင်း
Burmese:
မလျော့သော လုံ့လဖြင့် မဆုတ်မဆိုင်း
English:
diligently
Grammar Note:
ကြိယာဝိသေသန
အကုန်
[ʔkòʊɴ]
Arakanese:
ကျန်လိုက်စွာတိ မဟိရေ့ အဖြစ်။ ပျက်ဆုံးထိတောင် ရောက်သော အဖြစ်
Burmese:
ကြွင်းကျန်ခြင်း မရှိသည့် အဖြစ်။ ပျက်ဆုံးတိုင်အောင် ရောက်သော အဖြစ်
English:
everything termination [as in ဆောင်း~နွေအကူး] expenses
Grammar Note:
နာမ်
အကုန်း
[ʔkóʊɴ]
Arakanese:
အထက်ကို မို့မောက် ကွေ့ဝိုက်နိန်ရေ ပုံစံ။ ယင်းပိုင်ဖြစ် ပေါ်နိန်ရေ အရာ
Burmese:
အထက်သို့ မို့မောက် ကွေ့ဝိုက်နေသော ပုံစံ။ ယင်းသို့ဖြစ် ပေါ်နေသော အရာ
English:
convexity
Grammar Note:
နာမ်
အကုန်ခံ
[ʔkòʊɴkʰံ]
Arakanese:
ကုန်ကျရေ့ စရိတ်စခကို တာဝန်ယူရေ
Burmese:
ကုန်ကျသည့် စရိတ်စခကို တာဝန်ယူသည်
English:
bear expenses waste - squander
Grammar Note:
ကြိယာ
အကုန်စွာ
[ʔkòʊɴswà]
Arakanese:
အကပ်အသပ် မဟိသော အဖြစ်
Burmese:
အကြွင်းအကျန် မယှိသော အဖြစ်
English:
no residue
Grammar Note:
နာမ်
အကုန်ဖွင့်
[ʔkòʊɴpʰwɪ̀ɴ့]
Arakanese:
အဖြစ်အပျက် အကြောင်းအရာ ဟူသမျှကို အားလုံး ပြောပြရေ
Burmese:
အဖြစ်အပျက် အကြောင်းအရာ ဟူသမျှကို အကုန်အစင် ပြောပြသည်
English:
completely describe
Grammar Note:
ကြိယာ
အကုန်လုံး
[ʔkòʊɴlóʊɴ]
Arakanese:
ကျန်လိုက်စွာတိ မဟိရေ့ အဖြစ်။ ပျက်ဆုံးထိတောင် ရောက်သောအဖြစ်
Burmese:
ကြွင်းကျန်ခြင်း မရှိသည့် အဖြစ်။ ပျက်ဆုံးတိုင်အောင် ရောက်သောအဖြစ်
English:
everything termination [as in ဆောင်း~နွေအကူး] expenses
Grammar Note:
နာမ်
အကုန်သူ
[ʔkòʊɴθù]
Arakanese:
တယောက်မကျန် အားလုံး။ ကျန်လိုက်စွာတိ မဟိအောင်
Burmese:
တစ်ယောက်မကျန် အားလုံး။ ကြွင်းကျန်ခြင်း မယှိအောင်
English:
all
Grammar Note:
ကြိယာဝိသေသန
အကုန်အကျ
[ʔkòʊɴʔt͡ɕ]
Arakanese:
အကျခံ သုံးစွဲရရေ ငွီကြီးအစဟိစွာ
Burmese:
အကျခံ သုံးစွဲရသော ငွေကြေးစသည်
English:
expenses
Grammar Note:
နာမ်
အကုန်အစင်
[ʔkòʊɴʔsɪ̀ɴ]
Arakanese:
အကပ်အသပ် မဟိသော အဖြစ်
Burmese:
အကြွင်းအကျန် မယှိသော အဖြစ်
English:
all - completely - entirely
Grammar Note:
နာမ်
အကုသိုလ်
[ʔkoʊθÒl်]
Arakanese:
လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ တွေဝေခြင်း၊ အကြောင်း တစုံတရီ သုံးပါး ရို့မာ တပါးပါး ကြောင့်ဖြစ်ရေ မကောင်းမှု။ အပြစ်နှင့်တကွ မကောင်းကျိုးကို ပီးတတ်ရေ အမှု
Burmese:
လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ တွေဝေခြင်း၊ အကြောင်း တစုံတရာ သုံးပါး တို့တွင် တပါးပါး ကြောင့်ဖြစ်သော မကောင်းမှု။ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးတတ်သော အမှု
English:
evil - demerit - misdeed [Pali အ+ကုသလ]
Grammar Note:
နာမ်
အကူ
[ʔkù]
Arakanese:
တခုတရီ ကူညီ ထောက်ပံ့ရန် ယူလာရေ ဝန်၊ ကြီးငွီ စရေ။ ကူညီ စောင့်မမှု
Burmese:
တစ်စုံတစ်ခု ကူညီ ထောက်ပံ့ရန် ယူလာသော ပစ္စည်း၊ ကြေးငွေ စသည်။ ကူညီ စောင့်မမှု
English:
help - assistance - succour helper - aide - assistant
Grammar Note:
နာမ်
အကူး
[ʔkùး]
Arakanese:
နွေ၊ မိုး၊ ဆောင်းသည့် ရာသီဥတု တဖက်ဘက်ကို ပြောင်းရွိဆဲ ကာလ
Burmese:
နွေ၊ မိုး၊ ဆောင်းသည့် ရာသီဥတု တစ်ဘက်ဘက်သို့ ပြောင်းရွေ့ဆဲ ကာလ
English:
transition crossing See also ကူး
Grammar Note:
နာမ်
အကူဝင်
[ʔkùwɪ̀ɴ]
Arakanese:
တံပက်လူအား အားပီး ကူညီရေ
Burmese:
တစ်ဘက်သားအား အားပေး ကူညီသည်
English:
help
Grammar Note:
ကြိယာ
အကူအထောက်
[ʔkùʔtʰɔ́ɛʔ]
Arakanese:
ထောက်ပံ့ကူညီ။ ထောက်ပံ့ ကူညီရန် ဖြစ်ရေ ဝန်၊ ဥစ္စာ ကြီးငွီ အစဟိစွာ
Burmese:
ထောက်ပံ့ကူညီ။ ထောက်ပံ့ ကူညီရန် ဖြစ်သော ပစ္စည်း၊ ဥစ္စာ ကြေးငွေ စသည်
English:
material help - material support
Grammar Note:
နာမ်
အကူးအပြောင်း
[ʔkùးʔpɹáʊɴ]
Arakanese:
ဖြစ်ပျက်မှု သွင်ပြင် အနိန်အထား အချိန်ကာလ အစဟိစွာ ပြောင်းရွိခြင်း
Burmese:
ဖြစ်ပျက်မှု သွင်ပြင် အနေအထား အချိန်ကာလ စသည် ပြောင်းရွေ့ခြင်း
English:
transition - change
Grammar Note:
နာမ်
အကူးအလာ
[ʔkùးʔlà]
Arakanese:
နီရာတခုမှ တခုသို့ အပြန်အလှန် လားလာခြင်း။ တယောက်နှင့် တယောက် အဆက်အဆံ ဟိခြင်း
Burmese:
နေရာတစ်ခုမှ တစ်ခုသို့ အပြန်အလှန် သွားလာခြင်း။ တစ်ယောက်နှင့် တစ်ယောက် အဆက်အဆံ ဟိခြင်း
English:
crossover - transit - in touch
Grammar Note:
နာမ်
အကောက်
[ʔkɔ́ɛʔ]
Arakanese:
မဖြောင့်တန်း ကွိ့လိမ်သော အရာ
Burmese:
မဖြောင့်တန်း ကွေ့လိမ်သော အရာ
English:
curve
Grammar Note:
နာမ်