Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,141–3,160 of 3,186 words

    က

    ကွမ်းဖုံ

    [kʊ̀ɴpʰòʊɴ]
    ကွမ်းရွက်ကို နုပ်နုပ် စဉ်း၍ မီးပင့်ပြီး ချက်ထားရေ ဘိန်းအဆီဖြင့် ရောနယ်ကာ မီးတိုက်ဟိုက်ရရေ ယစ်မူးဆီး တမျိုး။ ဘိန်းလင်ယှူလို့၊ ကွမ်းဖုံခြောက်ပင်၊ အသီာက်မိဟု (ဘိန်း)။ ကွမ်းမစုံ၊ ဆီးမစုံ သောက်တေက၊ ကွမ်းဖုံ (တေး)
    ကွမ်းရွက်ကို နုပ်နုပ် စဉ်း၍ မီးပင့်ပြီး ချက်ထားသော ဘိန်းအဆီဖြင့် ရောနယ်ကာ မီးရှို့ရှိုက်ရသော မူးယစ်ဆေး တစ်မျိုး။ ဘိန်းလင်ယှူလို့၊ ကွမ်းဖုံခြောက်ပင်၊ အသောက်မိဟု (ဘိန်း)။ ကွမ်းမစုံ၊ ဆီးမစုံ သောက်တေက၊ ကွမ်းဖုံ (တေး)
    like opium
    နာမ်

    ကွမ်းဖြည့်ပင်

    [kʊ̀ɴpʰɹɛ̰pɪ̀ɴ]
    ယင်းအသီးကို စားကေ ကွမ်းစားရာမှ ထွက်သော အရည်နန့်တူသော အပင်တမျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆီးသဒ္ဒါအိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် လို့လေ့ သုံးကတ်သည်
    ယင်းအသီးကို စားလျှင် ကွမ်းစားရာမှ ထွက်သော အရည်နှင့်တူသော အပင်တစ်မျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆေးသဒ္ဒါအိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် ဟုလည်း သုံးကြသည်
    none
    နာမ်

    ကွမ်းဗျာရီ

    [kʊ̀ɴbràɹí]
    ကွမ်းရွက် လက်ကား ရောင်းသူ။ တဆင့်ယူပနာ ရောင်းသူ
    ကွမ်းရွက် လက်ကား ရောင်းသူ။ တဆင့်ယူ၍ ရောင်းသူ
    betel seller
    နာမ်

    ကွမ်းဘီရာ

    [kʊ̀ɴbʱíɹà]
    ၁၊ ကွမ်းရွက် သျှစ်ဆယ်စီ ပြုလုပ် ထုပ်ထားရေ အရာ။ ၂၊ ယင်းဘီရာကို ရွီတွက်သော စကားလုံး
    ၁၊ ကွမ်းရွက် ရှစ်ဆယ်စီ ပြုလုပ် ထုပ်ထားသော အရာ။ ၂၊ ယင်းဘီရာကို ရေတွက်သော စကားလုံး
    paan
    နာမ်

    ကွမ်းရည်ပင်

    [kʊ̀ɴɹɛ̀pɪ̀ɴ]
    ယင်းအသီးကို စားကေ ကွမ်းစားရာမှ ထွက်သော အရည်နန့်တူသော အပင်တမျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆီးသဒ္ဒါအိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် လို့လေ့ သုံးကတ်သည်
    ယင်းအသီးကို စားလျှင် ကွမ်းစားရာမှ ထွက်သော အရည်နှင့်တူသော အပင်တစ်မျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆေးသဒ္ဒါအိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် ဟုလည်း သုံးကြသည်
    none
    နာမ်

    ကွမ်းသီးကြက်ချီး

    [kʊ̀ɴθït͡ɕɛʔɕï]
    ကွမ်းသီးအနုကို ခြောက်အောင် လုပ်ထားရေ အရာ
    ကွမ်းသီးအနုကို ခြောက်အောင် လုပ်ထားသော အရာ
    dry betel nut
    နာမ်

    ကွမ်းသီးဖူဒယော

    [kʊ̀ɴθïpʰùdjɔ́]
    ကွမ်းသီးဖူးနန့် တူသော ရခိုင်ဒယောတခု၏ အမည်
    ကွမ်းသီးဖူးနှင့် တူသော ရခိုင်လုံချည်တစ်ခု၏ အမည်
    rakhine logyi
    နာမ်

    ကွမ်းသီးဖူးလက်ကောက်

    [kʊ̀ɴθïpʰùးlɛʔkɔ́ɛʔ]
    ကွမ်းသီးဖူးနန့်တူသော လက်ကောက် တမျိုး
    ကွမ်းသီးဖူးနှင့်တူသော လက်ကောက် တစ်မျိုး
    Type of bracelet
    နာမ်

    ကွမ်းသီးဝှက်တမ်း

    [kʊ̀ɴθïʍɛʔtáɴ]
    နှစ်ဖက်ခွဲရား တဖက်က ငါးယောက်စီ ဆိုပါဖိ၊ တယောက်တင်ကို တယောက်ခြေကန်ပြီး ထိုင်ကတ်ရရေ။ ဒိုင်သမားက ကွမ်းသီးခွံကို မမြင်ရရောင် တယောက်ယောက် ထံမာ ဝှက်ထားပြီးသား ယှာစီရေ။ ရှာမရကေ နောက်က လူဟိကို တက်ပြီးး တအားခုန်၍ ကျရေ နီရာမာ နီရရေ။ ငါးကြိမ်တ
    နှစ်ဖက်ခွဲပြီး တစ်ဘက်က ငါးယောက်စီ ဆိုပါစို့၊ တစ်ယောက်တင်ကို တစ်ယောက်ခြေကန်ပြီး ထိုင်ကြရသည်။ ဒိုင်သမားက ကွမ်းသီးခွံကို မမြင်ရအောင် တစ်ယောက်ယောက် ထံတွင် ဝှက်ထားပြီး ရှာစေသည်။ ရှာမရလျှင် နောက်က လူရှေ့သို့ တက်ပြီး တစ်အားခုန်၍ ကျသည့် နေရာတွင် နေရသည်။ ငါးကြိမ်တ
    Arakan’s game(hide and seek)
    နာမ်

    ကွမ်းသီးသွားကြား

    [kʊ̀ɴθïθWàt͡ɕá]
    လားကတ်ားပိုင် အက်ကွဲနီသော ကွမ်းသီး။ ကွမ်းသီးသခြ
    သွားကြားကဲ့သို့ အက်ကွဲနေသော ကွမ်းသီး။ ကွမ်းသီးသခြ
    betel nut
    နာမ်

    ကွမ်းအိတ်

    [kʊ̀ɴʔeɪʔ]
    ကွမ်းရွက်၊ ကွမ်းသီး ထုံးအစဟိစွာရို့ကို ထည့်ထားရရေ အရာ။ ကွမ်းကြုတ်။ ကွမ်းကလပ်
    ကွမ်းရွက်၊ ကွမ်းသီး ထုံးစသည်တို့ကို ထည့်ထားရသော အရာ။ ကွမ်းအစ်။ ကွမ်းကလပ်
    betel box
    နာမ်

    ကွယ်

    [kwɛ̀]
    ၁၊ မျက်စိနန့် မမြင်ရ ဖြစ်တေ။ တဆတ်ဆတ်ဖြင့် အစမကျန်ဟိအောင် လျော့ပျက် ကုန်ခန်းရေ။ ၂၊ စကားကို ထိန်ချန်၍ ပြောရေ။ ၃၊ သီရေ။ ၄၊ လူများ မမြင်ရရောင် ပုန်းလျှိုးနိန်ရေ။ ၅၊ လန့်ဆန့်ကာ ကာဆီးသည်
    ၁၊ မျက်စိဖြင့် မမြင်ရ ဖြစ်သည်။ တဖြည်းဖြည်းဖြင့် အစမကျန်ရှိအောင် လျော့ပျက် ကုန်ခန်းသည်။ ၂၊ စကားကို ထိန်ချန်၍ ပြောသည်။ ၃၊ သေသည်။ ၄၊ သူတစ်ပါး မမြင်ရအောင် ပုန်းလျှိုးနေသည်။ ၅၊ ကန့်လန့်ကာ ကာဆီးသည်
    unsay
    ကြိယာ

    ကွယ်ကာ

    [kwɛ̀kà]
    ၁၊ ဟန့်ဟန့်ရေ။၂၊ တန့်စီရေ။ ပျတ်ပင်ကာ သန်းသည်
    ၁၊ တားဆီးသည်။၂၊ တန့်စေသည်။ ပျတ်ပင်ကာ သန်းသည်
    prevent
    ကြိယာ

    ကွယ်ချန်

    [kwɛ̀ɕàɴ]
    စကားကို ဖုံးဝှက် ထိန်ချန်သည်
    စကားကို ဖုံးဝှက် ထိန်ချန်သည်
    unsay
    ကြိယာ

    ကွယ်ပ

    [kwɛ̀p]
    တဆတ်ဆတ် အစအန မကျန်အောင် ကုန်ခန်းလားရေ။ အသုံးမဝင် မမာမကျယ် ဖြစ်တေ
    တဖြည်းဖြည်း အစအန မကျန်အောင် ကုန်ခန်းသွားသည်။ အသုံးမဝင် မတွင်မကျယ် ဖြစ်သည်
    at the end of
    ကြိယာ

    ကွယ်ပျောက်

    [kwɛ̀prɔ́ɛʔ]
    မတွိမမြင်ရ ဖြစ်တေ။ ၂၊ လျှိုးငုပ် ကွယ်ဝှက်ရေ။ မှေးမှိန် ပျောက်ပျက်သည်
    မတွေ့မမြင်ရ ဖြစ်သည်။ ၂၊ လျှိုးငုပ် ကွယ်ဝှက်သည်။ မှေးမှိန် ပျောက်ပျက်သည်
    hiding
    ကြိယာ

    ကွယ်ရာ

    [kwɛ̀ɹà]
    မမြင်မတွိသော နီရာ
    မမြင်မတွေ့သော နေရာ
    Hide-out
    နာမ်

    ကွယ်လွန်

    [kwɛ̀lʊ̀ɴ]
    သီရေ။ အနိစ္စ ရောက်ရေ
    သေသည်။ အနိစ္စ ရောက်သည်
    die
    ကြိယာ

    ကွယ်ဝှက်

    [kwɛ̀ʍɛʔ]
    ကိုယ့်ကိုယ်ကို လူများ မတွိ မမြင်ရရောင် ကွယ်ရာမာ ပုန်းလျှိုးနိန်ရေ။ ပြောင်လောင်းာင်ပြုမည်၊ ပုန်းဝှက်ကွယ်၍၊ နီလေလား (ပန်း)
    မိမိကိုယ်ကို သူတစ်ပါး မတွေ့ မမြင်ရအောင် ကွယ်ရာ၌ ပုန်းလျှိုးနေသည်။ ပြောင်လှောင်ပြုမည်၊ ပုန်းဝှက်ကွယ်၍၊ နေလေသလား (ပန်း)
    hiding
    ကြိယာ

    ကွ့ရှုံ

    [kw့ʃòʊɴ]
    မျက်နှာ ပျော့တွဲပြီးကေ တွန့်ခေါက်နိန်ရေ။ မျက်မှောက်ကွ့ရှုံ၊ နပန်းဆံစမုတ်မာလေ့သော့၊ ဝင်ပေါ်သည်မထင်လှ (ဗမာချီ)
    မျက်နှာ ပျော့တွဲ၍ တွန့်ခေါက်နေသော။ မျက်မှောက်ကွ့ရှုံ၊ နပန်းဆံစမုတ်မှာလည်း၊ ဝင်ပေါ်သည်မထင်လှ (ဗမာချီ)
    scowl
    နာမဝိသေသန