Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 601–620 of 1,759 words

    ပ

    ပီထုပ်

    [pítʰoʊʔ]
    ပီရွက်ထက်မာ ရီးထားရေ စာတိကို စုပေါင်း စည်းနှောင်း ထားရေ အရာ
    ပေရွက်ပေါ်တွင် ရေးထားသော စာများကို စုပေါင်း စည်းနှောင်း ထားသော အရာ
    cartouche
    နာမ်

    ပီးပို့

    [pïpo̰]
    တခုတရီသော ဝန်ကို တနီရာရာသို့ ရောက်ဟိစီရေ
    တစ်စုံတစ်ခုသော ပစ္စည်းကို တစ်နေရာရာသို့ ရောက်ရှိစေသည်
    transport
    ကြိယာ

    ပီးပီး

    [pïpï]
    တခုတရီ အတိုင်းအတာ ပမာဏထက် လျော့ခြင်း၊ နည်းခြင်း၌ တွဲပြီးကေ သုံးသော စကား။ ပီးပီး အချေ့ စိတ်ကေသျှေ။ (အရပ်) ၂၊ နိမ့်ကျ ညံ့ဖျင်းသော အဖြစ် မောင်ပန်းဦးဘိန်းစားသည်၊ အရက်သောက်တေ၊ ဖဲကစပ်တေ ပီးပီးသုံးဖို့မရ၊ လူဦးလူရာမာ မဝင်ဗျာယ်။ (အရပ်
    တစ်စုံတစ်ခု အတိုင်းအတာ ပမာဏထက် လျော့ခြင်း၊ နည်းခြင်း၌ တွဲ၍ သုံးသော စကား။ ပီးပီး အငယ့် စိတ်ကေသျှေ။ (အရပ်) ၂၊ နိမ့်ကျ ညံ့ဖျင်းသော အဖြစ် မောင်ပန်းဦးဘိန်းစားရေ၊ အရက်သောက်တေ၊ ဖဲကစပ်တေ ပီးပီးသုံးဖို့မရ၊ လူဦးလူရာမှာ မဝင်ဗျာယ်။ (အရပ်
    less
    နာမ်

    ပီမူ

    [pímù]
    နမူနာ စံအဖြစ် ကိုးကား၊ အထောက် အထားပြု မှီငြမ်း နိုင်လောက်သော ပေတစောင် စာတတိုင်သား
    နမူနာ စံအဖြစ် ကိုးကား၊ အထောက် အထားပြု မှီငြမ်း နိုင်လောက်သော ပေတစ်စောင် စာတစ်ဖွဲ့
    reference by palm-leaf inscriptio
    နာမ်

    ပီးယောက်

    [pïjɔ́ɛʔ]
    ကိုယ့်ကြောင့် ဆုံးယှုံး နစ်နာသမျှ ကုန်ကျငွီကို ကျေေပြွန်စီရန် ပြန်ပနာ ထုတ်ပီးသည်
    မိမိကြောင့် ဆုံးရှုံး နစ်နာသမျှ ကုန်ကျငွေကို ကျေေပြွန်စေရန် ပြန်လည် ထုတ်ပေးသည်
    compensated
    ကြိယာ

    ပီလန်နွား

    [pílàɴnWà]
    ဂြိုနောက်ကို လန်လန်ဟိရေ နွားတမျိုး
    ဦးချိုနောက်သို့ လန်လန်ရှိသော နွားတစ်မျိုး
    bull
    နာမ်

    ပီလရောင်

    [pílɹàʊɴ]
    ရောဂါ ဝေဒနာကြောင့် ဝမ်းပူနီသူ။ ရောဂါ ဝေဒနာဟိသူ
    ရောဂါ ဝေဒနာကြောင့် ဗိုက်ပူနေသူ။ ရောဂါ ဝေဒနာရှိသူ
    none
    နာမ်

    ပီလိပ်နားတောင်း

    [pílìaʔnátáʊɴ]
    အလျား နှစ်လက္မခွဲလီာက် ဟိရေ ရွှီပြားကို လက်ညှိုးလုံးခန့် ပမာဏဟိအောင် လိပ်ခေါက်၍ ပြုလုပ်ထားရေ ဟိးရက္ခိုင်သူမရို့၏ နားဝတ် တန်ဆာတမျိုး (ယင်းကိုအစွဲ ပြုပနာ ရခိုင် နားပေါက်ကျယ်ဟု တချို့ ခေါ်ဆိုကတ်တေ)
    အလျား နှစ်လက္မခွဲလောက် ရှိသော ရွှေပြားကို လက်ညှိုးလုံးခန့် ပမာဏရှိအောင် လိပ်ခေါက်၍ ပြုလုပ်ထားသော ရှေးရခိုင်သူမတို့၏ နားဝတ် တန်ဆာတစ်မျိုး (ယင်းကိုအစွဲ ပြု၍ ရခိုင် နားပေါက်ကျယ်ဟု အချို့ ခေါ်ဆိုကြသည်)
    ornament
    နာမ်

    ပီလောပီနန်

    [pílɔ́pínàɴ]
    တနှစ်ခံ အပင် တမျိုး၏ အသီးမှ ထုတ်ယူ ရဟိရေ ယစ်မူးစီရန် အသုံးပြုကတ်တေ့ အစီးတမျိုး။ ပလောပလန် သောက်ပြန် တကျည့်။ ယူဟိုက်ခရေ်၊ သက္ကရာဇာ၊ စည်းစိမ်ပျော်၏။ (ဘိန်း
    တစ်နှစ်ခံ အပင် တစ်မျိုး၏ အသီးမှ ထုတ်ယူ ရရှိသော မူးယစ်စေရန် အသုံးပြုကြသည့် အစေးတစ်မျိုး။ ပလောပလန် သောက်ပြန် တစ်ကျည့်။ ယူယှိုက်ခဲ့သော်၊ သက္ကရာဇာ၊ စည်းစိမ်ပျော်၏။ (ဘိန်း
    poppy
    နာမ်

    ပီးဝီ

    [pïwí]
    အဝီအဖို့ကို ခွဲခြားပနာ ပီးရေ။ ၂၊ အရပ် ဝန်းကျင် ပျံ့နှံ ရယူစီရေ။ ဝီငှပီးရေ
    ဝေစုအဖို့ကို ခွဲခြား၍ ပေးသည်။ ၂၊ အရပ် ဝန်းကျင် ပျံ့နှံ ရယူစေသည်။ ဝေငှပေးသည်
    allot
    ကြိယာ

    ပီသ

    [píθ]
    ၁၊ တိကျ ထင်ရှားသော။ ၂၊ သရုပ်တူသော။ ၃၊ အသံပြည့်မီသော။ အသံထင်ရှား ပြတ်သားသော
    ၁၊ တိကျ ထင်ရှားသော။ ၂၊ သရုပ်တူသော။ ၃၊ အသံပြည့်မီသော။ အသံထင်ရှား ပြတ်သားသော
    conspicuous
    နာမဝိသေသန

    ပု

    [poʊ]
    တိုဝင်အောင် ဟောက်ပက်အောင်၊ ပုပျပ်အောင် ပြုလုပ်ရေ။ ဆင်ပေါက်သော်မှ၊ ငါ့သားကြီးရို့ လက်သီးထုက၊ ပုလို့ကျမည် (ကော်)
    တိုဝင်အောင် နိမ့်ဝင်အောင်၊ ပုပျပ်အောင် ပြုလုပ်သည်။ ဆင်ပေါက်သော်မှ၊ ငါ့သားကြီးတို့ လက်သီးထုက၊ ပုလို့ကျမည် (ကော်)
    dwarfish
    ကြိယာ

    ပုံ

    [pòʊɴ]
    နှိုင်းနိူင်းရန် အခြီခံ ပြုထားရေ အရာ။ စံ။ အသွင်သဏ္ဍာန်။ မသဲမကွဲ မထင် မရှားသော ဟန်သွင်
    နှိုင်းယှဉ်ရန် အခြေခံ ပြုထားသော အရာ။ စံ။ အသွင်သဏ္ဍာန်။ မသဲမကွဲ မထင် မရှားသော ဟန်သွင်
    sample
    နာမ်

    ပုံ့

    [po̰ʊɴ]
    ဝဖြိုးသော။ ဝသော။ အေ - ကျွဲခန္ဓာကိုယ် လက်ပုံ့နီရေ (အရပ်)။ ငါးသလောက် ဝန်မသျှေ တကောင်ပုံ့နီရေ
    ဆူဖြိုးသော။ ဝသော။ အေ - ကျွဲခန္ဓာကိုယ် လက်ပုံ့နီရေ (အရပ်)။ ငါးသလောက် ဝန်မသျှေ တစ်ကောင်ပုံ့နီရေ
    fat
    နာမဝိသေသန

    ပုံး

    [póʊɴ]
    မျက်နှာဝ ငယ်၍ အလုံပိတ် အစောက်ရှည်သော ထည့်စရာ ဝန် တမျိုး
    မျက်နှာဝ ငယ်၍ အလုံပိတ် အစောက်ရှည်သော ထည့်စရာ ပစ္စည်း တစ်မျိုး
    bin
    နာမ်

    ပု၂

    [poʊ၂]
    အရပ်အမင်ာင်း နိမ့်ပျပ်သော။ ဟိသင့်သည့် အမြင့်အောက် နိမ့်ပျပ်သော
    အရပ်အမောင်း နိမ့်ပျပ်သော။ ရှိသင့်သည့် အမြင့်အောက် နိမ့်ပျပ်သော
    dwarfish
    နာမဝိသေသန

    ပုံ၂

    [pòʊɴ၂]
    တခုပေါ် တခု ထပ်၍ တင်ထားရေ။ တနီရာ တည်းမာ စုသွန် ထားရေ။ မျက်နှာပြင် ထက်သို့ စူကတ်တေ။ လုံးလုံး အားကိုး ထားရေ
    တစ်ခုပေါ် တစ်ခု ထပ်၍ တင်ထားသည်။ တစ်နေရာ တည်းတွင် စုသွန် ထားသည်။ မျက်နှာပြင် ထက်သို့ စူကြသည်။ လုံးလုံး အားကိုး ထားသည်
    overlay
    ကြိယာ

    ပုံ၃

    [pòʊɴ၃]
    လူစုလူဝီး။ ဖေသာစုအနိန်နန့် ခွဲဝီ သတ်မှတ် ထားရေ့ အဝီ ပမာဏ
    လူစုလူဝေး။ ငွေစု အားဖြင့် ခွဲဝေ သတ်မှတ် ထားသည့် ဝေစု ပမာဏ
    share
    နာမ်

    ပုကရု

    [poʊkɹoʊ]
    သား မြေး အချေစု။ အရွယ် အမျိုးမျိုး ပါဝင်ရေ အသီးစား အရာဝတ္တုများ
    သား မြေး ကလေးငယ်စု။ အရွယ် အမျိုးမျိုး ပါဝင်သော အသေးစား အရာဝတ္တုများ
    descendant
    နာမ်

    ပုကရု၂

    [poʊkɹoʊ၂]
    အမျိုးအမည် အရွီအတွက် အစဟိစွာ့ များပြားစွာ
    အမျိုးအမည် အရေအတွက် စသည့် များပြားစွာ
    many
    ကြိယာဝိသေသန