Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 1,415 words

    ရ

    ရတိုင်းစု၂

    [ɹtáɪɴsoʊ၂]
    မသေမသပ် အဆင်ပြေပိုင်။ ဆင်ခြင်ပိုင်းခြားခြင်း မယိုပဲ ရတတ်သမျှအနိန်နန့်
    မသေမသပ် ဖြစ်သလို။ ဆင်ခြင်ပိုင်းခြားခြင်း မယိုပဲ ရတတ်သမျှ အားဖြင့်
    improvisation
    ကြိယာဝိသေသန

    ရတု

    [ɹtoʊ]
    ရာသီဥတု အခြီအရဲ။ ၂၊ နွေ၊ မိုး၊ ဆောင်း ဆိုရေ ဥတု(သုံးပါး)။ ၃၊ တနှစ်တာ အတွက်ကို ခြောက်ပိုင်း ခွဲခြား သတ်မှတ်ထားရေ သိသိရတု၊ နိနန္ဒရတု၊ ဂိမန္တရတု၊ ဝသန္တရတု၊ သာရဒရတု၊ ဟေမန္တရတု အချိန် အပိုင်းအရာ။ ၄၊ အသံသာယာစွာ ရွတ်ဆိုနှိုင်ယောင် လေးလုံး နှစ်ပါဒ၊ ခြောက်လ
    ရာသီဥတု အခြေအနေ။ ၂၊ နွေ၊ မိုး၊ ဆောင်း ဟူသော ဥတု(သုံးပါး)။ ၃၊ တစ်နှစ်တာ အတွက်ကို ခြောက်ပိုင်း ခွဲခြား သတ်မှတ်ထားသော သိသိရတု၊ နိနန္ဒရတု၊ ဂိမန္တရတု၊ ဝသန္တရတု၊ သာရဒရတု၊ ဟေမန္တရတု အချိန် အပိုင်းအခြား။ ၄၊ အသံသာယာစွာ ရွတ်ဆိုနိုင်အောင် လေးလုံး နှစ်ပါဒ၊ ခြောက်လ
    the three seasons the six seasons (a) seasonal festival (b) anniversary - jubilee lyrical ode on the seasons love etc.
    နာမ်

    ရတောင့်ရခဲ

    [ɹtɔ́ɪ̰ɴɹkʰɛ]
    အလွန်ခဲယဉ်းသော။ ရတောင့်ရခဲ အခွင့်အရီး ဖြစ်ရေ
    အလွန်ခဲယဉ်းသော။ ရတောင့်ရခဲ အခွင့်အရေး ဖြစ်သော
    hard to come by
    နာမဝိသေသန

    ရထား

    [ɹtʰá]
    စက်အား၊ ဓာတ်အား၊ တိရစ္ဆာန်ဆွဲအား၊ လူဆွဲအား အစဟိစွာအနိန်နန့် ရွိသော ယာဉ်
    စက်အား၊ ဓာတ်အား၊ တိရစ္ဆာန်ဆွဲအား၊ လူဆွဲအား စသည်ဖြင့် ရွေ့လျားသော ယာဉ်
    train - chariot - coach - carriage
    နာမ်

    ရထား၂

    [ɹtʰá၂]
    အလျား ခြောက်တောင်၊ အနံ လေးတောင်၊ ထိပ်ဝ တတောင်ဟိ သစ်သား စက်သီး လေးလုံး၊ ယင်းလေးလုံးကို ပေါင်တန်းတပ်ဆင်ပြီးကေ အလယ်၌ ဝါးလုံးအခက်ရို့ကို စည်းနှောင်ပြီး ထိပ်ဖူး တပ်ဆင်ထားရေ ရခိုင်ရို့၏ (ရထား) ယဉ် တမျိုး
    အလျား ခြောက်တောင်၊ အနံ လေးတောင်၊ ထိပ်ဝ တစ်တောင်ယှိ သစ်သား စက်သီး လေးလုံး၊ ယင်းလေးလုံးကို ပေါင်တန်းတပ်ဆင်လျက် အလယ်၌ ဝါးလုံးအခက်တို့ကို စည်းနှောင်ပြီး ထိပ်ဖူး တပ်ဆင်ထားသော ရခိုင်တို့၏ (ရထား) ယဉ် တစ်မျိုး
    Arakan coach
    နာမ်

    ရထားငင်

    [ɹtʰáŋɪ̀ɴ]
    ယင်းယာဉ်ရထားကို လူများလျှင် များသလောက်၊ နည်းလျှင် နည်းသလောက်၊ တဖက်က ကြိုးနှစ်ပင်၊ ယောက်ျားတဖက်၊ မမာ့တဖက် သူနိုင်ငါနိုင် အပြိုင်အဆိုင် ပျော်ပွဲရွင်ပွဲအဖြစ် ဆွဲငင်ကတ်တေ။ ယင်းပွဲကို တပို့တွဲလ မပြည့််မီ သုံးရက်ကပင် လပြည့််နိထိ ဆွဲငင်ပြီး လပြည့််နိတွ
    ယင်းယာဉ်ရထားကို လူများလျှင် များသလောက်၊ နည်းလျှင် နည်းသလောက်၊ တစ်ဘက်က ကြိုးနှစ်ပင်၊ ယောက်ျားတစ်ဘက်၊ မိန်းမတစ်ဘက် သူနိုင်ငါနိုင် အပြိုင်အဆိုင် ပျော်ပွဲရွင်ပွဲအဖြစ် ဆွဲငင်ကြသည်။ ယင်းပွဲကို တပို့တွဲလ မပြည့််မီ သုံးရက်ကပင် လပြည့််နေ့ထိ ဆွဲငင်ပြီး လပြည့််နေ့တွ
    by pulling a four-wheeled carriage
    ကြိယာ

    ရထားငင်ပွဲ

    [ɹtʰáŋɪ̀ɴpwɛ]
    ရခိုင်ရို့၏ ယိုင်ကျေးမှုအရ သတ်မှတ်ထားရေ တပို့လမာ ပျော်ပွဲရွှင်ပွဲ ရထားငင်ပွဲ။ (ရထားဆွဲပွဲ လို့လေ့ သုံးနှုန်းကတ်တေ။) ယင်းယာဉ်ရထားကို လူများလျှင် များသလောက်၊ နည်းလျှင် နည်းသလောက်၊ တဖက်က ကြိုးနှစ်ပင်၊ ယောက်ျားတဖက်၊ မမာ့တဖက် သူနိုင်ငါနိုင် အပြိုင်အဆို
    ရခိုင်တို့၏ ယဉ်ကျေးမှုအရ သတ်မှတ်ထားသော တပို့လတွင် ပျော်ပွဲရွှင်ပွဲ ရထားငင်ပွဲ။ (ရထားဆွဲပွဲ ဟုလည်း သုံးနှုန်းကြသည်။) ယင်းယာဉ်ရထားကို လူများလျှင် များသလောက်၊ နည်းလျှင် နည်းသလောက်၊ တစ်ဘက်က ကြိုးနှစ်ပင်၊ ယောက်ျားတစ်ဘက်၊ မိန်းမတစ်ဘက် သူနိုင်ငါနိုင် အပြိုင်အဆို
    an Arakanese festival observed by pulling a four-wheeled carriage opposite ways on a rope on the full moon day of Dabodwe (eleventh mooth of the year containing days) in hope of good harvest
    နာမ်

    ရနံ့

    [ɹnံ့]
    ပန်းစကပင် ထွက်သော နှစ်သက် စုံမက်ဖွယ် မွှီးကြိုင်သော အနံ့
    ပန်းစသည်မှ ထွက်သော နှစ်သက် စုံမက်ဖွယ် မွှေးကြိုင်သော အနံ့
    fragrance - scent
    နာမ်

    ရန်

    [ɹàɴ]
    တယောက်ယောက်အား စိတ် မချမ်းသာ ဖြစ်စီဖို့ အနှောက်အယှက်။ ဆန့်ကျင်ပုတ်ခတ် တိုက်ခိုက်မှု။ မိတ်ဘက် မဟုတ်ရေ အရာ။ ဦးညို ခေ-မာ၊ သု-တ၊ ဝေ-ရီ၊ ရန် တီတီ
    တစ်စုံတစ်ဦးအား စိတ် မချမ်းသာ ဖြစ်စေမည့် အနှောက်အယှက်။ ဆန့်ကျင်ပုတ်ခတ် တိုက်ခိုက်မှု။ မိတ်ဘက် မဟုတ်သော အရာ။ ဦးညို ခေ-မာ၊ သု-တ၊ ဝေ-ရီ၊ ရန် တီတီ
    enmity - danger - quarrel - hostility
    နာမ်

    ရန်၂

    [ɹàɴ၂]
    အလိုဟိရေအခါ သုံးဖို့အတွက် အပိုအမို ဆောင်ထားရေ။ ၂၊ ရည်ရွယ်မှန်း ထားရေ
    အလိုရှိသည့်အခါ သုံးဖို့ရန် အပိုအမို ဆောင်ထားသည်။ ၂၊ ရည်ရွယ်မှန်း ထားသည်
    place side by - parallel (as in ရီစားလုပ်ဖို့၊ အ~ ဆောင်ထားစွာ) keep sth in reserve
    ကြိယာ

    ရန်ကြူး

    [ɹàɴt͡ɕùး]
    ဖို့လိုသည်
    ရန်လိုသည်
    aggressive
    ကြိယာ

    ရန်ခဲ

    [ɹàɴkʰɛ]
    အဓိကရုဏ်း ဖြစ်ခြင်း။ ရန်ဖြစ်ခြင်း
    အဓိကရုဏ်း ဖြစ်ခြင်း။ ရန်ဖြစ်ခြင်း
    quarrel
    နာမ်

    ရန်ခဲပုစ္ဆာ

    [ɹàɴkʰɛpoʊsɪ́hsaà]
    အမျက်ထွက်ရန် ဖြစ်ခြင်း၊ ရန်ခဲပုစ္ဆာ၊ ပြဿနာကို၊ ပြီးယောင် ဖြီခပါ၏ (ဗမာချီ)
    အမျက်ထွက်ရန် ဖြစ်ခြင်း၊ ရန်ခဲပုစ္ဆာ၊ ပြဿနာကို၊ ပြီးအောင် ဖြီခပါ၏ (ဗမာချီ)
    quarrel
    နာမ်

    ရန်ငြိုး

    [ɹàɴɲó]
    တယောက်ယောက်အား ပြန်လှန် အန္တရာယ်ပြုဖို့ စိတ်ထဲမာ သိုမှတ်ထားရေ
    တစ်စုံတစ်ဦးအား ပြန်လှန် အန္တရာယ်ပြုရန် စိတ်ထဲတွင် သိုမှတ်ထားသည်
    grudge - spite
    နာမ်

    ရန်ငြိုးကြူး

    [ɹàɴɲót͡ɕùး]
    ရန်ဖြစ်ချင်စိတ် ကြီးမားရေ။ ရန်ဖြစ်မှုကို လိုလားသော။ စွာသော။ စိတ်၌ ရည်စူး၊ သတ်ရလိုဟု၊ ရန်ငြိုးကြူးလို့ (ဆဒ္ဒန်)
    ရန်ဖြစ်ချင်စိတ် ကြီးမားသော။ ရန်ဖြစ်မှုကို လိုလားသော။ စွာသော။ စိတ်၌ ရည်စူး၊ သတ်ရလိုဟု၊ ရန်ငြိုးကြူးလို့ (ဆဒ္ဒန်)
    harbor a grudge
    နာမဝိသေသန

    ရန်ငြိုးထား

    [ɹàɴɲótʰá]
    တယောက်ယောက် ကို ပြန်လှန် အန္တရာယ်ပြုဖို့ လွတ်လပ်မှုကို စောင့်နီသည်
    တစ်စုံတစ်ဦး အပေါ်တွင် ပြန်လှန် အန္တရာယ်ပြုရန် လွတ်လပ်မှုကို စောင့်နေသည်
    harbor a grudge or resentment
    ကြိယာ

    ရန်စ

    [ɹàɴs]
    မသင့်မတင့် အဓိကရုဏ်း ဖြစ်ပွားစီရေ ထိပါး ပြောဆိုမှု
    မသင့်မတင့် အဓိကရုဏ်း ဖြစ်ပွားစေသော ထိပါး ပြောဆိုမှု
    provoke - pick a quarrel
    ကြိယာ

    ရန်စငင်

    [ɹàɴsŋɪ̀ɴ]
    မသင့်မတင့် ဖြစ်ယောင် ရန်ပျိုးရေ။ ၂၊ အကြောင်း တစုံတရာ မဟိဘဲ ဖန်တီးကာ အနှောက်အယှက် ပြုသည်
    မသင့်မတင့် ဖြစ်အောင် ရန်ပျိုးသည်။ ၂၊ အကြောင်း တစ်စုံတရာ မရှိပဲ ဖန်တီးကာ အနှောက်အယှက် ပြုသည်
    provocation
    ကြိယာ

    ရန်စောင်

    [ɹàɴsàʊɴ]
    ရန်ပြုဖို့အတွက် လွတ်လပ်မှုကို မျှော်စောင့်သည်
    ရန်ပြုရန်အတွက် လွတ်လပ်မှုကို မျှော်စောင့်သည်
    be hostile
    ကြိယာ

    ရန်စွယ်

    [ɹàɴswɛ̀]
    ခိုက်ရန်ဖြစ်စီ နှိုင်ရေ တွယ်စပ် ပုတ်ခတ်မှု။ ၂၊ ရန်စစ် တိုက်ခိုက်ချက်
    ခိုက်ရန်ဖြစ်စေ နိုင်သော တွယ်စပ် ပုတ်ခတ်မှု။ ၂၊ ရန်စစ် တိုက်ခိုက်ချက်
    source of danger - danger
    နာမ်