Dictionary Entries
Showing 481–500 of 635 words
ဝ
ဝဲလင်းဆောင်
[wɛlɪ́ɴsʰàʊɴ]
Arakanese:
အယင်က အိမ်ကြီးများရို့မာ အိမ်ဟိမျက်နှာစာ၌ (သားသမီး၊ မြေး၊ မြစ်အစဟိစွာ အချေသူငယ် ကစပ်ပျော်ရွှင်ဖို့အတွက်) အမိုးချဗျာယ် အကာမဲ့ ဆောက်လုပ် ထားရေ အဆောင်။ တနည်း လီညင်းခံရန် အဆောင်။ နဂါးရစ်ကေ ဆောင်ယောင်၊ ဝဲလင်းဆောင်မာ မောင်သျှင်ပျော်ပါး (နတ်သိုက်)
Burmese:
ယခင်က အိမ်ကြီးများတို့တွင် အိမ်ရှေ့မျက်နှာစာ၌ (သားသမီး၊ မြေး၊ မြစ်စသည် ကလေးသူငယ် ကစားပျော်ရွှင်ဖို့အတွက်) အမိုးချလျက် အကာမဲ့ ဆောက်လုပ် ထားသော အဆောင်။ သို့မဟုတ် လေညှင်းခံရန် အဆောင်။ နဂါးရစ်ကေ ဆောင်ယောင်၊ ဝဲလင်းဆောင်မှာ မောင်သျှင်ပျော်ပါး (နတ်သိုက်)
English:
roofed open extension in front of old period houses
Grammar Note:
နာမ်
ဝဲသီး
[wɛθï]
Arakanese:
ကိုယ်ခန္ဓာ အရီပြားထက်မာ ယားယံ စီတတ်ရေ အဖုအပိမ့်များ
Burmese:
ကိုယ်ခန္ဓာ အရေပြားပေါ်တွင် ယားယံ စေတတ်သော အဖုအပိမ့်များ
English:
scabies - mange
Grammar Note:
နာမ်
ဝါ
[wà]
Arakanese:
တယောက်ယောက်အား မရိုးသားသော စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူရေ။ ဝါ၍ မုသားစကား ပြောဆိုရေ။ မဖွပ်လေငြား၊ ခအိုတော်မာ၊ ဝါကာပြောကေ၊ စကားနီရာ၊ မသေချာပဲ၊ ရီမာလေ့သော့နီ၊ နဂါးဟောက်ကေ၊ ကျားပေါက်သီဟု၊ ဖို့ဖီးလက်ထက်၊ အဆက်ဆက်က၊ ဆက်ပနာပြီးထွေ၊ သင်မင်းဖျားမာ၊ ကြ
Burmese:
တစ်စုံတစ်ဦးအား မရိုးသားသော စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်။ လိမ်လည်၍ မုသားစကား ပြောဆိုသည်။ မလျှော်လေငြား၊ ခဲအိုတော်မှာ၊ ဝါကာပြောကေ၊ စကားနေရာ၊ မသေချာပဲ၊ ရီမှာလည်းနီ၊ နဂါးဟောက်ကေ၊ ကျားပေါက်သီဟု၊ ဖို့ဖီးလက်ထက်၊ အဆက်ဆက်က၊ ဆက်လက်ပြီးထွေ၊ သင်မင်းဖျားမှာ၊ ကြ
English:
twist - be twisted lie - tell a lie cheat - swindle
Grammar Note:
ကြိယာ
ဝါး
[wàး]
Arakanese:
အမြစ်များ စုပေါင်း ဆုံဆည်းရာ တခုတည်းမှ အပင်များစွာ ပေါက်ပွားနှိုင်ရေ အရွက်ချွန်နှင့် အမြင့်တက်ရေ့ မြက်မျိုးဝင် အပင်တမျိုး။ ဝါးတောမာ ဝါးလှရွီး (အရပ်)
Burmese:
အမြစ်များ စုပေါင်း ဆုံဆည်းရာ တစ်ခုတည်းမှ အပင်များစွာ ပေါက်ပွားနိုင်သော အရွက်ချွန်နှင့် အမြင့်တက်သည့် မြက်မျိုးဝင် အပင်တစ်မျိုး။ ဝါးတောမှာ ဝါးလှရွီး (အရပ်)
English:
bamboo plant timing in Arakan Music (See illus. at ဆိုင်းဝိုင်း) clappers
Grammar Note:
နာမ်
ဝါ၂
[wà၂]
Arakanese:
မဟုတ်မမှန် ဝါ ပြောဆိုရေစကား။ ဆနွင်းဝါကို၊ ပွတ်ကာရော၍၊ စကားဝါသံ၊ အားဓမခံကေ၊ အလံမလျော့ (ဓမ္မသာ)။ သင်္ကန်းဝါကို၊ ခဝါဖွပ်သို့၊ ဝါလတ်တေလား (ငှက်ဆင်ချီ)
Burmese:
မဟုတ်မမှန် လိမ်လည် ပြောဆိုသောစကား။ နနွင်းဝါကို၊ ပွတ်ကာရော၍၊ စကားဝါသံ၊ အတင်းခံကေ၊ အလံမလျော့ (ဓမ္မသာ)။ သင်္ကန်းဝါကို၊ ခဝါဖွပ်သို့၊ ဝါလတ်တေလား (ငှက်ဆင်ချီ)
English:
lie
Grammar Note:
နာမ်
ဝါ၃
[wà၃]
Arakanese:
တခုတရီကြောင့် စိတ်ဓါတ် လျော့ပါး အားငယ်နိန်ရေအခါ၊ အားကိုး အားထားပြုဖို့ အားပီး ပြောဆိုရာမာ ကြိယာ အဆုံးမာ တွဲပြီးကေသုံးသော စကားလုံး။ လှဒေဝီမာ စိုးရိမ်နှောင်းကေ၊ မကြောင့်ကြနှင့် တဗျင်းများလွန်းခြွီရံ၊ ငါအဒါလေ၊ ဆရာမကေ၊ ဟိပါရေဝါ (ပဒုမ္မဝတီ)။ မွီးဖက်တော်သည်၊ ဂုထိကေ၊ ဟိ
Burmese:
တစ်စုံတစ်ခုကြောင့် စိတ်ဓါတ် လျော့ပါး အားငယ်နေသောအခါ၊ အားကိုး အားထားပြုရန် အားပေး ပြောဆိုရာ၌ ကြိယာ အဆုံး၌ တွဲ၍သုံးသော စကားလုံး။ လှဒေဝီမှာ စိုးရိမ်နှောင်းကေ၊ မကြောင့်ကြနှင့် များလှခြွေရံ၊ ငါအဒါလေ၊ ဆရာမကေ၊ ဟိပါရေဝါ (ပဒုမ္မဝတီ)။ ဖွားဖက်တော်သည်၊ ယခုထိလျှင်၊ ဟိ
English:
none
Grammar Note:
ပစ္စည်း
ဝါ၄
[wà၄]
Arakanese:
ရွှီ၊ ဆနွင်း၊ သင်္ကန်းပိုင် အရောင်ဟိသော။ ဆနွင်းဝါကို၊ ပွတ်ကာရော၍၊ စကားဝါသံ (ဓမ္မသာ)။ သင်္ကန်းဝါကို၊ ခဝါဖွပ်သို့၊ ဝါလတ်တေလား (ငှက်ဆင်ချီ)
Burmese:
ရွှေ၊ နနွင်း၊ သင်္ကန်းကဲ့သို့ အရောင်ယှိသော။ နနွင်းဝါကို၊ ပွတ်ကာရော၍၊ စကားဝါသံ (ဓမ္မသာ)။ သင်္ကန်းဝါကို၊ ခဝါဖွပ်သို့၊ ဝါလတ်တေလား (ငှက်ဆင်ချီ)
English:
yellow [of voice] stentorian - loud [as in စကား~သံ]
Grammar Note:
နာမဝိသေသန
ဝါးကင်းစွန်း
[wàးkɪ́ɴsʊ́ɴ]
Arakanese:
လီးနက်ရေ အသိပညာမဟိပဲ ရပေါ်ဆီမျှ တတ်မြောက်သူ။ အဂယင့် အရည်အခြင်း မဟိဘဲ အကွန်ဆောင်ဝင့်ဝါသူ။ အပြော၊ အပြအနိန်နန့် အထင်ကြီးအောင် လုပ်တတ်သူ
Burmese:
လေးနက်သော အသိပညာမရှိပဲ အပေါ်ယံမျှ တတ်မြောက်သူ။ တကယ် အရည်အချင်း မရှိပဲ ဟန်ဆောင်ဝင့်ဝါသူ။ အပြော၊ အပြ အားဖြင့် အထင်ကြီးအောင် လုပ်တတ်သူ
English:
pretend
Grammar Note:
နာမ်
ဝါးကင်းထူ
[wàးkɪ́ɴtʰù]
Arakanese:
အသားထူရေ ဝါးတမျိုး
Burmese:
အသားထူသော ဝါးတစ်မျိုး
English:
bamboo
Grammar Note:
နာမ်
ဝါးကင်းပိတ်
[wàးkɪ́ɴpeɪʔ]
Arakanese:
အသားထူ ကျစ်၍ အခေါင်း ပိတ်နိန်ရေ့ ဝါး
Burmese:
အသားထူ ကျစ်၍ အခေါင်း ပိတ်နေသည့် ဝါး
English:
bamboo
Grammar Note:
နာမ်
ဝါးကနဲ
[wàးknɛ]
Arakanese:
ဗြုန်းကနဲ အားရပါးရ တတူတကွ ရယ်သံ ဖြစ်စီပြီးကေ
Burmese:
ဗြုန်းကနဲ အားပါးတရ အတူတကွ ရယ်သံ ဖြစ်စေလျက်
English:
laugh uproariously
Grammar Note:
ကြိယာဝိသေသန
ဝါကပ်
[wàkaʔ]
Arakanese:
ဝိနည်းသိက္ခာ ပုဒ်တော်အရ ခွင့်ပြုတော် မူအပ်ရေ ကျောင်း၊ ဘုရား၊ တန်ဆောင်း အစဟိစွာရို့မာ ဝါမား သုံးလလုံးလုံး ရဟန်းတော်ရို့ သီတင်း သုံးတော်မူသည်
Burmese:
ဝိနည်းသိက္ခာ ပုဒ်တော်အရ ခွင့်ပြုတော် မူအပ်သော ကျောင်း၊ ဘုရား၊ တန်ဆောင်း စသည်တို့၌ ဝါတွင်း သုံးလပတ်လုံး ရဟန်းတော်တို့ သီတင်း သုံးတော်မူသည်
English:
[of Buddhist monks] go into monsoon retreat sojourn during the Buddhist lent (at a designated monastery)
Grammar Note:
ကြိယာ
ဝါးကပ်
[wàးkaʔ]
Arakanese:
အခင်း၊ အကာ အဖြစ် သုံးရရေ ဝါးဖြင့် ရက်ထားရေ့ ကပ်
Burmese:
အခင်း၊ အကာ အဖြစ် သုံးရသည့် ဝါးဖြင့် ရက်ထားသည့် ကပ်
English:
bamboo matting for use as building material
Grammar Note:
နာမ်
ဝါကျိုး
[wàt͡ɕó]
Arakanese:
ဝါဆိုဝါကပ် ပြီးကေ အကြောင်းမဲ့ အရပ်တပါးသို့ ညဉ့်အိပ်နီသနန့် ဝါပျက်သည်
Burmese:
ဝါဆိုဝါကပ် ပြီးနောက် အကြောင်းမဲ့ အရပ်တစ်ပါးသို့ ညဉ့်အိပ်နေသဖြင့် ဝါပျက်သည်
English:
(of Buddhist monks) break the Lenten vows by departing from the designated monastery without leave or for staying away for more than seven days Aslo ဝါပျက်
Grammar Note:
ကြိယာ
ဝါကျွတ်
[wàt͡ɕwaʔ]
Arakanese:
(ဝါဆိုလပြည့်ကျော် တရက်နိမှ ဝါကျွတ် လပြည့်နိထိ) ဝါမားသုံးလ ကာလမှ ကင်းလွတ်သည်
Burmese:
(ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ထိ) ဝါတွင်းသုံးလ ကာလမှ ကင်းလွတ်သည်
English:
of monsoon retreat - (of Buddhist lent) end
Grammar Note:
ကြိယာ
ဝါကျွတ်လ
[wàt͡ɕwaʔl]
Arakanese:
ရခိုင့် တဆယ့်နှစ်လ မာ ခုနှစ်လမြောက် လ၏အမည်။ သကြဇ် ၄၇၇ ဝါကျွတ်လ နန်းကျ ဘုရားကြီး သိမ်အဘယမုဒြ ဘုရားနောက်ကျော ရီးထိုး။ သကြဇ် ၉၅၄ ဝါကျွတ်လ ရေတန်းခါးဘုရား စမ္မခဏ်၌ ရီးထိုး (မြောက်ဦးမြို့)
Burmese:
ရခိုင့် တစ်ဆယ့်နှစ်လ တွင် ခုနှစ်လမြောက် လ၏အမည်။ သကြဇ် ၄၇၇ ဝါကျွတ်လ နန်းကျ ဘုရားကြီး သိမ်အဘယမုဒြ ဘုရားနောက်ကျော ရေးထိုး။ သကြဇ် ၉၅၄ ဝါကျွတ်လ ရေတံခါးဘုရား စမ္မခဏ်၌ ရေးထိုး (မြောက်ဦးမြို့)
English:
th month of Arakanese Year - end of monsoon retreat - Buddhist lent
Grammar Note:
နာမ်
ဝါကြန်ကြန်
[wàt͡ɕàɴt͡ɕàɴ]
Arakanese:
အဝါရောင် ဖျော့ဖျော့သမ်းသော
Burmese:
အဝါရောင် ဖျော့ဖျော့သမ်းသော
English:
yellowish
Grammar Note:
နာမဝိသေသန
ဝါကြား
[wàt͡ɕá]
Arakanese:
ပိုလွန် ပလွှား ပြောဆိုရေ။ အလွန် ကြားဗျာယ် ပြောရေ
Burmese:
ပိုလွန် ပလွှား ပြောဆိုသည်။ အလွန် ကြားလျက် ပြောသည်
English:
ostentatious
Grammar Note:
ကြိယာ
ဝါကြိတ်
[wàt͡ɕeɪʔ]
Arakanese:
ဝါစိမှ ဝါမျှင်ကို ဖယ်ထုတ်ယူရန် သစ်သားလုံး နှစ်လုံးကြားမာ ကြိတ်ရေ။ ဝါကြိတ်သံကို၊ ငိုသံယောင်ကြား၊ သည်းများပျော်လု (ဒွေး)
Burmese:
ဝါစေ့မှ ဝါမျှင်ကို ဖယ်ထုတ်ယူရန် သစ်သားလုံး နှစ်လုံးကြားတွင် ကြိတ်သည်။ ဝါကြိတ်သံကို၊ ငိုသံယောင်ကြား၊ သည်းများပျော်လု (ဒွေး)
English:
gin cotton
Grammar Note:
ကြိယာ
ဝါကြီး
[wàt͡ɕï]
Arakanese:
ဝါဂြီး ဝါအားဖြင့် ကြီးရေ ရဟန်းဖြစ်တေ။ အသက်အားဖြင့် ကြီးရင့်သော ပုဂ္ဂိုလ်ဖြစ်တေ
Burmese:
ဝါဂြီး ဝါအားဖြင့် ကြီးသော ရဟန်းဖြစ်သည်။ အသက်အားဖြင့် ကြီးရင့်သော ပုဂ္ဂိုလ်ဖြစ်သည်
English:
be senior in years of monkhood [fig.] be senior
Grammar Note:
ကြိယာ