Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,281–3,300 of 34,671 words

    ခ

    ခတ်ခတ်လုပ်

    [kʰaʔkʰaʔloʊʔ]
    မနားမနီ တကုပ်ကုပ် လုပ်ရွီတွက်နန့်။ သွက်လက်ဖြတ်လတ်စွာ။ ကမန်းကတန်း ပြုမူလုပ်ကိုင်သနန့်။ သုတ်သုတ်ပျာပျာ ပြုလုပ်ဗျာယ်
    မနားမနေ တကုပ်ကုပ် လုပ်သောအားဖြင့်။ သွက်လက်ဖျတ်လတ်စွာ။ အလျင်စလို ပြုမူလုပ်ကိုင်သဖြင့်။ သုတ်သုတ်ပျာပျာ ပြုလုပ်လျက်
    be quick
    ကြိယာဝိသေသန

    ခတ်တက်

    [kʰaʔtɛʔ]
    လောင်း၊ သမ္ဗန် အစဟိစွာရို့ကို ခတ်ရရေ အရိုးရှည်သော တက်
    လှေ၊ သမ္ဗန် စသည်တို့ကို ခတ်ရသော အရိုးရှည်သော တက်
    oar-paddle
    နာမ်

    ခတ်တင်

    [kʰaʔtɪ̀ɴ]
    လူသီ အလောင်းကောင်ကို (ခတ်ခေါ်) ကဋင်ပေါ် တင်သည်
    လူသေ အလောင်းကောင်ကို (ခတ်ခေါ်) ကဋင်ပေါ် တင်သည်
    bier
    ကြိယာ

    ခတ်တင်စည်

    [kʰaʔtɪ̀ɴsɛ̀]
    လူသီ၍ အလောင်းကောင်ကို ခတ်ပေါ်တင်ရေအခါ တီးရရေစည်
    လူသေ၍ အလောင်းကောင်ကို ခတ်ပေါ်တင်သည့်အခါ တီးရသောစည်
    drum
    နာမ်

    ခတ်တိုင်

    [kʰaʔtàɪɴ]
    ခတ်တက်ခတ်ရန် တပ်ဆင်ရရေ တိုင်ငုတ်
    ခတ်တက်ခတ်ရန် တပ်ဆင်ရသော ငုတ်တိုင်
    tholepin
    နာမ်

    ခတ်တိုင်းငန်

    [kʰaʔtáɪɴŋàɴ]
    (ဥပစာ) နီရာတိုင်းမာ စွက်ဖက်ပါဝင်သူ
    (ဥပစာ) နေရာတကာတွင် စွက်ဖက်ပါဝင်သူ
    interfere
    နာမ်

    ခတ်တိုင်လည်

    [kʰaʔtàɪɴlɛ̀]
    သူတိတိုင်းပြောတိုင်း (ဘက်ယင့်ပိုင်တွက်ကြောင့်) နားယောင်၍ လိုက်တတ်သူ
    သူများတကာပြောတိုင်း (ဘက်သို့ပါ၍) နားယောင်၍ လိုက်တတ်သူ
    be deceived
    နာမ်

    ခတ်တိုင်လည်၂

    [kʰaʔtàɪɴlɛ̀၂]
    ယင်းပိုင် နားယောင်၍ လိုက်တတ်သည်
    ယင်းသို့ နားယောင်၍ လိုက်တတ်သည်
    be deceived
    ကြိယာ

    ခတ်နှိပ်

    [kʰaʔn̥ìaʔ]
    အမှတ်တံဆိပ် ဖိနှိပ်၍ ထင်စီရေ
    အမှတ်တံဆိပ် ဖိနှိပ်၍ ထင်စေသည်
    stamp
    ကြိယာ

    ခထည်ထည်

    [kʰtʰɛ̀tʰɛ̀]
    မသိယောင်ဆောင်ဗျာယ်။ မသိကျိုးကျွန်
    မသိယောင်ဆောင်လျက်။ မသိကျိုးကျွန်
    connive-by-pass
    ကြိယာဝိသေသန

    ခဒုတ်

    [kʰdoʊʔ]
    ပစ၊ နှုတ်အာ၊ ခံမား
    ပါးစပ်၊ နှုတ်အာ၊ ခံတွင်း
    mouth
    နာမ်

    ခဒုတ်ပွင့်

    [kʰdoʊʔpwɪ̰ɴ]
    လယ်ခရုကြီး တမျိုး
    လယ်ခရုကြီး တစ်မျိုး
    Field snail
    နာမ်

    ခဒါ

    [kʰdà]
    ဆန်းကြယ်သော ကိုယ်ဝတ်တန်ဆာတမျိုး
    ဆန်းကြယ်သော ကိုယ်ဝတ်တန်ဆာတစ်မျိုး
    type of dress
    နာမ်

    ခန

    [kʰn]
    ခလုတ်။ ခြေနန့်တိုက်မိလျှင် ထိငြိတတ်ရေအငုတ်။ ဆူငြှောင့်
    ခလုတ်။ ခြေနှင့်တိုက်မိလျှင် ထိငြိတတ်သောအငုတ်။ ဆူငြှောင့်
    obstacle
    နာမ်

    ခနက်

    [kʰnɛʔ]
    ပစ၊ နှုတ်အာ၊ ခံမား
    ပါးစပ်၊ နှုတ်အာ၊ ခံတွင်း
    mouth
    နာမ်

    ခနက်ကောင်း

    [kʰnɛʔkáʊɴ]
    စားသောက်ပနာ မြိန်ယှက်ရေ။ (ဥပစာ) ကိုယ့်ကြိုက်ရေ အစာအာဟာရနန့် တိုက်ဆိုင်ရေ။ သဘောကျရေ။ ခံမား တွိရေ
    စားသောက်၍ မြိန်ယှက်သည်။ (ဥပစာ) မိမိ၏ကြိုက်သည့် အစာအာဟာရနှင့် တိုက်ဆိုင်သည်။ သဘောကျသည်။ ခံတွင်း တွေ့သည်
    appetite
    ကြိယာ

    ခနက်ချဉ်

    [kʰnɛʔɕɪ̀ɴ]
    (ခံမားမှ) မကြိုက်ဖွယ် ချိုင်သော အရသာမျိုးကို အလိုအလျောက် ခံစားရရေ။
    (ခံတွင်းမှ) မနှစ်သက်ဖွယ် ချဉ်သော အရသာမျိုးကို အလိုအလျောက် ခံစားရသည်။
    န
    ကြိယာ

    ခနက်တောင်း

    [kʰnɛʔtáʊɴ]
    စားချင်သောက်ချင်ခြင်း ဖြစ်ပေါ်နိန်ရေ။ စားချင်သောက်ချင်စိတ် ဖြစ်တေ
    စားချင်သောက်ချင်ခြင်း ဖြစ်ပေါ်နေသည်။ စားချင်သောက်ချင်စိတ် ဖြစ်သည်
    appetite
    ကြိယာ

    ခနက်ပျက်

    [kʰnɛʔprɛʔ]
    အရသာ မတွိဟိပဲဖြစ်တေ။ စားမကောင်း သောက်မကောင်း ဖြစ်တေ။ ခံမားပျက်သည်
    အရသာ မတွေ့ရှိပဲဖြစ်သည်။ စားမကောင်း သောက်မကောင်း ဖြစ်သည်။ ခံတွင်းပျက်သည်
    oral found
    ကြိယာ

    ခနက်ယှင်း

    [kʰnɛʔʃɪ́ɴ]
    ခံမားချိုင်ခြင်း၊ ပျို့ခြင်းအစဟိစွာ ပြေပျောက်သည်
    ခံတွင်းချဉ်ခြင်း၊ ပျို့ခြင်းစသည် ပြေပျောက်သည်
    oral sour get lost
    ကြိယာ